အတိတ်ရဲ့အဆိပ်/အတိတ္ရဲ႕အဆိပ္

1K 153 86
                                    

(Uni) ကြားဖူးနားဝရှိနေတဲ့ ရင်းရင်းနှီးနှီး ယောကျာ်းတစ်ယောက်ရဲ့အသံကြောင့် . . အက်ဆစ်အား အကြင်နာအနမ်းပေးဖို့ နီးကပ်နေမိတဲ့သူ့ရဲ့မျက်နှာကို ဖယ်ခွါလိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်မိသည်။

" ထျန်ရှင်း ! "

ဆင်တူ ဂျာကင်တွေကို ဝတ်ဆင်ထားပြီး သူတို့အနားသို့ ချဉ်းကပ်လာတဲ့လူ၃ယောက်ထဲက အလယ်က လူကို မြင်ရတော့ ဟာလေ့စိတ်ထဲ လိပ်ပြာမလုံသလို ခံစားလာရပြီး ရင်မဆိုင်ရဲဖြစ်သွားခဲ့လေသည်။ အသက်၄၀နီးနီး ရှိပြီး ကိုယ်လုံးကိုယ်ပေါက်ခပ်ထွားထွားနှင့် ဒုစရိုက်သမားရုပ် ပေါ်လွင်နေတဲ့ ထျန်ရှင်းဆိုသူကတော့ ဟာလေအနားသို့ ပြီတီတီနှင့်ချဉ်းကပ်လာပြီး မိတ်ဆက်စကားဆိုလာခဲ့၏။

" ဘာလဲ ဘာလဲ ငါတို့ကို မေ့သွားပြီလား ဘေဘေ? မေ့လို့မရဘူးလေ။ ဟေးရန်ဂိုဏ်းကို မင်း လွယ်လွယ်နဲ့ မေ့ပစ်လို့မရဘူးလေ။ အဲ့ဒီမှာ မင်းနဲ့ငါတို့ရဲ့မမေ့နိုင်စရာ အမှတ်တရတွေရှိနေခဲ့တာကို "

" ဟေးရန်ဂိုဏ်း? "

ဟာလေကတော့ သူတို့ကို မြင်မြင်ချင်း မျက်မှန်းတန်းသိနေပြီဖြစ်သော်လည်း အခုမှ ပထမဆုံးစဆုံတဲ့အက်ဆစ်ကတော့ ထိုလူ၃ယောက်အား မျက်မှောင်ကျုံ့ကြည့်ရင်း ဟာလေ၏အရိပ်အခြေကို အကဲခတ်ကြည့်နေခဲ့သည်။

" အာ . . အသစ်ကလေးက ဘာသိဦးမှာလဲ? မိတ်ဆက်ပေးရမှာပေါ့။ ဟေးဆိုတာ မင်းတို့ဘာသာနဲ့ဆို အမှောင်လို့ အဓိပ္ပါယ်ရတယ်။ ဟေးရန်ဂိုဏ်းဆိုတာကတော့ ဒီနယ်ပယ်တစ်ဝိုက်မှာ နေထိုင်ကျက်စားနေကြတဲ့ အမှောင်လောကရဲ့အရှင်သခင်တွေပေါ့လေ။ တွေ့ရတာ ဝမ်းသာပါတယ်။ ငါ့နာမည်က ထျန်ရှင်း "

" ငါ့နာမည်က အက်ဆစ် "

" ဝိုး . . နာမည်က လန်းလှချည်လား။ ဘေဘေ မင်းက အမိုက်စားလေးကို ရထားတာပဲ။ သူက ကောင်းလား။ အင်း . . ငါသိပါတယ်။ သူက မင်းထက် ငယ်ပုံပေါ်ပေမယ့်လည်း မင်းက အောက်ကပဲ မဟုတ်လား "

" အိမ်ပြန်ကြစို့ အက်ဆစ် "

ထျန်ရှင်း၏လွန်ကြူးလာတဲ့စကားတွေက တစ်ဖက်လူကို စိတ်အနှောင့်အယှက်ဖြစ်စေလောက်သော်လည်း အက်ဆစ်နဲ့သူတို့ ပြဿနာဖြစ်မှာကို မလိုလားတဲ့ဟာလေမှာ ရှောင်နေဖို့သာ ဆုံးဖြတ်လိုက်သည်။ ဘာရယ်မသိသေးတဲ့အက်ဆစ်လည်း ဟာလေဆွဲခေါ်ရာနောက်ကို ပါသွားပေမယ့် စိတ်ထဲ အခဲမကျေသလို ဖြစ်လာခဲ့ရ၏။

Hard Murder 2Where stories live. Discover now