Ep~12 Unicode

206 27 0
                                        

Sry For Late🙇‍♀️❤️

"သခင်.."
memoဘာကိုဆိုလိုတာမှန်းသူနားလည်တာမို့ခေါင်းငြိတ်ပြလိုက်ရင်း မျက်မှောင်ကြုံ့လိုက်သည်..
သူတို့တောင်ပေါ်မှာလူစိမ်းရောက်နေသည်..
ဘယ်လိုလူသားတွေကများအတင့်ရဲပီးသူ့ရဲ့တောင်ထိပ်ထိရောက်နေရတာလဲ..
တောင်ပေါ်ရောက်တော့ကျောက်ဂူမှာသူထားထားတဲ့အစီအရင်တွေကပျက်နေသည်..
လမ်းမှားပီးရောက်လာတဲ့သူတွေဖြစ်နိုင်တာမို့တောင်ပေါ်ထိရောက်နေတာကိုမအံ့သြမိပေမယ့် ခုက...
ဘယ်သူလဲ...ဘယ်လိုလူကများသူ့ရဲ့အစီအရင်ကိုဖျက်နိုင်ရတာလဲ...
မျက်မှောင်ကြုံ့သထက်ကြုံ့လာပီးကျောက်ဂူထဲကို၀င်လိုက်သည်...
ကျောက်ဂူထဲ၀င်၀င်ခြင်းပထမဆုံးမြင်လိုက်ရတာကသူ့ကိုကျောပေးပီးကျောက်ကုတင်ပေါ်မှာထိုင်နေတဲ့ကောင်လေးတစ်ယောက်...
ခေါင်းလေးကိုလည်းဟိုယမ်းလိုက်ဒီယမ်းလိုက်နဲ့တစ်ခုခုကိုစူးစမ်းနေပုံပေါ်သည်..
"အဟက်!အတင့်ရဲလိုက်တဲ့လူသား.."
သူ့ရဲ့အိပ်ယာထက်မှာတောင်ထိုင်၀ံ့တယ်ပေါ့လေ...
သူကုတ်အင်္ကျီကိုချွတ်ကာMemoထံပေးလိုက်ပီး မျက်စပစ်ပြလိုက်ကာထွက်သွားခိုင်းလိုက်သည်..
ထို့နောက်ထိုင်နေတဲ့ကောင်လေးထံလျှောက်သွားလိုက်ပီး..
"အဟက်!ကောင်လေး မင်းကသိပ်အတင့်ရဲပါ့လား...
ပိုင်ရှင်ကိုခွင့်မတောင်းပဲနေတဲ့အပြင်ပိုင်စိုးပိုင်နင်းနဲ့သူများအိပ်ယာပေါ်တောင်တက်နေလိုက်သေး...အဟက်!ဒီဘက်လှည့်လိုက်စမ်းပါဒီစုန်းအိုကြီးကဘယ်လိုလူမျိုးများလဲဆိုတာမြင်ချင်စမ်းပါဘိ.."
ကျောက်ဂူထဲထိထိုးဖောက်ဖြာကျနေတဲ့မနက်ခင်းနေရောင်အောက်မှာထ်ိုကောင်လေးရဲ့ရွှေအိုရောင်ဆံနွယ်လေးကလူးလွင့်လှုပ်ရှားသွားပီး အံ့သြနေတဲ့မျက်နှာလေးကသူ့ဘက်ကိုလှည့်ကြည့်လာသည်..
ခနဲ့တဲ့တဲ့စကားတွေထွက်လုဆဲဆဲသူ့နှုတ်ဖျားဟာလည်းထိုကောင်လေးကိုမြင်လိုက်ရသည့်တခဏအစရှာမရအောင်ပျောက်ကွယ်သွားတော့သည်..
ထိုခဏမှာပဲသူ့နှလုံးသားထံက၀ုန်းဒိုင်းကြဲခုန်လှုပ်နေတဲ့အသံတွေကကြောက်စရာကောင်းလောက်အောင်သူ့နားစည်ထိတောင်မှထိုးဖောက်၀င်ရောက်လာတော့သည်...
"Giyano?.."
ထိုတိတ်ဆိတ်နေတဲ့အခြေအနေလေးကိုစပီးဖြိုခွင်းလိုက်သူကErenဆိုတဲ့ကောင်လေး..
အဆက်မပြတ်ခုန်လှုပ်နေဆဲရင်ဘတ်ဘယ်ဘက်အခြမ်းကအကောင်ကိုလစ်လျူရှုလိုက်ရင်းမျက်မှောင်ကြုံ့လိုက်ကာ..
"မင်းကဘယ်လိုလုပ်ဒီရောက်နေတာလဲ.."
"Giyano..ဟုတ်တယ်မလား..ခများ ဟုတ်တယ်မလား.."
ထိုကောင်လေးကတော့သူ့ရဲ့အမေးစကားကိုအာရုံရပုံမပေါ်ပဲ အပြုံးလေးတစ်ပွင့်ကိုနှုတ်ခမ်းထက်ချိတ်ဆွဲပီးသူ့ထံပြေးလာသည်..
ထို့နောက်သူ့ပခုံးကိုလှမ်းဖက်လိုက်ပီး..
"Hey ခများဟိုတစ်ခါကကျွန်တော်လိုက်ပို့တာကိုမစောင့်ပဲဘာလို့ပြန်သွားတာလဲ...ခများကတော်တော်စိတ်မရှည်တဲ့လူပဲဗျာ..ကျွန်တော့်မှာခများကိုဆက်သွယ်ဖို့လိပ်စာလည်းမရှိ..ခများဘယ်မှာနေမှန်းလည်းမသိနဲ့ တကယ်ဗျာ..
ဒါပေမယ့်ကိစ္စတော့မရှိပါဘူး..အခုခများကိုပြန်တွေ့ပီဆိုတော့ခများရဲ့လိပ်စာကျွန်တော့်ကိုပေးထား..
အော်..ပီးတော့နောက်ခါခများပျောက်သွားတော့မယ်ဆိုရင်လည်းကျွန်တော့်ကိုသေချာပေါက်အသိပေးသွား.."
ရေပတ်မ၀င်တဲ့စကားတွေကိုတတွတ်တွတ်ပြောနေတဲ့ကောင်လေး..ပိုင်စိုးပိုင်နင်းနဲ့သူ့ကိုတောင်အသိပေးရဦးမယ်ဆိုပဲ..အဟက်!ဘယ်လိုတောင်ရယ်ချင်စရာကောင်းလိုက်တဲ့စကားလဲ..
ဒါပေမယ့် သူ့ရဲ့သစ္စာဖောက်နှလုံးသားဆိုတဲ့ကောင်ကတော့တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ခုန်မြည်နေတုန်းပဲ..
ဟုတ်တယ်..သူ့ကိုအသိမပေးပဲပရမ်းပတာခုန်မြည်နေတဲ့အတွက် သစ္စာဖောက်နှလုံးသားလို့ခေါ်တာ..
သူ့ပခုံးပေါ်တင်ထားတဲ့ထိုကောင်လေးရဲ့လက်ကိုဖယ်ဖို့လှမ်းလိုက်ပေမယ့်ထိုလက်လေးကိုထိတွေ့လိုက်မိပီးတဲ့နောက်မှာဖယ်ထုတ်မပစ်ချင်တော့ပဲသူ့လက်ဖ၀ါးထဲမှာပဲဆုပ်ကိုင်ထားလိုက်ချင်တော့တယ်..
နွေးထွေးတယ်...
သူ့ရဲ့အေးစက်စက်လက်ဖ၀ါးထဲမှာရောက်နေတဲ့ထိုလက်လေးရဲ့အထိအတွေ့ကသိပ်ကိုနွေးထွေးလွန်းတယ်..
ဒုတ်!ဒုတ်!ဒုတ်!
ကျစ်!ဘာဖြစ်ရပြန်တာလဲ..
သူဟာအသက်၆၀၀ကျော်နေတဲ့စုန်းအိုကြီးတစ်ယောက်ပါ..ဒီလိုမျိုးနို့နံ့တောင်စင်ပုံမရသေးတဲ့ကလေးတစ်ယောက်ရဲ့အထိအတွေ့မှာသာယာမိသွားတာလား..အဟက်!မဖြစ်န်ိုင်လိုက်တာ..
သူမျက်မှောင်ကိုပိုပီးကြုံ့လိုက်ရင်းထိုကောင်လေးရဲ့လက်ကိုဖယ်ချလိုက်ကာခန္ဓာကိုယ်ကိုလည်းထိုကောင်လေးနဲ့ဝေးဝေးကိုတိုးလိုက်သည်..
"မေးတာဖြေ.."
"အာ?.."
"မင်းဘယ်လိုလုပ်ဒီနေရာရောက်နေတာလဲ..ပီးတော့ဒီဂူထဲကိုဘယ်လို.."
ရောက်နေတာလဲဆိုတဲ့သူ့ရဲ့အမေးစကားကလေထဲမှာတင်တန့်သွားသည်..
အကြောင်းကတော့မေးနေရင်းနဲ့အဖြေကိုသူရသွားလို့ပဲ..
အငွေ့အသက်...ဟုတ်တယ်..ဒီကျောက်ဂူမှာချထားတဲ့အစီအရင်တွေကသူ့ရဲ့ကိုယ်ပိုင်အငွေ့အသက်ကိုသိတယ်..
ဟိုတလောကသူErenဆိုတဲ့ကောင်လေးနဲ့နီးနီးကပ်ကပ်နေခဲ့တာဆိုတော့ထိုကောင်လေးဆီမှာသူ့ရဲ့အငွေ့အသက်တချို့ကျန်ရှိနေမှာပဲ..
ဒါကြောင့်လည်းသူ့ရဲ့အငွေ့အသက်က်ိုမှတ်မိနေတဲ့ကျောက်ဂူကထိုကောင်လေးကိုလွယ်လွယ်ကူကူ၀င်ခွင့်ပေးလိုက်တာပဲ..
အဟက်!သိပ်ကိုရိုးရှင်းလွန်းတာပဲ..
သူဆိုတဲ့စုန်းအိုကြီးကနှစ်ပေါင်း၆၀၀ကျော်တစ်ယောက်တည်းနေလာတာမို့အသုံးမလိုတဲ့သူ့အတွက်အရေးမပါတဲ့မိတ်ဆွေဆိုတဲ့အရာတွေဘယ်တုန်းကမှမရှိခဲ့ဘူး..ခုတော့..
သူ့ရှေ့ကကောင်လေးထံအကြည့်ပို့လိုက်တော့ထိုကောင်လေးကပုံမှန်လိုပဲသူ့ကိုပြုံးပြလာပီး..
"ကျွန်တော် ဒီကိုKarenနဲ့အတူလာတာလေ..ခများသိပါတယ်..Karenက.."
ကောင်လေးရဲ့မျက်နှာထက်ကအပြုံးလေးကပိုမိုနူးညံ့စွာဖြစ်တည်လာပီး..
"သူကကျွန်တော့်အချစ်ဆုံးသူငယ်ချင်းလေ.."
"ဒါနဲ့ခများကရောဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ..တော်တော်တိုက်ဆိုင်တာပဲ..ဟေး..စဥ်းစားကြည့်ရင်တကယ်ကိုထူးဆန်းတယ်နော်..Huuriလိုမျိုးလူသိပ်မသိတဲ့နေရာမျိုးမှာခများနဲ့တွေ့ရတာဆိုတော့လေ..အဟား..ကံတရားကကျွန်တော်တို့ကစုံစည်းစေချင်သေးပုံပဲ.."
"ဟက်!"
ဘယ်လိုတောင်ရယ်စရာကောင်းလိုက်တဲ့ပြက်လုံးလဲ..ကံတရားတဲ့လား...
"ဒီမှာကောင်လေး.."
"Hey..Karenမြန်မြန်လာ..ငါဒီမှာမင်းကိုမိတ်ဆက်ပေးစရာရှိတယ်.."
သူပါးစပ်ဟတုန်းရှိသေး..Eren​ပြောလိုက်တဲ့စကားကြောင့်လှည့်ကြည့်လိုက်တော့
ကျောက်ဂူထဲကို၀င်လာပီးသူတို့ရှိရာလျှောက်လာတဲ့လူတစ်ယောက်....
"Erenဘယ်သူလဲ.."
ထိုကောင်လေးကခူးလာတဲ့မက်မွန်သီးတချိူ့ကိုစားပွဲပေါ်တင်လိုက်ရင်း..သူ့ထံအကြည့်ပို့လာပီး..Erenကိုမေးလိုက်သည်..
ဘယ်လိုတောင်ရဲတင်းတဲ့ကောင်လေးလဲ..သူများပိုင်နက်မှာခွင့်ပြုချက်မရှိပဲနေရုံမကအသီးတွေကိုတောင်အေးအေးဆေးဆေးခူးလာသေး
ပီးတော့အကြည့်တွေကလည်းစူးရဲနေတာပဲ...
သဘောမကျဘူး..ဒီလိုကလေးတွေဆိုတစ်စက်လေးမှကိုသဘောမကျတာ...
"သူကငါ့မိတ်ဆွေGiyanoလေ..ဟိုတစ်ခါငါမင်းကိုအပြင်ထွက်လည်ဖို့ခေါ်တာတကယ်တော့Giyanoနဲ့တွေ့ရအောင်လို့..Giyanoကတကယ်တော်တဲ့မျက်လှည့်ဆရာကွ.."
"မျက်လှည့်ဆရာ?.."
သူမျက်ခုံးတစ်ချက်ပင့်လိုက်ပီးGiyanoဆိုသောလူကိုကြည့်လိုက်သည်..
ထိုလူကလည်းသူ့ကိုစိုက်ကြည့်နေသည်..
ရွှေရောင်အနားကွပ်ထားတဲ့မျက်မှန်အောက်ကအစိမ်းရောင်မျက်၀န်းတွေကမာနကြီးမှုနဲ့အထက်စီးဆန်မှုအပြည့်..
တင်းတင်းစေ့ထားတဲ့နီစွေးစွေးနှုတ်ခမ်းကအေးစက်စက်ရေခဲလွှာတွေနဲ့ပိတ်ဆို့ထားသည့်အတိုင်း..
တစ်ကိုယ်လုံးအနက်ရောင်အတိ၀တ်ထားတဲ့ထိုလူကတော်တော်တော့ချောမောပေမယ့်ကြောက်စရာလည်းကောင်းသည်..
ဘာပဲဖြစ်ဖြစ်Erenမိတ်ဆွေဆိုမှတော့သူလည်းလက်တစ်ဖက်လှမ်းပေးလိုက်ရင်း..
"ကျွန်တော့်နာမည်Karenပါ.."
ဒါပေမယ့်ထိုလူ့ရဲ့အကြည့်ကတော့သူ့ထံမရှိတော့ပဲအခုမှဂူပေါက်၀ကိုရောက်လာတဲ့Arbishထံရောက်သွားပီး..
အစိမ်းရောင်မျက်၀န်းတွေကပိုပီးစူးရဲသွားကာသူ့အမြင်မမှားဘူးဆိုရင်ထိုလူ့ရဲ့အေးစက်စက်နှုတ်ခမ်းထက်မှာသရော်ပြုံးတစ်ခုကိုသူမြင်လိုက်ရသလိုပဲ...
"King Arbish..အဟက်!.."
သေချာပေါက်ပေါ့..ထိုလူ့ရဲ့နှုတ်ဖျားကနေအတိအကျကြီးကိုArbishရဲ့နာမည်ကြီးထွက်လာသည်..ဒါဆိုထိုလူက...
Arbishကအခုမှမြင်သွားပုံရပီးထိုလူ့ကိုအေးစက်စက်စိုက်ကြည့်နေပုံကArbishသာနဂါးဆိုရင်ထိုလူတော့ပြာမှုန့်ဘ၀ပြောင်းသွားတာကြာလောက်ပီ..
ဒါပေမယ့်ထိုလူကတော့Arbishရဲ့အကြည့်တွေကိုဂရုစိုက်ပုံမရပဲခပ်လှောင်လှောင်အပြုံးက်ိုသာထီမထင်ဟန်ချိတ်ဆွဲရင်း..
"အဟက်!ကြည့်ရတာကျိန်စာမပြယ်သေးဘူးထင်ပါရဲ့.."
သူarbishကိုရင်ခွင်ထဲဆွဲပွေ့လိုက်ရင်းထိုလူ့ရဲ့အကြည့်အောက်ကနေရှောင်ဖယ်စေလိုက်သည်..
သူသိတယ်..Arbishကစစ်ဧကရာဇ်တစ်ပါး..ပီးတော့ထိုလူ့ကိုလည်းကြောက်နေမှာမဟုတ်ဖူးဆိုတာ...ဒါပေမယ့်..Arbishကိုကျိန်စာတိုက်ထားတဲ့ဒီလူကိုသူသဘောမကျဘူး..
တင်းမာနေတဲ့အခြေအနေမှာခေါင်းကိုဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့နားမလည်နိုင်ဖြစ်နေရှာတဲ့တစ်ယောက်တော့ရှိနေလေရဲ့..
နောက်ဆုံးမှာတော့ထိုလူကမနေနိုင်စွာထုတ်မေးလာတော့သည်...
"Karen..ဘာတွေဖြစ်နေတာလဲ..မင်းတို့ကအရင်ကတည်းကသိကြတာလား..ပီးတော့ဘာ..ကျိန်စာ?ဧကရာဇ်?အဟား..ဘာတွေလဲ..မင်းတို့ဇာတ်လမ်းရိုက်နေကြတာလား.."
Erenအမေးကိုသူဂရုမစိုက်အားရင်ခွင်ထဲကArbishကသူ့ကိုကြည့်လာပီးတစ်ဖန်စုန်းအိုကြီးဆိုတဲ့လူကိုစိုက်ကြည့်နေပြန်သည်..
ကြည့်ရတာArbishကစုန်းအိုကြီးနဲ့နှစ်ယောက်တည်းစကားပြောချင်ပုံပဲ..
သူArbishကိုအောက်ချလိုက်ကာကြောင်တောင်တောင်ဖြစ်နေဆဲErenလက်ကိုဆွဲပီးဂူအပြင်ကိုထွက်ခဲ့လိုက်သည်..
****************************
ကျောက်ဂူအပြင်ကိုထွက်သွားတဲ့ကောင်လေးကိုကြည့်ပီးပြန်လှည့်လာတော့သူ့လည်ပင်းထံမှာထောက်ထားတဲ့အေးစက်စက်အထိအတွေ့တစ်ခု..
ပီးတော့..ရဲရဲနီနေတဲ့ဇာမဏီမျက်၀န်းတွေနဲ့လူ..
ဧကရာဇ်Arbishကကျိန်စာဖြေလို့ရသွားပီလား...
သူ့အတွေးတွေကိုသိတဲ့အလားဖြေလာတဲ့အေးစက်စက်အသံတစ်ခု..
"အဟက်!ကျိန်စာကိုမဖြေနိုင်သေးပေမယ့်ဒီလိုပြောင်းဖို့အတွက်တော့ကိုယ်တော့်မှာနည်းလမ်းတွေရှိပါသေးတယ်.."
"ဆိုတော့..ကျိန်စာမဖြေနိုင်သေးဘူးပေါ့.အဟက်!"
"ပြော!မောင်မင်းကျိန်စာဖြေနည်းကမှားယွင်းနေတာလား.."
သူ့လည်ပင်းထံဓားကိုပိုမိုတိုးကပ်လိုက်တော့အေးစက်စက်အထိအတွေ့နဲ့အတူစူးခနဲနာကျင်မှုကိုခံစားလိုက်ရသည်..
သွေးစတစ်ချို့ကပေါက်ခနဲအောက်ကိုလိိမ့်ဆင်းသွားတော့သူမျက်မှောင်ကြုံ့လိုက်ရင်း..
သူဆိုတဲ့Giyanoကသွေးထွက်ရတာကိုလုံး၀သဘောမကျဘူး ပီးတော့ဘယ်သူမှလည်းသူ့ကိုသွေးထွက်အောင်မလုပ်၀ံ့ဘူး..
လက်ထဲကအနက်ရောင်တောင်ဝှေးကလက်ခနဲဖြစ်သွားပီး Redinနဲ့တိုက်ခိုက်တော့သည်..
တချွင်ချွင်မြည်နေတဲ့တိုက်ခိုက်သံတွေအဆုံးမှာသူ့ရဲ့တောင်ဝှေးကလွင့်စင်သွားပီးကျောက်ဂူနံရံနဲ့တိုက်မိသွားသလိုသူကိုယ်တိုင်လည်းသွေးတစ်ပွက်ကိုအန်ထုတ်မိသွားသည်..
သွေးထွက်ရတာသဘောမကျတဲ့သူကဒီနေ့ကျမှသွေးထွက်ရတဲ့အခြေအနေတွေနဲ့ကြုံနေရပါ့လား..အဟက်!
နှုတ်ခမ်းထောင့်မှာပေနေတဲ့နီရဲရဲသွေးစတချို့ကအမည်မသိဂါထာမန္တန်ရေရွတ်မှုအောက်မှာချက်ချင်းဆိုသလိုပျောက်ကွယ်သွားတော့သည်..
လက်နဲ့သုတ်လိုက်ရင်တောင်ပျောက်ကွယ်သွားနိုင်တဲ့သွေးစတွေကိုဂါထာတချို့မန်းမှုတ်လိုက်ပီးပျောက်စေတဲ့အထိသူကညစ်ပတ်တဲ့သွေးတွေကိုသဘောမကျဘူး...
"အဟက်!ကျိန်စာမပြယ်သေးတာတောင်မှာဧကရာဇ်ကတော်တော်အစွမ်းထက်လာတာပဲ.."
"ဟက်!ကိုယ်တော်ကပဲအစွမ်းထက်လာတာလား မောင်မင်းကပဲအသက်ကြီးလာလို့စွမ်းအားတွေလျော့နည်းကုန်တာလား...."
"ထားပါ..အရေးမပါတာတွေအတွက်အချိန်ကုန်မခံနိုင်ဘူး..ပြော!မောင်မင်း..ကိုယ်တော့်ကိုပြောထားတဲ့ကျိန်စာဖြေတဲ့နည်းလမ်းကမှားနေတာမလား.."
"ဧကရာဇ်..သင်ဘာကိုဆိုလိုတာလဲကျွန်ုပ်နားမလည်ဘူး..အခုချိန်မှာကျွန်ုပ်နဲ့တိုက်ခိုက်နေမယ့်အစား..အသင့်ရဲ့ကျိန်စာကိုသွားဖြေနေရင်သင့်အတွက်ပိုကောင်းလိမ့်မယ်.."
ထို့နောက်မျက်မှန်အောက်ကအေးစက်စက်မျက်၀န်းတွေထဲမှာလှောင်ပြောင်ဟန်အထင်းသားနဲ့စိုက်ကြည့်လာပီး..
"မြောက်မြားစွာသောတိုက်ပွဲတွေကိုအောင်နိုင်ခဲ့တဲ့စစ်ဧကရာဇ်တစ်ပါးကနှစ်ပေါင်း၅၀၀ကြာသွားတာတောင်မှမိန်းကလေးတစ်ယောက်ရဲ့အချစ်စစ်ကိုမရသေးဘူးဆိုပဲ..အဟက်!သနားစရာကောင်းလိုက်ပါဘိ!.."
အနည်းငယ်တုန်လှုပ်သွားပုံရတဲ့ဧကရာဇ်ကိုကြည့်ပီးခပ်ဟဟရယ်လိုက်ကာကျောက်ဂူရှေ့ကိုထွက်ခဲ့လိုက်သည်..
**********************************
"Karen..Karen..ဘာတွေဖြစ်နေတာလဲ..ငါတကယ်တစ်ခုမှနားမလည်တော့ဘူးကွာ.."
အခုချိန်မှာErenကိုပြန်ဖြေလိုစိတ်ရှိမနေ..အထဲကစုန်းအိုကြီးကArbishကိုတစ်ခုခုလုပ်ပစ်လိုက်မှာပဲသူစိုးရိမ်နေသည်..
"Karen.."
"ကျစ်!..ဘာမှမဟုတ်ဖူး..ဒီတိုင်း..လျှောက်စနေတာ.."
"လျှောက်စတာ?"
မဖြစ်နိုင်ဘူး..Karenရော Giyanoရောကသူများကိုလျှောက်စနေမယ့်သူတွေမှမဟုတ်တာ..
ဒါပေမယ့်..သူတို့ပြောတဲ့ဧကရာဇ်တို့ ကျိန်စာတို့ဆိုတာကလည်းယုတ္တိမှမရှိတာ..ထားတော့..karenကိုမေးရင်လည်းဖြေမယ့်ပုံမပေါ်တာမို့သူနောက်မှတိတ်တိတ်လေးစုံစမ်းဖို့စဥ်းစားထားလိုက်သည်..
သူပြောလိုက်တာကိုယုံသွားလားမသိတဲ့Erenကတော့နောက်ထပ်အမေးစကားထပ်မဆိုလာတော့ပေ...
ခဏနေတော့ ကျောက်ဂူထဲကနေထိုစုန်းအိုကြီးဆိုတဲ့သူထွက်လာသည်..Arbishတော့ပါမလာ..
သူလည်းဘာမှစဥ်းစားမနေတော့ကျောက်ဂူထဲကိုပြေး၀င်လာခဲ့သည်..
"ဟက်!ဘယ်လိုတောင်ရိုင်းစိုင်းလိုက်တဲ့လူတွေလဲ.."
ပိုင်ရှင်ဖြစ်တဲ့သူ့ကိုခွင့်တစ်ချက်တောင်မတောင်းပဲကျောက်ဂူထဲကိုစွတ်ခနဲပြေး၀င်သွားတာ..
သူ့ဘေးကနေ​အထဲကိုပြေး၀င်သွားတဲ့ကောင်လေးကိုလှည့်ကြည့်လိုက်ပီးဟက်ခနဲတစ်ချက်ရယ်လိုက်ရင်းရှေ့လှည့်လိုက်တော့ ဘယ်ကတည်းကသူ့ရှေ့ရောက်နေလဲမသိတဲ့Eren..
ထိုကောင်လေးကတော့ထုံးစံအတိုင်းအပြုံးလေးတစ်ပွင့်ကိုချိတ်ဆွဲရင်း..
"Giyano.."
******************************



















Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤Where stories live. Discover now