Ep~11 Unicode

190 28 0
                                    

နေရောင်စူးစူးကတဲထဲထိ၀င်ရောက်လာသည်..
သူမျက်လုံးကိုလက်နဲ့ကာလိုက်ပီးဇစ်ကိုဖွင့်လိုက်သည်..
"Karenနိုးပီလား.."
"အင်း.."
Erenကစောစောနိုးနေပုံရပီးမီးမွှေးထားကာready madeအသားဗူးတွေကိုနွှေးနေသည်..
"ဟိုနားလေးမှာချောင်းရှိတယ်..ငါညကထင်းရှာရင်းတွေ့ခဲ့တာ.."
"အင်း..."
"မင်းမျက်နှာသွားသစ်လိုက် ခဏနေစားပီးရင်တောင်ထိပ်သွားရအောင်.."
"အင်း.."
သူပြုံးလိုက်ပီးအခုထိအိပ်ချင်ပြေပုံမရသေးတဲ့ကောင်လေးဆီလျှောက်သွားလိုက်ကာငှက်သိုက်လိုဆံပင်ပွပွလေးကိုသပ်ပေးလိုက်ပီး..
"အခုထိအိပ်ရေးမ၀သေးဘူးလား.."
သူမျက်လုံးကိုပွတ်လိုက်ပီးတစ်ချက်သန်းရင်းပြန်ဖြေလိုက်သည်
"အင်း.."
"အဟား...Karen ညကအိပ်ရတာအဆင်မပြေဘူးလား.."
"ညက?.."
Arbishရဲ့နှုတ်ခမ်းထက်သူကိုယ်တိုင်အနမ်းခြွေခဲ့တဲ့ပုံရိပ်တွေကပေါ်လာတော့ခေါင်းကိုယမ်းလိုက်ရင်း..
"အိပ်ရတာအဆင်ပြေပါတယ်.."
"ဟုတ်ပါပီ..မင်းမျက်နှာသွားသစ်တော့လေ ခဏနေစားပီးရင်တောင်ပေါ်တက်ရအောင်.."
"အင်း.."
အိပ်မှုန်စုံဖွားနဲ့ထွက်သွားတဲ့ကောင်လေးရဲ့နောက်ကျောကိုကြည့်ပီးသူဖွဖွရယ်လိုက်သည်..
သူပြန်လှည့်လိုက်တော့Karenရဲ့တဲထဲကနေထွက်လာတဲ့၀တုတ်လေး..
၀တုတ်လေးကသူ့ကိုစူးစိုက်ကြည့်နေပီးKarenနောက်ကနေလိုက်သွားတော့သည်..
"နေပါဦး..ငါဘာအမှားလုပ်မိထားလို့ပါလိမ့်.."
*************************************
တောင်ထိပ်ကိုတက်ဖို့ကားလမ်းမရှိတာမို့ကားကိုတောင်ခြေမှာသာထားခဲ့ပီးခြေလျှင်တက်ခဲ့လိုက်သည်..
အကွေ့အ၀ိုက်တွေကထင်မထားလောက်အောင်များတာမို့တောင်ပေါ်ရောက်ဖို့၂နာရီလောက်လမ်းလျှောက်လိုက်ရသည်...
"ရောက်ပီ.."
အေးမြတဲ့လေတွေကလူကိုလန်းဆန်းသွားစေသည်..
တောင်ထိပ်မှာအမျိုးအမည်မသိတဲ့ရောင်စုံပန်းတွေလည်းအများကြီး..
သူတစ်ခါမှမတွေ့ဖူးတဲ့ကြက်သွေးရောင်ပန်းပွင့်ကြီးတွေ အ၀ါရောင်ပွင့်ဖတ်လေးဖတ်ပါပီးချိုအီအီအနံ့ရှိတဲ့ပန်းပွင့်တွေ..စွတ်စွတ်ဖြူနေတဲ့ပန်းပွင့်သေးသေးလေးတွေ..
နောက်ပီးတော့ အရည်ရွှမ်းနေတဲ့မက်မွန်သီးတွေကလည်းသစ်ပင်ထိပ်မှာတွဲလဲခိုနေကြသည်...
Berrieသီးလေးတွေကလည်းအရောင်စုံ...
နှုတ်သီးချွန်ချွန်နဲ့အပြာရောင်ငှက်တွေကလည်းတကျိကျိအော်မြည်နေသည်...
လက်နဲ့နှိပ်ရတဲ့ရေဘုံဘိုင်လေးကိုနှိပ်လိုက်တော့ရေပိုက်ခေါင်းသဏ္ဍာန်၀ါးဆစ်လေးကနေကျောက်ရေကန်လေးထဲကိုရေတွေစီး၀င်ကုန်သည်..
သူရေကိုလက်ခုပ်လေးနဲ့ခပ်လိုက်ပီးမျက်နှာသစ်လိုက်တော့ လန်းဆန်းအေးမြသွားမှုကပင်ပန်းနွမ်းနယ်မှုတွေက်ိုယူပစ်သလိုပျောက်သွားစေသည်..
"ဒီနေရာကတော်တော်သာယာတာပဲကွာ.."
Erenကပတ်၀န်းကျင်ကိုလှည့်ပတ်ကြည့်နေရင်းပြောလာသည်..
"အင်း.."
အခုမှမျက်နှာသစ်ထားတာကြောင့်ထင်မျက်နှာလေးကကြည်လင်ပီးပုလဲဥလေးလိုဖြူဖြူဥဥလေးဖြစ်နေသည်..
နဖူးထက်မှာရေစတချို့ကတွဲလဲခိုနေပီးနီညိုရောင်ဆံစတို့ကကပ်ငြိနေသည်..
ထိုဆံနွယ်လေးတွေကိုဖယ်ရှားပေးချင်စိတ်ကိုမနည်းထိန်းချုပ်လိုက်ပီးခေါင်းသာအသာခါယမ်းလိုက်ရင်းပြုံးလိုက်ကာ..
"ဖြစ်နိုင်ရင်အချိန်တွေကိုဒီနေရာမှာပဲရပ်တန့်ထားချင်မိတယ်.."
"ဟမ်..sryစောနကမင်းဘာပြောလိုက်တာလဲEren.."
"ဘာမှမဟုတ်ပါဘူး.."
"karenမင်းကြည့်ရတာတစ်ခုခုကိုရှာနေပုံပဲ ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့ငါပြောတာကိုလည်းအာရုံရပုံမပေါ်ဘူး.."
သူပတ်၀န်းကျင်ကိုမျက်လုံးတစ်ချက်ဝေ့ကြည့်ပီးမှErenကိုပြန်ဖြေလိုက်သည်.
"ughh..sryအဲ့လိုဖြစ်သွားတာလား.."
"အင်း.."
"ဒီတိုင်းပဲ ငါကဒီနေရာမှာဘာတွေများထူးဆန်းတာရှိနေမလဲလို့သိချင်လို့ပါ.."
"အဟား..karen..တောင်ပေါ်မှာနေတဲ့စုန်းအိုကြီးတွေဘာတွေများတွေ့မလားလို့လား..အဟား..မထင်ရဘူးkarenရာ.."
"အင်း..အဟား.."
သူနားထင်လေးကိုလက်ညှိုးနဲ့အသာပွတ်လိုက်ရင်းရယ်လိုက်ကာ..
ဒီErenဆိုတဲ့ကောင်ဘယ်လိုတောင်ကွက်တိမှန်အောင်ပြောလိုက်တာလဲဟ..
"ဒါနဲ့ Karen ဟိုနားလေးကကျောက်လိုဏ်ဂူကလူနေလို့ရလောက်တယ်.."
"ကျောက်လိုဏ်ဂူ??"
Arbishပြောတဲ့စုန်းအိုကြီးနေတဲ့နေရာဆိုတာပဲဖြစ်ရမယ်...
"အင်း karen..မင်းရှာနေတဲ့စုန်းအိုကြီးတွေဘာတွေရှိချင်ရှိနေမှာ..အဟား.."
သူပြောသမျှအကုန်မှန်နေတာကိုမသိတဲ့Erenကတော့သူ့ကိုစလို့ကောင်းတုန်း..
Erenကိုလစ်လျူရှုလိုက်ပီးအခုထိဒီနားကိုမရောက်သေးဘဲနောက်မှာကျန်နေခဲ့တဲ့Arbishကိုကြည့်လိုက်တော့..ကိုယ်တော်ကလုံးလုံးလုံးလုံးနဲ့အေးအေးဆေးဆေးလာနေသည်...
အဖြူရောင်အမွှေးလုံးကြီးလှိမ့်လာနေတဲ့အတိုင်းပဲ..
သိပ်ကိုချောမောပီးကြောက်စရာကောင်းလွန်းတဲ့စစ်ဧကရာဇ်တစ်ပါးကဒီလိုပုံမျိုးဖြစ်သွားလိမ့်မယ်လို့ဘယ်သူကထင်မှာလဲ..
သူရယ်ချင်စိတ်ကိုမနည်းမြိုသိပ်လိုက်ရင်း..
"Arb..အဟမ်း..၀တုတ်လေး မြန်မြန်လာတော့..တွေ့ပီ.."
"ဘာကိုတွေ့တာလဲ Karen.."
"စုန်းအိုကြီး.."
"Karen မင်းဟာလေ..ငါ့ကိုလာနောက်နေပြန်ပီ.."
သူအခုမှအနားရောက်လာတဲ့Arbishကိုပွေ့လိုက်ပီး..
"စတာ...ဒါနဲ့Erenမင်းပြောတဲ့ကျောက်ဂူကဘယ်နားမှာလဲ.."
Erenကသူ့ကိုမင်းနောက်နေတာလားဆိုတဲ့ပုံစံနဲ့ကြည့်လာပီး
"ဟိုမှာလေကွာ.."
သူErenပြတဲ့နေရာကိုကြည့်လိုက်တော့ကြီးမားတဲ့နီညိုရောင်သစ်ပင်ကြီးတစ်ပင်ပဲတွေ့ရသည်..
"Eren..တော်တော့ ငါမင်းကိုအတည်မေးနေတာ.."
"ငါအတည်ဖြေတာပဲလေ Karenရာ ဟေး...ဒီလိုတော့မပြောနဲ့နော် ငါတစ်ယောက်ပဲမြင်နိုင်စွမ်းရှိတာလို့ အဟား..မင်းဒီနေ့တော်တော်ထူးဆန်းနေတယ်karen တော်ပီမနောက်နဲ့တော့သွားရအောင်.."
"Erenဘာတွေပြောနေတာလဲ..အဲ့ဒီနားမှာဘာလိုဏ်ဂူမှမရှိတာကို တကယ်ပဲErenတစ်ယောက်ပဲမြင်နိုင်တာလား..."
"မြှောင်.."
သူရင်ခွင်ထဲကArbishကိုကြည့်လိုက်ရင်း..
"Arbish မင်းရောမြင်ရလား.."
"မြှောင်.."
"ထားတော့ ခုချိန်မှာမင်းဘာပြောပြောငါမှနားမလည်တာ.."
"Karen မလာသေးဘူးလား.."
အရှေ့ကိုရောက်နေပီဖြစ်တဲ့Erenကနောက်ကိုပြန်လှည့်လာပီးအော်ပြောလာသည်..
"လာပီ.."
ဘာပဲဖြစ်ဖြစ်Erenနောက်ကလိုက်သွားရင်တစ်ခုခုတော့ရှာတွေ့မှာပဲ...
************************************
လိုဏ်ဂူထဲရောက်နေပီဖြစ်တဲ့Erenကအပေါက်၀မှာ၀င်လို့မရဖြစ်နေတဲ့သူ့ကိုလှည့်ကြည့်လာပီး..
"Karen ၀င်ခဲ့လေ.."
"ငါ၀င်လို့မရဘူး.."
တကယ်လည်းသူအထဲကို၀င်ဖို့လုပ်ပေမယ့် မမြင်ရတဲ့တစ်ခုခုကဟန့်တားထားပုံနဲ့ပြန်ပြန်ကန်ထွက်လာသည်..
"အဟား..karen မင်းကတော့လေ လာခဲ့.."
ထို့နောက်သူ့လက်ကိုကိုင်ပီးအထဲကိုဆွဲခေါ်လိုက်သည်..
ထိုအခါမှသာ လျှောလျှောရှူရှူနဲ့အထဲကိုရောက်သွားတော့သည်..
ဒီလိုဏ်ဂူကိုအပြင်လူတွေမမြင်အောင်ဖွက်ထားပုံပဲ..
ကြည့်ရတာတကယ်ပဲဒီလိုဏ်ဂူကErenနဲ့သက်ဆိုင်နေတာပဲ..
လိုဏ်ဂူထဲမှာတော့အနည်းငယ်အေးစိမ့်စိမ့်နိုင်သည်..
ဘာမှတော့ထွေထွေထူးထူးရှိပုံမပေါ်
အေးစက်စက်ကျောက်သားကုတင်တစ်လုံးရယ်လိုဏ်ဂူမျက်နှာကြက်ပေါ်မှာတော့ကျောက်စက်ပန်းဆွဲတွေ..
ကျောက်သားနံရံတွေထက်မှာလည်းသင်္ကေတတချို့နဲ့ပုံဖော်ထားတဲ့စာသားတွေ..
ပီးတော့ကျောက်စားပွဲအ၀ိုင်းပေါ်မှာဖုန်တက်နေပီဖြစ်တဲ့စာအုပ်တစ်ချို့..
"Karen ဒီမှာလာကြည့်.."
သူErenနားကိုသွားပီးကြည့်လိုက်တော့ သစ်သားစင်လေး..
အထပ်သုံးထပ်ရှိပီး...ဖန်ပုလင်း၀ိုင်းလေးတွေကိုအစီအရီတင်ထားသည်..
ပီးတော့ဖန်ပုလင်းလေးတွေမှာလည်းသူမသိတဲ့ဘာသာစကားတွေနဲ့ရေးထားသည်..
အမျိုးအစားခွဲထားတဲ့စာတွေဖြစ်ပုံရသည်...
"Karen..ဒီနေရာကနည်းနည်းတော့ထူးဆန်းသား..hey..တကယ်ကြီးစုန်းတွေဘာတွေမရှိလောက်ပါဘူးနော်"
"ဘာလို့လဲ တကယ်လို့စုန်းတွေရှိရင်မင်းကြောက်လို့လား.."
"အဟား..မကြောက်ပါဘူးကွာ..ငါကဒီအတိုင်း သိချင်ယုံပဲ..သူတို့ကဘယ်လိုပုံတွေများဖြစ်နေမလဲလို့..ကာတွန်းကားတွေထဲကလိုရင်ဘတ်ထိရှည်တဲ့မုတ်ဆိတ်ဖြူကြီးတွေနဲ့အနက်ရောင်ဦးထုပ်ချွန်ချွန်ကြီးတွေဆောင်းထားတဲ့ရုပ်ဆိုးဆိုးနဲ့နှာခေါင်းကောက်ကောက်ပုံကြီးတွေများဖြစ်နေမလား..အဟား..မပါမဖြစ်တံမြက်စည်းပျံကြီးတွေနဲ့လေ.."
သူ့ဟာသူပြောပီးသဘောတွေကျနေတဲ့Erenကိုကြည့်ပီးခေါင်းအသာယမ်းလိုက်ကာ..
"ကလေးကလားနဲ့.."
"ငါကမင်းပျော်အောင်စတာပါကွာ..မနေ့ကတည်းကမင်းကိုကြည့်ရတာစိတ်မကြည်တဲ့ပုံမလို့ ဘယ်လိုလဲအခုအဆင်ပြေသွားပီလား.."
"မင်းအတွေးလွန်နေပီ..ငါစိတ်မကြည်တာမရှိဘူး.."
"အဟား..ထားပါ..ဒါနဲ့karenမင်းဘယ်လိုစီစဥ်ထားလဲ.."
"ဘာကိုလဲ.."
"ဒီနေရာမှာဘယ်လောက်ကြာအောင်နေဖို့စဥ်းစားထားလဲ.."
"မသိဘူး.."
ဟုတ်တယ်..အတိအကျသူလည်းမသိဘူးစုန်းအိုကြီးကဒီနေရာကိုဘယ်တော့ရောက်လာမလဲဆိုတာ..
"အာ..."
သူ့ကိုနားမလည်သလိုကြည့်နေတဲ့Erenကိုကြည့်လိုက်ပီး..
"ဘာလို့လဲ..မင်းကိုငါအစကတည်းကပြောသားပဲ မလိုက်ခဲ့ပါနဲ့လို့..အခုမင်းပြန်ချင်.."
"မဟုတ်ဖူး.."
"ဟမ်.."
"ငါကသိချင်လို့မေးလိုက်ရုံပါ..ဘယ်လောက်ပဲကြာကြာ..တစ်လလား..တစ်နှစ်လား..ကိစ္စမရှိဘူး..မင်းသာအဆင်ပြေရင်ငါကမင်းနဲ့အတူတူနေဖို့အဆင်သင့်ပဲ.."
သူ့ကိုနားမလည်သလိုကြည့်နေတဲ့karenကိုပြုံးပြလိုက်ရင်း..
"ထားတော့..ဘာမှမဟုတ်တော့ဘူး..အချိန်လည်းမစောတော့ဘူးဆိုတော့တစ်ခုခုစားဖို့ပြင်လိုက်ဦးမယ်.."
ကျောက်လိုဏ်ဂူကတစ်ခါ၀င်ခွင့်ရပီးတာနဲ့
အဟန့်အတားတွေကပျောက်သွားပုံရတယ်..အခုတစ်ခေါက်မှာတော့ ဘာအတားအဆီးမှမရှိပဲအပြင်ကိုထွက်လို့ရသလိုကျောက်ဂူထဲကိုလည်းပြန်၀င်လို့ရသည်..
တဖြည်းဖြည်းမှောင်စပျိုးလာတဲ့ကောင်းကင်ကြီးထက်မှာ
ကြယ်ရောင်ပြပြလေးတွေတောင်ပေါ်လာလေပီ..
Erenရှာထားတဲ့ထင်းခြောက်တွေနဲ့မီးမွှေးလိုက်ပီး ရေနွေးအိုးတစ်အိုးတည်ရင်းလိုဏ်ဂူရှေ့မှာသုံးယောက်သားထိုင်နေကြသည်...
ဆော်သွေးတိုက်ခတ်သွားတဲ့လေနုအေးလေးကချမ်းစိမ့်စိမ့်ဖြစ်ပေမယ့် လတ်ဆတ်အေးမြမှုကိုပါပေးစွမ်းနေသည်..
နှာဖျား၀မှာလာရောက်ကျီဆယ်တဲ့ပန်းလေးတွေရဲ့မွှေးပျံ့ချိုအီတဲ့အနံ့လေးတွေ..
တစီစီအော်နေတဲ့ပုရစ်သံလေးတွေ...
ရေဘုံဘိုင်၀ါးဆစ်လေးကနေကျောက်ရေကန်ထဲကိုရေကျသံတတောက်တောက်လေးရယ်..
အရာရာကသိပ်ကိုတိတ်ဆိတ်ငြိမ်းချမ်းလွန်းလှသည်....
မျက်လုံးလေးတွေမှိတ်ပီးမီးပုံနားမှာထိုင်နေတဲ့ကောင်လေး..
တစ်ချက်တစ်ချက်တိုက်ခတ်သွားတဲ့လေပြည်ကြားမှာနီညိုရောင်ဆံနွယ်လေးတွေကလူးလူးလွင့်လွင့်...
ပကတိကြည်လင်နေတဲ့မျက်နှာရှင်းရှင်းလေးကသူ့အတွက်တော့ဘယ်သောအခါမှအာရုံမလွှဲဖယ်န်ိုင်စရာ..
Karen...သူဒီ့ထက်ပိုပီးထိုကောင်လေးနဲ့နီးစပ်ခွင့်ရချင်ပီ..
"Eren..ညဥ့်လည်းနက်နေပီဆိုတာအထဲ၀င်ရအောင်.."
ကောင်လေးကမျက်လုံးလေးဖွင့်လာပီးသူ့ကိုပြောလာသည်..သို့ပေမယ့် အာရုံကတော့သူ့ထံမှာမရှိ...အစောပိုင်းကတည်းကသူ့ရင်ခွင်ထဲမှာအိပ်နေတဲ့၀တုတ်လေးကိုဖွဖွလေးပုတ်ပီးနှိုးနေပုံရသည်..
"အင်း..သွားမယ်လေ.."
ကျောက်ဂူအပြင်ဘက်မှာမီးမွှေးထားခဲ့ပေမယ့် ကျောက်နံရံတွေကကြီးပီးထူတာမို့ အပြင်ကအလင်းရောင်ကအထဲထဲထိအများကြီးဖောက်မ၀င်နိုင်တာကြောင့်မှောင်နေလိမ့်မယ်လို့တွေးထားခဲ့တာ..
ခုတော့သူတို့ထင်ထားတာနဲ့တခြားစီ...
ကျောက်ဂူအတွင်းမှာတလက်လက်တောက်နေတဲ့နံရံမှာမြုပ်နေတဲ့ရောင်စုံကျောက်လေးတွေဆီကနေအလင်းရောင်လေးတွေထွက်နေသည်..
နေ့လည်တုန်းကအရောင်မထွက်တော့သတိမထားမိခဲ့တာ..တကယ်ကြီးကိုလှတာပဲ...
ဒါပေမယ့်Erenကတော့သတိထားမိပုံမပေါ်ကျောက်ကုတင်ကိုသာတွေတွေကြီးကြည့်နေသည်..
"Eren..ဘာလို့လဲ..မင်းနှစ်ယောက်မအိပ်တတ်လို့လား.."
"ဟမ်..မဟုတ်..မဟုတ်ပါဘူး..အိပ်ရအောင်လေ..နောက်ကျနေပီ.."
"အင်း.."
Karenသာသတိထားကြည့်မိမယ်ဆိုရင်Erenရဲ့မျက်နှာထက်ကပုံမှန်မဟုတ်တဲ့နီစွေးစွေးအရိပ်အယောင်လေးကိုတွေ့နိုင်လောက်ပါရဲ့...
သူ့ရဲ့ဘေးနားမှာထွက်ပေါ်နေတဲ့အသက်ရှူသံတိုးတိုးလေး..
ထိုလူသားကkarenဆိုသောအသိနဲ့တင်သူ့ရဲ့ရင်တစ်ခုလုံး၀ုန်းဒိုင်းကြဲဖို့ရာလုံလောက်နေပီ..
တစ်နာရီနီးပါးကြာသွားတာတောင်ဘယ်လိုမှအိပ်လို့မပျော်နိုင်...
လှုပ်စိလှုပ်စိလုပ်နေတဲ့သူ့ကြောင့်အိပ်ပျော်နေတဲ့ကောင်လေးနိုးသွားမှာစိုးရသည်..
ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ..နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကောင်လေးရဲ့မျက်နှာလေးကိုသူကြည့်ချင်တယ်...
အခုန်မြန်နေတဲ့နှလုံးသားလေးကိုအသာဖိကိုင်ရင်း..နှလုံးသားစေရာအတိုင်းနောက်ကိုတိတ်တိတ်လေးလှည့်ကြည့်လိုက်သည်..
ဒါပေမယ့်သူမြင်လိုက်ရတာကအိပ်ပျော်နေတဲ့ကောင်လေးရဲ့မျက်နှာလေးမဟုတ်ပဲ..
သူ့ကိုအေးစက်စက်စိုက်ကြည့်နေတဲ့အနီရောင်မျက်၀န်းတစ်စုံ...
"What the!..အာ..၀တုတ်လေးပဲ.."
karenကလည်းတစ်ဖက်လှည့်အိပ်နေပုံရတာကြောင့်သူလည်းတစ်ဖက်ပြန်လှည့်ပီးအိပ်လိုက်တော့သည်..
ကြောက်စရာကောင်းလိုက်တာ..ကြောင်တစ်ကောင်ရဲ့အကြည့်တွေကဘာလို့များအဲ့လောက်စူးရဲပီးကြောက်စရာကောင်းနေရတာလဲ..
ရင်ခုန်တာလေးတွေတောင်ပျောက်သွားသလိုပဲ..
*******************************
"သခင်.."
သူ့နားကိုအပြေးလေးရောက်လာတဲ့ကောင်လေး ဖြူစွတ်စွတ်အသားအရည်လေးကအပြာရောင်ဆံနွယ်လေးနဲ့လိုက်ဖက်ညီစွာ..
ပတ္တမြားလုံးလေးတွေထည့်ထားတဲ့အတိုင်းကြီးမားတဲ့အနီရောင်မျက်လုံး၀ိုင်းလေးတွေကအရောင်တလဲ့လဲ့..
ဦးခေါင်းထက်မှာတော့ငွေရောင်ချိုသေးသေးလေး..
"memo.."
ဦးခေါင်းထိပ်ကိုအသာပွတ်ပေးလိုက်တော့ မျက်လုံးလေးတွေမှေးပီးသူ့လက်ဖ၀ါးအထိအတွေ့ကိုခံစားနေသည်..
သူ့လက်ကိုဖယ်ရှားလိုက်တော့ မျက်မှောင်လေးကမကျေနပ်သယောင်နည်းနည်းလေးကြုံ့သွားပေမယ့်ခါးမှာချိတ်ထားတဲ့အနက်ရောင်အိတ်လေးထဲကတစ်စုံတစ်ခုကိုသူ့ထံထုတ်ပေးလာပီး..
"သခင်..memo သခင်ရှာခိုင်းတဲ့Fila crystalကိုရခဲ့ပီ.."
"အင်း.."
သူကောင်လေးထံကcrystalလေးကိုလှမ်းယူလိုက်တော့ ကောင်လေးကချီးမွမ်းခံချင်သေးပုံနဲ့မျက်လုံးတောက်တောက်လေးတွေနဲ့သူ့ကိုကြည့်နေသည်..
"တော်တယ် Memo.."
"အင်း အင်း.."
ခေါင်းလေးကိုအဆက်မပြတ်ငြိမ့်ပီးပြောလာသည်..
အစိမ်းရောင်တလဲ့လဲ့တောက်နေတဲ့Fila crystalကိုလက်ဖ၀ါးထဲမှာထည့်ပီးသေချာကြည့်လိုက်သည်
Fila crystalတွေကblue pearlလောက်မရှားပါးပေမယ့် ရေခဲတောင်ထိပ်မှာပေါက်တဲ့အနက်ရောင်ကြာပန်းရဲ့အစိမ်းရောင်အစေ့လေးတွေကနေဖြစ်ပေါ်လာသည်...
ပီးတော့နှစ်ပေါင်း၅၀၀မှတစ်ခါတွေ့ရသည်..
Fila/ sinoya /blue pearl /..သူလိုအပ်တာတွေအကုန်လုံးရသွားပီမို့ လပြည့်ညအမှီတောင်ပေါ်ပြန်ပီး အိတ်ဆောင်Crystalပြုလုပ်ရမည်..
"သခင်..သခင်.."
သူအတွေးလွန်နေရာကနေထွက်လိုက်ပီး...
"အင်း.."
"သခင်..သခင်..memoကိုရှာခိုင်းထားတဲ့Filaနဲ့ဘာလုပ်မလို့လဲဟင်.."
သူအစိမ်းရောင်crystalတုံးလေးကိုအိတ်ထဲထည့်လိုက်ပီး...
"အိတ်ဆောင်Crystal.."
"အိတ်ဆောင်crystal.."
သူ့နောက်ကနေတိုးတိုးလေးလိုက်ပြောလာပီးမျက်လုံးလေးတွေကတော့နားမလည်ဟန်အထင်းသား
သူသိတာပေါ့ Memoဘာလို့ဒီလိုပုံစံဖြစ်သွားလဲဆိုတာ..
"သခင်..memoနားမလည်ဘူး..သခင်ကအိတ်ဆောင်crystalကိုမှမလိုအပ်တာ.."
"အင်း.."
အိတ်ဆောင်crystal...အဲ့ဒီပစ္စည်းလေးကိုဆောင်ထားမယ်ဆိုရင်..ကျန်းမာရေးအထူးကောင်းမွန်ပီးကံကောင်းစေတယ်..စိတ်ကြည်လင်လန်းဆန်းစေတယ်..အသားအရည်ချောမွတ်နုပျိုလာစေတယ်.
ပြောရမယ်ဆိုရင်တော့Lucky crystalသဘောမျိုးပေါ့..
သူ့လိုမျိုးစုန်းအိုကြီးတစ်ယောက်အတွက်ဒီလိုပစ္စည်းမျိုးကမလိုအပ်ဆုံးပဲလေ..
ဒါကြောင့်လည်းMemoကအံ့သြနေတယ်ဆိုတာမထူးဆန်းဘူး..
"သခင်.."
ထိုကောင်လေးရဲ့မျက်နှာဖွေးဖွေးလေးကအခုတော့အနည်းငယ်နီရောင်သန်းနေပီးသူ့ကိုမရဲတရဲလေးကြည့်နေသည်...
ဒီကောင်လေးတော့နားလည်မှုလွဲနေပီထင်တယ်..
"သခင်..အဲ့ဒီcrystalလေးက memoကိုပေးမလို့လားဟင်.."
ထင်တဲ့အတိုင်းပဲဒီကောင်လေးတလွဲတွေတွေးနေပီ..
သူခေါင်းယမ်းလိုက်တော့ကောင်လေးရဲ့မျက်လုံးထဲမှာအနည်းငယ်၀မ်းနည်းရိပ်လေးတွေစွန်းထင်းသွားသည်..
"နောက်ခါမင်းအတွက်လုပ်ပေးမယ်.."
"တကယ်..တကယ်လား..သခင်ကmemoအတွက်လုပ်ပေးမှာလား.."
"အင်း.."
ကောင်လေးကထိုအခါမှမျက်လုံးလေးတွေအရောင်ပြန်တောက်လာပီး..
"အဲ့တာဆို..သခင်အခုဘယ်သူ့အတွက်လုပ်ပေးမလို့လဲဟင်.."
"ဘယ်သူ့အတွက်??.."
သူ့မျက်လုံးထဲမှာပေါ်လာတဲ့ရွှေအိုရောင်ဆံနွယ်လေးနဲ့ကောင်လေး..ချိုမြိန်နွေးထွေးတဲ့ပါးချိုင့်နက်နက်လေးတွေကိုပိုင်ဆိုင်ထားတဲ့ကောင်လေး.
တွေးကြည့်ရုံနဲ့တင်နှလုံးသားတစ်စုံကတဒုတ်ဒုတ်ခုန်မြည်လာသည်..
Eren.....
သခင်ပြုံးလိုက်တာလား...
Memoတကယ်ကိုအံ့အားသင့်သွားရသည်..သခင်ကပြုံးတတ်သည်တဲ့..
သူသခင့်အနားမှာနေခဲ့တာနှစ်ပေါင်း၂၀၀ကျော်ပီ..တစ်ခါမှသခင်ပြုံးတာမမြင်ဖူးဘူး...
သခင်ကအမြဲတမ်းလေးနက်တည်ကြည်လွန်းတယ် အေးစက်လွန်းတယ်...memoကိုသခင်မွေးစားလိုက်တုန်းကဆိုရင်သခင့်နားကိုကပ်ရမှာတောင်ကြောက်ခဲ့တာ..
အခုတော့သူ့ရဲ့သခင်ကပြုံးလိုက်သည်တဲ့လား...
စက္ကန့်အနည်းငယ်လောက်ပဲဆိုပေမယ့် သခင့်ရဲ့အပြုံးကသိပ်ကို...သိပ်ကို..memoမသိတော့ဘူး ဘယ်လိုပြောရမလဲဆိုတာ ဒါပေမယ့် memoပြောနိုင်တာတစ်ခုတော့ရှိသည်..သခင့်ရဲ့အပြုံးကိုနောက်ထပ်မြင်နိုင်ဖို့ဆိုရင်memoဘာမဆိုလုပ်နိုင်သည်...
"သခင်.."
"တော်ပီ စကားမများနဲ့တော့ တောင်ပေါ်သွားမယ်.."
"ဟုတ်ကဲ့သခင်.."
*******************************







Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤Where stories live. Discover now