ရှင်သန်သူအသစ်/ရွင္သန္သူအသစ္

454 57 13
                                        

(Uni) သူမျှော်လင့်နေသည့် ခြေလှမ်းတစ်စုံကတော့ မိုးရွာသွန်းမှုကြောင့် ဗွက်တည်နေသောရေအိုင်တစ်ခုဆီမှာ ရပ်တန့်နေခဲ့ပြီး ရေအိုင်ထဲက သူ့ပုံရိပ်သူ အတန်ကြာစိုက်ကြည့်နေခဲ့သည်။

" အခု ငါက ဘယ်သူလဲ? "

မိုးစက်တွေ အဆက်မပြတ်ကျဆင်းမှုကြောင့် အငြိမ်မသပ်ဖြစ်နေတဲ့ ရေအိုင်ထဲက သူ့ပုံရိပ်ကိုလည်း အရူးတစ်ယောက်လို ပြန်မေးခွန်းထုတ်နေသည်။ အဲ့ဒီနောက် ငိုက်စိုက်ကျနေတဲ့မိုးကာဦးထုတ်ရဲ့အောက်မှာ စိတ္တဇဆန်စွာ ပြုံးရယ်ရင်း ထိုရေအိုင်ကို သူနင်းချေကျော်လွှားပစ်လိုက်လေ၏။

ဒေါက် ဒေါက် ဒေါက် ~~

အရှေ့သို့ တစိုက်မတ်မတ် ဆက်လက်သွားနေတဲ့သူ့ရဲ့ခြေလှမ်းတွေက အိမ်တစ်အိမ်အရောက်မှာတော့ ရည်ရွယ်ချက်ရှိရှိ ရပ်တန့်သွားခဲ့သည်။ ထို့နောက် အိမ်တံခါးကို အားပြင်းစွာဖြင့် သုံးချက်တိတိ ခေါက်လိုက်ပြီး မကြာမှာတော့ . .

" ဘယ်သူလဲမသိဘူး "

ဆူညံသွားတဲ့အသံကြောင့် အိမ်ပိုင်ရှင်ဖြစ်တဲ့အမျိုးသမီးတစ်ဦး တံခါးကို ဖွင့်ပေးလာခဲ့၏။ မိုးတွေရွာပြီး မှောင်ရီရီဖြစ်နေတာမို့ တစ်ဖက်လူရဲ့ရုပ်ကို သည်းကွဲစွာ မမြင်ရ၍ မေးခွန်းထုတ်မိလေတော့ . . .
မိုးရေတတောက်တောက်စီးကျနေတဲ့ မိုးကာဦးထုတ်ကို ရွှေဝါရောင်ဆံသားတွေထက်မှ လျှောချလိုက်ပြီး ပီပြင်သည်းကွဲတဲ့မျက်နှာတစ်ခုဖြင့် ထိုအမျိုးသမီးအား နှုတ်ဆက်လာခဲ့၏။

" နေကောင်းပါတယ်နော် အန်တီ "

" ဟင်? မင်းက အက်ဆစ် မဟုတ်လား "

အက်ဆစ်ဆိုတာ သားဖြစ်သူရဲ့ရည်းစားပေမို့ ယူရှရီတစ်ယောက် ဘယ်လိုအကြောင်းပြချက်နှင့်မှ မေ့ဖို့မဖြစ်နိုင်။ တစ်ဖက်က အက်ဆစ်ကလည်း သူ့ကိုမှတ်မိနေသေး၍ ကျေနပ်သည့်အပြုံးနှင့် ယူရှရီကို စကားပြန်ပြောလာသည်။

" ကျွန်တော့်ကို မှတ်မိနေပေးလို့ ကျေးဇူးတင်ပါတယ် အန်တီ။ ဒါနဲ့ ကျွန်တော့်ကို မိုးရေထဲမှာပဲ ထားတော့မှာလား။ "

" မင်းက ဒီကိုဘာလာလုပ်တာလဲ။ ငါ့သားရော မပါဘူးလား "

" အန်တီ့ရဲ့သားကို ကျွန်တော်အကောင်းဆုံး စောင့်ရှောက်ထားတာမို့ စိတ်မပူပါနဲ့ အန်တီ။ ကျွန်တော့်ကို အထဲပေးဝင်ရင် သိပ်ကောင်းမှာပဲနော်။ "

Hard Murder 2Where stories live. Discover now