191 25 4
(Uni) လေပြည်လေညှင်းတိုက်ခတ်သံ၊ သစ်ရွက်ခြောက်လွင့်ကျဲသံများနှင့် တိုးဆိတ်ငြိမ်သက်နေသောနံနက်ခင်းလေးတစ်ခုတွင် ...
" ဟာလေ~~ဟာလေ "
နှစ်ခြိုက်စွာအိပ်ပျော်နေသော ဟာလေတစ်ယောက် သူ့နာမည်ကို သံရှည်စွဲပြီးခေါ်နေတဲ့အသံတစ်ခုကြောင့် အနည်းငယ်လူးလွန့်ပြီး နိုးလာခဲ့ရသည်။ သို့သော် အရမ်းအိပ်ချင်နေတဲ့အတွက် သူ့မျက်၀န်းတွေဟာ ပွင့်မလာသေး။
" ဟာလေ~~ငါ့ကိုသတ်ပြီး အေးအေးဆေးဆေးအိပ်နိုင်သေးတယ်ပေါ့ "
ဒါပေမယ့် အရမ်းရင်းနှီးနေတဲ့လေသံနဲ့ သူ့ကိုမကျေမနပ်ပြောဆိုနေတာကြားရတော့ ဟာလေ့ခေါင်းထဲ အသိတစ်ခု၀င်သွားပြီး မျက်လုံးတွေကိုဆက်ခနဲ ဖွင့်ပစ်လိုက်မိသည်။ အဲ့ဒီအခါ ... ဘယ်ကမှန်းမသိရောက်လာတဲ့ ဗင်ဇယ်ဟာ သူ့ခါးတည့်တည့်ပေါ်မှာ ခြေထောက်ခွရပ်ပြီး သူ့ကိုစူးစိုက်ကြည့်နေတာ မြင်လိုက်ရတော့ -
" ဗင် ဗင်ဇယ် "
မျက်နှာတစ်ခုလုံးကလည်း ပုပ်ပွပြာနှမ်းနေတဲ့ပုံစံနဲ့ ရင်ဘတ်က ဒိုးချင်းပေါက်လျှက်ဒဏ်ရာနက်ကြီးမှာ လောက်ကောင်အသီးသီးပြုံထနေတဲ့ပုံစံက လုံး၀စိတ်ခြောက်ခြားဖို့ကောင်းနေတဲ့အတွက် ဟာလေ့တစ်ယောက် အနည်းငယ်လန့်သွားပြီး ထပြေးဖို့ရုန်းမိရသည်။
" ဟဟ ထွက်ပြေးချင်နေသေးတယ်ပေါ့။ နောက်ကျသွားပြီ မင်းကိုငါသတ်ပစ်တော့မှာ "
သို့‌သော် တစ်ကိုယ်လုံးက ဘီလူးစီးထားခံရသလို လေးလံပြီး လှုပ်ရှားမရနေတော့ ရုပ်ပျက်ဆင်းပျက်ကြောက်ဖို့ကောင်းနေတဲ့ဗင်ဇယ့်ရဲ့အုပ်မိုးခြင်းကို ခံလိုက်ရပြီး သူ့လည်ပင်းကို ဗင်ဇယ်က အသည်းအသန်၀င်ညှစ်လာတော့၏။
အ...အစ်!
" သေ သေ သေစမ်း။ မင်းကိုခွင့်မလွှတ်ဘူး။ မင်းကြောင့် အားလုံးပျက်စီးသွားတာ။ မင်းကိုတစ်သက်လုံး မအေးချမ်းစေဖို့ ငါကျိန်စာတိုက်တယ် သေစမ်း "
" အဟစ်! လွှတ် ငါ့ကိုလွှတ် "
ဟာလေစံ!
မကျေနပ်ချက်တွေနဲ့ အတင်းဖိညှစ်ထားမှုကြောင့် ဟာလေ့မှာ မွန်းကြပ်လာရပြီး ရုန်းထွက်သော်လည်း မလွတ်မြောက်နိုင်ပဲ ဗင်ဇယ်လက်ထဲ နစ်မြှုပ်လုမတတ်ဖြစ်နေရင်း ကယောင်ခြောက်ခြားရေရွတ်နေခဲ့မိရာ ...
Hard Murder 2Where stories live. Discover now