"Huuriတောင်ထိပ်??"
"အင်း.."
သူကားမောင်းနေရင်းကErenကိုပြန်ဖြေလိုက်သည်..
"Karenမင်းဘာစိတ်ကူးပေါက်ပီး Huuriတောင်ထိပ်ကိုသွားဖို့စဥ်းစားမိသွားတာလဲ.. "
"ဒီတိုင်းပဲ.."
"Huuriတောင်မှာဘာမှထူးခြားတာတော့မရှိပါဘူး..အဲ့ဒီအစားမင်းphanonကမ်းခြေဘက်မသွားချင်ဘူးလား..အဲ့ဒီမှာငါ့daddyရဲ့အပန်းဖြေစခန်းရှိတယ် ငါမင်းအတွက်စီစဥ်ခိုင်းထားလိုက်မယ်လေ.."
"မလိုဘူး.."
"အာ..Karen မင်းဒီနေ့ဘာဖြစ်နေတာလဲ စိတ်မကြည်ဘူးလား.."
"ဘာမှမဖြစ်ဘူး.."
ကားထဲမှာပြန်လည်တိတ်ဆိတ်သွားပြန်သည်..
သူလည်းKarenစိတ်မကြည်နေတာမို့ဘာမှဆက်မပြောတော့ပဲ နောက်ခုံမှာအိပ်နေတဲ့၀တုတ်လေးကိုကြည့်လိုက်ပီး..
"ဟေး..မင်းလည်းphanonကိုမသွားချင်ဘူးလား.."
၀တုတ်လေးကလည်းသူ့သခင်အတိုင်းသူ့ကိုလှည့်တောင်အဖက်မလုပ်..
Huuriတောင်နဲ့သူတို့နေတဲ့Felnonနဲ့ဆိုရင်10နာရီနီးပါးကားမောင်းရသည်..
နေ့လည်၂နာရီလောက်ရောက်တော့ သူတို့လည်းအရိပ်ရတဲ့သစ်ပင်အောက်မှာကားရပ်ပီးနေ့လည်စာစားဖို့ပြင်လိုက်သည်..
အပြာနုရောင်Picnic အခင်းလေးကိုသစ်ပင်အောက်ခင်းလိုက်ပီးaunty marrieထည့်ပေးလိုက်တဲ့sandwish..အသားညှပ်ပေါင်မုန့်အချို့နဲ့Hotdog.ရယ်လတ်ဆတ်ရွှန်းစိုနေတဲ့နီရဲရဲပန်းသီးတွေကိုနေရာချလိုက်သည်..
"Karen..ခဏ.."
သူနေရာချနေတဲ့Karenကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်ရင်း..
ကားထဲမှာသူယူလာတဲ့red wineပုလင်းကိုထုတ်လိုက်သည်..
"Wine??.."
"အင်း.."
သူ၀ိုင်ကိုဖန်ခွက်ထဲထည့်လိုက်ရင်း..Karenထံလှမ်းပေးလိုက်သည်..
"Thanks Eren.."
Erenပေးလာတဲ့Red Wineကိုတစ်ငုံသောက်လိုက်တော့ ရှိန်းတိန်းတိန်းအရသာကလည်ချောင်းထဲအထိစိမ့်၀င်သွားပီး တစ်လမ်းလုံးကားမောင်းလာသမျှပင်ပန်းနွမ်းနယ်မှုတွေကိုယူပစ်လိုက်သလိုပျောက်သွားစေသည်..
၀ိုင်ရယ်..လတ်ဆတ်တဲ့လေရယ်..အေးမြတဲ့စမ်းချောင်းရယ်..ယိမ်းနွဲ့နေတဲ့နေကြာပန်းခင်းရယ်...
၀ိုင်ခွက်ကိုတစ်ငုံသောက်လိုက်ပီးဘေးနားချထားလိုက်ကာအခင်းပေါ်ကိုလှဲအိပ်လိုက်သည်..
စိမ်းနုရောင်သစ်ရွက်လေးတွေကြားထဲကနေပြောက်လေးတွေက လဲလျောင်းနေတဲ့ကောင်လေးပေါ်ဖြာကျနေသည်..
ငြိမ့်ငြိမ့်ညောင်းညောင်းလေးတိုးဝှေ့တိုက်ခတ်သွားထဲလေပြည်ညှင်းလေးထဲမှာကောင်လေးရဲ့နီညိုရောင်ဆံနွယ်လေးတွေကလွင့်လူးနေသည်..
မျက်လုံးလေးကိုမှိတ်ကာအနားယူနေတာကြောင့်ရှည်လျားတဲ့မျက်တောင်စိပ်စိပ်လေးတွေဟာလည်းယပ်တောင်လေးသဖွယ်...
ချွန်မြမြနှာတံသေးသေးလေးနဲ့နီရဲရဲနှုတ်ခမ်းလေးကိုစေ့ပိတ်ထားသည်..
ထိုအနေအထားနဲ့ကောင်လေးကိုသူဘယ်လောက်ကြာအောင်ငေးမောမိသွားလည်းမသိ..
Phသံမြည်လာတော့မှထိုကောင်လေးထံပျံ့လွင့်နေတဲ့အာရုံတွေကိုပြန်ခေါ်လိုက်ပီး ခပ်ဝေးဝေးကသစ်ပင်အောက်နားသွားပီးphပြောလိုက်သည်..
"Hello..Uncle.."
phခေါ်လာသူကKarenရဲ့Daddy..
"အေး Erenဘယ်လိုလဲခရီးထွက်ရတာအဆင်ပြေရဲ့လား.."
"ဟုတ်ကဲ့ အဆင်ပြေပါတယ်uncle.."
"အေးအေး..ဒါနဲ့ ..Karenရော.."
သူသစ်ပင်အောက်မှာအိပ်နေတဲ့ကောင်လေးဆီအကြည့်ပို့လိုက်ပီး..
"Karenလည်းအဆင်ပြေပါတယ်uncle.."
"အေးအေး လမ်းခရီးမှာကားကိုလည်းဂရုစိုက်မောင်းကြဦးနော်.."
"ဟုတ်ကဲ့ပါ Uncle.."
"အေးအေး...Huuriတောင်ကိုရောက်ရင်လည်းuncleကိုphဆက်ပီးအကြောင်းကြားဦး.."
"ဟုတ်ကဲ့ စိတ်ချပါ uncle.."
"အေးအေး အဲ့ဒါဆိုဒါပဲ.."
သူPhကိုချလိုက်ပီးနာရီကိုကြည့်လိုက်တော့၃နာရီကျော်နေပီ..
အချိန်တောင်တော်တော်လင့်သွားပီပဲ အခုအချိန်မှမထွက်ရင်Huuriတောင်ကိုရောက်တဲ့အခါမှောင်သွားလိမ့်မယ်...
သူအိပ်နေတဲ့ကောင်လေးထံသွားလိုက်ပီးပခုံးလေးကိုဖွဖွပုတ်လိုက်ကာ..
"Karen.."
"Karen.."
ကားမောင်းရတာပင်ပန်းသွားလို့ထင်ကောင်လေးကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်..
Karenပင်ပန်းမှာဆိုးလို့သူမောင်းမယ်လို့ပြောပေမယ့်ခေါင်းမာတဲ့ကောင်လေးကလက်မခံခဲ့..
အခုတော့ ဘယ်လောက်တောင်ပင်ပန်းသွားရှာလည်းမသိ အိပ်ပျော်နေရှာသည်..
ကြည်လင်ရှင်းသန့်နေတဲ့မျက်နှာလေးထက်မှာနီညိုရောင်ဆံနွယ်တွေကဟိုတစ်စဒီတစ်စ..
သူပြုံးလိုက်ပီး..ထိုဆံနွယ်လေးတွေကိုလက်နဲ့အသာဖယ်ရှားပေးလိုက်သည်..
"Karen..မင်းသိလား..ငါငယ်ငယ်လေးကတည်းကမင်းတစ်ယောက်တည်းကိုပဲနှလုံးသားထဲမှာထည့်ပီးကြီးပြင်းလာခဲ့တာ.."
"မင်းနဲ့အခုလိုနှစ်ယောက်တည်းအတူတူခရီးထွက်ခွင့်ရတာငါ့အတွက်တော့ကံတရားကမျက်နှာသာပေးတာပဲ.."
"Karen.."
သူထိုကောင်လေးရဲ့နှုတ်ခမ်းလေးနားအရဲစွန့်ပီးတိုးကပ်သွားလိုက်ကာ..
"ငါမင်းကိုချစ်တယ်..."
နှုတ်ခမ်းနှစ်လွှာဟာထိကပ်လုဆဲဆဲမှာပင်..
"မြှောင်..."
စူးရဲတဲ့ကြောင်အော်သံကထွက်လာပီး၀တုတ်လေးကသူ့ပေါ်ကိုခုန်တက်လာကာသူ့မျက်နှာကိုလှမ်းကုတ်လိုက်လေသည်..
သူအမြန်ရှောင်လိုက်ပေမယ့် ရုတ်တရက်ဆိုတော့ လက်သည်းအချွန်ကသူ့ရဲ့မေးစေ့နားမှာစိုက်သွားပီးချက်ချင်းသွေးစို့လာသည်
၀တုတ်လေးရဲ့အော်သံကြောင့်Karenကလည်းနိုးလာပီးသူတို့နှစ်ယောက်ရဲ့အခြေအနေကိုကြောင်ကြည့်နေပီးမှ..
ဒေါသထွက်နေတဲ့၀တုတ်လေးကိုအမြန်ဆွဲခေါ်လိုက်ပီး...
"Sry..Eren ငါတောင်းပန်ပါတယ်.."
သူသွေးစို့နေတဲ့Erenရဲ့မျက်နှာထက်လက်လှမ်းလိုက်တော့ ရင်ခွင်ထဲကဒေါသပြေပုံမရသေးတဲ့Arbishကသူ့အင်္ကျီလက်ကိုလှမ်းဆွဲလာသည်..
"ကျစ်!!၀တုတ်လေး..မင်း.."
"Eren ငါတကယ်တောင်းပန်ပါတယ်.."
ထို့နောက်၀တုတ်လေးကိုပွေ့ပီး ချောင်းဘက်ကိုခေါ်သွားလေသည်..
*******************************
"Arbish ခများဘယ်လိုလုပ်လိုက်တာလဲ..Erenကကျွန်တော့်သူငယ်ချင်းဗျ..ခများကတော်တော်ကိုဆက်ဆံရေးမကောင်းတဲ့သူပဲ..
"Karen.."
Arbishကလူအဖြစ်ပြန်ပြောင်းသွားပီးသူ့ကို၀မ်းနည်းနေတဲ့မျက်နှာလေးနဲ့ကြည့်လာသည်..
"ကျစ်!Arbishခများဘာလို့လူအဖြစ်ပြောင်းလိုက်ရတာလဲ..Erenသာမြင်သွားရင်ဘယ်လိုရှင်းပြရမလဲ.."
"သူ့ကိုမရှင်းပြနဲ့ပေါ့.."
"Arbish!ကျွန်တော်တကယ်ပြောနေတာ.."
"ကိုယ်တော်လည်းတကယ်ပြောနေတာပဲ..ကိုယ်တော်သူ့ကိုသဘောမကျဘူး.."
"ခများသဘောမကျတာနဲ့ပဲသူ့မျက်နှာကိုကုတ်ပစ်လိုက်စရာလား..ခများဘာလို့သည်းမခံနိုင်ရတာလဲ.."
"ကိုယ်တော်သာသည်းမခံဘူးဆိုရင်အဲ့ဒီကောင်လေးကအသက်ရှင်နေဦးမယ်လို့ထင်လို့လား..."
"Arbish..."
"ကျွန်တော်ခများကိုမေးစရာရှိတယ်.."
"မေးစရာ?ကောင်းပီKarenမေး.."
"ဟိုလူသုံးယောက်ကိုခများ....သတ်လိုက်တာလား.."
"Karenပြောတာက..."
"ကျွန်တော်နဲ့ရန်ဖြစ်တဲ့သူတွေ.."
"အော်..ဟုတ်တယ်..ကိုယ်တော်သတ်လိုက်တာ..သူတို့ကကိုယ်တော်ပိုင်တဲ့အရာကိုလာထိတာလေ..အဟက်!သူတို့အတွက်ထိုက်တန်တဲ့အရာကသေခြင်းတရားတစ်ခုပဲရှိတယ်..."
သစ်ပင်ထက်မှာမှီရင်းထိုသတ်တယ်ဆိုတဲ့စကားကိုအေးအေးဆေးဆေးပြောလာတဲ့Arbish..
ခပ်လှောင်လှောင်အပြုံးတစ်ခုကိုချိတ်ဆွဲထားပီးအနီရောင်ဇာမဏီမျက်၀န်းတွေကကြောက်စရာကောင်းလောက်အောင်အေးစက်နေသည်..
မကောင်းဆိုး၀ါးတစ်ကောင်အတိုင်းပဲ..
ဟုတ်တယ်..Arbishဆိုတာမကောင်းဆို၀ါးပဲ
သူမေ့နေခဲ့မိတာ..သူ့ရှေ့မှာရှိနေတဲ့ထိုသူကသတ်ဖြတ်ခြင်းတွေမှာပျော်မွေ့နေတတ်တဲ့ရက်စက်ကြမ်းကြုတ်တဲ့စစ်ဧကရာဇ်တစ်ပါးဆိုတာ..
Arbish...ခများကကြောက်စရာကောင်းလိုက်တာ..
"Karen...ဘယ်သွားမလို့လဲ.."
"ကားဆီပြန်သွားမလို့ ခများပြန်ပြောင်းလိုက်ဦး ကျွန်တော်တို့မမှောင်ခင်Huuriတောင်ကိုသွားရအောင်.."
"ဟုတ်ပီKaren.."
Arbishမြန်မြန်ကျိန်စာပြယ်သွားရင်ကောင်းမယ်..အဲ့ဒါမှသူ့ဘေးကနေမြန်မြန်ထွက်သွားမှာ..
သူတကယ်ကိုကြောက်တယ်..အသည်းထဲထိအေးစက်နေတဲ့ခံစားချက်ကြီးကသူ့ကို၀ါးမြိုနေသလိုပဲ..
သူထိုလူ့နားကနေမြန်မြန်ထွက်သွားချင်ပီ...
"Karen.."
ကားဆီသွားမလို့ပြင်နေတဲ့သူ့လက်ကိုလှမ်းဆွဲလာတဲ့Arbish..
"Arbish ခများဘာလုပ်တာလဲမတော်လို့Erenဒီဘက်ရောက်လာရင်.."
"Karen..ကိုယ်တော်တောင်းပန်ပါတယ်.."
ရုတ်တရက်ကြီးသူ့ကိုသိုင်းဖက်လာတာကြောင့်ဘာလုပ်လို့လုပ်ရမလဲမသိဖြစ်သွားသည်..
"Karen...ကိုယ်တော့်ကိုကြောက်သွားပီလား.."
"ကျွန်တော်..ကျွန်တော်.."
"ကိုယ်တော်တောင်းပန်ပါတယ်Karen..ဒါပေမယ့်ကိုယ်တော့်အပိုင်ကိုလာထိပါးတဲ့သူတွေကိုကိုယ်တော်ကသက်ညှာလိုက်ရမှာလား..အဟက်!မဖြစ်နိုင်လိုက်တာ.."
နီစွေးစွေးမျက်၀န်းတွေထဲကဖုံးကွယ်မထားတဲ့လူသတ်ငွေ့တွေကကြောက်စရာကောင်းလိုက်အောင်အေးစက်စက်..
"Arbish.."
သူတွန်းဖယ်ကြည့်ပေမယ့်မရတာကြောင့်ဒီအတိုင်းသာထားလိုက်ပီး..
"Arbishကျွန်တော်ကခများအပိုင်မှာမဟုတ်တာ.."
Arbishကသူ့ကိုဖက်ထားရာကနေခွာလိုက်ပီး..
"ကိုယ်တော်Karenကိုဘယ်သူ့ကိုမှမပေးနိုင်ဘူး.."
"Arbishကျွန်တော်ကအရုပ်မဟုတ်သလို ခများပိုင်တဲ့အရာလည်းမဟုတ်ဖူး.."
"Karen..ကောင်းပီ..မောင်မင်းကကိုယ်တော့်အပိုင်မဟုတ်ဖူး.."
"အင်း..Arbishခများသဘောပေါက်သွား.."
သူ့ရဲ့နှုတ်ခမ်းထက်ဖြတ်ခနဲရောက်လာတဲ့အနမ်းတစ်ပွင့်..
"ကိုယ်တော်ကသာKarenအပိုင်"
"Arbish!!ခများ.."
"Karenသွားတော့လေ နောက်ကျနေတော့မယ် ကိုယ်တော်ခဏနေပြောင်းပီးရင်လာခဲ့မယ်.."
"ခများ!!.."
"ဘာလို့လဲ Karenဒီအချိန်ခဏလေးတောင်မောင်မင်းကကိုယ်တော့်ကိုမခွဲနိုင်ဘူးလား.."
သူArbishကိုတစ်ချက်စိုက်ကြည့်ပေးလိုက်ပီးထိုနေရာကအမြန်ထွက်ခဲ့လိုက်သည်..
အေးစက်ပီးသွေးဆာတဲ့အကြည့်တွေနဲ့Arbish..
ပီးတော့နူးညံ့နွေးထွေးစွာပြုံးတတ်ပီးသူ့ကိုအချိန်ပြည့်စနေတတ်တဲ့Arbish..
လူသာမန်တွေရဲ့မာယာဆိုတာဧကရာဇ်တစ်ပါးရဲ့မာယာကိုမမှီနိုင်ဖူးဆိုတာအမှန်ပဲ...
"Arbish..အပြောင်းအလဲမြန်လွန်းတဲ့ခများကတကယ်ကိုကြောက်စရာကောင်းတယ်.."
***************************
သူတို့Huuriတောင်ကိုရောက်တော့၇နာရီနီးပါးရှိသွားပီ..
"ဒီနေ့ညတော့တောင်ခြေမှာပဲအိပ်ရတော့မယ်..ဒီလောက်မှောင်နေတာဘယ်လိုမှတောင်ထိပ်ကိုတက်လို့ရမှာမဟုတ်ဖူး..."
သူ့စကားကိုErenကလည်းခေါင်းငြိတ်ပီး..
"အင်း...Karenငါမီးမွှေးရအောင်ထင်းသွားရှာလိုက်ဦးမယ်.."
"ကောင်းပီ ငါယာယီတဲတွေလုပ်ထားနှင့်မယ်.."
"အင်းkaren."
သူတို့တာ၀န်ကိုယ်စီခွဲပီးသွားတော့ Erenကလည်းထင်းရှာရအောင်တောထဲထွက်သွားသည် သစ်ပင်တွေကများတာမို့ တောအနက်ကြီးထဲအထိသွားရှာစရာတော့လိုမှာမဟုတ်ဖူး..
သူကားနောက်ဖုံးကိုဖွင့်လိုက်ပီးယူလာတဲ့ယာယီအမိုးအကာအိမ်လေးကိုထုတ်လိုက်သည်...
Erenပြန်ရောက်လာတော့မီးမွှေးလိုက်ပီးရေနွေးတစ်အိုးတည်ထားလိုက်သည်...
Felnonမှာဒီအချိန်ဆိုမအေးတော့ပေမယ့်..Huuriတောင်မှာတော့အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်နေသည် တစ်ချက်တစ်ချက်လေအေးတွေကဖြတ်တိုက်သွားတာမို့အသည်းတစ်ခုလုံးစိမ့်ခနဲ..
ရေနွေးဆူလာတော့ယူလာတဲ့ခေါက်ဆွဲခြောက်ဗူးတွေထဲတည့်ပီးစားလိုက်ကြသည်...
ထိုအခါမှနဖူးထက်ချွေးစလေးတွေသီးလာပီးအနည်းငယ်နေသာထိုင်သာရှိသွားသည်..
စုန်းအိုကြီးကိုဒီနေရာမှာဘယ်လောက်ကြာအောင်စောင့်ရမလဲမသိနိုင်တာမို့အစာခြောက်တွေရောREADY made အသားဗူးတွေရောများနိုင်သမျှများများသယ်ခဲ့တာမို့အစားအသောက်အတွက်ကတော့ပူစရာမလိုပေ..
ညဥ့်လည်းအတော်နက်နေပီမို့ မီးထဲထင်းအနည်းငယ်ထပ်ထည့်ပီး ကိုယ့်တဲထဲကိုယ်အသီးသီး၀င်လိုက်ကြသည်..
************************************
ကျောရိုးတစ်လျှောက်စိမ့်ခနဲ..
စောင်ပါးလေးကိုဆွဲခြုံလိုက်ပေမယ့် အအေးဓာတ်ကလျော့နည်းသွားခြင်းမရှိ..
အစောပိုင်းကအဲ့လောက်မအေးပါဘူး ဘာလို့အခုမှဒီလောက်အေးလာရတာလဲ...
သူမျက်လုံးကိုဖွင့်ကြည့်လိုက်တော့ တွေ့ပါပီတရားခံ...
ဇစ်မှမပိတ်ထားပဲ..အဲ့တာကြောင့်လေအေးတွေကဒလဟော၀င်လာနေတာ..
သူဇစ်ပိတ်မလို့ထထိုင်လိုက်တော့ဘေးနားမှာအိပ်နေတဲ့Arbishကမရှိတော့..
"ဒီလူဘယ်ထသွားပြန်တာလဲ.."
သူအပြင်ထွက်လာတော့လေအေးကစိမ့်ခနဲ..
"ကျစ်!အေးလိုက်တာ.."
အချိန်ဘယ်လောက်ကြာသွားပီလဲတော့မသိမွှေးထားတဲ့မီးကငြိမ်းသွားလေပီ..
တော်သေးတာကလရောင်နဲ့မို့အရမ်းကြီးမှောင်မည်းမနေပဲပတ်၀န်းကျင်ကိုရှင်းရှင်းလင်းလင်းမြင်ရသေးသည်...
နောက်ဆုံးတော့တွေ့ပါပီ ကျောက်တုံးတစ်တုံးပေါ်မှာထိုင်နေတဲ့Arbish..
လရောင်အောက်မှာစည်းနှောင်မထားတဲ့ငွေမှင်ရောင်ဆံနွယ်တွေကလွင့်လူးနေသည်...
မျက်လုံးကိုမှိတ်ထားပီး မျက်နှာကိုအနည်းငယ်မော့ထားတာကြောင့်မေးရိုးထင်းထင်းကိုအထင်းသားမြင်နေရသည်..
ကျောက်စိမ်းလိုကြည်လင်နေတဲ့အသားအရည်ကလရောင်အောက်မှာပိုပီး၀င်းလဲ့နေသည်...
ဖြောင့်စင်းနေတဲ့နှာတံနဲ့နီစွေးစွေးနှုတ်ခမ်းကအခါတိုင်းလိုအထက်ကိုကော့ညွတ်မနေပဲတင်းတင်းစေ့ထားသည်...
ဇာမဏီမျက်၀န်းတွေကပွင့်လာပီးခေါင်းစောင်းကာသူ့ဘက်ကိုစိုက်ကြည့်လာသည်..
"Karen..."
ဖြာကျနေတဲ့လရောင်အောက်ကထိုလူကတကယ့်ကိုအမတနတ်ဘုရားတစ်ပါးအလား..
ချောမောခံ့ညားပီးအေးစက်စက်အရှိန်အ၀ါတွေကထိုလူ့တစ်ကိုယ်လုံးလွှမ်းခြုံထားသည်
"ခများ ဘာလုပ်နေတာလဲ.."
Arbishကသူ့ဘေးနားကနေရာကိုအနည်းငယ်တိုးလိုက်ပီး..
"ကိုယ်တော်အိပ်မပျော်လို့..Karenလာဒီနား.."
သူArbishတိုးပေးတဲ့ဘေးနား၀င်ထိုင်လိုက်သည်..
ထိုလူရဲ့ကိုယ်ငွေ့နွေနွေးကသူ့ကိုအအေးဓာတ်လျော့ပါးသွားစေသည်..
"Karen..မောင်မင်းသိလား..ကိုယ်တော်ဒီနေရာမှာ10နှစ်နီးပါးစုန်းအိုကြီးကိုစောင့်နေခဲ့ဖူးတယ်.."
"အင်းကျွန်တော်သိတယ်..ခများပြောဖူးတယ်.."
"ဟုတ်တယ်..ကိုယ်တော်ပြောဖူးတယ်.."
"10နှစ်..ကိုယ်တော်ဒီတောင်ထိပ်မှာတစ်ယောက်တည်းနေခဲ့ရတယ်..လူသားဆိုလို့ဘယ်သူမှမရှိသလို..ကိုယ်တော့်နားမှာအဖော်ပြုပေးမယ့်သူလည်းမရှိခဲ့ဘူး..ကြောက်စရာကောင်းလောက်အောင်တိတ်ဆိတ်နေတဲ့ညပေါင်းများစွာကိုတစ်ယောက်တည်းဖြတ်သန်းခဲ့ရတယ်..ညအိပ်လိုက်တိုင်းလည်းပြည်သူတွေရဲ့ပူဆွေး၀မ်းနည်းနေတဲ့ပုံတွေကပေါ်လာပီးခြောက်လန့်နေတယ်..ကိုယ်တော်ကတကယ်ကိုအသုံးမကျခဲ့ဘူး မျက်စိရှေ့မှာတင်တစ်စစီကြေမွပျက်စီးသွားတဲ့တိုင်းပြည်ကြီးနဲ့ သူတစ်ပါးရဲ့လက်အောက်ခံအဖြစ်သိမ်ငယ်စွာနေခဲ့ရတဲ့ကိုယ်တော့်ရဲ့ပြည်သူတွေ...ကိုယ်တော်လုပ်နိုင်တာဘာမှမရှိခဲ့ဘူး...
ကိုယ်တော်ကျိန်စာပြယ်ဖို့အစွမ်းကုန်လုပ်ခဲ့တယ်..ဒါပေမယ့် ဘာတွေကမှားယွင်းနေလဲမသိနိုင်အောင် ကိုယ်တော့်ရဲ့ကျိန်စာကပြယ်မသွားခဲ့ဘူး..ဒီလိုနဲ့နှစ်ပေါင်း၅၀၀တောင်ကြာသွားတယ်..စုန်းအိုကြီးရဲ့ကျိန်စာဖြေနည်းကပဲမှားယွင်းနေခဲ့တာလား..ဒါမှမဟုတ်ဖြစ်နိုင်တာကဘယ်သူကမှကိုယ်တော့်ကိုအချစ်စစ်နဲ့မချစ်ခဲ့တာလား..."
နှစ်ပေါင်း၅၀၀...အစပိုင်းကသူလှောင်ပြောင်ခဲ့ဖူးတယ်..ဒါပေမယ့်နှစ်ပေါင်း၅၀၀ကိုတစ်ယောက်တည်းဖြတ်သန်းနေခဲ့ရတဲ့လူတစ်ယောက်..အဲ့ဒီလူကဘယ်လောက်ပဲရက်စက်ကြမ်းကြုတ်တဲ့စစ်ဧကရာဇ်တစ်ပါးဖြစ်နေပါစေ..အနည်းနဲ့အများတော့အထီးကျန်ဆန်ခဲ့ရမှာပဲ..အိပ်ယာနိုးလာတဲ့အခါမှာလည်းဘေးနားမှာအတူနိုးထပေးမယ့်သူ..ဘယ်သူမှမရှိခဲ့သလို...ချမ်းအေးတဲ့ညတွေမှာလည်းအနွေးဓာတ်ကိုအတူမျှဝေပီးဘေးနားမှာပွေ့ဖက်အိပ်စက်ပေးမယ့်သူမရှိခဲ့ဘူး..
လရောင်ကArbishရဲ့မျက်နှာထက်ဖြာကျနေသည်...
ချောမောတဲ့မျက်နှာထက်မှာအထီးကျန်ဆန်ခြင်းတွေထင်ဟပ်နေသည်..
အေးစက်တဲ့မျက်၀န်းတွေကအသက်မဲ့ပီးအနည်းငယ်ဝေဝါးနေသည်..
"Arbish.."
ထိုလူကသူ့ဘက်ကိုမျက်နှာလှည့်လာသည်..
သူဟာရာနှုန်းပြည့်ယောက်ျားစစ်စစ်တစ်ယောက်ပါ...
ဒါပေမယ့်ထိုခဏမှာသူပြုမူလိုက်တဲ့အပြုအမူကသူကိုယ်တိုင်တောင်ထင်ယောင်ထင်မှားဖြစ်သွားစေသည်..
Arbishရဲ့မျက်နှာထက်လက်လှမ်းလိုက်ပီးအေးစက်နေတဲ့ထိုလူ့ရဲ့နှုတ်ခမ်းကိုသူ့နှုတ်ခမ်းနဲ့ထိကပ်လိုက်သည်..
Arbishကခဏလောက်အံ့သြသွားပုံပေါ်ပီးမှခဏနေတော့ပြုံးသွားကာသူ့ရဲ့နှုတ်ခမ်းကိုငုံထွေးလာသည်..
သူဆိုတဲ့Karenကရာနှုန်းပြည့်ယောက်ျားစစ်စစ်တစ်ယောက်ပါ..ဖြစ်နိုင်တာက ထိုလူဟာဧကရာဇ်Arbishဖြစ်နေခဲ့လို့ပါ....
လရောင်ကအနမ်းခြင်းဖလှယ်နေကြတဲ့လူနှစ်ဦးထက်ဖြာကျနေသည်...
တိတ်ဆိတ်နေတဲ့ညသန်းခေါင်ယံမှာ စမ်းချောင်းထဲကရေစီးသံတဝေါဝေါနဲ့ပုရစ်သံတစီစီကသာထွက်ပေါ်နေသည်...
YOU ARE READING
Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤
DiversosFic nameလေးအတိုင်းပါပဲ ဖတ်ပီးရင် nameလေးကူပီးစဥ်းစားပေးကြပါဦး... အဟား..စတာပါ.. လိုက်ပါစီးမျောပေးကြပါဦး.❤️ ဖတ်ရှုပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်.. [တကယ်လို့Fic nameလေးစဥ်းစားမိရင်လည်းပြောလို့ရတယ်နော်٩(๑'3`๑)۶❤️] Fic nameေလးအတိုင္းပါပဲ ဖတ္ပ...