(Uni) စမိုင်းရဲ့ ကြိုးစားပေးမှုတွေကို မမြင်နိုင်ပဲ သူရယူချင်တဲ့အရာကိုသာ မြင်တတ်တဲ့ဗင်ဇယ်မှာတော့ သတင်းကို ကြည့်ပြီး အနည်းငယ်စိတ်ဆက်နေခဲ့လေသည်။ ဘာကြောင့်ဆို သူ့ရဲ့ဆေးကုန်ကြမ်းတွေကိုပို့ဆောင်ပေးတဲ့ဂိုဏ်းတစ်ခုဖြစ်လို့ နှမြောမိတာလည်းပါ၏။
ဒါ့ကြောင့် တုန်ရီနေသောလက်တစ်စုံဖြင့် အခန်းတွင်းနံရံပေါ်မှာ ကပ်ထားတဲ့ဓါတ်ပုံတွေအများကြီးထဲက ဟေးရန်ဂိုဏ်းရဲ့အမှတ်အသားဓါတ်ပုံကို မှင်နီဖြင့် အမှားခြစ်ခြစ်လိုက်ရင်း စမိုင်းဆီသို့ ဖုန်းခေါ်လိုက်မိသည်။
" ဟဲလို အမိန့်ရှိပါ သခင် "
" အဲ့ဒါက ဘယ်လိုဖြစ်တာလဲ ရှင်းပါဦး "
" စိတ်လျှော့ပါ သခင်။ တစ်ခုကိုလိုချင်ရင် တစ်ခုကိုပေးဆပ်ရတယ်လို့ သခင်ပြောပြဖူးတယ်မဟုတ်လား။ "
" မင်းက ဘာကိုဆိုလိုချင်တာလဲ? "
" မကြာခင် သူရောက်လာပါလိမ့်မယ်။ သခင် လိုချင်နေတဲ့သူ သခင့်ဆီကို တစိုက်မတ်မတ် ရောက်လာပါလိမ့်မယ် "
" ဟဟ မင်းငါ့ကို ကျီစယ်နေတာလား။ ဒါမှမဟုတ် ဒေါသထွက်အောင် လုပ်နေတာလား စမိုင်း "
သူ အမုန်းတီးဆုံး အရွံရှာဆုံး သတ်အပစ်ချင်ဆုံးလူသားကို ရှာဖွေဖို့ စမိုင်းကို လွှတ်လိုက်သည်မှာ တစ်လပင် ကျော်နေပါပြီ။ ဒါပေမယ့် အခုထိ အကောင်အထည်ပေါ်မလာသေး၍ ဗင်ဇယ် အံတင်းတင်းကြိတ်ကာ ပြောဆိုနေမိခဲ့သည်။
ဒေါက်…ဒေါက်…
" သခင် "
ထိုစဉ် မစ္စတာမိုးဆိုသော အိမ်တော်ထိန်းတစ်ဦးက သူ့အခန်းကို တံခါးလာခေါက်၍ ဗင်ဇယ် ဖုန်းပြောခြင်းကို ခဏရပ်လိုက်မိ၏။
" ဘာကိစ္စလဲ "
" ဧည့်ခန်းမှာ သခင့်ကိုတွေ့ဖို့ လူတစ်ယောက်ရောက်နေတယ်။ "
" ဘယ်လို? လူတစ်ယောက်? "
" ဟုတ်။ ရွှေရောင်ဆံပင်နဲ့လူငယ်တစ်ယောက်ပါ။ သူက သခင့်ကိုမတွေ့ရမချင်း မပြန်ဘူးတဲ့ "
အိမ်ထိန်းကြီးရဲ့ပြောစကားနောက်မှာတော့ ဗင်ဇယ်မျက်ခုံးတွေ အထက်သို့တွန့်ချိုးသွားပြီး နှုတ်ခမ်းမှာ လခြမ်းသဏ္ဍာန် ကွေးတက်သွားခဲ့လေသည်။ တကယ်ပဲ သူ့ရဲ့ဆန္ဒတွေ ပြည့်မြောက်လာခဲ့ပြီလား . . . ။
___________________
YOU ARE READING
Hard Murder 2
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...