(Uni) အော်ရီဂုန်ဒေသ အက်စတိုရီးယားမြို့နယ် နံနက် ၉နာရီအချိန်တွင် . . .
" ဟုတ်လို့လား? သေချာလေးစစ်ကြည့်ပေးပါဦးဗျာ။ သူက ဘာလို့ ဒီမှာမရှိတော့တာလဲ? "
" စုံထောက် ဟာလေစံဆိုတာ လူသတ်မှုတစ်ခုမှာ ဝရမ်းထုတ်ခံလိုက်ရပြီး အလုပ်ကနေ ထွက်သွားတာပဲ။ ဒီမြို့မှာတောင် သူရှိချင်မှ ရှိတော့မှာ "
" ဘယ်လို? လူသတ်မှု ? ဟုတ် ဟုတ်လား "
ဘယ်အရပ်ဘယ်ဆီကို ပျောက်သွားသလဲမသိတဲ့ သူ့ကိုမျှော်လင့်ချက်တွေပေးပြီး ထားခဲ့တဲ့ဟာလေကို သူ့စိတ်ထဲမှာ ရုတ်တရက်ဆိုသလို နာကြည်းမိသလို ဖြစ်သွားခဲ့သည်။ သူယုံစားခဲ့မိတဲ့လူက စုံထောက်တစ်ယောက်လား?? လူလိမ်တစ်ယောက်လား သူ သည်းသည်းကွဲကွဲ နားမလည်နိုင်။
ဟင်း~ ~
ဟာလေ အလုပ်လုပ်ခဲ့တဲ့ရဲဌါနကို လော့စ်အိန်ဂျယ်လိစ်ကနေ တကူးတက လာခဲ့ရပြီးမှ ဟာလေမရှိတော့ဘူးဆိုတဲ့သတင်းကိုပဲ သူရခဲ့တော့ မျှော်လင့်ချက်ပျောက်ဆုံးသွားတဲ့မျက်နှာရိပ်ဖြင့် လှုပ်ရှားသက်ဝင်နေတဲ့ပတ်ဝန်းကျင်ကြီးကို သူငေးငိုင်ကြည့်နေမိခဲ့သည်။
°°° ခရစ်တန် °°°
ထိုစဉ် အဝေးကနေ တက်ကြွတဲ့ကောင်လေးတစ်ယောက်ရဲ့အော်ခေါ်သံကြောင့် သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး စင်္ကြံလမ်းက လူအုပ်ကြီးကို လှည့်ကြည့်လိုက်မိ၏။
" မာ့ခ် ! "
ထို့နောက် ထောင်ထဲမှာ သူ့ကို အရမ်းခင်တွယ်နေခဲ့တဲ့ကောင်လေးတစ်ယောက်ရဲ့အမည်နာမကို နှုတ်မှ ရေရွတ်မိရင်း လူအုပ်ကြားထဲ တိုးဝှေ့ကာ ထိုကောင်လေးကို လိုက်ရှာနေမိပြန်တော့ . . .
" မာ့ခ် . . ငါမင်းကို ပစ်ထားခဲ့မိလို့ တောင်းပန်ပါတယ် မာ့ခ်။ မင်း ဘယ်မှာလဲ? မင်း ဘယ်ကိုရောက်နေတာလဲ? ငါ့ကို ထွက်တွေ့ပါဦး "
အပြစ်ရှိနေတဲ့သူ့ရဲ့ခြေလှမ်းတွေကပဲ လေးလံနေလေသလား?? ထိုကောင်လေးကပဲ သူ့ကိုကျီစားပြီး လူအုပ်ကြားထဲမှာ ပုန်းခိုနေလေသလား??
ပဲ့တင်ထပ်နေတဲ့ခေါ်သံတွေသာ သူ့နားထဲမှာ ပြည့်နှက်နေပြီး အသံပိုင်ရှင် ထိုကောင်လေးကိုတော့ သူရှာမတွေ့ခဲ့။ ဘယ်လိုလုပ်ရှာတွေ့မှာတဲ့လဲ?? သူ့နားထဲမှာ ကြားယောင်နေမိတဲ့မာ့ခ်ရဲ့အသံလေးက အစစ်အမှန်မှ မဟုတ်ပဲကိုး။
YOU ARE READING
Hard Murder 2
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
