(Uni)နယူးယောက်မြို့က အဆင့်မြင့်နာမည်ကြီးစားသောက်ဆိုင်တစ်ခု၌ ဝတ်ကောင်းစားလှဖြင့်ဂုဏ်အရှိန်အဝါကြီးသူများ ဝင်ထွက်သွားလာနေခဲ့ကြသည်မှာ ညနေစောင်းသွားသည်အထိတိုင်အောင်ပင်။ မီးရောင်စုံထိန်လင်းလာတဲ့ ညအချိန်ရောက်သည့်အခါမှာတော့ ထိုစားသောက်ဆိုင်ရှေ့တွင် မီးခိုးရောင်ဘရူနာကားသစ်တစ်စီး ကားပါကင်၌ထိုးရပ်လာခဲ့သည်။
ကားစက်ရပ်သွားတဲ့အခါ ကားထဲ၌ မောင်းနှင်သူ ဗင်ဇယ်၏သက်ပြင်းချသံတချို့ ပင့်သက်သွားခဲ့လေသည်။
ချစ်ရသူကို ဆုံးရှုံးထားသည်က မကြာသေး၍ သူစိတ်နှင့်လူနှင့်မကပ်သည်မှာ ယခုချိန်ထိဖြစ်သည်။ သို့သော် ရှင်သန်နေရတဲ့သူက ဆက်ပြီးရှင်သန်နေရဦးမည်မို့ လည်တိုင်၌စည်းထားသောနက်ခ်တိုင်ကို ပြင်ဆင်ရင်း ကားထဲကနေ ထွက်လာလိုက်သည်။ ဒီနေ့က သူ အခစားဝင်ရမယ့်ဝန်ကြီး စိန့်စတီဗင်နှင့် တွေ့ဆုံဖို့ရှိသည်မို့ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးရင်ဆိုင်ဖို့ သူဆုံးဖြတ်ထား၏။
" ရောက်လာပြီလား "
ဝန်ကြီး စိန့်စတီဗင်ဆိုတာ သူ့ကို အဆင့်အတန်းမြင့်အောင် ကူညီပေးခဲ့တဲ့ပုဂ္ဂိုလ်တစ်ဦးပင် မဟုတ်ပါလား။ စားပွဲဝိုင်းတစ်ခုမှာ သူနှင့်မိတ်ဆုံစားဖို့ ရောက်နေပြီဖြစ်တဲ့ စိန့်စတီဗင်က သူ့ကို နှုတ်ဆက်လာတော့ ဗင်ဇယ်လည်း ထိုင်ခုံမှာ ရိုကျိုးစွာ ဝင်ထိုင်လာ၏။
" တောင်းပန်ပါတယ် ဝန်ကြီး။ ကျွန်တော် နောက်ကျသွားတယ်ထင်တယ်။ ဝန်ကြီးရဲ့အချိန်တွေ ပုပ်ကုန်ပြီ "
" ဟဟ မဟုတ်တာ။ ငါလည်း အခုလေးတင် ရောက်တာပါ။ "
စိန့်စတီဗင်ဟာ လူကြီးပိုင်းဖြစ်ပေမယ့် လူငယ်တွေနှင့်တန်းတူ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့်သူတစ်ဦးပင်။ သူ့ရဲ့ရာထူးမှာလည်း ပြောင်မြောက်အောင်ထမ်းဆောင်နိုင်ပြီး သူဦးစီးတဲ့စီးပွါးရေးလုပ်ငန်းတွေကလည်း ရင်းနှီးမြုပ်နှံသူ များပြားလွန်းတဲ့အထိ အောင်မြင်သူတစ်ဦးဖြစ်သည်။ အရာရှိတစ်ဦးပီပီ ဉာဏ်လည်းပြေးတာမို့ သူ့ဆီမှာ ဗင်ဇယ် တပည့်ခံနေခြင်းဆိုလည်း မမှားပေ။
YOU ARE READING
Hard Murder 2
Misterio / Suspenso(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
