ညရဲ့တစ္ဆေ/ညရဲ႕တေစၧ

702 125 27
                                    

(Uni) ဒုစရိုက်ဂိုဏ်းသားများ ကျက်စားရာ ည ၁၂နာရီကျော်ကျော်အချိန်လောက်တွင် လူခြေတိတ်တဲ့လမ်းကြားတစ်ဝိုက်၌ အရက်သောက်သူ၊ စီးကရက်သောက်သူ တစ်ယောက်စ နှစ်ယောက်စဖြင့် နေရာမလပ် ရှိနေခဲ့သည်။

" အာ ဘေဘီလေးကလည်း ကိုယ်တောင်းပန်ပါတယ်ကွာ။ ခေါင်းဆောင်က တစ်နေကုန် အကြွေးလိုက်တောင်းခိုင်းနေလို့ပါ။ စိတ်မဆိုးပါနဲ့။ ကိုယ်အခု ပြန်လာနေပြီလေ "

ထိုစဉ် အဆောက်အအုံတစ်ခုမှ ဖုန်းပြောရင်း ထျန်ရှင်းထွက်လာတော့ . . သူဖြတ်သွားတဲ့လမ်းမှာ ရှိနေတဲ့လူဟူသမျှ သူ့ကို တလေးတစားဖြင့် အလေးပြုလာခဲ့ကြ၏။

" ပြန်တော့မှာလား ဘော့စ် "
" ကောင်းကောင်းပြန်ပါ ဘော့စ် "

ထျန်ရှင်းဟာ အကြီးအကဲချန်ရ်ပြီးလျှင် ဒုတိယအာဏာအရှိဆုံးမို့ အားလုံးက သူ့ကို ဘော့စ်လို့ ခေါ်ခဲ့ကြသည်။ တကူးတကနှုတ်ဆက်နေကြတဲ့လူတွေကို ထျန်ရှင်း လက်သာ ပြလိုက်ပြီး လမ်းကွေ့တစ်ခုက ပိတ်ထားပြီဖြစ်တဲ့စတိုးဆိုင်ရှေ့မှာ ရပ်ထားတဲ့သူ့ရဲ့မော်တော်ဆိုင်ကယ်အပေါ်သို့ တက်ခွလိုက်လေသည်။
ထို့နောက် မပြန်ခင် ရာသီဥတုရဲ့အအေးဒဏ်ကို ခံနိုင်အောင် အသင့်ဆောင်ထားတဲ့ဝီစကီပုလင်းကို မော့သောက်နေလိုက်ရင်းမှ . . .

" ခီး . . . ကောင်းလိုက်တာကွာ "

ပုလင်းကို ခါးကြားပြန်ထိုးပြီး ချမ်းအေးတဲ့ညအမှောင်ကို အံတုကာ ခရီးစနှင်လိုက်တော့သည်။ ဆိတ်ငြိမ်နေတဲ့အဝေးပြေးလမ်းမကြီးထက်မှာ သူ၏မော်တော်ဆိုင်ကယ်သံသာ ဆူညံနေခဲ့ပြီးနောက် . . နာရီဝက်လောက်ကြာတဲ့အခါ လမ်းသွယ်လေးတစ်ခုဆီသို့ သူကွေ့ဝင်လိုက်သည်။
ချစ်ဇနီးစောင့်ကြိုနေတဲ့အိမ်ငယ်လေးနှင့် နီးစပ်လာလေလေ ထျန်ရှင်း၏မျက်ဝန်းတွေဟာ ပို၍အရောင်တောက်လာလေလေပင်။

ဒါပေမယ့် . . အဲ့ဒီအချိန်မှာ တစ်စုံတစ်ရာက သူ့ရဲ့အိမ်အပြန်လမ်းကို ဝင်နှောင့်ယှက်လာလေတော့ . . .

ဒုန်း . . . ကျွီ~ ~

ဘယ်ကမှန်းမသိ ထွက်လာတဲ့ ညနက်ထဲက တစ္ဆေတစ်ကောင်လို အနက်ရောင်ကားတစ်စီးက သူ့ရဲ့အရှေ့တည့်တည့်ကနေ ဘွားခနဲပေါ်လာတဲ့အခါ ထျန်ရှင်း ရှောင်ချိန်မရလိုက်ပဲ အရှိန်ဖြင့် ဝင်အောင်းမိခဲ့လေသည်။

Hard Murder 2Where stories live. Discover now