အချစ်ရူး/အခ်စ္ရူး

624 59 7
                                        

(Uni) ဘာမှမတွေးနိုင်တော့ပဲ စိတ်လွတ်သွားတဲ့ဟာလေမှာ အခန်းထဲသို့ စမိုင်းဝင်လာသည်ကို သတိမထားနိုင်ဖြစ်သွားတဲ့အတွက် ကမန်းကတမ်း ဘောင်းဘီကိုဇစ်ပြန်တပ်လိုက်မိသည်။
စမိုင်းကတော့ ဟာလေ့ကို ထိုပုံစံအတိုင်းမြင်ရပြီး မျက်နှာ တင်းမာသွားလျှက် ။

" အက် အက်ဆစ် ဟို ငါ ဟို "

ဟာလေလည်း ဒီလိုကိစ္စတွေဟာ သူတို့အချင်းချင်းဖြစ်နေကျ မြင်နေကျ တွေ့နေကျမို့ သိပ်မထူးဆန်းလောက်ဘူးဟု ထင်ထားပေမယ့် တစ်ဖက်လူဟာ အက်ဆစ်အစစ်မဟုတ်တဲ့အတွက် ဒေါသထွက်ပုံပေါ်နေရာ ဘယ်လိုရှင်းပြရမှန်းမသိအောင် အကြပ်တွေ့ပြီး စကားတွေထစ်အကုန်ရ၏။
ထိုအခါ စမိုင်းက စိတ်ပျက်သည့်ဟန်နှင့် အခန်းထဲကနေ ထွက်သွားဖို့ကြံတော့ -

" ဘယ်ကိုသွားဦးမလို့လဲ အက်ဆစ် "

သူ့ကိုထွက်အသွားမခံနိုင်တဲ့ဟာလေက တံခါးရှေ့သို့ပိတ်ရပ်လိုက်မိသည်။

" ကျွန်တော့်ဘာသာ ဘယ်သွားသွား ခင်ဗျားနဲ့မဆိုင်ဘူး။ ခင်ဗျားသာ လုပ်စရာရှိတာဆက်လုပ်နေလိုက်ပါ "

" နေဦး "

ပြောပြောဆိုဆိုနှင့် စမိုင်းက ထွက်သွားဖို့လုပ်နေရာ သူ့ရဲ့တစ်ဖက်သတ်ဆန်လွန်းတဲ့စကားတွေကို မခံနိုင်တော့တဲ့ ဟာလေတစ်ယောက် သူ့လက်ကို ဆွဲကိုင်ကာ တားလိုက်မိ၏။ ထိုလုပ်ရက်ကို စမိုင်းက မနှစ်မြိုသည့်ပုံနှင့် ခါးခါးသီးသီးရုန်းပါသည်။

" ဘာလုပ်တာလဲ လွှတ်စမ်း "

" မလွှတ်ဘူး။ မင်းငါ့ကိုဘယ်လိုပုံစံမျိုးနဲ့ပြောလိုက်တာလဲ အက်ဆစ်။ လုပ်စရာရှိတာ ဆက်လုပ်နေ ဟုတ်လား။ ငါ အခုလိုဖြစ်နေတာ မင်းရဲ့ဥပေက္ခာပြုမှုတွေကြောင့်လေ။ မင်းရဲ့အနမ်းတွေကို ငါဘယ်လောက်တမ်းတနေမိလဲဆိုတာ မင်းသိလား။ မင်းထပ်ပြီးစိတ်ဆိုးသွားမှာကြောက်လို့ ငါသည်းခံနေပေမယ့် ငါမင်းကို အရမ်းလွမ်းနေခဲ့တာ ငါ မင်းကိုပြန်ရချင်ခဲ့တာ အဲ့ဒါမင်းသိလားလို့။ ငါ့ကိုကြည့်စမ်းပါ ငါ့ကိုကြည့်ဦး အက်ဆစ် "

သူပြောတာတွေလည်း နမူမစိုက်တာများတော့ ဟာလေ စိတ်တိုလာပြီး သူ့ကိုအတင်းအကြပ် လှုပ်ရမ်းပစ်ကာ နာကျင်မှုတွေရစ်ဝဲနေတဲ့သူ့မျက်ဝန်းတွေကို စိုက်ကြည့်ဖို့ တောင်းဆိုမိသည်။ သို့သော် တစ်ဖက်က ပြန်စိုက်ကြည့်တဲ့ ပြာလဲ့လဲ့မျက်ဝန်းတွေဟာ သူ့အတွက် အချစ်ဆိုတာ ပျောက်ကွယ်နေသည့်ပုံပေါ်နေတော့ -

Hard Murder 2Where stories live. Discover now