242 29 21
(Uni) " ရော့ ဒီလောက်ဆို ကျွန်တော်က မာ့ခ်ဆိုတာ ယုံလို့ရပြီလား "
ခရစ်တန်စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့အကြောင်းတွေကိုဖြေရှင်းဖို့ ခုံတန်းလေးတစ်ခုမှာ အတူထိုင်ဖြစ်ရင်း စမိုင်းက ဖရုံသီးလက်ပတ်လေးကို ခရစ်တန့်အား ထုတ်ပြပေးလာခဲ့သည်။
ထိုလက်ပတ်လေးကို စစ်ဆေးကြည့်မိတဲ့အခါ သူ့ဆီမှာရှိနေတဲ့တစ်ခုနှင့် ဆင်တူဖြစ်နေတာကို ခရစ်တန် လက်ခံလိုက်ပေမယ့် မယုံကြည်နိုင်တော့ဖြစ်နေမိပါသေး၏။
" မဖြစ်နိုင်ဘူး။ မာ့ခ်က ထောင်ထဲမှာ သေသွားခဲ့ပြီ။ မင်း သူ့ကို ထောင်ဝင်စာသွားတွေ့ရင်း သူ့ပစ္စည်းတွေကို ယူထားခဲ့တာမဟုတ်ဘူးလား ဒိမ်မီယယ် "
" ခင်ဗျား ကျွန်တော့်ကို မယုံဘူးပဲ။ ကောင်းပြီလေ ဒါဆို ကျွန်တော်က ကိုကိုပေါ့။ ရော့ ခရစ်တန် ဒါနဲ့ ကျွန်တော့်ကို သတ်လိုက် ကျွန်တော်က ဒိမ်မီယယ်လေ ခင်ဗျား ဒိမ်မီယယ်ကို သတ်ပစ်ချင်လောက်အောင် မုန်းတီးတယ်မဟုတ်လား "
" မင်း မင်း ဒါဘာလုပ်တာလဲ လွှတ်ပါ "
ရှင်းပြလို့မရတဲ့အဆုံး စမိုင်းစိတ်ဆက်သွားပြီး သူ့ခါးကြားမှာထိုးထားတဲ့ဓါးမြှောင်ကို ဆွဲဖွင့်ကာ ခရစ်တန့်လက်ထဲ အတင်းထည့်ပေးလာခဲ့သည်။ ပြီးနောက် သူ့လက်နှစ်ဖက်ကို အတင်းဆုပ်ကိုင်ပြီး ရင်ဘတ်ကိုထိုးစိုက်လိုက်ဖို့အထိ တွန်းအားပေးလာခဲ့တော့ … ခရစ်တန့်စိတ်တွေ ရှုပ်ထွေးလာပြီး စမိုင်းလက်ကိုပြန်တွန်းကန်မိလာသည်။
" လုပ်လေ လုပ်လိုက်လေ "
" မင်း ဒီလိုမလုပ်နဲ့။ လွှတ်ပါဦး။ မင်း ခိုင်းမိသွားလိမ့်မယ် "
" ခိုင်းမိသွားလည်း ဘာဖြစ်လဲ။ ခင်ဗျား သတ်ချင်နေတာပဲ မဟုတ်လား။ ကျွန်တော်က ဒိမ်မီယယ်ဆို "
ခရစ်တန် အတင်းတားနေတာတောင် စမိုင်းဟာ ကမှူးရှူးတိုးဖြင့် သူ့ကိုယ်သူထိခိုက်အောင်လုပ်နေခဲ့ရာ ခရစ်တန်မှာ ထိုကောင်လေး တစ်ခုခုဖြစ်သွားမှာကိုကြောက်တဲ့အကြောက်တရားတွေကြောင့် နောက်ဆုံးတော့ လက်လျှော့ပစ်လိုက်ရပါလေတော့သည်။ သူမသိလိုက်တဲ့အတောအတွင်းမှာလည်း ထိုကောင်လေးဟာ အပြောင်းအလဲနှင့်ကြုံခဲ့ရနိုင်တာမို့ စမိုင်းရဲ့ဒေါသထန်ပြီးတုန်ရီနေသောလက်လေးကို မရမကထိန်းချုပ်လိုက်ပြီး ခေါင်းငြိမ့်လက်ခံပစ်လိုက်မိပါ၏။
Hard Murder 2Where stories live. Discover now