(Uni) အလားတူစွာ နံရံထောင့်တစ်ခုတွင် ချိတ်ဆွဲထားသောဓါတ်ပုံထဲမှ တလဲ့လဲ့ဖြစ်နေသောအပြာရောင်လက်တကိုင်းကြိုးတောက်လျှောက်ဂါဝန်နှင့်အလှပဆုံးပြုံးနေသောအယ်မလီကို တစိမ့်စိမ့်ကြည့်ရင်း တမြေ့မြေ့ဆွေးနေသူတစ်ဦးလည်း ရှိနေခဲ့သည်။
ဝိုင်တစ်ခွက်ဟာ လူရဲ့စိတ်ကို သက်သာရာရစေနိုင်တယ်ဆိုပေမယ့် ဆုံးရှုံးသွားခဲ့ရတဲ့အချစ်ဆုံးမိန်းကလေးကိုစိုက်ကြည့်ပြီး ဝိုင်တွေသောက်နေခဲ့တဲ့ဗင်ဇယ်အတွက်က စိတ်သက်သာရာရမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။°°° ဒါလင်ကလည်း မင်္ဂလာဆောင်မှာ ဂါဝန်အပြာမဝတ်ရဘူးလို့ဘယ်သူပြောလဲ။ အယ်မလီက အပြာရောင်ပဲ ဝတ်ချင်တဲ့ဟာ °°°
°°° မင်္ဂလာဆောင်ရင် အဖြူရောင်လေးဝတ်မှ ကျက်သရေရှိမှာပေါ့။ အယ်မလီ့အတွက် စိန်စီထားတဲ့အလှပဆုံးဂါဝန်အဖြူတစ်ထည် ကိုယ်စီစဉ်ပေးမယ် °°°
°°° ဟွန့် မရပါဘူး ဒါဆို စေ့စပ်ပွဲမှာတော့ အပြာရောင်ဝတ်လာမှာပဲ °°°
°°° ကဲ ဒီလောက်အပြာရောင်ကြိုက်တဲ့မင်းသမီးလေး စေ့စပ်ပွဲမှာတော့ သဘောရှိသလိုဝတ်လာပါခင်ဗျာ။ ကျေနပ်ပြီလား °°°
နွဲ့ဆိုးလည်းဆိုးတတ်သလို အချွဲလည်းသန်တတ်တဲ့ချစ်ရပါသော အယ်မလီ့အကြောင်းကိုတွေးမိပါလျှင် ရင်ထဲတစိမ့်စိမ့်စူးရလွန်းလို့ ဝိုင်ခွက်ကိုင်ထားသည့်သူ့လက်များမှာ တုန်ယင်၍လာရသည်။ အပြာရောင်ကိုမြင်တိုင်း သူ့ချစ်သူကို လောကကြီးထဲကနေ ထွက်သွားချိန်မတန်သေးပဲ နှင်ထုတ်ပစ်ခဲ့တဲ့သူကို အမြဲလက်တုံ့ပြန်လက်စားချေချင်စိတ်တွေဖြစ်လာဖို့ အဆင့်မြှင့်လိုက်တဲ့HMကိုပင် အပြာရောင်နှင့်ဖန်တီးခိုင်းခဲ့လေသလား … ။
" မစ္စတာ "
ထိုစဉ် သူ့ကို လူတစ်ဦးလာနှုတ်ဆက်၍ ဝိုင်ခွက်ကို စားပွဲပေါ်သို့ချကာ လှည့်ကြည့်လိုက်မိသည်။ တစ်ဖက်လူက နားရက်ကာလကို ကျော်လွန်ပြီး ပြန်ရောက်လာသော မစ္စတာဂျွန်ဖြစ်နေတာမို့ ဗင်ဇယ် ခပ်ပါးပါးလေးပြုံးရင်း ပြန်နှုတ်ဆက်လာသည်။
" ဒီတစ်ခါ နောက်ကျတယ်နော်။ ပြန်မလာတော့ဘူးတောင် ထင်နေတာ "
YOU ARE READING
Hard Murder 2
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...