"Karen.."
အိပ်နေတဲ့ကောင်လေးကလူးလွင့်လာပီး..အနက်ရောင်မျက်၀န်းအိမ်လေးကသူ့ကိုမြင်တဲ့အခါမှာလှုပ်ရှားသွားသည်..
"Karen.."
သူပြုံးပီးထိုကောင်လေးကိုထပ်ခေါ်လိုက်တယ်..
"တောက်!Eren.."
ကောင်လေးကသူ့ရဲ့အင်္ကျီလည်ပင်းကိုဆွဲလိုက်ပီးဒေါသတကြီးစိုက်ကြည့်လာတယ်..
"Eren!မင်းခွေးကောင်..မင်းကိုနောက်ထပ်ငါနဲ့ထပ်မပတ်သတ်နဲ့လို့ပြောထားတယ်မလား"
"Ka..ren.."
နဖူးထက်မှာပလာစတာကပ်ထားပီး..နှုတ်ခမ်းဘေးမှာလည်းနီညိုညိုသွေးစတစ်ချို့..
"ဘယ်သူလုပ်တာလဲ..Karen..မင်းကိုဘယ်သူလုပ်တာလဲ.."
Karenကသူ့အင်္ကျီကိုလွှတ်လိုက်ပီး မဲ့ပြုံးပြုံးလိုက်တော့ ရင်ဘတ်ထဲမှာစူးခနဲ...
"အဟက်!မင်း သိပ်ကိုဟန်ဆောင်ကောင်းပါ့လား Eren..မင်းခိုင်းလိုက်တဲ့လူရဲ့လက်ချက်လေ..ဒါပေမယ့် စိတ်တော့မကောင်းဘူးကွာ..အဲ့ဒီလူတော့ ၁လလောက်ဆေးရုံတက်ရတော့မယ်.."
သူkarenရဲ့လက်ကိုဆွဲလိုက်ပီး..
"Karen..မင်းဘာတွေပြောနေတာလဲ..ငါက..ငါကဘာလို့ အဲ့လိုလုပ်ခိုင်းရမှာလဲ.."
Karenကသူ့လက်ကိုရွံရှာသလိုတစ်ချက်ကြည့်ပီး..
"မင်းလက်ကိုဖယ်လိုက်.."
သူလက်ကိုအသာအောက်ပြန်ချလိုက်ပီး..
"Karen..တကယ်ငါမလုပ်ဖူး.."
"အဟက်!ဘေးဖယ်.."
"Karen..မင်းအတန်းမတက်တော့ဘူးလား..Karen.."
ကောင်လေးကတော့သူ့ကိုလှည့်မကြည့်ပဲအတန်းအပြင်ထွက်သွားလေပီ..
*********************************
သူထိုကောင်ထိထားတဲ့အင်္ကျီလက်ကိုတစ်သျှူးနဲ့သုတ်လိုက်ပီးထင်းရှူးပင်အောက်မှာထိုင်ချလိုက်သည်..
လတ်ဆတ်တဲ့လေရဲ့ရနံ့ကသူ့ရဲ့စိတ်ကိုကြည်လင်လာစေသည်...
ရေဗူးကိုမော့သောက်လိုက်ပီး မျက်လုံးကိုမှိတ်ထားလိုက်သည်..
သူ့ရဲ့ပါးပြင်ထက်မှာဖြတ်သန်းတိုက်ခတ်သွားတဲ့လေညှင်းလေးရဲ့အထိအတွေ့..
ရှဥ့်လေးတွေရဲ့တကျိကျိအော်သံလေးတွေ..
မျက်နှာထက်ကျဆင်းလာတဲ့မိုးစက်တစ်ချို့..
သူမျက်လုံးပြန်ဖွင့်လိုက်ကာလက်ကိုဆန့်တန်းလိုက်တော့လက်ဖ၀ါးပေါ်ကျလာတဲ့အေးစက်စက်အထိအတွေ့...
"မိုးရွာလာပီလား..."
သူထလိုက်ပီးကားဆီကိုသွားမလို့ပြင်လိုက်သည်..
"မြှောင်..မြှောင်.."
"ဟမ်?.."
သူဘေးနားကိုမျက်လုံးတစ်ချက်ဝေ့ပီးကြည့်လိုက်တော့ စွတ်စွတ်ဖြူနေတဲ့နှင်းဘောလုံးကြီး..မဟုတ်ဖူး..ကြောင်၀တုတ်ကြီး..
ကြောင်၀တုတ်လေးကသစ်ပင်အောက်နားလေးမှာအမြှီးတုတ်တုတ်လေးကိုလျှာနဲ့သပ်နေသည်..
ထို့နောက်သူရှိရာဘက်ကိုမျက်လုံးတောက်တောက်လေးတွေနဲ့ကြည့်လာပီး..
"မြှောင်.."
သူဘေးဘီကိုကြည့်လိုက်တော့လည်းဘယ်သူမှမရှိ..
"မြှောင်..မြှောင်.."
မိုးကပိုပီးသည်းထန်စွာရွာလာသည်..
သူအမြန်ပြေးပီးသစ်ပင်အောက်ကကြောင်၀တုတ်လေးကိုချီပီး ကားထဲ၀င်ခဲ့လိုက်သည်..
ကားထဲရောက်တော့ရေစိုနေတဲ့အင်္ကျီကိုခါလိုက်ပီးနောက်ခုံကိုလှည့်ကြည့်လိုက်တော့..
ကြောင်၀တုတ်လေးကဆိုဖာပေါ်မှာမျက်လုံးလေးတွေမှေးစင်းနေပီးအခန့်သားလှဲနေသည်..
နူးနူးညံ့ညံ့အမွှေးလုံးလုံးလေးကိုသူထိလိုက်တော့..သလင်းကျောက်လိုကြည်လင်နေတဲ့မျက်လုံး၀ိုင်း၀ိုင်းလေးတွေနဲ့သူ့ကိုကြည့်လာပီး ခေါင်းလေးကိုတစ်ဖက်စောင်းသွားသည်..
"ဟေး..မင်းကတော်တော်မာနကြီးတဲ့၀တုတ်လေးပဲ.."
ကြောင်၀တုတ်လေးကသူ့ကိုမကြည်သလိုလေးကြည့်လာပီး..
"မြှောင်.."(ကိုယ်တော့်ကိုများ၀တုတ်လေးတဲ့ မောင်မင်းတော့ ခေါင်းပြုတ်ချင်ပီနဲ့တူတယ်..)
"ဟေး..၀တုတ်လေး..ဘာလဲ စိတ်ဆိုးတာလား..အဟား..၀တုတ်လေး ၀တုတ်လေး.."
သူ့ကိုလစ်လျူရှုကာကားတံခါးနားထိလှုပ်စိလှုပ်စိနဲ့တိုးကပ်သွားနေတဲ့ ကြောင်၀တုတ်လေးကိုသူဆွဲပွေ့လိုက်ပီးသူ့ပေါင်ပေါ်တင်ထားလိုက်တော့သည်..
"မြှောင်.."(မောင်မင်း!!ကိုယ်တော့်ကိုဘာလုပ်တာလဲ..အခုချက်ချင်းလွှတ်!)
ခြေထောက်တိုတိုလေးတွေနဲ့သူ့ပေါ်ကနေအတင်းဆင်းပြေးဖို့ကြံနေတဲ့၀တုတ်လေးရဲ့ဖင်လုံးလုံးလေးကိုတစ်ချက်ရိုက်လိုက်ပီး..
"ငြိမ်ငြိမ်မနေရင်..မင်းကိုမိုးရေထဲမှာချခဲ့မှာနော်.."
အပြင်ဘက်ကိုကြည့်လိုက်တော့မိုးတွေကတ၀ုန်း၀ုန်းရွာနေဆဲ.
"မြှောင်.."(ကိုယ်တော်တစ်ခါတော့ခွင့်လွှတ်လိုက်မယ်..")
ငြိမ်ကျသွားပီးသူ့ပေါင်ပေါ်မှာမျက်လုံးလေးမှိတ်ကာမှေးနေတဲ့၀တုတ်လေးကိုကြည့်ကာပြုံးလိုက်ပီးကားစက်နှိုးလိုက်သည်..
အပြင်ဘက်မှာမိုးတွေလေတွေကတ၀ုန်း၀ုန်းရွာသွန်းတိုက်ခတ်နေသည်...
သူBluetoothကိုနှိပ်လိုက်တော့JBရဲ့10000hours songလေးကကားထဲမှာပျံ့လွင့်လာသည်...
🎶Do u love the rain,does it make u dance
When you're drunk with ur fris at a party
What's ur fav song,does it make u smile
Do u think of me?
When u close ur eyes tell me what are u dreamin?
Everything I wanna know it all..
I'd spend 10000hours and 10000 more🎶
*************************
"သခင်လေးပြန်လာပီလား.."
"အင်း.."
သူအိမ်တော်ထိန်းပေးတဲ့တဘက်ကိုယူလိုက်ပီး ပွေ့လာတဲ့၀တုတ်လေးကိုလွှဲပြောင်းပေးလိုက်ကာ..
"ဒီကောင်လေးကိုမြန်မြန်ရေချိုးပေးလိုက် ရေနွေးနွေးလေးစပ်ပေးလိုက်နော်...ပီးရင် ကျွန်တော့်အခန်းထဲလာပို့လိုက်.."
"ဟုတ်ကဲ့ သခင်လေး.."
သူမသခင်လေးပေးတဲ့ကြောင်လေးကိုချီပီးသွားတော့မလို့ရှိသေး..
"နွားနို့..သူ့အတွက်နွားနို့ပါလာပို့လိုက်.."
"ဟုတ်ကဲ့သခင်လေး..."
သခင်လေးကငယ်ငယ်ကတည်းကအကောင်လေးတွေဆိုသိပ်ချစ်တတ်သည်..
ဒါပေမယ့် သခင်မကြီးလက်ဆောင်ပေးထားတဲ့ယုန်လေးသေသွားကတည်းကဘယ်အကောင်မှမမွေးတော့တာဖြစ်သည်..
သူမလက်ထဲကကြောင်လေးကိုပွေ့လာပီး bathtubeထဲထည့်လိုက်တော့ အိပ်နေတဲ့ကြောင်လေးကနိုးလာပီး ပတ်၀န်းကျင်ကိုမျက်လုံး၀ိုင်း၀ိုင်းလေးတွေနဲ့စူးစမ်းနေသည်..
"မြှောင်.."(ဟမ်!ကိုယ်တော်ဘယ်ရောက်နေတာလဲ..ကြည့်ရတာဟိုကောင်လေးကကိုယ်တော့်ကိုသူ့ရဲ့နန်းတော်ခေါ်လာပုံရတယ်...)
"ကဲ..ရေချိုးရအောင်ကောင်လေး.."
သူမကြောင်လေးရဲ့ခေါင်းပေါ်ကိုရေပန်းနွေးနွေးလေးနဲ့လောင်းပေးတော့ ကြောင်လေးကမျက်လုံးလေးစင်းပီးငြိမ်ခံနေသည်..
ကြည့်ရတာဒီကောင်လေးကဘယ်လိုဇိမ်ခံရမလဲသိသားပဲ..
"မြှောင်..."(အထိန်းတော်ကြီး!!ကိုယ်တော့်ကိုဘာလို့လာပီးထိနေတာလဲ..")
သူမကြောင်လေးရဲ့ပေါင်၀တုတ်တုတ်လေးကိုရေလောင်းပေးတော့ ကြောင်လေးကသူမကိုစိုက်ကြည့်လာပီး လက်သည်းနဲ့လှမ်းကုတ်လေသည်..
"ဟူး..မလွယ်ပါ့လား..ဒီကြောင်ကလည်းသခင်လေးအတိုင်းမာနကြီးလေး.."
အအေးပတ်သွားမှာစိုးတာနဲ့သူမကြောင်လေးကိုမြန်မြန်ရေချိုးပေးပီးသဘတ်လေးနဲ့လုံးပေးလိုက်ကာသခင်လေးအခန်းထဲကိုသွားပို့လ်ိုက်သည်..
"ဒေါက် ဒေါက်...သခင်လေး.."
"၀င်ခဲ့.."
သခင်လေးကခါးမှာတဘတ်အဖြူလေးသာပတ်ထားပီး အပေါ်ပိုင်းဗလာကျင်းလျက် ခေါင်းသုတ်ရင်းထွက်လာသည်..
သူမကြောင်လေးကိုအိပ်ယာပေါ်မှာတင်ပီးအမြန်ထွက်ခဲ့လိုက်သည်...
သူခေါင်းသုတ်နေရင်းအိပ်ယာပေါ်က၀တုတ်လေးကိုကြည့်လိုက်တော့ စောင်ပုံကြားကနေမျက်လုံး၀ိုင်း၀ိုင်းလေးနဲ့သူ့ကိုစိုက်ကြည့်နေသည်..
"ဟေး..၀တုတ်လေးဗိုက်ဆာပီလား.."
"မြှောင်.."(ကိုယ်တော်စားတော်ခေါ်တော့မယ်..မောင်မင်းပြင်ဆင်လိုက်တော့..)
"ခဏနေနွားနို့ပူပူလေးသောက်ပီးရင်အိပ်လ်ိုက်တော့..မနက်မှမင်းရဲ့ပိုင်ရှင်ကိုပြန်ရှာပေးမယ်.."
သူကြောင်လေးကိုတစ်ချက်ကြည့်ကာ ခါးမှာပတ်ထားတဲ့တဘက်ကိုချွတ်ပီး အနွေးထည်တစ်ထည်ကောက်၀တ်လိုက်သည်...
သူ့ရှေ့မှာလှုပ်စိလှုပ်စိနဲ့အ၀တ်အစားလဲနေတဲ့ကောင်လေးကိုသူမျက်တောင်မခတ်စိုက်ကြည့်နေမိသည်..
ဖြူ၀င်းနေတဲ့နို့နှစ်ရောင်အသားအရည်လေးဟာသိပ်ကိုနူးညံ့သိမ်မွေ့ပုံပေါ်နေသည်..
ခါးသိမ်သိမ်လေးရယ်..ဖြောင့်စင်းနေတဲ့ပေါင်တံသွယ်သွယ်လေးနှစ်ချောင်းရယ်...
လုံး၀န်းနေတဲ့မက်မွန်သီးလေးရယ်..
နန်းတော်ကမိန်းမပျိုတွေထက်တောင်ပိုပီးလှပနေသည်..
"မြှောင်.."(ဒီကောင်လေးကမိန်းမပျိုလေးများလား..)
အင်္ကျီ၀တ်နေရင်းသူ့ဘက်လှည့်ကြည့်လာတဲ့ကောင်လေးအောက်ပိုင်းကတော့ဘာမှမ၀တ်ရသေး..
"မြှောင်.."(အဟမ်း!ကိုယ်တော်သိသွားပီ..ဒီကောင်လေးက..မိန်းမပျိုလေးမဟုတ်ဖူး..)
ခဏနေတော့ ၀တုတ်လေးအတွက်နွားနို့ခွက်လေးလာပို့လာသည်..
သူနွားနို့ခွက်ကို၀တုတ်လေးနားတိုးပေးပီး..
"ဒါလေးသောက်လိုက်..မိုးမိထားတာဆိုတော့နွေးသွားအောင်လို့..မနက်ကျရင်တော့မင်းကိုပိုင်ရှင်ဆီပြန်ပို့ပေးမယ်.."
"မြှောင်.."(ကိုယ်တော်ကမောင်မင်းနဲ့နေမှာ)
နွားနို့ခွက်ကိုအခုထိမသောက်သေးပဲသူ့ကိုစိုက်ကြည့်လာကာတမြှောင်မြှောင်လုပ်နေတော့..
"ဟေး..ဘာလဲ နွားနို့မကြိုက်ဖူးလား..၀က်ပေါင်ခြောက်စားမှာလား.."
"မြှောင်.."(မောင်မင်းကတော်တော်တုံးတာပဲ..)
သူ့ကိုဘာမှမပြောချင်တော့တဲ့ပုံနဲ့တဖက်လှည့်သွားပီးနွားနို့ခွက်ကိုအေးအေးဆေးဆေးသောက်နေတော့သည်..
ညကသိပ်ကိုတိတ်ဆိတ်ငြိမ်သက်နေသည်..
မျက်လုံးလေးတွေမှေးစင်းပီးအိပ်နေတဲ့ကောင်လေးကတော့သူနဲ့မျက်နှာချင်းဆိုင်မှာ..
ကောင်လေးရဲ့၀င်သက်ထွက်သက်နွေးနွေးလေးဟာသူ့ရဲ့မျက်နှာထံရိုက်ခတ်နေသည်..
နီစွေးစွေးနှုတ်ခမ်းဖူးဖူးလေးဟာခပ်မှိန်မှိန်မီးအလင်းရောင်အောက်မှာမထင်မရှား...
ကြည်လင်နေတဲ့မျက်နှာသေးသေးလေးဟာ တစ်နည်းအားဖြင့်ချစ်စရာကောင်းနေသလိုပင်..
"ဒါကဘာဖြစ်ထားတာလဲ.."
ကောင်လေးရဲ့နှုတ်ခမ်းထောင့်လေးဟာအနည်းငယ်ညိုနေသည်..
သူမျက်မှောင်တစ်ချက်ကြုံ့လိုက်ပီးကောင်လေးရဲ့မျက်နှာထက်လက်လှမ်းလိုက်ပီး..နှုတ်ခမ်းထောင့်စွန်းလေးကိုတို့ထိလိုက်တော့ နာသွားလို့ထင်မျက်ခုံးလေးတွေတွန့်သွားသည်..
သူ့ရဲ့လက်နှစ်ဖက်နဲ့ထိုကောင်လေးရဲ့ကိုယ်လုံးလေးကိုပွေ့ဖက်လိုက်ပီး..
"မောင်မင်းကကိုယ်တော့်ကိုကူညီထားတာဆိုတော့..ကိုယ်တော်ကမောင်မင်းကိုပြန်ပီးစောင့်ရှောက်ပေးမယ်..."
ကောင်ငယ်လေးကတစ်ခုခုခံစားမိလို့ထင်သူ့ကိုပြန်ဖက်လာပီးသူ့ရင်ခွင်ထဲတိုး၀င်လာသည်..
"ဒုတ်..ဒုတ်.."
စည်းချက်ညီညီခုန်လှုပ်နေတဲ့နှလုံးသားလေးရဲ့အချက်ပေးသံကိုလစ်လျူရှုရင်း...
ရင်ခွင်ထဲကကောင်လေးကိုပိုပီးတင်းကြပ်စွာဖက်လိုက်ကာ...နှာ၀မှာလာရောက်ကျီဆယ်တဲ့ပူရှိန်းရှိန်းအနံ့လေးကိုရှူရိုက်လိုက်ပီးမျက်လုံးကိုမှိတ်လိုက်သည်...
လရောင်ကမှန်ပြတင်းပေါက်ကနေတဆင့်အခန်းထဲကိုဖြာကျနေသည်..
တိတ်ဆိတ်နေတဲ့အိပ်ယာထက်မှာတော့ငွေမှင်ရောင်ဆံနွယ်ရှည်တွေနဲ့ချောမောခံ့ညားတဲ့လူတစ်ယောက်ရယ်သူ့ရဲ့ရင်ခွင်ကျယ်ကြီးထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ကောင်လေးတစ်ယောက်ရယ်...
*********************************
"အာ့..ဘာကြီးလဲ..လေးလိုက်တာကွာ.."
သူအိပ်ယာနိုးတော့ ထလို့မရအောင်ရင်ဘက်ပေါ်မှာဖိနေတဲ့လေးလံတဲ့အရာတစ်ခု..
သူမျက်လုံးကိုအသာဖွင့်ကြည့်လိုက်တော့ပထမဆုံးမြင်လိုက်ရတာက အမွှေးဖြူဖြူလုံးလုံးလေး..
"၀တုတ်လေး!"
သူထိုကောင်လေးကိုသူ့ကိုယ်ပေါ်ကမနည်းဖယ်လိုက်ရသည်...
"၀တုတ်လေး..မင်းကတော်တော်လေးတာပဲ..နောက်ဆိုမင်း၀ိတ်လျှော့ဖို့ပြင်တော့.."
၀တုတ်လေးကပါးစပ်လေးဟကာတစ်ချက်သန်းလိုက်ပီးမှဖင်လှုပ်စိလှုပ်စိနဲ့ရွေ့သွားပီးခေါင်းအုံးပေါ်တက်အိပ်နေပြန်သည်..
"ဟေး..၀တုတ်လေး..ထတော့လေ..မင်းပိုင်ရှင်ဆီပြန်ပို့ရဦးမယ်.."
"မြှောင်.."(ကိုယ်တော်ဘယ်မှမသွားဘူး..)
ထို့နောက်မျက်လုံးလေးတွေမှိတ်သွားပီးပြန်အိပ်နေပြန်သည်..
"၀တုတ်လေး..မင်းအိမ်မပြန်ချင်တော့ဘူးလား..ဒီနေ့မှမလိုက်ရင်ငါမင်းကိုပြန်မပို့တော့ဘူးနော်.."
၀တုတ်လေးကတော့သူ့ကိုအဖက်တောင်မလုပ်တော့...
"ပီးရော..အဲ့ဒါဆိုလည်းမင်းဒီမှာနေခဲ့တော့ ငါကျောင်းသွားတော့မယ်.."
လုံးနေအောင်အိပ်နေတဲ့၀တုတ်လေးပေါ်စောင်လေးတစ်ထည်ထပ်ခြုံပေးခဲ့ပီးသူကတော့ကျောင်းသွားဖွင့်ပြင်လိုက်သည်...
**************************
"မြှောင်.."(မောင်မင်းဘယ်သွားမလို့လဲ..)
အ၀တ်လဲနေတဲ့သူ့နားကပ်လိုက်ပီးတမြှောင်မြှောင်လုပ်နေတဲ့၀တုတ်လေး..
သူနက်ခ်တိုင်ကိုစည်းရင်း၀တုတ်လေးကိုငုံ့ကြည့်လိုက်ပီး..
"၀တုတ်လေး ငါကျောင်းသွားတော့မလို့..မင်းတကယ်ပဲဒီမှာနေမှာလား..."
"မြှောင်.."(ကိုယ်တော်မောင်မင်းနဲ့ပဲတူတူနေမှာ)
"မြှောင်.."(ကိုယ်တော့်ကိုမောင်မင်းနဲ့အတူခေါ်သွား)
သူတံခါးရှေ့မှာရပ်နေတဲ့အိမ်တော်ထိန်းကိုခေါ်လိုက်ပီး
"၀တုတ်လေးအတွက်မနက်စာပြင်ပေးလိုက်..ကျွန်တော်ကျောင်းသွားတော့မယ်.."
"ဟုတ်ကဲ့သခင်လေး.."သူမ၀တုတ်လေးကိုချီလိုက်ပီးသခင်လေးကိုပြန်ဖြေလိုက်သည်
"မြှောင်.."(ကိုယ်တော် မောင်မင်းနဲ့လိုက်မှာပါဆို)
သူ၀တုတ်လေးရဲ့အမွှေးလုံးလေးကိုဖွလိုက်ပီး..
"၀တုတ်လေး..ဒီနေ့ကစပီးဒါမင်းအိမ်ဖြစ်သွားပီ..ငါကျောင်းကပြန်လာရင်မင်းအတွက်cat food၀ယ်ခဲ့မယ်..အပြင်တွေလျှောက်မထွက်နဲ့နော်..."
နေရောင်ခြည်လိုနွေးထွေးတဲ့အပြုံးလေးတွေနဲ့သူ့ကိုပြုံးပြလာတဲ့ကောင်လေး..
ရှင်းသန့်နေတဲ့မျက်နှာကြည်ကြည်လေးရယ်..ဖြောင့်စင်းနေတဲ့နှာတံသေးသေးလေးရယ်..နီစွေးစွေးနှုတ်ခမ်းလုံးလုံးလေးရယ်...
ထို့နောက်အိမ်တော်ထိန်းဘက်လှည့်သွားတော့အေးစက်စက်မျက်နှာဖြစ်သွားပီး
"သူ့ကိုသေချာဂရုစိုက်..အပြင်တော့မထွက်စေနဲ့.."
"ဟုတ်ကဲ့ပါသခင်လေး.."
"အင်း.."
သူငေးနေဆဲမှာပင်ကောင်လေးကတံခါးကိုဖွင့်ပီးအပြင်ထွက်သွားလေပီ...
"မြှောင်.."(ကိုယ်တော့်ကိုစောင့်ဦး..)
သူမရင်ခွင်ထဲကနေအတင်းခုန်ဆင်းသွားတဲ့၀တုတ်လေး..
"၀တုတ်လေး..၀တုတ်လေး..ဘယ်ပြေးသွားတာလဲ..."
ရုတ်တရက်ပြေးသွားရာကနေသူမကိုလှည့်ကြည့်လာပီး..
"မြှောင်.."(ကိုယ်တော်က၀တုတ်လေးမဟုတ်ဖူး..)
"ဟမ်.."
အေးစက်စက်နဲ့စိုက်ကြည့်လာတဲ့၀တုတ်လေးကြောင့်ရှေ့ဆက်သွားရမှာတောင်တန့်သွားပီး မမြင်ရတဲ့အားတစ်ခုခုကသူမကိုဖိနှိပ်လိုက်သလိုခံစားလိုက်ရသည်..
သူမကြောင်ပီးရပ်နေဆဲမှာပင်၀တုတ်လေးကသခင်လေးရဲ့ကားနောက်ကိုပြေးလိုက်သွားလေပီ..
"သွားပါပီ..ငါတော့သခင်လေးရဲ့ဒေါသနဲ့ဆို..."
အထုပ်သိမ်းပီးအလုပ်ထွက်ဖို့ပြင်နေတုန်းအိမ်ထဲကိုပြန်၀င်လာတဲ့၀တုတ်လေး..
စိတ်ဓာတ်ကျနေတဲ့ပုံစံလေးနဲ့နှေးနှေးကွေးကွေးလေး၀င်လာပုံကနှင်းဘောလုံးလေးလိမ့်လာတဲ့အတိုင်းပဲ...
သူမ၀မ်းသာအားရ၀တုတ်လေးနားပြေးသွားလိုက်ပီး..
"တော်သေးတယ်..၀တုတ်လေးမင်းပြန်လာပီ.."
"မြှောင်.."(မောင်မင်း..ကိုယ်တော့်ကိုထားခဲ့တယ်..)
သူမ၀တုတ်လေးကိုပွေ့လိုက်တော့ မရုန်းတော့ပဲအလိုက်သင့်လေးပါလာသည်..
ကြည့်ရတာ ပြေးလိုက်သွားရလို့မောသွားပုံရတယ်..
တစ်ကိုယ်လုံးလည်းရွှံ့တွေပေလို့..မနေ့ကမိုးရွာထားတာဆိုတော့လမ်းမှာဗွက်တွေထနေလောက်တယ်
"လာလာ..နှင်းဘောလုံးလေး နွားနို့သောက်ရအောင်..ပီးရင် မင်းကိုရေချိုးပေးရမယ်.."
"မြှောင်.."(မောင်မင်းကိုယ်တော့်ကိုပစ်သွားပီ..)
**********************************
သူကျောင်းရောက်တော့ မတွေ့ချင်တဲ့မျက်နှာကိုအရင်ဆုံးတွေ့လိုက်ရသည်..
သူမမြင်ချင်ယောင်ဆောင်ပီးအခန်းထဲ၀င်မလို့လုပ်တော့ထိုကောင်ကသူ့ဘေးနားပြေးလာပီး..
"Karen..မင်းမနေ့ကဘယ်သွားနေတာလဲ..အတန်းလည်းလာမတက်ဖူး..မင်းမိုးမိသွားတာလား..မင်း..မင်းဖျားနေတာလား.."
ပြောပီးသူ့နဖူးကိုလာထိမလို့ပြင်လေသည်..
"ကျစ်!"
သူထိုလက်ကိုရိုက်ထုတ်လိုက်ပီး..
"Eren..မင်းငါပြောတာကိုနားမလည်ဘူးလား.."
"Karen..."
"ဘေးဖယ်..ငါစိတ်မတိုချင်ဘူး.."
ထွက်သွားပီဖြစ်တဲ့ကောင်လေးရဲ့နောက်ကျောလေးကိုငေးကြည့်ရင်း..
"Karen..ငါမင်းအပေါ်ဘာတွေအမှားလုပ်မိလို့ ဒီလောက်မုန်းနေရတာလဲကွာ..."
YOU ARE READING
Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤
Ngẫu nhiênFic nameလေးအတိုင်းပါပဲ ဖတ်ပီးရင် nameလေးကူပီးစဥ်းစားပေးကြပါဦး... အဟား..စတာပါ.. လိုက်ပါစီးမျောပေးကြပါဦး.❤️ ဖတ်ရှုပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်.. [တကယ်လို့Fic nameလေးစဥ်းစားမိရင်လည်းပြောလို့ရတယ်နော်٩(๑'3`๑)۶❤️] Fic nameေလးအတိုင္းပါပဲ ဖတ္ပ...