(Unicode) သူမျှော်လင့်နေမိတဲ့ ဟာလေမှာတော့ ဂိုဒေါင်ကြီးတစ်ခု၌ လှောင်ပိတ်ခံနေခဲ့ရသည်။ တစ်နေ့လုံး တစ်ညလုံး အန္တရာယ်တွင်းထဲရောက်နေသော်လည်း ဟာလေ့နှုတ်ဖျားမှာ သူ့စိတ်နဲ့ ဂယောင်ဂတမ်းဖြစ်နေတုန်းပင်။
"ငါ့ကိုထားမသွားပါနဲ့ အက်ဆစ်~ ~ ငါတောင်းပန်ပါတယ်. . .အားလုံးအတွက် ငါတောင်းပန်ပါတယ် ဟင်း~အင်း ~"
အပြင်က မဆဲပဲ ကျနေတဲ့နှင်းဖွဲတွေကြောင့် အဝတ်ဗလာကျင်းဖြစ်နေတဲ့ဟာလေမှာ ချမ်းအေးလွန်း၍ အသားတွေတဆက်ဆက်တုန်ကာ နှုတ်ခမ်းမှာ မွဲပြာ၍ပင် နေ၏။ အအေးဒဏ်ကို လူကမခံနိုင်တော့ သတိရဖို့ပင် ခက်ခဲပြီး သူ့ကိုယ်သူ ဘယ်ရောက်လို့ရောက်နေမှန်းတောင်မသိပေ။
ထိုစဉ် သူ့ကိုနိုးထဖို့ တစ်စုံတစ်ရာက အချက်ပေးလာတော့...
ဗွမ်း! ! ! ဟစ် . . .အူထဲအသည်းထဲအထိ အေးစက်ကိုက်ခဲသောခံစားချက်နှင့်အတူ ဟာလေရဲ့မျက်လုံးအစုံပွင့်ဟလာခဲ့ရသည်။ သူသတိရလာတော့ သူ့ကိုယ်ပေါ်မှာ ရေတွေစိုရွှဲနေပြီး ကြိုးတုပ်ခံထားရမှန်း သိလိုက်ရသည်။
"မင်း မင်းတို့ ဘာလုပ်တာလဲ။ လွှတ် လွှတ်ပေး"
ရီဝေဝေမီးရောင်တစ်ခုရဲ့ အရှေ့မှာလည်း သူမသိတဲ့သူစိမ်းနှစ်ယောက်ကိုမြင်ရတဲ့အပြင် ဂျပ်ပုံးတွေစီတန်းထပ်ထားတဲ့ဂိုဒေါင်ကြီးတစ်ခုမှာ ရောက်နေတာမို့ ဟာလေ့စိတ်ထဲမသိုးမသန့်ဖြစ်ကာ ကြိုးတွေကြားရုန်းကန်မိတော့၏။
"ဟေ့ကောင် နားညီးတယ် အော်မနေနဲ့။ မင်းဘာလို့ဒီရောက်နေလဲဆိုတာ ခဏနေ မင်းသိရလိမ့်မယ်"
သို့သော် ကြိုးတွေက အရမ်းတင်းမာနေတာမို့ သူရုန်းလေလေ အသက်ရှူကြပ်ရလေဖြစ်နေသည်။ ဒါ့ကြောင့် အသက်ကို ဝဝရှူရင်း ထိုလူနှစ်ယောက်ကို သေချာကြည့်မိတော့...
**ဟေးရန်ဂိုဏ်း??**
ဆင်တူဂျာကင်တွေကို မြင်ပြီး အကြီးအကဲချန်ရ်လက်ထဲ သူရောက်နေမှန်း ဟာလေသိလိုက်ရသည်။ ဂိုဒေါင်ထဲမှာလည်း တစ်ခုခုကို ထုတ်ပိုးထားသည့်စက္ကူပုံးတွေသာ ပြည့်နေပြီး Buffalo Mr.John(AKN) ဟု ရေးထားသည်ကိုလည်းတွေ့ရသည်။ တကယ်တော့ ထိုပစ္စည်းများဟာ ဆေးဝါးဖြစ်ပေါ်လာစေဖို့ အသုံးပြုသည့်ကုန်ကြမ်းများသာဖြစ်သည်။ သို့ပေမယ့် လောလောဆည် ဟာလေမှာ ကျင်းထဲကြပ်ထဲရောက်နေ၍ သတိမမူမိခဲ့ပေ။
YOU ARE READING
Hard Murder 2
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...