(Uni) ဆိတ်ငြိမ်လွန်းသောညနေစောင်းလေးတစ်ခုမှာ လေပြည်တို့ရဲ့တိုးဝှေ့သံက ပတ်၀န်းကျင်တစ်ခွင်ကို အပီအပြင်စိုးမိုးထားလျှက်ရှိနေခဲ့၏။
ထို့နည်းတူ ခရစ်ကျောင်းတော်ဟောင်းကြီးရဲ့ မြင်းဇောင်းအိမ်အိုလေးတစ်လုံးမှာရှိနေတဲ့ဟာလေ၏ ရင်ခုန်သံတချို့က တစ်ယောက်သောသူရဲ့အိမ်အပြန်လမ်းလေးမှာ ပဲ့တင်ထပ်လျှက်ရှိနေခဲ့သည်။°°° သူ ဘယ်ကိုများ ထွက်သွားပါလိမ့် °°°
ဒီရက်ပိုင်းတွင် သူ့ဒဏ်ရာတွေကြောင့် ဝှီးချဲလေးပေါ်မှာပဲ ဟာလေ အနားယူနေခဲ့ရပြီး အက်ဆစ်ဆိုသောကောင်လေးကတော့ သူ့မျက်စိရှေ့ကနေ မကြာခဏပျောက်ပျောက်သွားတတ်၍ ဒီအနေအထားကိုကြုံရတဲ့အခါ သူတို့နှစ်ဦးရဲ့အတိတ်ကိုတောင် သူပြန်သတိရမိသွားရသည်။
ထိုစဉ်က အိမ်လေးတစ်လုံးထဲမှာ စိတ္တဇကောင်လေးတစ်ယောက်ဆီက ထွက်ပြေးဖို့အမြဲကြိုးစားမိခဲ့တဲ့သူ ... အခုတော့ အဲ့ဒီကောင်လေး ပြန်အလာကိုစောင့်နေမိတဲ့သူ ... ။
အချိန်တွေက လူတစ်ယောက်ကိုပြောင်းလဲသွားစေတာလား နှလုံးသားကိုပဲ ပြောင်းလဲပေးခဲ့တာလားသေချာပြောမရလေတော့ ဟာလေ သူ့ကိုယ်သူရယ်မိလျှက်သား ဖြစ်ခဲ့ရသည်။အတိတ်ကိုတွေးရင်း မျက်စိကစားလိုက်မိတော့ မလှမ်းမဝေးရှိစားပွဲထောင့်ပေါ်က ဓါးမြှောင်ကို ဟာလေ သတိထားလိုက်မိ၏။
°°° အဲ့ဒီဓါးကို သူပြန်တွေ့လာတာလား °°°
ထို့နောက် ဘီးကိုလက်နဲ့တွန်းရင်း ထိုအနားသို့ချဉ်းကပ်သွားကာ ဓါးကို ထိကိုင်ကြည့်သည်။
တကယ်ပဲ ထိုဓါးဟာ သွေးဆာနေတဲ့စိတ္တဇဓါးတစ်လက်ဖြစ်နေတော့ ကိုင်လိုက်စဉ်မှာပဲ ဗင်ဇယ့်ရဲ့သွေးသံတရဲရဲမျက်နှာကို သူပြန်မြင်လိုက်မိပြီး နားထဲမှာ စူးစူးရဲရဲအော်သံကို ရုတ်ချည်း သူပြန်ကြားလိုက်ရ၏။°°° ဟာလေ မင်းကိုသတ်မယ်။ မင်းတို့ ဒီအတိုင်းနေရမယ်ထင်လို့လား။ မင်းတို့ကိုအလွှတ်မပေးဘူး အား °°°
" ဟင်း ကျစ် "
ဆိုးရွားတဲ့အသံတွေကြောင့် ဟာလေ စိတ်မနိုင်တော့တဲ့အဆုံး စုတ်တစ်ချက်သပ်လိုက်ပြီး ထိုဓါးကို မမြင်ကွယ်ရာတစ်နေရာမှာ သိမ်းထားဖို့ ကြံရွယ်လိုက်မိသည်။ သို့နှင့် စားပွဲအံဆွဲတစ်ခုကို သူအမြန်ဆွဲဖွင့်လိုက်ရာ ထိုအံဆွဲရဲ့အောက်ခြေမှာ ညှပ်သိမ်းထားသော ဖိုင်တချို့က သူ့ခြေရင်းဆီသို့ ဘုတ်ခနဲပြုတ်ကျလာခဲ့၏။
YOU ARE READING
Hard Murder 2
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...