ပုံရိပ်/ပံုရိပ္

1.1K 165 30
                                    

(Unicode) တစ်စုံတစ်ယောက်သာ ပထမဆုံးနဲ့နောက်ဆုံးခေါ်ခဲ့ဖူးတဲ့ နာမည်တိုလေးကို လူငယ်လေးတစ်ဦးထံမှ ပြန်ကြားလိုက်ရတော့ . . သူ့ရင်ထဲ အလွမ်းစိတ်တွေဖြစ်လာစေ၍ ကျောက်စိမ်းလက်ကောက်ဝတ်ထားသည့် လက်ဖြင့် ရင်ဘတ်ကို အသာဖိထားလိုက်ရသည်။
ထို့နောက် သူ့ကို လှမ်းနှုတ်ဆက်နေသော လူငယ်လေးအား ပြန်လှည့်ကြည့်လိုက်မိ၏။

" မင်းက အစောကြီးနိုးနေတာပဲ။ ထင်တောင်မထားဘူး "

သားဖြစ်တဲ့သူက အခုထက်ထိ အိပ်ယာက နိုးမလာသေးပဲ သူ့သူငယ်ချင်းကတော့ ဝီရိယကောင်းနေလွန်း၍ ယူရှရီတစ်ယောက် တအံ့တသြဖြင့် ပြောနေခဲ့လေသည်။

" အန်တီယူရှီက ဘာကို ထင်မထားတာလဲ? "

သူ့အပြောကြောင့် သူ ပြန်ပြီးတိုင်ပတ်နေပြန်ပါပြီ။ အက်ဆစ်က သူ့ကို ယူရှီလို့ ခဏခဏ အဖျားစွတ်ခေါ်နေတော့ အဲ့ဒီခေါ်သံလေးကိုကြားတိုင်း အရမ်းခင်ခဲ့ကြပြီးမှ စိမ်းကားသွားရတဲ့သူငယ်ချင်းဟောင်းရဲ့ပုံရိပ်ကို သူပြန်သတိရကာ မျက်နှာလေး ညှိုးမှိုင်သွားခဲ့ရ၏။

" ကျွန်တော် အဲ့ဒီလိုခေါ်တာ အန်တီမကြိုက်လို့လား? "

အထာတန်းပေါက်တဲ့အက်ဆစ်မှာလည်း ရိုကျိုးစွာ ပြန်မေးလာသည်။ ထိုအခါ ယူရှရီက ဘာမှမဖြစ်သလို ပြုံးပြလာ၏။

" မဟုတ်ပါဘူးကွယ်။ အန်တီ ကြိုက်ပါတယ်။ တစ်စုံတစ်ယောက်ကို သတိရသွားမိလို့ပါ "

ဟာလေရဲ့အမေကလည်း ဟာလေ့လို သိုသိုသိပ်သိပ်နဲ့လျှိုဝှက်ဆန်လွန်းတော့ သူ့ရဲ့အကြောင်းတွေကို ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ အက်ဆစ် မမေးပဲ ထားလိုက်မိသည်။

" အသက်ရှင်နေတဲ့ဘဝမှာ သတိရမိတတ်တဲ့သူ တစ်စုံတစ်ယောက်တော့ ရှိတတ်တာပဲလေ။ အဲ့ဒီလိုမှမဟုတ်ရင် ဘဝကြီးက အသက်မဲ့သွားမှာပေါ့ "

" အံမယ်။ မင်းက ဝီရိယကောင်းတဲ့အပြင် အပြောလည်းကြွယ်လှပါလား။ "

" ဟီး နည်းနည်းပါးပါးပါဗျ။ ဒါနဲ့ အန်တီယူရှီက အခုဘာလုပ်မလို့လဲ "

" ဆိုင်ဖွင့်မလို့ကွဲ့။ "

" ဒါဆို ကျွန်တော်လည်း ကူပေးမယ်လေ "

Hard Murder 2Where stories live. Discover now