Ep~16 Unicode

131 20 0
                                        

"ကောင်လေးမလာသေးဘူးလား.."
အခုထိမလာသေးဘဲနောက်မှာရပ်နေတဲ့ကောင်လေးကိုသူလှည့်ကြည့်ပီးပြောလိုက်တော့..
"လာပီYaYa.."
ဆိုပီးပြေးလာသည်..
YaYaတဲ့လား..သူမျက်မှောင်တစ်ချက်ကြုံ့လိုက်ရင်း
"ကလေးကလားနဲ့.."
"မြန်မြန်လာတော့..ခဏနေမိုးချုပ်တော့မှာ ဘာလို့အဲ့လောက်တောင်နှေးနေရတာလဲလူငယ်ဖြစ်ပီး.."
"Ya Yaကလည်းဗျာ.."
သူစိုက်ကြည့်လိုက်တော့မှ..
"အဟမ်း..Giyano ခများကလည်းဗျာ..စိတ်ကြီးပဲ..ဒေါသလေးနည်းနည်းလောက်လျှော့ဟုတ်ပီလား"
"ဘာ!ကောင်လေး.."
"ကဲ အခုလည်းကြည့် အသက်ကဖြင့်ကျွန်တော်နဲ့ကွာလှ၄ ၅ ၆နှစ်ပေါ့ဗျာ..ဘာကောင်လေး ကောင်လေးလဲ မသိရင်ဘိုးတော်ကြီးစတိုင်နဲ့...
ကျစ်!မျက်မှောင်ကြီးကြုံ့မထားစမ်းပါနဲ့ဗျာ..အတည်ပြောတာ ခများဒီလိုပုံနဲ့ဆိုဘယ်သူမှကြိုက်မှာမဟုတ်ဖူး ကျွန်တော်ပြောတာယုံ.."
ပြောယုံတင်မဟုတ်ပဲ သူ့ရဲ့ကြုံ့ထားတဲ့မျက်ခုံးနှစ်ဖက်ကိုပါလက်နဲ့လာဖြေလေသည်..
ဒီကောင်လေးဟာလေ သူ့ကိုဆိုမလေးမစားနဲ့..
သူ့ကိုတော့အဘိုးကြီးနဲ့တူတယ်လေးဘာလေးနဲ့သူကသာအဘိုးကြီးအတိုင်းပဲစကားတွေများနေတာ..
ထို့နောက်သူ့ပခုံးကိုလာဖက်ပီး..
"ဒီမှာကျွန်တော်ပြောမယ်အကိုကြီး..မိန်းကလေးတွေဆိုတာအဲ့လိုမျိုးအမြဲတမ်းမျက်မှောင်ကြုံ့နေတဲ့သူတွေကိုမကြိုက်ဖူးဗျ..အကိုကြီးကချောပါတယ်..ဒါပေမယ့်မိန်းကလေးတွေအကြောင်းနားမလည်သေးဘူး..."
ထို့နောက်သူ့ရင်ဘက်ကိုသူလက်နဲ့ပုတ်လိုက်ရင်း"
ကိစ္စတော့မရှိပါဘူး..ကျွန်တော်တစ်ယောက်လုံးရှိနေတာပဲ..တစ်နေ့အကိုကြီးသဘောကျတဲ့သူကိုတွေ့တဲ့အခါကျွန်တော့်ကိုပြော ကျွန်တော်အကိုကြီးကိုကူညီပေးမယ်ဟုတ်ပီလား."
"မလိုဘူး...မင်းလက်ဖယ်..အကြီးကိုမလေးမစားနဲ့.."
"ဟမ်.."
"Giyano..အကိုကြီး..ကျွန်တော့်ကိုစောင့်ဦးလေဗျာ.."
တကယ်ပါပဲ ဒီလူကတော့ကယ်လို့မရတော့ဘူး..
***********************************
"ဒီကောင်လေးကတစ်နေ့တစ်ခြားရဲတင်းလွန်းအားကြီးနေပီ.."
ဆိုးလွန်းတယ်...သိပ်ကိုဆိုးလွန်းတယ်..
ပီးတော့မလေးမစားလည်းလုပ်လွန်းတယ်..
တစ်နေ့နေ့တော့ဒီGiyanoဆိုတဲ့ကြောက်စရာကောင်းတဲ့စုန်းအိုကြီးအကြောင်းသိအောင်ပြရမယ်..(စောင့်နေပါပီနော်><)
ကျစ်..အခုလည်းမလာသေးပြန်ဘူး..
"Eren..မြန်မြန်မလာသေး.."
သူနောက်လှည့်ကြည့်လိုက်တော့ ကောင်လေးကမရှိတော့..
"Eren..Eren...ကောင်လေး မင်းဘယ်မှာလဲ.."
"Eren..လျှောက်နောက်မနေနဲ့တော့.."
"ကောင်လေး.. မင်း ဘယ်မှာလဲ..Eren..Eren ထွက်ခဲ့တော့ မှောင်နေပီ.."
ကောင်းကင်ကြီးကိုကြည့်လိုက်တော့ကြယ်ရောင်ဖြဖြတောင်ထွက်နေပီ..
တိတ်ဆိတ်နေတဲ့တောထဲမှာသူတစ်ယောက်တည်း..
၀ှီးခနဲဖြတ်တိုက်သွားတဲ့လေကလက်မောင်းထက်စိမ့်ခနဲ..
ကောင်လေးဘယ်ရောက်သွားတာလဲ..တစ်ခုခုများဖြစ်နေပီလား..
ကြောက်စရာကောင်းတဲ့အတွေးတွေကခေါင်းထဲ၀င်လာတော့နှလုံးခုန်သံတွေကဒိန်းကနဲစောင့်တက်လာသည်..
တကယ်လို့..တကယ်လို့Erenသာတစ်ခုခုဖြစ်သွားခဲ့ရင်...
မဟုတ်ဖူး..ဘာမှဖြစ်မှာမဟုတ်ဖူး..
မကောင်းတဲ့အတွေးတွေကိုမောင်းထုတ်လိုက်ပီးပတ်ပတ်လည်ကိုလိုက်ရှာကြည့်လိုက်ပေမယ့်ကောင်လေးရဲ့အရိပ်အယောင်ကိုတောင်မတွေ့..
"Eren..Er..en မင်းဘယ်မှာလဲ.."
ကိုယ်တိုင်တောင်သတိမထားမိပါပဲအသံတွေတောင်တုန်လှုပ်နေမိသည်အထိသူထိုကောင်လေးကိုစိတ်ပူနေမိသည်..
"Eren..Er.."
"woahh!!!အဟား..Giyano ခများလန့်သွားတယ်မလား..တကယ်ကိုကလေးကြီးကျလို့ဗျာ..ဘာတွေဒီလောက်ကြောက်နေတာလဲ.."
"Eren..မင်း..Eren!!!.."
"ဟမ်.."
"အ့.."
သူErenနောက်ကမြွေကိုလက်နဲ့ဆွဲဖယ်လိုက်တော့အဆိပ်ရှိပါသောထိုအကောင်ရဲ့အစွယ်ကသူ့လက်မှာစိုက်ခနဲ...
​ခေါင်းကနေကိုင်ပီး လွှင့်ပစ်လိုက်တော့မြွေကအဝေးကိုလွင့်စင်သွားပီးမြက်ခင်း​ကြားထဲလျှောခနဲတိုးပီးပျောက်သွားတော့သည်..
"Giyano..Giyano..."
သူ့ဆီကိုလာနေတဲ့ကောင်လေးရဲ့ပုံရိပ်က၀ိုးတို့၀ါးတား..ခေါင်းထဲကလည်းပြာနေပီးမူးလာသည်..
ကျစ်!သူ ဂါထာရွတ်လိုက်ပီးမြွေကိုဖယ်လိုက်လို့ရပေမယ့် အဲ့ဒီအချိန်တုန်းကသူ့စိတ်ထဲမှဘာမှမမြင်နိုင်တော့ ကောင်လေးတစ်ခုခုဖြစ်သွားမှာကြောက်ပီးလုပ်မိလုပ်ရာလက်နဲ့ဆွဲပစ်လိုက်မိတာ
အဟက်!Giyanoဆိုတဲ့သူကဘယ်လောက်တောင်သွေးထွက်ရမှာကိုမုန်းလိုက်သလဲလေ..
ဦးနှောက်မဲ့လိုက်လေခြင်းGiyano...
"Giyano..ခများအဆင်ပြေရဲ့လား..ကျွန်တော်..ကျွန်တော်တောင်းပန်ပါတယ်..ကျွန်တော်တကယ်တောင်းပန်ပါတယ်..Karen..ဟုတ်တယ် Karenဆီမှာဆေးတွေပါတယ်..လာ..Giyanoထ ကျွန်တော်တို့Karenဆီအမြန်သွားရအောင်နော်..ခများဘာမှမဖြစ်စေရဘူး.."
သူ့လက်ကိုအတင်းလာဆွဲပီးထစေတဲ့​ကောင်လေးကိုတွန်းဖယ်လိုက်ပီး..
"မလိုဘူး.."
"Giyano!!ခများသိပ်ကိုသတ္တိကောင်းနေတယ်ပေါ့ဟုတ်လား..သေသွားလိမ့်မယ်ဗျ..နားလည်လား..မဟုတ်တာခေါင်းမာမနေနဲ့.."
"ဟမ်.."
ဒီကောင်လေးကသူ့ကိုအော်လိုက်တာလား..
သူသိတဲ့Erenဆိုတဲ့ကောင်လေးကသူတစ်ပါးကိုအော်ဖို့မပြောနဲ့အမြဲတမ်းအပြုံးလေးနဲ့ဆက်ဆံတတ်တဲ့ကောင်လေးမျိုး..အခုလိုအော်ရသည်အထိတောင်သူ့ကိုစိတ်ပူနေတာလား....
Erenသူ့ကိုစိတ်ပူနေသည်ဆိုတဲ့အတွေးမျိုးတွေးမိတော့နှလုံးသားထဲမှာနွေးခနဲ..
"sry..ကျွန်တော်ခများကိုစိတ်ပူလို့အော်မိသွားတာပါ..တောင်းပန်ပါတယ်..Giyano ကျွန်တော်တို့Karenဆီသွားရအောင်လေ..နော်.."
တတ်လည်းတတ်နိုင်တဲ့ကောင်လေးစောစောကအော်လိုက်တာသူမဟုတ်တဲ့အတိုင်းအခုတော့မျက်နှာငယ်လေးနဲ့...
မြွေကအဆိပ်မရှိပါဘူး..ဒီတိုင်းခေါင်းမူးတာလောက်ပါပဲ..ပီးတော့အဆိပ်ရှိတယ်ဆိုရင်တောင်မှသူဘာမှဖြစ်မှာမှမဟုတ်တာ...
ဒီကောင်လေးကအလကားလာစိတ်ပူနေတာ..
ဒါပေမယ့် သူ့စိတ်ထဲမှာတော့အတော်လေးကိုကျေနပ်နေမိသည်..
"မလိုဘူး..ငါအဆင်ပြေ..Eren..ကောင်လေး မင်းဘာလုပ်တာလဲ..ပြန်ချ!!!.."
"တိတ်တိတ်နေ မဟုတ်ရင်ခများကိုကျွန်တော်ပစ်ချပစ်မှာ.."
"ကျစ်!မဟုတ်ဖူး..မြွေကိုက်ခံရတာလက်လေ..မင်းကဘာလို့ငါ့ကိုကျောပိုးနေတာလဲ..ကောင်လေးငါပြောနေတယ်!!.."
"ကျွန်တော်သိတယ်..မြွေကိုက်ခံရရင်မူးတတ်တယ်တဲ့ အဲ့တော့ခများလမ်းလျှောက်နိုင်မှာမဟုတ်ဖူး..အဲ့တာကြောင့်ကျွန်တော်ခများကိုကျောပိုးပီးသွားမှရမှာ.."
"ကျစ်!မလိုဘူးလို့ပြောနေတယ်..ငါဘာမှမဖြစ်ဖူး.."
"ကောင်လေး ငါပြော.."
"Giyano...ကျေးဇူးပြု၍..ကျေးဇူးပြု၍ငြိမ်ငြိမ်လေးသာလိုက်ခဲ့ပေးပါဗျာ..ကျွန်တော်တကယ်စိတ်ပူနေလို့ပါ.."
"ငါ..ကျစ်!ဘာမှမဖြစ်ပါဘူးဆိုကွာ..."
ထို့နောက်ဘာစကားမှထပ်ဆိုမလာတော့ဘဲတိတ်တိတ်လေးသူ့ကျောကိုမှီပီးနေနေတဲ့Giyanoကြောင့်သူတစ်ချက်ပြုံးလိုက်မိရင်း Karenဆီအမြန်သွားဖို့ဦးတည်လိုက်သည်..
ထိုအချိန်မှာErenကျောပေါ်ကကြောက်စရာကောင်းတဲ့စုန်းအိုကြီးGiyanoကတော့စိတ်ထဲမှာအတွေးတစ်ခုပဲရှိတော့သည်..
သွားပါပီ...သူ့ရဲ့သိက္ခာတွေတော့ကုန်ပါပီ..
နှစ်ပေါင်း၆၀၀ကျော်တောင်သက်တမ်းရှိပီဖြစ်တဲ့စုန်းအိုကြီးကမြွေကိုက်ခံရလို့လူသားကောင်လေးတစ်ယောက်ကကျောပိုးတာကိုခံလိုက်ရတယ်တဲ့...
ပီးတော့မြွေကလည်းအဆိပ်မရှိတဲ့မြွေတဲ့လေ..
ရှက်စရာကောင်းလိုက်ပါဘိ..ရှက်စရာကောင်းလိုက်ပါဘိ.....
**************************
"Eren..မင်းတို့ဘာဖြစ်လာတာလဲ.."
Erenကသူ့အမေးကိုတောင်မဖြေအားဘဲ စုန်းအိုကြီးကိုအထဲထဲထိကျောပိုးသွားပီးမှကုတင်ပေါ်ချလိုက်ကာတစ်ခုခုကိုအလောတကြီးရှာနေလေသည်....အင်း..ကုတင်ပေါ်မှာထိုင်နေတဲ့စုန်းအိုကြီးကတော့ခေါင်းကိုတစ်ဖက်ကိုသာဇက်ကျိုးမတက်စောင်းထားလေရဲ့..
သူတို့တွေဘာများဖြစ်ခဲ့ကြတာပါလိမ့်..
"Karen..ဆေးအိတ်.."
"ဟမ်.."
"ကျစ်!ဆေးအိတ်ဘယ်မှာလဲလို့.."
"အာ..ခဏ..ငါရှာပေးမယ်.."
သူလည်းမီးမွှေးနေရာကနေထလိုက်ပီး လွယ်အိတ်ထဲကဆေးအိတ်ကိုထုတ်ပေးလိုက်သည်...
"ရော့..Eren..မင်းတို့ဘာဖြစ်လာတာလဲ ချော်လဲလာတာလား.."
"မဟုတ်ဖူး..မြွေကိုက်ခံရတာ.."
"မြွေကိုက်ခံရတာ!!!..ဒါဆိုမင်းရှေးဦးသူနာပြုနည်းနဲ့အရင်မလုပ်ခဲ့ပဲ..ဒီအထိကျောပိုးပီးပြေးလာတာလား.."
သာမန်လူသာဆိုသေနေလောက်ပီ...
"ဟမ်..ငါ..ငါမေ့သွားတာ မင်းဆီမှာဆေးအိတ်ပါတယ်ဆိုပီးပြေးလာတာ.."
"ဘာတွေပွစိပွစိတွေပြောနေကြတာလဲ..ဖယ်တော့..ငါပြန်တော့မယ်.."
"မရပါဘူး..ခများမြွေကိုက်ခံထားရတာ..ပီးတော့ဒီနေရာကခများနေရာပဲလေ ဘယ်ကိုသွားချင်သေးတာလဲ.."
"ကျစ်!ငါဘာမှမဖြစ်ဖူး..မင်းတို့ရဲ့ဆေးတွေလည်းမလိုဘူး..ဖယ်တော့.."
"မရဘူး..ခများဘယ်မှမသွားရဘူး.."
"ကောင်လေး..ငါစကားတစ်ခွန်းကိုနှစ်ခါမပြောချင်ဘူး ဖယ်.."
"မဖယ်ဘူး.."
"Erenဖယ်လိုက်ပါကွာ..သူဘာမှမဖြစ်ဖူးလို့ပြောနေတာပဲ..ပီးတော့သူ့ပုံစံကြည့်ရတာတစ်ခုခုကိုအလောတကြီးလုပ်စရာရှိနေတဲ့ပုံပဲ.."
"ကျစ်!ဘယ်လောက်အရေးကြီးကြီးအသက်လောက်အရေးကြီးမှာမလို့လား..Karenမင်းမသိဘူးဒီလူကြီးကခေါင်းအရမ်းမာတာ...Giyano ခများဘယ်မှမသွားရ..ဟမ်.. Giyano!!Giyano ပြန်လာခဲ့.."
သူတို့နှစ်ယောက်စကားပြောနေတုန်းGiyanoကလှစ်ခနဲပျောက်သွားလေပီ..သူဂူအပြင်ကိုအမြန်လိုက်ကြည့်ပေမယ့်Giyanoကအစအနတောင်ရှာမရတော့..
"ကျစ်!ဒီလူကြီးကတကယ်မြန်တာပဲ.."
ဒီလောက်တောင်ပြေးနိုင်တာဆိုတော့ တကယ်ပဲဘာမှမဖြစ်ဖူးများလား..အင်း...သူပဲအစိုးရိမ်လွန်နေမိတာလား...
ကျောက်ဂူထဲကိုခေါင်းငိုက်စိုက်နဲ့ပြန်လာတဲ့Erenကိုကြည့်ကာ..
"Erenရာ..မင်းကြည့်ရတာတကယ်ကိုစိုးရိမ်နေတဲ့ပုံပဲ..ငါ့ကိုယုံသူဘာမှမဖြစ်ဖူး.."
"အင်း.."
ထို့နောက်ကျောက်ကုတင်ထက်လှဲလိုက်ရင်းသူ့ဘက်မျက်နှာမူလာကာ..
"Sry..Karenငါထင်းမရှာခဲ့ရဘူး.."
"ရပါတယ်..မနေ့ကထင်းတွေကျန်သေးတယ်.."
"အင်း...ဒါနဲ့၀တုတ်လေးရောမမြင်ပါ့ပဲ မှောင်တောင်မှောင်နေပီ ဘယ်သွားနေတာလဲ.."
"မင်းတို့ပြန်မလာသေးလို့လေ..ငါသူ့ကိုသွားရှာခိုင်းထားတာ.."
"ဟမ်..ဟေး..မင်း၀တုတ်လေးကိုတစ်ကောင်တည်းလွှတ်လိုက်တာလား..ပီးတော့ကြောင်တစ်ကောင်ကဘယ်လိုလုပ်မင်းပြောတာကိုနားလည်မှာလဲ..သွားရအောင် Karen ၀တုတ်လေးလမ်းပျောက်နေလိမ့်မယ်.."
"ပူမနေနဲ့ သူဘာမှဖြစ်မှာမဟုတ်ဖူး.."
"ဒါပေမယ့်..."
"မြှောင်.."
သူတို့ပြောနေတုန်းရှိသေးဂူထဲကို၀င်လာတဲ့၀တုတ်လေး..
တစ်ကိုယ်လုံးလည်းရွှံ့တွေပေနေပီး မည်းတူးနေသည်..
"ခွီး.."
"မြှောင်.."(မောင်မင်းဘာရယ်တာလဲ..)
သူ့ကိုကြည့်ပီးရယ်နေတဲ့Karenနားသွားလိုက်တော့..
"ဟေး..ငါ့နားမကပ်နဲ့နော် မင်းကရွှံ့တွေနဲ့ ခွီး..ဘယ်ဗွက်ထဲချော်လဲလာတာလဲ.."
"မြှောင်.."(အဲ့တာမောင်မင်းကြောင့်လေ..)
သူပဲကိုယ်တော့်ကိုအတင်းစုန်းအိုကြီးတို့ကိုသွားရှာခိုင်းပီး..
မှောင်နေတာက​တကြောင်း...ဟိုဟိုဒီဒီစိတ်ရှုပ်စရာကောင်းတဲ့ပုရစ်သံတွေကတကြောင်း..
ဒီ၀တုတ်တုတ်ခန္ဓာကိုယ်ကြီးကိုသယ်နေရတာကတကြောင်း...သွားရင်နဲ့ဗွက်အိုင်ထဲမှောက်လဲသွားတာများ ဗွမ်းခနဲ..
အခုလည်းကိုယ်တော့်ကိုအနားအကပ်မခံတဲ့အပြင်ရယ်နေသေးတယ်
Karen..ဒီကောင်လေးကိုအပြစ်ပေးမှရတော့မယ်..
"သွားသွား..Ar..အဟမ်း..၀တုတ်လေးရေသွားချိုးလိုက်..ပီးမှအထဲပြန်၀င်ခဲ့.."
"မြှောင်..."(ဒီလောက်ရာသီဥတုအေးနေတာကို Karen မောင်မင်း!!)
"Karenကလည်းကွာ စမနေနဲ့တော့ ဒီလောက်အေးနေတာကို ဘယ်လိုလုပ်ရေချိုးခိုင်းနေတာလဲ..မနက်မှရေချိုးပေးလိုက်တော့.."
"စနေတာ??ဘယ်သူလဲ ငါလား..မစပါဘူး..ငါအတည်ပြောနေတာ..ပီးတော့ဒီလောက်ညစ်ပတ်ပေတူးနေတာကြီးနဲ့အတူတူမအိပ်ချင်ပါဘူး..ဘာလဲ Eren မင်းရောအိပ်ချင်တယ်လို့တော့မပြောနဲ့နော်.."
"အမ်..အဟမ်း..သွား..၀တုတ်လေးမင်းသခင်ပြောတဲ့အတိုင်းရေသွားချိုးလိုက် ပီးရင်ဒီကိုကိုကနွေးအောင်ဖက်အိပ်ပေးမယ်နော်.."
ညစ်ပတ်ပေတူးနေတာကြီးbe like(=_=)))
သူတို့ပြောတာကိုနားလည်လားတော့မသိ၀တုတ်လေးကအပြင်ကိုလုံးလုံးလုံးလုံးနဲ့ထွက်သွားတာများနောက်တောင်ပြန်လှည့်မကြည့်သွား
အင်း..ဒါမှမဟုတ်ရေချိုးခိုင်းလို့များသူတို့ကိုစိတ်နာသွားတာလားမသိ..
မဖြစ်တော့မဖြစ်နိုင်ဘူးမလား..ကြောင်တစ်ကောင်ကဘယ်လိုလုပ်အဲ့လိုတွေနားလည်မှာလဲ..
သူမီးမွှေးနေတဲ့Karenကိုကြည့်လိုက်ရင်း..
"Karen မင်းတကယ်ပဲ၀တုတ်လေးကိုသွားမကြည့်တော့ဘူးလား.."
"အင်း..သူဘာမှမဖြစ်ပါဘူး.."
"ဒါပေမယ့် သူကကြောင်လေးလေကွာ ဖျားသွားရင်ဘယ်လိုလုပ်မလဲ ဒါမှမဟုတ်တစ်နေရာရာကိုထွက်သွားရင် ရှာလို့မတွေ့ပဲနေမယ်နော်.."
"ကိစ္စမရှိ.."
ဟိုးအရင်ကArbishနေမကောင်းဖြစ်တဲ့ပုံတွေခေါင်းထဲရောက်လာတော့..
"ကျစ်!..ငါသွားလိုက်ဦးမယ်.."
"Karen..မင်းပဲမသွားဘူးဆိုပီး.."
"မင်းပဲပြောတယ်လေ ကြောင်လေးတွေကနုနုနယ်နယ်လေးတွေဆို.."
ထို့နောက်အိတ်ထဲကဓာတ်မီးကိုထုတ်လိုက်ရင်း..
"Eren ငါသွားပီ မီးဆက်မွှေးထားလိုက်တော့..ပီးရင် အသားဗူးလေးတွေပါနွှေးပေးထားနော်..၀တုတ်လေးကိုရေချိုးပေးပီးရင်ကျွေးရအောင်လို့ အဲ့ကောင်လေးအခုထိဘာမှမစားရသေးဘူး..ဗိုက်ဆာနေလောက်ပီ...ဒါဆိုငါသွားပီနော်.."
"အေးအေး..ဖြည်းဖြည်းလည်းသွားဦး ချော်လဲမယ်.."
စိတ်မပူဘူးသာပြောတာ..ပြောသွားလိုက်တာတွေများ၀တုတ်လေးအကြောင်းကြီးပဲ..
သူခေါင်းသာအသာယမ်းလိုက်ရင်းမီးမွှေးဖို့ပြင်လိုက်သည်..
တကယ်ပါ..Karenဆိုတဲ့ကောင်လေးကပါးစပ်ကသာမစိုးရိမ်ဘူးပြောတာ တကယ်တမ်းသူ့လောက်၀တုတ်လေးကိုစိတ်ပူတတ်တာသူပဲရှိတယ်...
ဒါနဲ့...Giyano..သူရောအဆင်ပြေရဲ့လား.....






Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤Where stories live. Discover now