(Uni) အနွေးစောင်တစ်ထည်နှင့် အိပ်မောကျနေသော သူ့အမေကို ကြည့်ပြီး ဟာလေ ကျေနပ်စွာ ပြုံးနေမိခဲ့သည်။ အခုလို ချစ်ရတဲ့သူတွေနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းရသလောက် ကောင်းမွန်တဲ့အချိန်မရှိတာမို့ ရှင်သန်နေရတဲ့တစ်မိနစ် တစ်စက္ကန့်တိုင်းကို ဟာလေ မြတ်နိုးသည်။
ယူရှရီနိုးသွားမည်ဆိုး၍ တံခါးကို အသာလေး စေ့ပိတ်ကာ အိမ်ရဲ့အပြင် ခြံဝန်းထဲသို့ ဆင်းလာလိုက်တဲ့အခါ . . သူ့နှာခေါင်းထဲ၌ စီးကရက်နံ့တချို့ကို ရရှိခဲ့လိုက်၏။
*** အက်ဆစ် ***
ဒါဟာ ခြံထဲမှာ အက်ဆစ်ရှိနေတယ်ဆိုတာ ဖော်ပြလိုက်လေတော့ ဟာလေ ပျော်မိပြီး သူရှိရာသို့ လျှောက်လာလိုက်မိသည်။
*** ကျွန်တော် မလုပ်နိုင်ခဲ့ဘူး မာမီ။ ဟာလေစံ ကျွန်တော့်ကို မုန်းသွားမယ့်အလုပ်မျိုး ကျွန်တော် မလုပ်နိုင်ဘူး။ မာမီ့ရဲ့သား ပျော့ညံ့သွားတယ်လို့ ထင်နေပြီလား။ သားကိုယ်တိုင်လည်း အဲ့ဒီအတွက်အဖြေမရှိပါဘူး ***
လရိပ်ဖြာကျနေတဲ့ ခြံဝန်းထဲက ကုတင်ကြမ်းတစ်ခုမှာတော့ သူ့ကိုကျောပေးပြီး စီးကရက်ထိုင်သောက်နေတဲ့အက်ဆစ်ကို ဟာလေ တွေ့ခဲ့ရသည်။ ညညဆို မအိပ်ပဲ လျှောက်လုပ်နေတတ်တဲ့ထိုကောင်လေးကို ထွက်သွားမည်ဆိုး၍ အမြဲလိုက်ကြည့်နေရတဲ့ဟာလေမှာ အိပ်ရေးတွေပျက်ပြီး မျက်ကွင်းညိုတဲ့ပန်တာလေးတစ်ကောင်လို ဖြစ်နေခဲ့ပါပြီ။
" ဒီမှာ ဘာထိုင်လုပ်နေတာလဲ "
မျက်လုံးနဲ့မမြင်ရပေမယ့် မှုန်မွှားမွှားနှင်းစက်တွေက ကိုယ်ပေါ်ကျဆင်းနေသကဲ့သို့ အေးစိမ့်စိမ့်ဖြစ်နေတဲ့ညသန်းခေါင်ကြီးမှာ အဝတ်ပါးတစ်ထည်နှင့် ထိုင်နေတဲ့အက်ဆစ်ကို ထူးထူးဆန်းဆန်းဖြင့် ဟာလေ မေးလိုက်မိသည်။
ထိုအခါ အက်ဆစ်လည်း သူ့ဘေးနားသို့ ထိုင်လာတဲ့ဟာလေကို လှည့်ကြည့်ပြီး ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်၏။" ကြယ်တွေကို ရေတွက်နေတာလေ။ ကြယ်တွေက သေဆုံးသွားတဲ့လူတွေကို ကိုယ်စားပြုတယ်ဆိုလို့ ကမ္ဘာကြီးမှာ လူဘယ်နှစ်ယောက်သေသွားပြီလဲ သိချင်လို့ "
YOU ARE READING
Hard Murder 2
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...