(Uni) နှလုံးသားထဲမှာ အောင့်တောင့်တောင့်ဖြစ်သွားတဲ့ခံစားချက်နှင့်အတူ ရင်ဘတ်မှ နာကျင်သွားရတဲ့ဓါးဒဏ်ရာတစ်ချက် . . ။
" အီမာ. . "
" ရှင့်ကို ခွင့်မလွှတ်ဘူး။ ရှင့်ကိုသတ်ပြီး မုဆိုးမဘဝနဲ့ပဲ နေမယ် ဂီး. . "
" အ. . အီမာ ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်ကိုကြည့်ပါ။ ကိုယ့်ကိုကြည့်ပေးပါ "
သေးသွယ်သောလက်များဖြင့် ဓါးရိုးကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ခရစ်တန်၏ညာဘက်ရင်အုံကို နက်သထက်နက်အောင် ထိုးစိုက်ဖို့ ကြံပေမယ့် ခရစ်တန်က သူ့လက်ကို ထိန်းကိုင်ကာ အကြည့်ချင်းဆုံစေလိုက်သည်။
နာကြည်းချက်ဒဏ်ရာများဖြင့် ဂယက်ထနေသော သူ၏မျက်ဝန်းတွေ တည်ငြိမ်လာစေဖို့ အချစ်မျက်ဝန်းများနှင့် ခရစ်တန် စူးစိုက်ကြည့်မိ၏။" ကိုယ်မကောင်းခဲ့ပါဘူး အီမာ။ ကိုယ်မှားခဲ့ပါတယ်။ အဲ့ဒီအတွက် အပြစ်ကြွေးဆပ်ဖို့ ကိုယ် မင်းဘေးမှာ ရှင်သန်နေချင်သေးတယ်။ ကိုယ် မင်းကိုအရမ်းချစ်တာပါ အီမာ "
" ဟင်း. . ဟင်း. . "
ဝမ်းနည်းမှုကြောင့် တုန်ရီနေတဲ့အသံများဖြင့် တောင်းတောင်းပန်ပန်ပြောဆိုလာတဲ့အခါ ဆူပွက်နေတဲ့အီမာရဲ့ရင်ဘတ်တစ်ခုလုံး သိမ့်ခနဲ နွေးထွေးသွားခဲ့ပြီး ခရစ်တန်ရဲ့အကြည့်တွေကြားမှာ သူ အသိစိတ်ပြန်ဝင်လာခဲ့သည်။
" ဟင် ဟန်နီ . . . ကျွန်မ ကျွန်မ ရှင့်ကို မဟုတ်ဘူး။ အဟင့် "
အီမာလည်း အိပ်မက်ဆိုးတစ်ခုကနေ နိုးထလာခဲ့ရသလို သူ့ကိုယ်သူ ဘာလုပ်မိမှန်းမသိ၍ ဓါးရိုးကို လက်ကနေ အမြန်လွှတ်ပေးလိုက်မိသည်။ ထို့နောက် ခရစ်တန်ရဲ့အနားကနေ ဖင်ဒရွတ်တွန်းကာ ဆုတ်ပြေးသွားပြီး သူ့ကြောင့် ခရစ်တန်ထိခိုက်သွားတဲ့အတွက် မျက်ရည်ပေါက်ကြီးငယ်နှင့်ငိုယိုလာခဲ့သည်။
" အီမာ. . အီမာ ကိုယ်ဘာမှမဖြစ်ဘူး။ စိတ်ကိုထိန်းပါ။ ဒါက ဒါက ကုလိုက်လို့ရပါတယ်။ အရမ်းမနက်ပါဘူး "
" ကျွန်မအနားကို မလာနဲ့။ ဟန်နီ ကျွန်မအနားကို မလာပါနဲ့။ ကျွန်မ တောင်းပန်ပါတယ်။ ဘာတွေဖြစ်သွားမှန်းမသိဘူး။ "
YOU ARE READING
Hard Murder 2
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...