လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀လောက်တုန်းကQuinxionဆိုတဲ့တိုင်းပြည်ကြီးမှာ သိပ်ကိုချောမောခံ့ညားလွန်းတဲ့မင်းသားလေးတစ်ပါးရှိတယ်...
ဒါပေမယ့် မင်းသားလေးကသိပ်ကိုအေးတိအေးစက်နိုင်လွန်းသလိုသူ့ရဲ့အနားတော်ပါးကိုဘယ်မိန်းမပျို ဘယ်အထိန်းတော်မှကပ်ခွင့်မပြုအောင်ထိကိုလည်းသိပ်ကိုသီးသန့်ဆန်လွန်းပြန်တယ်...
ငယ်စဥ်အခါကတည်းကစာပေအရာမှာရော စစ်ရေးစစ်ရာမှာပါသူမတူအောင်ထူးချွန်ပြောင်မြောက်လေတော့ ဧကရာဇ်ကလည်းမင်းသားလေးကိုသိပ်ကိုအရေးပေးလေတယ်
မင်းသားလေးArbish ပထမဆုံးစစ်ပွဲကိုဦးဆောင်တဲ့အချိန်တုန်းကသက်တော်၁၃နှစ်ပဲရှိသေးတယ်...
ပြောရမယ်ဆိုရင် အဲ့ဒီစစ်ပွဲဟာမင်းသားလေးအတွက်ပထမဆုံးအောင်ပွဲပေါ့....
နက်မှောင်တောက်ပနေတဲ့သံချပ်ကာ၀တ်စုံပေါ်မှာစွန်းထင်းပီးခြောက်နေပီဖြစ်တဲ့နီညိုရောင်သွေးစတစ်ချို့ကကပ်ငြိနေဆဲ...
ငွေမှင်ရောင်ဆံနွယ်ရှည်တွေဟာလေအဝှေ့မှာလွန့်လူးနေပေမယ့်...မျက်နှာတော်ရဲ့ချောမှုခံ့ညားမှုတွေကိုလျော့ပါးသွားစေဖို့ရာမစွမ်းဆောင်နိုင်သာ...
မြင်းနက်ကြီးပေါ်မှာ ကြောက်မက်ဖွယ်အေးစက်စက်အရှိန်အ၀ါတွေဖုံးလွှမ်းနေတဲ့ ရန်သူ့သွေးတွေစွန်းထင်းနေဆဲ Redinဓားကိုကိုင်ဆောင်ထားတဲ့မင်းသားArbish..
အနက်ရောင်မျက်ခုံးထူထူတွေအောက်ကဇာမဏီမျက်၀န်းတွေဟာသွေးရောင်လွှမ်းပီးစူးရဲတောက်ပနေသည်..
ဖြောင့်တန်းသွယ်လျနေတဲ့နှာတံစင်းစင်း..တင်းနေအောင်စေ့ထားပါသောနီစွေးစွေးနှုတ်ခမ်းပါးကအေးစက်လွန်းလှသည်...
အောင်ပွဲခံရာလမ်းတစ်လျှောက်မှာရှိတဲ့မိန်းမပျိုလေးတွေရဲ့နှလုံးသားနုနုလေးတွေဟာ မြင်းနက်ကြီးပေါ်ကမင်းသားArbishထံပါသွားကြလေသည်..
သက်တော်၂၀နှစ်အရွယ်မှာမင်းသားArbishဟာထီးနန်းစိုးစံခဲ့တယ်..
ဧကရာဇ်Arbishရဲ့အုပ်ချုပ်မှုအောက်မှာတိုင်းပြည်ကပိုပီးငြိမ်းချမ်းသာယာလာတယ် ကြီးမားကျယ်ပြန့်လာတယ်...
ဒါပေမယ့်......
တိုင်းပြည်မှာဧကရာဇ်ရှိပေမယ့် ဧကရီကင်းမဲ့နေတဲ့အဖြစ်မျိုးကတော့တိုင်းပြည်ဓလေ့ထုံးတမ်းတွေနဲ့ဆန့်ကျင်နေပီး..ဘယ်လောက်ပဲစည်ပင်၀ပြောနေပါစေ..သွေးစက်(ဘုရင့်ရဲ့သွေးသား တစ်နည်းအားဖြင့်ဆက်ခံသူ)မရှိရင် တိုင်းပြည်ကြီးကဧကန်မုချပျက်စီးရလိမ့်မယ်..
ဧကရာဇ်ရဲ့သက်တော်၂၄နှစ်ပြည့်မှာကြောက်စရာကောင်းလောက်အောင်မဲမှောင်နေတဲ့ကောင်းကင်ယံထက်ကနေလျှပ်စီးတွေဖြာခနဲလက်ပီးရာပေါင်းများစွာသောမိုးကြိုးတွေဟာတိုင်းပြည်တစ်ခုလုံးကိုဖျက်ဆီးတော့မယ့်အလား မြေပြင်ပေါ်တဟုန်ထိုးသက်ဆင်းလာတော့တယ်..
မိုးကြိုးတွေဟာ လူနေအိမ်တွေအပါအ၀င် လယ်ယာစိုက်ခင်းတွေ.စျေးတန်းလျားတွေ..အရာအားလုံးကိုတစ်စမကျန်အောင်ဖျက်ဆီးသွားတော့တယ်...
"တိုင်းပြည်ပျက်စီးခြင်းကဧကရာဇ်ကြောင့်.."
ဒါကတော့ဒေါသထွက်နေတဲ့ပြည်သူတွေရဲ့စိတ်ထဲမှာရှိတဲ့တစ်ခုတည်းသောအတွေး...
ဒေါသထွက်နေတဲ့ပြည်သူတွေဟာ ဧကရာဇ်ရဲ့နန်းဆောင်ရှေ့ထိ၀င်ရောက်လာကြတော့တယ်..
ဒါပေမယ့်...
တိတ်ဆိတ်နေတဲ့နန်းဆောင်ထဲမှာလူရိပ်လူယောင်တောင်မတွေ့ရ..
မူးမတ်တွေရော..စစ်သည်တွေရော..အထိန်းတော်တွေရော..မိန်းမပျိုတွေရော..
ပီးတော့ ဧကရာဇ်ရောပေါ့..
အဲ့ဒီအစား စွတ်စွတ်ဖြူနေတဲ့ကြောင်၀တုတ်လေးတစ်ကောင်သာလျှင်ဧကရာဇ်ရဲ့ပလ္လင်ထက်မှာမျက်လုံးလေးစင်းပီးအိပ်နေတာကိုတွေ့လိုက်ရတယ်...
အံ့အားသင့်နေတဲ့လူအုပ်ကြီးက နန်းတော်တစ်ခုလုံးကိုလှည့်ပတ်ရှာကြည့်တာတောင်မှဘာမှရှာမတွေ့တာကြောင့်နောက်ဆုံးမှာတော့လက်လျှော့ပီးပြန်သွားကြတော့တယ်...
"သွားပီ..နောက်ဆုံးတော့ငါတို့တိုင်းပြည်ကြီးပျက်သွားပီ...."
မီးကျွမ်းနေဆဲ လယ်ကွင်းတွေ..အိမ်တွေ..ညစ်ထေးထေးလေထုထဲမှာလူးလွင့်နေတဲ့ပြာတွေ..ငိုကြွေးနေတဲ့ကလေးငယ်တွေ..အသက်မဲ့နေတဲ့မျက်၀န်းတွေနဲ့quinxionပြည်သူတွေ...
အရာအားလုံးဟာပျက်သုဥ်းသွားလေပီ..
******************************
2020ခုနှစ်~
"တောက်!!Karen မင်းတစ်နေ့တစ်ခြားပိုပိုဆိုးလာပီ.နေ့တိုင်းညဥ့်နက်မှပြန်လာမယ်သောက်စားမူးယစ်မယ်..ရန်ဖြစ်မယ်..မင်းရဲ့သောက်ပြဿနာတွေကိုဖြေရှင်းရတာငါစိတ်ကုန်လာပီ...ငါကွာ!မင်းမိဘတွေကိုမျက်လုံးထဲရောထည့်ထားရဲ့လား..ဟမ်.."
သူမျက်လုံးကိုတစ်ချက်လည်လိုက်ပီး..နှုတ်ခမ်းထောင့်စွန်းတွေကွေးတက်သွားသည်အထိမဲ့ပြုံးပြုံးလိုက်တော့ပါးစောင်ထက်မှာပေါက်ပြဲနေတဲ့ဒဏ်ရာကြောင့်တစ်ချက်ရှုံ့မိသွားသည်..
"အဟက်!ပြောလို့ပီးပီလား..ပီးရင်အထဲ၀င်တော့မယ်.."
"ဘာကွ! Karen မင်းအခုချက်ချင်းရပ်စမ်း..Karen!!"
"ဒေါက်!.."
"ခွမ်း..."
ကြမ်းပြင်ထက်မှာတော့တစ်စစီကြေမွနေတဲ့ကြွေခွက်လေး..
နဖူးထက်မှာတစက်စက်ကျနေတဲ့သွေးစတွေကိုမဖယ်ရှားပဲအခန်းတံခါးကိုပိတ်ပီး၀င်ခဲ့လိုက်တော့သည်..
"တောက်!ဒီကောင်ကွာ.."
သူတို့သားအဖရန်ဖြစ်နေတာကြောင့်ဘေးမှာကြောက်ကြောက်လန့်လန့်နဲ့ခေါင်းငုံ့နေဆဲအထိန်းတော်ကြီးကိုကြည့်လိုက်ပီး..
"Marri..ဆေးတွေယူသွားပီး Karenကိုလိမ်းပေးလိုက်..ပီးရင်ညစာစားပီးမှအိပ်ခိုင်း.."
"ဟုတ်ကဲ့ပါသခင်ကြီး.."
မျက်ခုံးရိုးတွေကိုအသာနှိပ်ရင်းစာကြည့်ခန်းထဲ၀င်သွားဖြစ်တဲ့သခင်ကြီးကိုကြည့်လိုက်ကာ..
"သခင်ကြီးတို့သားအဖတစ်နေ့မှာအရင်လိုပြန်ဖြစ်ဖို့မျှော်လင့်မိပါတယ်.."
သခင်မကြီးဆုံးပါးတဲ့အချိန်ကတည်းကသခင်ကြီးတို့သားအဖဆက်ဆံရေးကတစ်နေ့တစ်ခြားဆိုး၀ါးလာခဲ့သည်..
အရင်တုန်းကသိပ်ကိုသိတတ်လိမ္မာလွန်းတဲ့သခင်လေးကအခုတော့...
သူမကအိမ်တော်ထိန်းတစ်ယောက်မျှသာ အိမ်ကြီးရှင်တွေရဲ့အရေးကိစ္စတွေမှာ၀င်ရောက်စွက်ဖက်ဖို့ရာမစွမ်းဆောင်နိုင်သာ..
သူမခေါင်းသာအသာယမ်းလိုက်ရင်းလိုအပ်တဲ့ဆေးတွေကိုယူလိုက်ကာသခင်လေးအခန်းကိုသွားလိုက်သည်..
"ဒေါက်..ဒေါက်..သခင်လေး.."
"သခင်လေး.."
"ဘာကိစ္စလဲ.."အခန်းတံခါးကိုဖွင့်ပေးလာခြင်းမရှိပဲအေးစက်စက်အသံသာထွက်ပေါ်လာသည်..
"သခင်လေး..ဆေး.."
"မလိုဘူး.."
"ဒါပေမယ့် သခင်ကြီးက.."
"တောက်!မလိုဘူးလို့ပြောနေတယ်လေ.."
"ဟုတ်..ဟုတ်ကဲ့ပါသခင်လေး.."
အပြင်ဘက်ကအသံတွေတိတ်ဆိတ်သွားတော့သူ့အိပ်ယာထက်တစ်ကိုယ်လုံးကိုပစ်လှဲလိိုက်သည်..
အပြာနုရောင်မျက်နှာကြက်ပေါ်မှာ..လလေးရဲ့ဘေးမှာကြယ်သေးသေးလေးတွေ၀ိုင်းထားတဲ့ အရုပ်လှည်းလေးကိုချိတ်ဆွဲထားသည်..
မီးမှိတ်လိုက်လျှင် အဲ့ဒီအရုပ်လှည်းလေးကနေအရောင်လေးတွေထွက်လာလိမ့်မည်..
မျက်လုံးကိုမှိတ်လိုက်တော့ မျက်ရည်စတစ်ချို့ကပေါက်ခနဲလိမ့်ဆင်းသွားသည်..
"ကျွန်တော်မာမီ့ကိုလွမ်းတယ်.."
သူဖြည်းဖြည်းချင်းထထိုင်လိုက်ပီး အိပ်ယာရဲ့ဘေးမှာရှိတဲ့မှန်ကိုကြည့်လိုက်တော့..
မှန်ထဲမှာသူ့ကိုပြန်ကြည့်နေတဲ့၁၈နှစ်အရွယ်ကောင်ငယ်လေး..ရှည်လျားတဲ့မျက်တောင်စိပ်စိပ်တွေအောက်မှာစူးရှတဲ့မျက်၀န်းတစ်စုံဟာထီမထင်ဟန်တွေအထင်းသား..
နှာတံချွန်မြမြရယ်..အထက်ကိုကွေးညွတ်နေတဲ့နီစွေးစွေးနှုတ်ခမ်းပါး..
နဖူးထက်မှာသွေးစတွေနဲ့ကပ်ငြိနေတဲ့ နီညိုရောင်ဆံနွယ်တွေဟာဟိုတစ်စဒီတစ်စ..
နဖူးထက်ကသွေးစတွေကတော့ခြောက်ကုန်ပီ..ပါးစောင်ဘေးကဒဏ်ရာကတော့အနည်းငယ်ညိုနေသည်..
"Eren..ခွေးကောင်..မင်းမှတ်ထား.."
Erenနဲ့သူနဲ့ကငယ်ငယ်ကတည်းကပြိုင်ဘက်တွေ..သူဒီပစ္စည်း၀ယ်ပီဆိုErenကလည်းနောက်နေ့အဲဒီ့ပစ္စည်းကိုလိုက်၀ယ်သည်..
သူပြိုင်ကားအနီရောင်လေး၀ယ်တုန်းကလည်း..Erenကအပြာရောင်တစ်စီးကို၀ယ်လိုက်သည်..
ပီးတော့ Erenခွေးကောင်..သူ့မိန်းကလေးကိုလည်းဖြတ်လုသွားသေးသည်..
ဒီနေ့သူbarကိုသွားတော့ စားပွဲ၀ိုင်းထောင့်မှာထိုင်နေတဲ့လူတစ်ယောက်ကသူ့ကိုblindကြီးလာထိုးသည်..
သူဆိုတဲ့ကောင်ကလည်းကိုယ့်ကိုလာထိရင်ခေါင်းငုံ့ပီးငြိမ်ခံနေမယ့်သူမဟုတ်ဖူး..
ပထမတစ်ချက်ပဲအလစ်အငိုက်မို့သူထိုးခံလိုက်ရတာ..နောက်တော့အဲ့ဒီလူလည်းကြမ်းပြင်ပေါ်ကနေမထနိုင်တော့မှသူလုံခြုံရေးတွေခေါ်ပီးဆွဲထုတ်ခိုင်းလိုက်သည်..
သူ့ကိုလာထိုးတဲ့သူကErenဆိုတဲ့ခွေးကောင်ကလွဲရင်ဘယ်သူခိုင်းမှာမလို့လဲ...
**************************
"ဟိုကောင် ကျောင်းမသွားဘူးလား.."
daddyကဖတ်လတ်စသတင်းစာကိုချပီးလှေကားပေါ်ကဆင်းလာတဲ့သူ့ကိုမေးလာသည်..
"သွားမှာ.."
"မင်းကိုယ်မင်းပြန်ကြည့်စမ်း..ကျောင်းသွားမှာလား ရန်သွားဖြစ်မှာလားဟမ်!"
နဖူးထက်မှာပလာစတာကပ်ထားပီး နှုတ်ခမ်းထောင့်မှာသွေးစို့နေဆဲ..တစ်ကိုယ်လုံးအနက်ရောင်၀တ်ထားတဲ့သူ့ကိုကြည့်ပီးပြောလာတော့သူ့မဲ့ပြုံးသာပြုံးလိုက်ပီး..
"Daddyထင်တဲ့အတိုင်းပဲ.."
"ဘာကွ!!မင်း ခွေးကောင်..ပြန်လာစမ်းအခုချက်ချင်း!တောက်!ဒီအကောင်ကွာ.."
*****************************
တီ.
သူပြိုင်ကားအနီရောင်လေးကိုထုတ်ပီး..ဂီယာကိုမိုင်ကုန်ဖွင့်ကာကျောင်းကိုထွက်ခဲ့လိုက်သည်..
"ဟဲ့..ဟိုမှာKaren.."
"သူရန်ဖြစ်လာပြန်ပီလားမသိဘူး.."
"ဟုတ်မှာပေါ့...ဒါပေမယ့်ချောတုန်းပဲဟယ် "
"ဒါပေမယ့် Karenကကြောက်စရာကြီးဟ..ဆရာတွေဆိုလည်းသူ့ကိုမနိုင်တော့လို့လွှတ်ထားရတာ..ဘယ်လောက်ချောချောဒီလိုလူမျိုးကိုဝေးဝေးကရှောင်မှဖြစ်မှာ.."
သူကျောင်းထဲ၀င်လာတော့သူ့ကိုကြည့်ကာတိုးတိုးတိုးတိုးနဲ့ပြောနေတဲ့ကောင်မလေးတွေကိုအကြည့်တစ်ချက်တောင်မပေးဘဲ အတန်းထဲ၀င်လာခဲ့လိုက်သည်..
နောက်ဆုံးခုံမှာ၀င်ထိုင်ပီး လွယ်အိတ်ပေါ်မှောက်အိပ်လိုက်သည်...
"ဟယ်..Eren..."
"အား..Erenကအခါတိုင်းလိုပဲချောလိုက်တာ..ကျောင်း၀တ်စုံအဖြူရောင်လေးကို၀တ်ထားတာများ သန့်ပြန့်နေရောပဲ.."
နေရောင်ခြည်နွေးနွေးရဲ့အောက်မှာရွှေအိုရောင်ဆံနွယ်တွေဟာလူးလွင့်နေသည်
စိမ်းပြာရောင်မျက်၀န်းတွေဟာကြည်လင်တောက်ပနေပီးနူးညံ့နွေးထွေးမှုကိုပေးစွမ်းနေသည်..
ဖြောင့်စင်းနေတဲ့နှာတံရယ်..နီထွေးထွေးနှုတ်ခမ်းလေးရယ်..ပြုံးလိုက်တော့ပါးချိုင့်လေးနဲ့ပုလဲလုံးလေးတွေစီထားတဲ့အတိုင်းသွားဖွေးဖွေးလေးတွေပေါ်လာသည်..
"ဘာပဲဖြစ်ဖြစ်ငါကတော့နတ်ဆ်ိုးလိုKarenအစားငါ့ရဲ့အဖြူရောင်မင်းသားလေးErenကိုပဲသဘောကျတယ်.."
သူကောင်မလေးတွေဘက်ကိုတစ်ချက်ပြုံးပြလိုက်ပီးအတန်းထဲ၀င်ခဲ့လိုက်သည်..
မျက်လုံးကိုတစ်ချက်ဝှေ့ကြည့်လိုက်တော့ နောက်ဆုံးခုံမှာမှောက်အိပ်နေတဲ့Karen..
သူတစ်ချက်ပြုံးလိုက်ကာ လွယ်အိတ်ကိုချပီးထိုကောင်လေးရဲ့ရှေ့မှာခုံတစ်ခုံဆွဲပီးထိုင်လိုက်သည်..
"Karen.."
လွယ်အိတ်ပေါ်မှောက်အိပ်နေတာကြောင့်နီညိုရောင်ဆံနွယ်လေးအောက်ကဂုတ်သားဖြူဖြူလေးကအထင်းသား..
Karen..နဲ့Erenဆိုတဲ့သူတို့နှစ်ယောက်...
သူ့ရဲ့daddyနဲ့ karenရဲ့daddyကစီးပွားရေးpartnerချင်းမို့ရင်းနှီးကြသည်..
သူပထမဆုံးkarenကိုစတွေ့တုန်းက၄နှစ်အရွယ်ပဲရှိသေးတယ်..
အဲ့ဒီတုန်းကသူdaddyနဲ့အတူKarenတို့အိမ်ကိုညစာစားဖို့လာခဲ့တာ..
သူအိမ်ထဲကိုစ၀င်၀င်ချင်းမြင်လိုက်ရတာက..
Aunty Darliရဲ့ရင်ခွင်ထဲမှာထိုင်ပီးTVကြည့်နေတဲ့ကောင်လေး..
အပြာနုရောင်ကြိုးသိုင်း၀တ်စုံလေးကို၀တ်ထားပီး လည်ပင်းမှာလည်းအဖြူရောင်ဖဲပွင့်သေးသေးလေးကိုတပ်ထားသေးသည်..
မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိပြုံးနေတဲ့ကောင်လေး..ပါးလုံးလုံးလေးကချစ်စရာကောင်းစွာဖောင်းဖောင်းလေးဖြစ်နေသည်..
ထိုတစ်ခဏမှာလေပြည်လေညှင်းလေးတွေဖြတ်တိုက်သွားသလိုပဲသူ့ရဲ့ရင်ထဲမှဖော်ပြလို့မရနိုင်လောက်တဲ့ခံစားမှုလေးတစ်ခု၀င်ရောက်လာခဲ့သည်..
သူပိတ်ရက်တိုင်းအကြောင်းအမျိုးမျိုးရှာပီးKarenရဲ့အိမ်ကိုသွားလည်တယ်..
နောက်အလယ်တန်းရောက်တော့လည်းသူKarenနဲ့ကျောင်းအတူတူတက်ဖို့daddyကိုမရမကပြောခဲ့ရတယ်...
Karenကစာအရမ်းတော်တယ်..အမြဲတမ်းပထမနေရာကိုယူထားတယ်..
သူKarenနဲ့နီးစပ်ဖို့ဆိုရင်Karenလိုပဲစာတော်မှဖြစ်မယ်..
အခါတိုင်းစာရေးဖို့တောင်ပျင်းနေတဲ့သူကလက်ဆစ်လေးတွေသွေးခြေဥလာတဲ့အထိစာကိုကြိုးစားလာခဲ့တယ်..
ပီးတော့ Karenနဲ့အတူတူသူဆုတက်ယူနိုင်ခဲ့တယ်..
ဆုယူတဲ့နေ့တုန်းကသူ့ဘေးမှာရပ်နေတဲ့အဖြူရောင်ကောင်လေးကိုကြည့်ပီးသူတိတ်တိတ်လေးကျေနပ်နေခဲ့တယ်..
သူနောက်ဆုံးတော့Karenရဲ့ဘေးမှာရပ်နိုင်ခဲ့ပီ...
ဒါပေမယ့် ချစ်စရာကောင်းတဲ့အဖြူရောင်ကောင်လေးကaunty darli heart attackနဲ့ဆုံးတဲ့အချိန်မှာတခြားသူတစ်ယောက်လိုပြောင်းလဲသွားတော့တယ်..
အပြုံးနုနုလေးတွေအစားကြောက်စရာကောင်းလောက်အောင်မှုန်မှိုင်းပီးအသက်မဲ့နေတဲ့ထီမထင်ဟန်မျက်၀န်းတွေကအစားထိုးလာတယ်..
ကျောင်းစာမှာသိပ်ကိုတော်လွန်းတဲ့ကောင်လေးကကျောင်းထုတ်ခံရလောက်အောင်အထိအတန်းတွေကိုပျက်ကွက်လာခဲ့တယ်...
နူးညံ့ကြင်နာတတ်တဲ့ကောင်လေးကနေ့တိုင်းရန်ပွဲတွေကိုဆင်နွှဲတတ်လာတယ်...
Karenအသက်၁၆နှစ်ပြည့်မွေးနေ့မှာအနီရောင်ပြိုင်ကားလေးတစ်စီးကို၀ယ်လိုက်တယ်...
နောက်တော့မှသူသိလာရတာကKarenကကားမောင်းရတာကိုသိပ်သဘောကျတယ်တဲ့...
သူDaddyကိုကားမောင်းသင်ခိုင်းခဲ့တယ်..
ဒါပေမယ့်အလုပ်ရှုပ်နေတဲ့daddyကသူ့ကိုသင်မပေးခဲ့ဘူး...
အဲ့ဒီညကသူDaddyကားကိုခိုးမောင်းပီးအိမ်ထဲကတောင်မထွက်ရသေးဘူး နံရံနဲ့တိုက်မိပီး နဖူးပေါက်သွားခဲ့တယ်..
နောက်တော့Daddyကသူ့အတွက်ကားမောင်းသင်ပေးဖို့လူရှာပေးခဲ့တယ်...
Daddyကသူ့ကိုပြောခဲ့တယ် ဒီတစ်ခေါက်ကျောင်းပေါင်းစုံပြိုင်ပွဲမှာပထမရအောင်လုပ်ခဲ့တဲ့ အဲ့ဒါဆိုသူလိုချင်တဲ့ပြိုင်ကားကို၀ယ်ပေးမယ်တဲ့....
သူပထမရခဲ့တယ်..ပီးတော့သူလိုချင်တဲ့အပြာရောင်ပြိုင်ကားလေးကို၀ယ်ခဲ့တယ်..Karenရဲ့ကားနဲ့တစ်ပုံစံတည်းတူတာကိုပေါ့..
နေ့တိုင်းထိုကောင်လေးရဲ့ပုံရိပ်လေးတွေကိုကြည့်နေရတာသူ့အတွက်သိပ်ကိုပျော်စရာကောင်းခဲ့တယ်...
ကောင်လေးကတော့ တစ်ချက်လေးတောင်မကြည့်တဲ့အပြင်သူ့ကိုရန်သူလိုသဘောထားနေခဲ့တာကိုတော့မသိခဲ့ဘူး..
အခါတိုင်းလိုပဲနွေးထွေးတဲ့နေရောင်ခြည်လေးအောက်မှာကောင်လေးကအရင်လိုနူးနူးညံ့ညံ့လေးပြုံးနေတယ်..
နီညိုရောင်ဆံနွယ်ဖျော့ဖျော့ဟာနဖူးလေးထက်မှာဟိုတစ်စဒီတစ်စ ဖြောင့်စင်းနေတဲ့နှာတံလေးရယ်..နီရဲရဲနှုတ်ခမ်းပါးလေးဟာပွင့်အာနေပီးအဖြူရောင်အစွယ်သေးသေးလေးကိုလှစ်ပြနေတယ်...
ဘေးမှာတော့..ကောင်မလေးတစ်ယောက်ကKarenရဲ့လက်ကိုချိတ်ဆွဲလို့ပေါ့...
အဲ့ဒီတစ်ခဏမှာသူ့ရဲ့ကမ္ဘာလောကကြီးကတစ်စစီပြိုပျက်သွားတော့တယ်..
နှလုံးသားတစ်ခုလုံးတစ်ဆစ်ဆစ်ကိုက်ခဲလာပီး..နာကျင်လွန်းလို့နေရာမှာတင်ပြိုလဲလုမတတ်ပဲ..
သူ...နောက်ဆုံးတော့အသဲကွဲတယ်ဆိုတဲ့ခံစားချက်ကြီးကိုခံစားဖူးသွားပီ..
သဘောမကျဘူး...Karenရဲ့နားမှာသူကလွဲဘယ်သူ့ကိုမှမရှိစေချင်ဘူး..
Karenက....Karenက...သူ့အတွက်သာ..
အနှစ်နှစ်အလလထိုကောင်လေးရဲ့ဘေးမှာသူတိတ်တိတ်လေးပဲနေနေပေးခဲ့တာ..ဒါပေမယ့် အခုချိန်မှာထိုကောင်လေးကတခြားသူတစ်ယောက်ထံပါသွားတော့မယ်..
သူဘယ်လိုမှလက်မခံနိုင်ဘူး..
အဲ့ဒီအချိန်သူ့ခေါင်းထဲမှာတစ်ခုပဲရှိတယ်..Karenနဲ့ထိုကောင်မလေးကိုပြတ်အောင်လုပ်ရမယ်....
အဲ့ဒီနေ့ကပထမဆုံးအနေနဲ့karenရဲ့လက်သီးတစ်လုံးကသူ့မျက်နှာထက်ကျလာခဲ့တယ်...
ပီးတော့စူးရဲနေတဲ့အနက်ရောင်မျက်၀န်းတွေနဲ့သူ့ကိုကြည့်လာပီး..
"Eren မင်းငါ့ကိုဘာလို့အချိန်တိုင်းလိုက်ပြိုင်နေရတာလဲ..မင်းကသိပ်ကိုစက်ဆုပ်စရာကောင်းတဲ့ကောင်ပဲ..နောက်ခါငါနဲ့ထပ်ပီးမပတ်သတ်နဲ့.."
နာလိုက်တာ...နှလုံးသားတစ်ခုလုံး..တစ်စစီ..တစ်စစီကြေမွသွားသလိုပဲ..တင်းနေအောင်စေ့ပိတ်ထားတဲ့နှုတ်ခမ်းဖျားရဲ့အောက်မှာ"ကိုယ်မင်းကိုချစ်တယ်..Karen..သေလုအောင်ချစ်တယ်.."ဆိုတဲ့စကားလေးတွေကတော့အသေပိတ်ထားခြင်းခံလိုက်ရတော့တယ်..
YOU ARE READING
Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤
AléatoireFic nameလေးအတိုင်းပါပဲ ဖတ်ပီးရင် nameလေးကူပီးစဥ်းစားပေးကြပါဦး... အဟား..စတာပါ.. လိုက်ပါစီးမျောပေးကြပါဦး.❤️ ဖတ်ရှုပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်.. [တကယ်လို့Fic nameလေးစဥ်းစားမိရင်လည်းပြောလို့ရတယ်နော်٩(๑'3`๑)۶❤️] Fic nameေလးအတိုင္းပါပဲ ဖတ္ပ...