(Uni) ဘန်ဂလိုတိုက်ခန်းလေးတွေ စီတန်းကာတည်ရှိနေတဲ့ လမ်းထိပ်က စတိုးဆိုင်တစ်ခုတွင် -
" ဦးလေး ဒီရေပိုက်ခေါင်းလေးပြင်ပေးပါဦး "
" ဟုတ်ကဲ့ လာပါပြီခင်ဗျာ "
ဆိုင်ရဲ့လိုအပ်ချက်မှန်သမျှကို သာယာချိုအေးသောအသံဖြင့် ဖြည့်ဆည်းပေးနေသူက ခရစ်တန်ပင်။ ကြည့်ရတာ ဆိုင်ရဲ့နံရံတစ်ဖက်မှာ ကပ််ထားခဲ့တဲ့အလုပ်သမားတစ်ဦးအလိုရှိသည်ဆိုတဲ့ စာစောင်လေးရဲ့ကွက်လပ်ကို ခရစ်တန်က ဖြည့်လိုက်သည်ထင့်။
" ဖေဖေ ဘာလုပ်နေတာလဲဟင် "
" သား ဒီနားကိုမလာနဲ့လေ။ ခိုင်းမိကုန်လိမ့်မယ် "
" ဟုတ်သားပဲ ဒယ်ရင်လေးကလည်း။ လာ မမဆီလာ၊ မမက ချောကလက်ပေးမယ်လေ "
ဆိုင်ပိုင်ရှင်မိန်းကလေးကတ်သီဟာလည်း ကံကောင်းထောက်မစွာဖြင့် ခရစ်တန်ကိုအလုပ်ပေးတဲ့အပြင် ဒယ်ရင်လေးကိုလည်း အချစ်ပိုနေခဲ့သည်။ ဒါက စိတ်ကောင်းနှလုံးကောင်းရှိသူတွေကို ဘုရားသခင်က ပေးလိုက်တဲ့ဆုလာဘ်တစ်ခုများလား။
" သားကိုပေးတဲ့ချောကလက်ဖိုးကို ဖေဖေ့လခထဲက နှုတ်မယူဘူးဆိုရင် သားလက်ခံမယ်ယေ ဟီး "
" အမယ်လေး လူလည်လေး မမက အလကားပေးပါ့မယ်ရှင် ဟုတ်ပြီလား။ လာ ဖေဖေ့ကိုမနှောင့်ယှက်နဲ့တော့။ မမနဲ့ အရှေ့ကိုလိုက်ခဲ့ "
ပြောပြောဆိုဆိုနှင့် ထိုမိန်းကလေးကတ်သီက ချစ်စရာကောင်းတဲ့ဒယ်ရင်လေးကို ပွေ့ချီကာ ဆိုင်ခန်းထဲသို့ခေါ်သွားခဲ့သည်။ ဆိုင်ခန်းထဲမှာက အပန်းဖြေရက်မဟုတ်တာမို့ လာဝယ်သူ မရှိသလောက်ပင်နည်းလှသည်။ သို့ပေမယ့် နောက်လအနည်းငယ်ဆိုရင်တော့ ပွင့်လင်းနွေရာသီကိုအစပျိုးတော့မည်မို့ ထိုရက်များကိုပင် မျှော်လင့်တတ်ကောင်းသား။
ဆိုင်ရှင်မမကတ်သီက ဒယ်ရင်လေးကြိုက်တဲ့ချောကလက်ကို ထုတ်ကျွေးရင်း ကောင်တာမှာ လက်ပ်တော့ထိုင်သုံးနေသည်။ ထိုစဉ် ဆိုင်ထဲသို့ ဧည့်သည်တစ်ဦးဝင်လာခဲ့သည်။
ထူးဆန်းစွာဖြင့် ထိုသူဝတ်လာတဲ့အက်ကွဲကြောင်းရာနှင့်မျက်နှာဖုံးတစ်ခုက ဒယ်ရင်လေးရဲ့အသိစိတ်တစ်ခုကို နှိုးဆွပေးနေသလို။
YOU ARE READING
Hard Murder 2
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...