(Uni) '' လူနာကို တစ်ချက်အောက်စီဂျင်ပေးမယ် ''
'' အခု သွေးပေါင်ချိန် ဘယ်လောက်လဲ ''
'' 50 37 ''
'' အခြေအနေမကောင်းဘူး သွေးသွင်းဖို့လိုလိမ့်မယ်။ ဟိုနာ့စ် သွေးသွင်းဖို့ချက်ချင်းပြင်ပါ ''
'' ဟုတ်ကဲ့ ဆရာ ''
အရေးပေါ်ခန်းတစ်ခုတွင် ဒဏ်ရာအပြင်းအထန်နှင့်ရောက်လာသောလူနာကြောင့် ဆရာ၀န်နှင့်သူနာပြုများ အသည်းအသန်အလုပ်ရှုပ်နေခဲ့ကြသည်။ ထို့နည်းတူ အရေးပေါ်ခန်း၏ပြင်ပ၌ လူနာ၏ရလဒ်ကို ရင်တမမနှင့်စောင့်ဆိုင်းနေသောအမျိုးသမီးကြီးတစ်ဦးလည်း ရှိနေပါ၏။
'' ဘုရားသခင် စောင့်ရှောက်ပေးတော်မူပါ သမီးမာဂရက် ဘာမှမဖြစ်ပါစေနဲ့ သမီးမာဂရက်ကို အသက်ရှင်ခွင့်ပေးသနားတော်မူပါ အို ဘုရားသခင် ''
မိမဲ့ဖမဲ့တစ်ယောက်တည်းဖြစ်နေသူမို့ လူနာရှင်အဖြစ် ယူရှရီ ခံယူထားပြီး မာဂရက်အတွက် ဆုတောင်းစာများရွတ်ဆိုပေးနေခဲ့မိသည်။ မာဂရက် ယခုလိုဖြစ်တာကိုတော့ သူ့ရဲ့သားဖြစ်သူ ဟာလေ့ဆီမှ သိခဲ့ရပြီး ဆေးရုံသို့ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဟာလေတော့ အတူတကွ ပါမလာခဲ့ပေ။
°° သားက ပြန်မလိုက်ဘူးလား °°°
°°° ကျွန်တော် မလိုက်တော့ဘူး။ အဲ့ဒီအစား အမေ့ကို တောင်းဆိုစရာရှိတယ် °°°
မျက်၀န်းထဲမှာလည်း ဆေးရုံအ၀င်၀သို့ သူရောက်ရောက်ချင်း သူ့ကိုလာကြိုပေးပြီး ထူးဆန်းစွာနှင့် သူ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ ကိစ္စတချို့တောင်းဆိုခဲ့သော ဟာလေ၏တည်ငြိမ်သောမျက်နှာသွင်ပြင်ကို အဖန်ဖန်မြင်ယောင်ရင်း သူ့ရဲ့ရင်က လေးလံသည်ထက်ပိုလေးလံနေခဲ့ရသည်။
°°° သားက ဘာတောင်းဆိုမှာလဲ °°°
°°° မာဂရက်ကို အမေနဲ့အတူ စိတ်ချထားခဲ့ချင်တယ် အဲ့ဒါ အမေလုပ်ပေးနိုင်မလား °°°
°°° မာဂရက်ဆိုတာ မင်းပြီးရင် အမေ့သမီးလေးလိုပါပဲ အမေစောင့်ရှောက်မှာပေါ့။ တောင်းဆိုစရာတောင် မလိုပါဘူး။ ဒါပေမယ့် သားက ဒီလိုတွေမှာနေတာ ဘယ်သွားမလို့လဲ °°°
YOU ARE READING
Hard Murder 2
Детектив / Триллер(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
