လှည့်ကွက်နံပါတ် ၁/ လွည့္ကြက္နံပါတ္ ၁

299 41 0
                                    

(Uni) °°° ဒိမ်မီယယ်... မင်းကအမြဲတမ်းတစ်ယောက်တည်းနေရမှာလေ မင်းကို အကုန်လုံးထားခဲ့ကြမှာ။ မင်းရဲ့သူငယ်ချင်းတွေလည်းမရှိတော့ဘူး မင်းရဲ့ချစ်သူကလည်း မင်းကိုပစ်ထားခဲ့တော့မှာ ဟဟ ခစ်ခစ်ခစ် °°°

" ဟင်း မဟုတ်ဘူး အဲ့ဒီလို မဟုတ်ဘူး "

ငှက်ဆိုးထိုးသကဲ့သို့ ရယ်သံပေါင်းစုံနှင့် ပြက်ရယ်ပြုစကားများကြား ကယောင်ကတမ်းဖြစ်နေရတဲ့အက်ဆစ်မှာတော့ အချိန်အတော်ကြာတဲ့အထိ နိုးမထနိုင်ပဲ ဖြစ်နေခဲ့သည်။ ဘာမဆိုလက်မတွန့်ပဲ ရင်ဆိုင်ရဲတဲ့သူက ချစ်တဲ့သူအား ဆုံးရှုံးရမည်ကိုတော့ အကြောက်ခဲ့သား...

°°° အက်ဆစ်... အက်ဆစ် ထတော့လေ °°°

ထိုစိုးရိမ်စိတ်လေးက အတွေးထဲမှာပျံ့နှံ့လာတော့ ဟာလေရဲ့ညှင်သာစွာ တိုးတီးခေါ်သံလေးက ရုတ်တရက် အနားသို့ရောက်ရှိလာသလို ။

" ဟာလေစံ "
မျက်ဝန်းအစုံသားကလည်း ဟာလေ့ကိုပဲ တွေ့မြင်ရတော့မလားဆိုသောမျှော်လင့်ချက်ဖြင့် အိပ်မက်ဆိုးတွေကြားကနေ ဆတ်ခနဲပွင့်ဟလာခဲ့လေသည်။ ထိုအခါ သူမြင်ရသည်ကတော့ ဟာလေမဟုတ်ပါပဲ အဖြူရောင်မျက်နှာကြတ်တစ်ခုနှင့် မီးအလင်းချောင်းတစ်ခုပင် ဖြစ်နေပါသည်။

°°° ဟုတ်သားပဲ ဒီနေရာမှာ ခင်ဗျားမှမရှိတာ °°°

အဲ့ဒီနောက် အနည်းငယ်ညှိုးမှိုင်သွားသော မျက်နှာနှင့် ဟာလေ့အား နောက်ဆုံးတွေ့ခဲ့ရသည့်ပုံရိပ်များကို ပြန်မြင်ယောင်မိလာခဲ့၏။ သူနောက်ဆုံးနှုတ်ဆက်ခဲ့တဲ့အနမ်းလေးတစ်ပွင့်နဲ့အတူ လွမ်းမိတဲ့ဝေဒနာက ရင်ဘတ်ကိုအောင့်ခနဲဖြစ်သွားတော့ အက်ဆစ် သူ့ကိုယ်သူပျက်ရယ်ပြုချင်လာသလိုပင်။

°°° ရူးလိုက်တာ ငါတကယ်သူ့ကိုတမ်းတနေမိတယ်တဲ့။ အလွမ်းနာကျနေသလို ဒီခံစားချက်ကလည်း ငါ့ကိုယ်ငါ အချစ်ခံချင်နေတဲ့ကလေးတစ်ယောက်လိုဖြစ်နေစေတယ် ဟာလေစံက ငါ့ကိုတကယ်ပြုစားသွားခဲ့တာပဲ °°°

ဆိတ်ငြိမ်နေသောအခန်းပြင်ကြီးထဲ သူ့ရဲ့လွမ်းဆွတ်ဖွယ်အငွေ့အသက်များသာ ဖြန့်ကျက်နေပြီးမကြာ လည်ပင်းမှ နေရခက်နေသောခံစားချက်ကြောင့် အတွေးကမ္ဘာထဲမှ လက်ရှိအနေအထားသို့ စိတ်ပြန်ရောက်သွားခဲ့ရသည်။

Hard Murder 2Where stories live. Discover now