Ep~5 Unicode

283 39 0
                                        

"Karen..ငါကနည်းနည်းလောက်ဖြစ်ဖြစ်မင်းနဲ့ပိုပီးနီးစပ်ချင်ခဲ့ရုံပါ.."
သီချင်းသံကrepeatလုပ်ထားတယ်ထင် JBရဲ့10000hoursသီချင်းသံကသာကားထဲမှာပျံ့လွင့်နေသည်..
"Karen...မင်းသိမလားတော့မသိပေမယ့်..ငါမင်းကိုပထမဆုံးစတွေ့ကတည်းကမင်းနဲ့သူငယ်ချင်းဖြစ်ချင်ခဲ့တာပါ..မင်းသုံးတတ်တဲ့အသုံးအဆောင်တွေ မင်းကြိုက်တတ်တဲ့အရာတွေ အဲ့တာတွေအားလုံးကိုငါသိအောင်လုပ်ခဲ့ရတယ်..တစ်ခုတည်းအတွက်ပါ..မင်းနဲ့ပိုပီးနီးစပ်နိုင်ဖို့တစ်ခုတည်းအတွက်ပါ..
ပထမဆုံးအကြိမ်ငါဆုတက်ယူရတော့သိပ်ကိုပျော်ခဲ့ရတယ်...ပထမဆုရလို့မဟုတ်ဖူးနော်Karen...ငါမင်းရဲ့ဘေးနားမှာပထမဆုံးအကြိမ်အဖြစ်နီးနီးကပ်ကပ်နေခွင့်ရခဲ့လို့...
ငါထင်ခဲ့တာကငါသာအဲ့လိုမျိုးလိုက်လုပ်မယ်ဆိုရင်မင်းငါ့ကိုပိုပီးခင်လာမလားလို့ပေါ့..အဟား..တကယ်တော့ငါကသိပ်ကိုမိုက်မဲခဲ့တာပဲ တောင်းပန်ပါတယ်Karenမင်းအမြင်မှာငါကသိပ်ကိုဆိုး၀ါးတဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်နေခဲ့မယ်လို့မထင်ခဲ့မိဘူး.."
"Eren.."
Erenကတော့ပြုံးမြဲပြုံးနေဆဲ ဒါပေမယ့်သူ့ကိုယ်သူရောသိရဲ့လားလေ..သူ့အသံတွေထဲမှာတုန်လှုပ်ခြင်းတွေပါနေတယ်ဆိုတာ..
Erenကပြုံးလျက်နဲ့ဆက်ပြောလာသည်..
"Karen..ငါ့ကိုမင်းရဲ့သူငယ်ချင်းဖြစ်ခွင့်ပြုဖို့ငါတောင်းဆိုပါရစေ..ငါ့ရဲ့အမှားတွေကိုပြင်ဆင်ခွင့်ပြုပါ.."
🎶I'd spend 10000hours and 10000 more..
...................I'm gonna love u..🎶
"ကောင်းပီ Eren.."
ကားမှန်ဖွင့်ထားတာကြောင့်ရွှေအိုရောင်ဆံနွယ်တွေဟာတိုက်ခတ်လာတဲ့လေထဲမှာလွင့်လူးနေသည်
စိမ်းနုရောင်မျက်၀န်းအိမ်တွေကနွေးထွေးနူးညံ့နေပီး ပါးထက်ကပါးချိုင့်လေးနဲ့အပြုံးလေးတွေကိုလှစ်ဟာပြလာကာ
"ကျေးဇူးပါ Karen..."
"မြှောင်.."
သူ့ရင်ခွင်ထဲကိုရောက်လာတဲ့၀တုတ်လေး..
ဘယ်အချိန်ကတည်းကနောက်ခုံကနေရှေ့ကိုရောက်လာလည်းတောင်မသိလိုက်ရဘူး...
၀တုတ်လေးကသူ့ရင်ခွင်ထဲအတင်းတိုး၀င်ပီး.
"မြှောင်.."(မောင်မင်းကိုယ်တော့်ကိုပစ်ထားတယ်)
Erenကကားမောင်းနေရင်းသူ့ကိုပြုံးပီးကြည့်လာကာ
"Karen..၀တုတ်လေးကဗိုက်ဆာနေတယ်ထင်တယ်.."
"အင်း.."
"၀တုတ်လေးမင်းအိမ်မှာဒီလောက်စားထားတာကိုအခုထိဗိုက်ကဆာတုန်းလားကွာ.."
"မြှောင်.."(ကိုယ်တော်ဗိုက်မဆာဘူး..)
သူKarenရဲ့လက်ဖ၀ါးလေးပေါ်ခေါင်းလေးတင်လိုက်ပီး...
"မြှောင်.."(မောင်မင်း..ကိုယ်တော့်ကိုဘာလို့ပစ်ထားတာလဲ)
"အဟား..Karenမင်းရဲ့ကြောင်လေးကတကယ့်အချွဲလေးကွာ..ဒါနဲ့ခဏနေ..ငါတို့ဆေးခန်းပြပီးရင်******မှာတစ်ခုခု၀င်စားရအောင်လေ.."
"******မှာလား.."
"အင်း..Karen...အဲ့တာကမင်းအကြိုက်ဆုံးစားသောက်ဆိုင်လေ..ဟုတ်တယ်မလား.."
"အင်း..Erenမင်းငါ့အကြောင်းတွေဘယ်လောက်တောင်စုံစမ်းထားတာလဲ.."
"အကုန်လုံးနီးပါးပဲ..မင်းအကြောင်းများများသိလေမင်းနဲ့ပိုပီးနီးစပ်နိုင်လေပဲလေ...ငါ့အတွက်အခွင့်အရေးနည်းနည်းပဲရှိရင်တောင်မရရအောင်ဖမ်းဆုပ်ထားရမှာပဲ.."
"ရောက်ပီ..Karen..မင်းအရင်၀င်နှင့်လိုက် ငါကားထားပီးလာခဲ့မယ်.."
"ok Eren.."
******************************
"မြှောင်.."(မောင်မင်းဒါကဘယ်နေရာကြီးလဲ)
"မြှောင်.."(ကိုယ်တော်ဒီနေရာကြီးကိုမကြိုက်ဖူး..)
"မြှောင်.."(ကိုယ်တော့်ရဲ့ဘယ်နေရာကိုလာထိနေတာလဲ..မောင်မင်းတော့ခေါင်းပြုတ်ချင်ပီထင်တယ်..)
ဆရာ၀န်ကစမ်းသပ်နေတုန်း၀တုတ်လေးကသူ့ကိုကြည့်ပီးတမြှောင်မြှောင်နဲ့လုပ်နေသည်..
လက်လေးတွေကလည်းသူ့ကိုအတင်းလှမ်းဆွဲထားသည်..
"၀တုတ်လေး..ခဏပဲသည်းခံနော် ပီးရင်မင်းကြိုက်တဲ့၀က်ပေါင်ခြောက်ကျွေးမယ်.."
​"မြှောင်.."(ကိုယ်တော်၀က်ပေါင်ခြောက်မကြိုက်ဖူး)
ဆရာ၀န်က၀တုတ်လေးကိုဆေးတစ်လုံးထိုးပေးလိုက်ပီး..
"ဘာမှတော့မဖြစ်ပါဘူးနည်းနည်းပင်ပန်းသွားလို့နုံးနေတဲ့သဘောပါ..တိုက်ရမယ့်ဆေးလေးတွေရေးပေးလိုက်တယ်ကောင်တာမှ၀င်ယူလိုက်.."
"ဟုတ်ကဲ့ပါdoctor.."
*******************************
သူတို့******စားသောက်ဆိုင်ရောက်တော့ Erenကသူကြိုက်တတ်တာတွေကိုသွားမှာပေးသည်
သူလည်းကျေးဇူးတင်ကြောင်း​ခေါင်းငြိတ်ပြလိုက်ပီး၀ိုင်တစ်ခွက်ကိုသောက်နေလိုက်သည်..
"မြှောင်.."
ခုံပေါ်မှာချထားတဲ့၀တုတ်လေးကသူ့ရင်ခွင်ထဲထိုးဝှေ့လာသည်..
ဒီကောင်လေးဟိုကိစ္စဖြစ်ပီးကတည်းကသူ့နားကိုပဲကပ်နေတော့သည်..
သူ့ကိုမျက်စိအောက်ကကိုအပျောက်မခံတော့..
"၀တုတ်လေး..ဘာဖြစ်လို့လဲ ဆေးထိုးတာနာလို့လား.."
"မြှောင်.."(ကိုယ်တော်ဘာမှမဖြစ်ဖူး..)
"Karen..ကိုယ်မှာခဲ့ပီ မင်းဘာထပ်စားချင်သေးလဲပြောလေ.."
အခန်းထဲပြန်၀င်လာသောErenကခုံကိုဆွဲရင်းသူ့ကိုမေးလာသည်..
"ရတယ်..Eren..မင်း၀တုတ်လေးကိုခဏကြည့်ထားပေး..ငါToiletခဏသွားမလို့.."
"အင်း..သွားလေ Karen.."
xxxxxxxxxxxxxxxxxxxxxxxx
သူToiletကပြန်လာတော့အခန်းတံခါး၀မှာစိတ်ပူနေတဲ့မျက်နှာနဲ့Eren..
သူမျက်မှောင်ကြုံ့လိုက်ပီးအခန်းထဲကိုဝေ့ကြည့်လိုက်တော့၀တုတ်လေးကမရှိတော့ဘူး
Erenကသူ့ကိုမြင်သွားပီးအားနာသလိုကြည့်လာကာ..
"Sry..Karen..ငါလည်း၀တုတ်လေးကိုကြည့်နေတာပဲ..စီးကရက်သောက်ဖို့ခဏလေးအပြင်ထွက်လိုက်တုန်း၀တုတ်လေးပျောက်သွားတာ..ငါတောင်းပန်ပါတယ်Karen.."
"ထားတော့ မင်းအမှားမဟုတ်ဖူး..၀တုတ်လေးကငါ့နောက်ကိုအမြဲတမ်းလိုက်တတ်တယ်ဆိုတာသိရဲ့သားနဲ့ထားခဲ့မိတဲ့ငါ့အမှား..သွားရအောင်Toiletဘက်ရောက်နေလားမသိဘူး.."
"အင်း..တောင်းပန်ပါတယ်Karen.."
"အင်း.."
သူတို့Toiletဘက်ရောက်တော့လည်း၀တုတ်လေးရဲ့အရိပ်အယောင်တောင်မတွေ့ရ..
"၀တုတ်လေး...၀တုတ်လေး.."
Toiletအခန်းထဲတွေများပိတ်နေသလားလို့အခန်းတံခါးတွေတစ်ခုပီးတစ်ခုဖွင့်ပီးရှာကြည့်တော့လည်းမတွေ့..
ဒီကောင်လေးဘယ်တွေများရောက်နေတာလဲ...
ဒါမှမဟုတ်သူ့ကိုထားခဲ့တယ်လို့များထင်ပီး အပြင်ဘက်ထွက်သွားတာများလား...
အတွေးနဲ့ထပ်တူကျစွာခြေလှမ်းတွေကအပြင်ကိုလှမ်းပီးသား...
တ၀ှီး၀ှီးဖြတ်သန်းသွားလာနေတဲ့ကားတွေ...
"ကျစ်!ဒီကောင်လေး.."
မျက်စိထောင့်စွန်းမှာလှစ်ခနဲမြင်လိုက်ရတဲ့အဖြူရောင်အစွန်းအစလေး..
"၀တုတ်လေး.."
လမ်းတစ်ဖက်ကလမ်းကြားထဲကိုလှစ်ခနဲ၀င်သွားတဲ့၀တုတ်လေး...
လှုပ်ရှားနေတဲ့စိတ်အစဥ်ကိုငြိမ်အောင်မထိန်းနိုင်တော့ ဖြတ်သန်းသွားနေတဲ့ကားတွေကြားထဲပြေး၀င်လိုက်တော့သည်..
"တီ!!!!!!!"
"တီ!!!!!!!"
"Karen!!!!"
အော်သံနဲ့အတူသူ့ကိုလှမ်းဆွဲလာတဲ့Erenရဲ့လက်..
"၀ှီး!!!"သီသီလေးဘေးကနေ၀ှီးခနဲဖြတ်သွားတဲ့ကား..
Erenကသူ့လက်မောင်းကိုဆွဲဆောင့်လာပီး..
"Karen!မင်းရူးနေလား..ဒီလောက်ကားတွေအများကြီးကြားထဲပြေး၀င်သွားတာမင်းသေချင်လို့လား!!"
"Sry Erenငါနည်းနည်းစိတ်လွတ်မိသွားတယ်.."
"ခဏစောင့်Karen ငါကားသွားယူပီးလာခဲ့မယ်.."
"အင်း ကျေးဇူးEren.."
သူတို့လမ်းကြားထိပ်မှာကားကိုထားပီးလမ်းကြားထဲလမ်းလျှောက်ပီး၀င်ခဲ့လိုက်ကြသည်..
"၀တုတ်လေး..၀တုတ်လေး..မင်းဘယ်မှာလဲ.."
"၀တုတ်.."
"မြှောင်.."
လမ်းကြားထဲကနေလုံးလုံးလုံးလုံးနဲ့လှိမ့်လာတဲ့နှင်းဘောလုံးလေး..
"၀တုတ်လေး.."
သူထိုကောင်လေးကိုပြေးပွေ့လိုက်ပီး..
"မင်းဘယ်တွေလျှောက်သွားနေတာလဲ.."
"မြှောင်.."
Erenကစားသောက်ဆိုင်ထဲပြန်သွားဖို့ပြောပေမယ့် သူသွားချင်စိတ်မရှိတော့တာနဲ့အိမ်ပဲပြန်လာခဲ့လိုက်သည်...
************************************
"ကဲပြောစမ်းပါဦး..မင်းဘယ်တွေလျှောက်သွားနေတာလဲ.."
အိမ်ပြန်ရောက်တော့နို့သောက်ပီးမျက်လုံးလေးတွေမှေးကာအိပ်ယာပေါ်မှာပို့လို့ပက်လက်လှန်နေတဲ့၀တုတ်လေးကိုသူမျက်မှောင်ကြုံ့ပီးကြည့်လိုက်သည်..
"၀တုတ်လေးဖြေရှင်းချက်လေးများမပေးချင်ဘူးလား.."
"မြှောင်.."
တစ်ချက်ပဲထူးပီးဟိုဘက်ပြန်လှည့်သွားသည်..
"မင်းတော့တော်တော်ဆိုးနေပီ.."
"တော်ပီ မင်းကိုပြောမနေတော့ဘူး ငါလည်းရေချိုးပီးနားတော့မယ်.."
********************************
ဒီနေ့ကိုယ်တော်ထိုင်ခုံပေါ်မှာKarenကိုစောင့်နေရင်းမှန်ပြတင်းပေါက်ကနေတဆင့်မြင်လိုက်ရတဲ့လူတစ်ယောက်
တစ်ကိုယ်လုံးအနက်ရောင်အတိ၀တ်ထားပီး..ရွှေချည်မျှင်တွေနဲ့အနားကွပ်ထားတဲ့အဖြူရောင်ကုတ်အင်္ကျီအရှည်ကိုထပ်၀တ်ထားတယ်
ငွေရောင်ဖြစ်နေတဲ့ဆံနွယ်တွေကိုနဖူးပေါ်မှာသပ်တင်ထားပီး..ရှင်းလင်းပြေပြစ်တဲ့နဖူးပြင်ကိုဖော်ပြထားတယ်..
ရွှေရောင်အနားကွပ်ထားတဲ့မျက်မှန်ကိုတပ်ထားပီးစူးရဲတောက်ပနေတဲ့အစိမ်းရောင်မျက်လုံးတွေကိုမမြင်အောင်ဖုံးထားပေမယ့် ကိုယ်တော်မှတ်မိတယ်..
ဒီလူကကိုယ်တော့်ကိုကျိန်စာတိုက်သွားတဲ့စုန်းအိုကြီးဆိုတာ..
ကိုယ်တော်စုန်းအိုကြီးနောက်ချက်ချင်းပြေးလိုက်ခဲ့ပေမယ့်..လမ်းကြားထဲရောက်တော့မျက်ခြေပျက်သွားခဲ့တယ်..
ဒါကပထမဆုံးအကြိမ်ပဲ..နှစ်ပေါင်း၅၀၀အတွင်းမှာစုန်းအိုကြီးကိုပြန်တွေ့တာ...
ဒီစုန်းအိုကြိီးကတော်တော်ကိုကိုယ်ယောင်ဖျောက်တော်လွန်းတယ်...
ဒါပေမယ့် ကိုယ်တော့်လက်ကနေပြေးမလွတ်ပါဘူး...."
(Note~စုန်းအိုကြီးဆိုလို့ဆံပင်ဖြူဖြူမုတ်ဆိတ်ဖြူဖြူနဲ့ဘိုးတော်ကြီးလို့မထင်လိုက်ပါနဲ့လို့><)
*********************************
တီ တီ...
မှန်ပြတင်းပေါက်ကနေကြည့်လိုက်တော့အပြာရောင်ပြိုင်ကားလေး..
Erenကသူပြောထားတဲ့အတိုင်းတကယ်ကိုကျောင်းသွားဖို့လာခေါ်နေတာပဲ..
သူErenကိုလက်ပြလိုက်ပီးနက်ခ်တိုင်ကိုတစ်ချက်ပြင်လိုက်ကာလွယ်အိတ်လွယ်ပီးအောက်ဆင်းဖို့ပြင်လိုက်သည်
"မြှောင်.."(ကိုယ်တော်လိုက်ချင်တယ်)
သူဆိုဖာပေါ်က၀တုတ်လေးနားသွားလိုက်ပီး..
"၀တုတ်လေး..ငါကျောင်းသွားမလို့ မင်းအိမ်မှာနေခဲ့ ဘယ်မှာလျှောက်မသွားနဲ့ ကြားလား.."
"ညနေပြန်လာခဲ့မယ်..အန်တီmarrieကိုလည်းပြောထားတယ် မင်းစားချင်တာလုပ်ပေးဖို့..ငါသွားပီ.."
"မြှောင်.."
အောက်ထပ်ရောက်တော့မနေ့ညကခရီးကပြန်ရောက်လာတဲ့DaddyကErenနဲ့စကားပြောနေသည်..
daddyကသူ့ဘက်ကိုတစ်ချက်ကြည့်လာပီးမှErenဘက်ပြန်လှည့်သွားကာ
"အဲ့ဒါဆိုသွားတော့လေ Eren..uncleပြောထားတာကိုတော့မမေ့နဲ့.."
"ဟုတ်ကဲ့ စိတ်ချပါ uncle ဒါဆိုကျွန်တော်သွားလိုက်ပါဦးမယ်.."
"ကောင်းပီ.."
ကားပေါ်ရောက်တော့သူErenကိုမျက်မှောင်ကြုံ့ပီးကြည့်လိုက်ကာ..
"မင်းတို့ဘာတွေပြောနေတာလဲ.."
Erenကကား​မောင်းရင်းကသူ့ကိုပြုံးပြလာပီး..
"ဒီလိုပါပဲ.."
Erenကမပြောချင်တဲ့ပုံမို့သူလည်းထပ်မမေးတော့ပဲမျက်လုံးကိုမှိတ်ရင်းသာလိုက်လာခဲ့လိုက်တော့သည်...
မျက်လုံးလေးတွေမှိတ်ထားတဲ့ကောင်လေး..
မျက်တောင်စိတ်စိတ်လေးတွေကယပ်တောင်လေးသဖွယ်ဖြာကျနေသည်..
​ဖြောင့်စင်းနေတဲ့နှာတံချွန်ချွန်လုံးလုံးလေး..တင်းနေအောင်စေ့ပိတ်ထားပါသောနီရဲရဲနှုတ်ခမ်းပါးလေးအောက်ကအစွယ်သေးသေးလေးကိုတော့မြင်နိုင်စွမ်းမရှိ..
နဖူးပေါ်၀ဲကျနေသောနီညိုရောင်ဆံစတစ်ချို့..
အတွေးတချို့မ၀င်ရောက်နိုင်ခင်မှာပင် လက်ကမျက်နှာထက်ကိုရောက်သွားလေပီ..
ဆံနွယ်လေးတွေကိုဖယ်ရှားပေးမလို့ပြင်လိုက်စဥ်မှာပင် စူးရဲတောက်ပနေတဲ့အနက်ရောင်မျက်၀န်းတွေကပွင့်လာပီးသူ့ကိုစိုက်ကြည့်လာသည်..
"Sry Karen..ငါက.."
ထိုကောင်လေးကမျက်လုံးလေးတွေပြန်မှိတ်သွားပီးခေါင်းလေးကိုတဖက်စောင်းသွားတော့ ဖြူဥနေတဲ့ဂုတ်သားဖွေးဖွေးလေးကထင်းခနဲ..
ကျွန်တော်တော့Karenဆိုတဲ့ကောင်လေးကြောင့်ရူးတော့မယ်..
ပြန်တွေ့ကြည့်မယ်ဆိုရင်မယုံနိုင်စရာကောင်းလှသည်..
သူ့ကိုတွေ့တိုင်းရွံရှာသလိုရှောင်ဖယ်သွားတတ်တဲ့ကောင်လေးကအခုတော့သူ့ရဲ့ဘေးမှာမျက်လုံးလေးတွေမှိတ်ပီးသက်တောင့်သက်သာအိပ်နေသည်..
သူမလောပါဘူး...တစ်နေ့တော့ ဒီကောင်လေးရဲ့အချစ်တွေကိုပိုင်ဆိုင်နိုင်ခွင့်ရတဲ့နေ့ရောက်လာမှာလို့သူအခိုင်အမာယုံကြည်တယ်..
***************************
နေရောင်ခြည်နွေးနွေးကအိပ်ယာထက်ဖြာကျနေသည်..
နက်မှောင်တောက်ပနေတဲ့၀တ်ရုံတော်ရဲ့ကျောအနောက်ဘက်မှာတော့အသက်၀င်လွန်းလှတဲ့အနီရောင်မျက်၀န်းတွေနဲ့ရွှေရောင်နဂါးကြီး..
စိမ်းလဲ့တောက်ပနေတဲ့ကျောက်စိမ်းတွေနဲ့စီခြယ်ထားတဲ့ခါးပတ်တော်..
ဦးခေါင်းထက်မှာတော့အနီရောင်တလဲ့လဲ့တောက်နေတဲ့မကိုဋ်..
ငွေမှောင်ရောင်ဆံနွယ်ရှည်တွေဟာမှန်ပြတင်းပေါက်ကနေတစ်ဆင့်ဖြတ်တိုက်လာတဲ့လေကြောင့်တလွင့်လွင့်..
နက်မှောင်နေတဲ့မျက်ခုံးထင်းထင်းကအရှိန်အ၀ါတစ်မျိုးကိုပေးစွမ်းနေသည်..
စူးရဲတောက်ပနေတဲ့ဇာမဏီမျက်၀န်းတွေကိုအသာမှိတ်ထားသည်..
ဖြောင့်စင်းနေတဲ့နှာတံထင်းထင်း..အထက်သို့ကွေးညွတ်နေတဲ့နီစွေးနေပါသောအေးစက်စက်နှုတ်ခမ်း..
ခိုင်မာပြတ်သားတဲ့မေးရိုးထင်းထင်း..
စစ်နတ်ဘုရားတစ်ဖြစ်လဲQuinxionတိုင်းပြည်ရဲ့ဧကရာဇ်Arbish...
မျက်လုံးကိုဖြေညှင်းစွာဖွင့်လိုက်ပီး..အိပ်ယာပေါ်မှာလဲလျောင်းနေရာကနေထလာသည်..
​ရှည်လျားတဲ့အရပ်အမောင်းနဲ့ကျစ်လျစ်တောင့်တင်းတဲ့ခန္ဓာကိုယ်ကအေးစက်စက်အငွေ့အသက်တွေထုတ်လွှင့်နေသည်
ထိုသူ့ရှေ့တော်မှောက်ရောက်လျှင်ပင်အလိုအလျှောက်ဦးညွတ်ခစားသွားအောင်လုပ်နိုင်စွမ်းရှိသည်..
ဖြည်းညှင်းစွာလမ်းလျှောက်လိုက်ပီးစူးရဲတောက်ပနေတဲ့မျက်၀န်းတွေနဲ့အခန်းကိုလှည့်ပတ်ကြည့်နေသည်..
လေထဲကနေတစ်စုံတစ်ရာကိုဆွဲထုတ်လိုက်ပီးလက်ဖ၀ါးတော်ထဲမှာကိုင်ဆောင်လိုက်သည်...
ထို့နောက်နှုတ်ခမ်းထောင့်စွန်းတွေကအထက်ကိုကွေးညွတ်သွားပီး အပြုံးတစ်စကိုဖော်ထုတ်လာသည်..
ထိုအပြုံးကနူးညံ့နွေးထွေးမနေသလိုအေးစက်နေပုံလည်းမပေါ်..
နှုတ်တော်ကအနည်းငယ်လှုပ်ရှားသွားပီးထွက်ပေါ်လာတဲ့အသံကအေးစက်ပီးဧကရာဇ်တစ်ပါးရဲ့အရှိန်အ၀ါတွေကိန်းအောင်းနေသည်..
"Redin.."
ဧကရာဇ်ရဲ့လက်ထဲကအရာသည်ကား တိုက်ပွဲအလီလီကိုဧကရာဇ်နဲ့အတူဆင်နွှဲခဲ့တဲ့ငွေရောင်တလဲ့လဲ့တောက်နေပီးအနက်ရောင်အငွေ့အသက်တွေယှက်သိုင်းနေတဲ့ ဧကရာဇ်ရဲ့Redin ဓား...






Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤Where stories live. Discover now