ကွယ်ဝှက်သောခြေလှမ်း/ကွယ်ဝှက်သောခြေလှမ်း

233 29 13
                                    

(Uni) အမေရိကန်ရုံးချုပ် - ဝါရှင်တန်ဒီစီတွင် ...
မဲစာရင်းပိတ်သွားပြီဖြစ်၍ မကြာမီသိရတော့မည်ဖြစ်သော ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်သည့်တွေ့ဆုံပွဲတစ်ခု ကျင်းပနေခဲ့ပါ၏။ ထိုပွဲတွင် ရွေးကောက်ခံလွှတ်တော်အမတ်များ၊ မြို့တော်ဝန်များနှင့် ဝန်ကြီးများ စုရုံးရောက်ရှိနေကြပြီး ပြိုင်ဘက်နှစ်ဦးဖြစ်သော စိန့်စတီဗင်နှင့်ဗင်ဇယ်အပါအဝင်ပင်။

လာရောက်မှတ်တမ်းယူကြသောသတင်းထောက်များဟာလည်း တွေ့ဆုံခန်းမတစ်ခုကို စိန်ရောင်တဖျတ်ဖျတ်လဲ့နေသကဲ့သို့ ကင်မရာများရိုက်ယူနေကြပြီး သိလိုသည်များကို မေးမြန်းနေခဲ့ကြလေသည်။

" မစ္စတာဗင်ဇယ် ဝန်ကြီးချုပ်ဖြစ်လာဖို့အပေါ် ဘယ်လောက်ထိမျှော်မှန်းချက်ထားသလဲ။ ဒီပွဲမှာ အောင်နိုင်သူက မစ္စတာဗင်ဇယ်ဖြစ်မယ်လို့ထင်ပါသလား "
" ဝန်ကြီးချုပ်ဖြစ်လာရင် ပထမဆုံး အကောင်အထည်ဖော်မှာက ဘာဖြစ်နိုင်မလဲ။ နိုင်ငံအတွက် ဘာအစီအစဉ်တွေရှိလဲ "

" ကျွန်တော့်အမြင်ကတော့ ဘယ်ရာထူးမှာဘယ်လိုအနေအထားနဲ့ပဲဖြစ်ပါစေ ကျရာတာဝန်ကို အကောင်းဆုံးထမ်းရွက်သွားမှာပါလို့ ကတိပေးချင်ပါတယ်။ စိတ်နဲ့ရင်းပြီးတော့ "

ခန်းမတစ်ခုတည်းမှာ အတူရှိနေတာတောင် မေးမြန်းသူများက ဗင်ဇယ့်ကိုအာရုံတစိုက်ရှိနေလွန်းတော့ စိန့်စတီဗင်တစ်ယောက် အမြင်မကြည်စွာနှင့် မတ်တတ်စားပွဲပေါ်မှာ အသင့်ချထားတဲ့ရှမ်ပိန်တစ်ခွက်ကို တစ်ဆတစ်ဆယူသောက်နေခဲ့လေသည်။

" ဒါနဲ့ အခုတလော လူတွေအပြောများနေတဲ့ စိတ်ဖောက်ပြန်တဲ့ဆေးအကြောင်းနဲ့ပတ်သက်ပြီးတော့ရော ဘာများပြောချင်ပါသလဲ။ အဲ့ဒီကိစ္စကို‌ရော ဘယ်လိုမြင်ပါသလဲ "

ထိုစဉ် သတင်းထောက်ထဲမှ တစ်ဦးက ဆေးအကြောင်းမေးလာလေတော့ ကင်မရာတိုင်းရဲ့ရှေ့မှာ အပြုံးပေးနေမိတဲ့ဗင်ဇယ်တစ်ယောက် ဖြေဖို့အနည်းငယ်အကြပ်ရိုက်သွားပါလေတော့သည်။ သို့နှင့် နားထင်ကို လက်ညှိုးဖြင့် အသာပွတ်သပ်ရင်း...

" အဲ့ဒီကိစ္စက တကယ်မဟုတ်တဲ့ကောလဟလလို့ပဲ ထင်မြင်မိပါတယ်။ သိတဲ့အတိုင်း ရွေးကောက်ပွဲကာလမို့ ထွက်လာတဲ့သတင်းတု သတင်းအမှား ဖြစ်နိုင်ချေများပါတယ်။ ဒါပေမယ့် အဲ့ဒီလိုသတင်းအမှားတွေကြောင့် လူတွေကြားမှာ စိုးရိမ်မှုတွေထပ်မဖြစ်ရအောင်လည်း အမြန်ဆုံး ဖြေရှင်းပစ်ပေးပါ့မယ် "

Hard Murder 2Where stories live. Discover now