(Uni) ဇန်နဝါရီ ၁ရက် ၂၀၂၂ခု . . .
ဒီနေ့ဟာ အဖြစ်အပျက်တွေကျော်လွန်ပြီး ရောက်ရှိလာတဲ့နှစ်သစ်ကူးတစ်နေ့ပင်။ အပြင်လောကဟာ ဘာတွေဘယ်လိုရှိမှန်း . . လွန်ခဲ့တဲ့ရက်တွေက ဘာတွေဘယ်လိုဖြစ်သွားမှန်း ဟာလေမသိ။
ဒါပေမယ့် အိပ်မက်ထဲမှာတော့ အက်ဆစ်က သူ့ကိုလာတွေ့သည်ဟုမြင်မက်ခဲ့သည်။ ပြီးနောက် သူ့ဆီက ထွက်ခွါသွားတဲ့အက်ဆစ်ရဲ့နောက်ကျောကို လှမ်းဖမ်းဖို့ သူကြိုးစားခဲ့သည်။
ထွက်မသွားခင် အက်ဆစ် သူ့ကိုပြောခဲ့တဲ့စကားတွေက . . .
°°° အဆုံးမရှိတဲ့ပင်လယ်ပြင်မှာ ခင်ဗျားနဲ့အတူရွက်လွှင့်ချင်သေးတယ် ဟာလေစံ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ °°° တဲ့။
စွန့်ခွါသွားခြင်းမျိုးမဟုတ်တဲ့ နှုတ်ဆက်စကားကြောင့် ဟာလေ့ရင်ထဲမှာ တနုံနုံနှင့် စို့နစ်နေမိခဲ့သည်။ မှိတ်ထားတဲ့မျက်ဝန်းထောင့်မှာလည်း မျက်ရည်ကြည်တို့ စိုစွတ်နေလျှက်. . . ။
~ ~ မသွားပါနဲ့ အက်ဆစ် ငါတောင်းပန်ပါတယ်။ မသွားပါနဲ့ ~ ~
သွေးညှီရနံ့တု့ိရောယှက်နေတဲ့ ခပ်နွေးနွေးအနမ်းတစ်ခု သူ့နှုတ်ခမ်းပါးပေါ် ကျရောက်ခဲ့တဲ့အထိအတွေ့တွေက အိပ်မက်လိုလို လက်တွေ့လိုလို။
" အက်ဆစ်. . အက်ဆစ် "
** ဒါကြီးက အိပ်မက်သာဆိုရင် ငါအမြန်ဆုံးနိုးထချင်ပြီ။ ငါ့ကို မကစားပါနဲ့တော့ **
ထွက်သွားမည့်လူကို ငယ်သံပါတော့မတတ် အော်ဟစ်တားမြစ်ချင်ပေမယ့် သူ့ရဲ့နှုတ်ခမ်းဟာ စကားလုံးတစ်လုံးတဆမျှ ထွက်မလာနိုင်ခဲ့၍ ဟာလေ ဇောချွေးတွေပျံကာ ရှူးရှူးရှဲရှဲဖြစ်နေခဲ့ရသည်။
တစ်ချိန်လုံး ညည်းညူပြီး ထိုပုံရိပ်တွေကြား သူဝဲလည်နေခဲ့သည်မှာလည်း ၃ရက်တိတိရှိနေပြီဖြစ်၏။
ဒီနေ့မှာတော့ သူ့ရဲ့မျက်ဝန်းတွေက အပြင်လောကဆီသို့ သူ့ကိုပြန်ခေါ်ဆောင်နိုင်ခဲ့လေသည်။
~ ~ ဟင်း ~ ~
ပြတင်းပေါက်တစ်ခုကနေ တိုးဝင်နေတဲ့ခပ်စူးစူးနေရောင်ရဲ့စတင်မိတ်ဆက်မှုကြောင့် ဟာလေမျက်မှောင်ကျုံ့လိုက်မိပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိခဲ့၏။
YOU ARE READING
Hard Murder 2
Детектив / Триллер(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
