Ep~24 Unicode

138 17 0
                                    

"ကျစ်!ဒီလူလူမှဟုတ်ရဲ့လား.."
မှန်ထဲမှာပေါ်နေတဲ့အသားအရည်ပေါ်ကအနီကွက်တွေကိုလက်နဲ့ထိကြည့်လိုက်ရင်းကျစ်တစ်ချက်စုတ်လိုက်ကာ..
"ဟုတ်တယ်..တကယ်လည်းလူမှမဟုတ်တာ..Arbishအဲ့ဒီလူကမကောင်းဆိုး၀ါးကြီး!.."မျက်နှာသစ်ပီးထွက်လာတော့Arbishကကုတင်ခေါင်းရင်းကိုအကျအနမှီရင်းစာအုပ်တစ်အုပ်ကိုယူဖတ်နေသည်..
စူးရှတဲ့မျက်၀န်းတစ်စုံကစာအုပ်ထံသာအကြည့်ပို့ထားပီးနီစွေးစွေးနှုတ်ခမ်းကိုတင်းတင်းစေ့ကာတစ်စုံတစ်ခုကိုအာရုံစိုက်နေတဲ့ပုံဘာလို့များအဲ့လောက်တောင်ကြည့်လို့ကောင်းလွန်းနေရတာလဲလေ..
မပိတ်ရသေးတဲ့ပြတင်းပေါက်ထံမှလေပြည်ညှင်းတစ်ချို့ကတိုး၀င်လာတော့ထိုလူ့ရဲ့ငွေမှင်ရောင်ဆံနွယ်ရှည်တွေကအမတနတ်ဘုရားတစ်ပါးအလားလူးလွင့်နေပီးချောမောခန့်ညားတဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းဖော်ပြနေပြန်သည်..
ကျွီ!
တံခါးပိတ်လိုက်သံကျယ်သွားသည်ထင်Arbishကစာအုပ်ဖတ်နေရာမှသူ့ထံအကြည့်ပို့လာသည်..
ဖတ်လတ်စစာအုပ်ကိုပိတ်လိုက်ပီးစာကြည့်စားပွဲပေါ်တင်လိုက်သည့်လှုပ်ရှားမှုလေးကစ
နှုတ်ခမ်းထောင့်စွန်းလေးတွေတဖြည်းဖြည်းကော့ညွတ်သွားကာပြုံးပြလာသည်အဆုံး..
ထိုလူ့ရဲ့အရာရာတိုင်းကသိပ်ကိုကြည့်ကောင်းလွန်းနေပြန်သည်..
ကျစ်!ဘာတွေတွေးနေတာလဲKaren!!
ခေါင်းကိုခါယမ်းလိုက်ရင်းထိုလူ့နားလျှောက်သွားလိုက်ကာ..
"ခများကိုယ့်အခန်းကိုယ်မပြန်ဘူးလား.."
Arbishကခေါင်းကိုသာခါယမ်းပြပီးအိပ်ယာထက်ပုတ်ပြလာကာ..
"ဒီနားလာကလေးငယ်..."
"ကျစ်!မလာပါဘူး..ခများသာကိုယ့်အခန်းကိုယ်..Ar..Arbish!.."
ရုတ်တရက်သူ့လက်ကိုလှမ်းဆွဲလိုက်တော့ယိုင်နဲ့နဲ့ခန္ဓာကိုယ်ကထိုလူ့ရင်ခွင်ထဲတန်းခနဲ..
"Arbish ခများဘာလုပ်တာလဲ ဖယ်!..Arbishကျွန်တော်တကယ်ပြောနေတာ.."
Arbishလက်တွေပြေလျော့သွားတာကိုအခွင့်ကောင်းယူပီးထိုလူ့ရင်ခွင်ထဲကနေအမြန်ထွက်လိုက်ကာ..
"ခများ ကိုယ့်အခန်းကိုယ်ပြန်တော့.."
"Karen..မောင်မင်းသိပ်ရက်စက်တယ်..ကိုယ်တော့်ကိုတာ၀န်မယူပဲစားပီးနားမလည်လုပ်တယ်..ကိုယ်တော်တကယ်ရင်နာရတယ်သိလား.."
"ဘာ..ဘာကို..ဘယ်သူလဲ!ကျွန်တော်လား.."
သူ ကိုယ့်ကိုကိုယ်လက်ညှိုးထိုးလိုက်ပီးပြောတော့Arbishကမျက်တောင်လေးကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာခေါင်းလေးငြိမ့်ပြရင်း
"အင်း..."
သောက်ကျိုးနည်းချီးတဲ့မှပဲ!!ရုတ်တရက်နားထင်အထိသွေးတွေဆောင့်တက်လာသလိုပဲ..
"နေပါဦး..ခများ..ဘာပေါက်ကရတွေပြောတာလဲ..ခံရတာကျွန်တော်ဗျ!!!"
တကယ်ပါ..အံ့သြောလွန်းလို့သွေးတောင်အန်မိတော့မယ်..
"အဲ့တာဆိုလည်းကိုယ်တော်Karenကိုတာ၀န်ယူမယ်လေ..နော်.."
သူ့လက်တစ်ဖက်ကိုလှမ်းဆွဲလာကာပါးနဲ့ထိကပ်လိုက်ရင်း..
"ကိုယ်တော်မောင်မင်းကိုတာ၀န်ယူပါရစေကလေးငယ်.."
ထို့နောက်သူ့လက်ကိုနှုတ်ခမ်းနဲ့ဖွဖွနမ်းရှိုက်လိုက်တော့..
"ခ..ခများ!!မလိုဘူး..သွား..ပြန်တော့ဗျာ..ကိုယ့်အခန်းကိုယ်ပြန်တော့.."
ဘယ်လိုကြီးလဲ..ရှက်စရာကောင်းလိုက်တာ..သူ့မျက်နှာတစ်ခုလုံးပူထူလာသလိုပဲ..Karenဆိုတဲ့သူကအဲ့လောက်ထိအ​ရေပြားပါးတဲ့သူမဟုတ်ပါဘူး..
Arbishကညစ်ကျယ်ကျယ်တစ်ချက်ပြုံးလိုက်ပီးအိပ်ယာထက်လှဲလိုက်ကာ
"ကိုယ်တော်တော့ဒီနေရာလေးကပိုပီးအိပ်ရတာအဆင်ပြေတယ်လို့ထင်တယ်.."
"ခများ!တကယ်အရှက်မရှိတဲ့သူ...ကောင်းပီကျွန်တော်တခြားအခန်းသွားအိပ်မယ်.."
သောက်ကျိုးနည်းခါးကနာနေပါတယ်ဆိုမှ!ဒီလူဒုက္ခပေးလို့ကိုမပီးနိုင်ဘူး..
ကိုယ်တော့်ကိုပြောချင်ရာပြောပီးခါးလေးကိုင်ကာလှုပ်စိလှုပ်စိနဲ့တံခါးနားသွားနေတဲ့ကောင်လေးကိုကြည့်ကာရယ်ချင်စိတ်ကိုမနည်းထိန်းရင်းထလိုက်ပီး..
"Arbish!!ခများ ဘာလုပ်တာလဲ ပြန်ချ!ကျွန်တော့်ကိုပြန်ချပေး.."
ရင်ခွင်ထဲမှာအတင်းရုန်းပီးလှုပ်ယမ်းနေတဲ့ကောင်လေးကိုကြည့်လိုက်ကာ..
"ငြိမ်ငြိမ်နေကလေးငယ်..မောင်မင်းအဲ့လိုလှုပ်နေလို့ပြုတ်ကျသွားရင်ကိုယ်တော့်အပြစ်မဟုတ်ဖူးနော်.."
"ခများ!ဟွန်း.."
ဘာမှဆက်မပြောတော့ပေမယ့်သူ့ရင်ခွင်ထဲမှာတကယ်ငြိမ်ငြိမ်လေးနေနေတဲ့ကောင်ငယ်လေးကြောင့်သူ့မှာအသည်းတွေတောင်ယားလာရသည်..
တကယ်ပါ..ဒီကောင်ငယ်လေးကကိုယ်တော့်ရဲ့အသက်..
ကောင်ငယ်လေးကိုငြင်သာစွာအိပ်ယာထက်ချလိုက်ပီးနဖူးလေးထက်အသာအယာအနမ်းခြွေလိုက်ကာ..
"မအိပ်ခင်တစ်ခုခုစားပါဦးလားကလေးငယ်..မနက်ကတည်းကဆိုတော့ဗိုက်တွေဆာနေရော့ပေါ့.."
ကောင်ငယ်လေးထံမှစကားတစ်ခွန်းတောင်ဆိုမလာ..
တကယ်ပဲစိတ်ဆိုးသွားတာလား...
တစ်ဖက်လှည့်နေတဲ့မျက်နှာလေးကိုငြင်သာစွာဆွဲယူလိုက်ကာသူ့ဘက်လှည့်စေလိုက်တော့ကောင်ငယ်လေးကအကြည့်တွေကိုတခြားပို့ထားပြန်သည်..
"ကလေးငယ်..ကိုယ်တော်နောက်မလုပ်တော့ပါဘူး..အဲ့လိုကြီးတော့စိတ်မဆိုးပါနဲ့..ကိုယ်တော်တကယ်မနေတတ်လို့ပါ..."
ကောင်ငယ်လေးကတော့အကြည့်တွေလွှဲထားဆဲ..
"ကောင်းပါပီကလေးငယ်သဘောပါ...မအိပ်ခင်လေးတော့တစ်ခုခုစားလိုက်ဦးနော်.."
"ကောင်းသောညပါကလေးငယ်.."
"ကိုယ်တော်ဟိုဘက်အခန်းမှာပဲသွားအိပ်လိုက်ပါ့မယ်..စိတ်အေးလက်အေးသာအိပ်ပါကိုယ်တော်အနှောင့်အယှက်မပေးတော့ပါဘူး..."
သူ့ဘေးနားကထိုလူ့ရဲ့နွေးထွေးမှုလေးပျောက်သွားမှသူကြည့်လိုက်တော့တံခါးဖွင့်ကာထွက်သွားပီဖြစ်တဲ့အေးစက်စက်နောက်ကျောတစ်စုံကိုသာမြင်လိုက်ရသည်...
ဒုတ်!ဒုတ်!ဒုတ်!..
"မင်း..ငြိမ်ငြိမ်နေစမ်း..ဘာလို့Arbishနဲ့တွေ့တိုင်းအဲ့လောက်ခုန်ချင်နေရတာလဲ.."
ရင်ဘတ်ထဲကကောင်ကိုတစ်ချက်ပုတ်ကာသတိပေးလိုက်ရင်း..
"ဘာပဲဖြစ်ဖြစ်Arbishနဲ့ဝေးဝေးနေမှဖြစ်တော့မယ်..မဟုတ်ရင်း..အဟက်!မဟုတ်ရင်..."
[N/ကျွန်တော်တို့ရဲ့ကောင်လေးကဘယ်လိုမှ၀န်မခံရဲဘူးဖြစ်နေတာပါ..ပီးတော့သူ့ကိုယ်သူလည်းယောက်ျားလေးတစ်ယောက်ကိုချစ်တယ်ဆိုတာကိုလက်မခံနိုင်ဘူးဖြစ်နေတာ..အဲ့တာကြောင့်လည်းသူတို့နှစ်ယောက်ရဲ့အနမ်းကအကျုံးမ၀င်ဘူးဖြစ်နေတာ..Karenသာလက်ခံလိုက်ရင်ကိုယ်တွေရဲ့ကိုယ်တော်လည်းမြန်မြန်ကျိန်စာပြယ်ပီကို..ughh..Karenရက်စက်တယ်!!!]
*************************************
"စားလေKaren..ဘာလို့တို့စိတို့စိလုပ်နေတာလဲ.."
"အေးလေကွာ..ဒီလောက်နည်းနည်းလေးပဲစားနေရင်အာဟာရမပြည့်၀ပဲနေမယ်.."
မျက်နှာချင်းဆိုင်ထိုင်နေတဲ့Sinnကအသားလွှာကိုသေသပ်စွာလှီးဖြတ်လိုက်ပီးပါးစပ်ထဲထည့်လ်ိုက်ရင်းပြောလာသည်..
ဟုတ်ပါတယ်..မနက်စောစောစီးစီးသူများအိမ်ကိုရောက်လာပီးခပ်တည်တည်နဲ့breakfast၀င်စားနေတဲ့သူ့သူငယ်ချင်းခွေးကောင်နှစ်ကောင်ပါ..
"နေပါဦး..မင်းတို့အခုအချိန်မှာစား၀င်သေးတာလား.."
"ဟမ်..ဘာကိုလဲ.."
ကြောင်တောင်တောင်လုပ်နေတဲ့ကောင်တွေကိုနားရင်းအုပ်ချင်စိတ်ကိုကြိတ်မှိတ်မြိုသိပ်လိုက်ရင်း..
"မင်းတို့အဖေငါ့ကို ဖြေရှင်းချက်လေးများမပေးချင်ကြဘူးလားကွ..ဟမ်.."
"ဖြေရှင်းချက်?..အင်း..ပေးရမှာပေါ့..ဒါလေးအရင်စားလိုက်ဦးမယ်.."
"Hey karen..ဒီအသားလွှာကဘယ်ကမှာထားတာလဲ..နောက်တစ်ခါငါ့အတွက်ပါပိုမှာထားပေးသားကြီး.."
"Fu*k!!..လာခဲ့မင်းတို့နှစ်ကောင်လုံး..အခုချက်ချင်း!..ဆက်မစားနဲ့တော့.."
တကယ်သောက်ရေးမပါတာတွေပြောနေကြတာ..သည်းခံစိတ်တွေကဒီဂရီတစ်ခုကိုရောက်သွားပီ..
"Ugh?Karenမင်းကလည်းကပ်စီးနည်းလိုက်တာကွာ.."
"မလာသေးဘူးလား!.."
"လာပီလာပီ.."
​"ပြော.."
ကုတင်ပေါ်မှာမျက်နှာငယ်လေးတွေနဲ့ထိုင်နေတဲ့နှစ်ကောင်ကိုကြည့်ကာပြောလိုက်တော့သနားစရာကောင်းစွာမော့ကြည့်လာပီး..
"Karen..အဲ့ဒါကလေ.."
"ပြော.."
"ဟို..ငါတို့ကမင်းပင်ပန်းနေတာတွေပျောက်သွားအောင်လုပ်ပေးချင်တာပါကွာ..ဘယ်ကမှန်းမသိတဲ့လူကရောက်လာပီးမင်းဖင်လေးကိုလုပ်သွားမယ်လို့ထင်မှာလဲကွ..."
"ငါတို့မှားပါတယ်Karenရာ..ပီးတော့အဲ့ဒီလူကလည်းမင်းကိုတာ၀န်ယူမှာပါတဲ့..ဒါပေမယ့်လောလောဆယ်တော့အဲ့ဒီလူဘယ်ပျောက်နေလဲငါတို့လည်းမသိသေးဘူး.."
"ဟက်!မင်းတို့ကောင်တွေ..ငါ..လုပ်လိုက်ရင်မကောင်းရှိတော့မယ်..ထားတော့..ဘာပဲဖြစ်ဖြစ်ငါကယောက်ျားလေးတစ်ယောက်ပဲဒီလောက်နဲ့ဘာမှဖြစ်မသွားဘူး.."
"ဟုတ်တယ်ဟုတ်တယ်..တွေ့လားSinnငါပြောသားပဲKarenကဟိုလူ့ကိုမကြိုက်ပါဘူးဆိုတာ...ငါတို့ရဲ့Karenကယောက်ျားစစ်စစ်ကွ.."
"ခွေးကောင်..ငါကယောက်ျားစစ်စစ်ပေါ့ကွ.."
"ဟီး..အဲ့တာဆိုမင်းငါတို့က်ိုစိတ်မဆိုးတော့ဘူးမလား..."
"ထားတော့..နောက်တစ်ခါဆိုရင်တော့မင်းတို့ကောင်တွေရဲ့ဖင်ကိုစုတ်ပြတ်သွားအောင်ကန်ပစ်မယ်.."
"Okok ဘေဘီ့သဘော.."
"ချီးပဲ..ဘေဘီ.."
"Karenမင်းတကယ်ပဲအဆင်ပြေရဲ့လား..."
"ဟမ်..ဘာကိုလဲ.."
Simonကသူတစ်ခါမှမမြင်ဖူးတဲ့ပုံနဲ့အလေးအနက်ပြောလာတော့..
"ငါအဆင်ပြပါတယ်.."
"အဲ့ဒီလူနဲ့မင်းနဲ့တကယ်မသိဘူးလား..."
"ဟမ်..မသိ..မသိပါဘူး..အဟား..ငါကဘယ်လိုလုပ်သိမှာလဲကွ.."
"အေးလေSinnမင်းကလည်းဘာတွေကြောင်တောင်တောင်လုပ်နေတာလဲ..."
"အင်းပါ မသိရင်လည်းပီးတာပါပဲ မင်းအဆင်ပြေရင်ပီးတာပါပဲ..ဒါပေမယ့်.."
"ဒါပေမယ့်?.."
"အဲ့ဒီလူကတော့မင်းကိုအလွတ်ပေးမယ့်ပုံမပေါ်ဘူး.."
"အဟား..အလွတ်မပေးတော့လည်းဘာလုပ်နိုင်မှာမလို့လဲ..ဒီလူပေါ်လာတဲ့အချိန်ရဲလက်အပ်လ်ိုက်မှာပေါ့ကွ..မင်းကတော့လေတကယ်မဟုတ်တာတွေတွေးပူနေပြန်ပီSinnရာ..."
"Karen.."
"ဟမ်..အေးလေ..ဘာမှပူစရာမလိုပါဘူး.."
"ဒေါက်!ဒေါက်!သခင်လေး"
"၀င်ခဲ့.."
အန်တီmerrieက၀တုတ်လေးကိုပွေ့ထားကာသူတို့နားလျှောက်လာပီး..
"ဟို..သခင်လေး..၀တုတ်လေးကလေအစာကျွေးတာလည်းဘာမှမစားဘူး...ခြံထဲမှာဆော့ဖို့ချပေးတော့လည်းမဆော့ပဲဒန်းပေါ်မှာပဲထိုင်နေတယ်..အဲ့ဒါ..၀တုတ်လေးများနေမကောင်းဖြစ်နေလားလို့.."
သူအန်တီMerrieလက်ထဲက၀တုတ်လေးကိုကြည့်လိုက်တော့ကိုယ်တော်ကခေါင်းလေးငုံ့နေသည်..
"ဘာမှမဖြစ်ပါဘူး...သူဗိုက်မဆာလို့နေမှာပါ..နေချင်သလိုနေပလေ့စေလွှတ်ထားလိုက်..."
"ရှင်.."
"ဘာရပ်နေတာလဲသွားတော့လေ.."
"ဟုတ်ကဲ့သခင်လေး..."
"နေဦး.."
"ကျစ်!Simonမင်းဘာလုပ်မလို့လေ.."
Simonကသူ့ဘေးနားကနေထသွားပီး၀တုတ်လေးကိုချီလိုက်ကာ..
"ရပီခများသွားတော့..ဒီကောင်လေးကိုကျွန်တော်တို့ခေါ်ထားလိုက်မယ်.."
Aunty merrieကသူ့ဘက်ကိုလှည့်ကြည့်လာတော့သူခေါင်းသာငြိမ့်ပြလိုက်ရင်း..
"အင်း..သွားတော့.."
"ဟုတ်ကဲ့သခင်လေး..."
Simonက၀တုတ်လေးကိုချီလာကာအိပ်ယာထက်ထိုင်လိုက်ပီး..
"Karenမင်းဘယ်တုန်းကကြောင်မွေးထားလိုက်တာလဲ.."
"မကြာသေးဘူး..ပေးSimonမကိုင်နဲ့ညစ်ပတ်တယ်.."
သူSimonလက်ထဲက၀တုတ်လေးကိုယူဖို့လက်လှမ်းလိုက်တော့ခွေးကောင်ကသူ့လက်ကိုရှောင်လိုက်ပီး..
"ဘယ်မှာညစ်ပတ်လို့လဲ..ဒီလောက်နှင်းလုံးလေးလိုဖြူဖွေးနေတဲ့ဟာကို.."
ထို့နောက်အမွှေးဖြူဖြူလေးတွေကိုပါလက်နဲ့ဖွလိုက်ပီး..
"Karenဒီကောင်လေးကိုမင်းမလိုချင်ရင်ငါ့ကိုပေးလိုက်လေ..Jullyကအကောင်လေးတွေဆိုချစ်တတ်တော့ဒီကောင်လေးကိုသဘောကျမှာ.."
ဒီခွေးကောင်!!သူဘယ်လိုများArbishရဲ့အမွှေးကိုထိရဲရတာလဲ..
Arbishများရုတ်တရက်ထကုတ်လိုက်လေမလားလို့ကြည့်လိုက်တော့လည်းကိုယ်တော်ကသူမဟုတ်တဲ့အတိုင်းSimonရင်ခွင်ထဲမှာငြိမ်ငြိမ်ကုတ်ကုတ်...
Simonက၀တုတ်လေးရဲ့နားရွက်လေးကိုပါဆွဲညှစ်လိုက်ပီး..
"ဘယ်လိုလဲ Karenငါ့က်ိုပေးမှာလား..မင်းလိုချင်တာပြန်၀ယ်ပေးမယ်လေ.."
"မလိုဘူး.."
သူSimonရင်ခွင်ထဲက၀တုတ်လေးကိုဆွဲခေါ်လိုက်ပီးသူ့ရင်ခွင်ထဲထည့်လိုက်ကာ..
"ဒီကောင်ကအရမ်းဆိုးတယ်..ကုတ်လည်းကုတ်တတ်တယ်..မင်းမြင်တယ်မလား..အန်တီmerrieလက်ကကုတ်ရာကြီးလေ..အဲ့တာဒီကောင်ကုတ်ထားတာ.."
"Ugh..ဟုတ်လားဘာပဲဖြစ်ဖြစ်ပါငါ့ညီမကအကောင်လေးတွေကိုဘယ်လိုထိန်းရမလဲသိပါတယ်.."
"မင်းမသိလို့နော်..ဒီကောင်ကအရမ်းလည်းညစ်ပတ်သေးတယ်...ရေလည်းမချိုးဘူး..အစာခွက်တွေကိုလည်းမှောက်ပစ်သေးတယ်..ပီးတော့.."
"တော်..တော်ပါပီကွာ..ငါမယူတော့ပါဘူး..ဒါနဲ့အဲ့လောက်ဆိုးတဲ့ကောင်ကိုမင်းဘာလို့မွေးထားသေးလဲ.."
သူ၀တုတ်လေးရဲ့အမွှေးနုလေးတွေကိုဖွလိုက်ရင်း..
"ahaa..ဒီတိုင်း..တခြားသူတွေဒုက္ခရောက်မှာစိုးလို့.."
"LOL..ဟုတ်ပါပီကရုဏာရှင်ကြီးရယ်.."
"အဟား..ဒါနဲ့မင်းတို့ကောင်တွေမပြန်ကြသေးဘူးလား.."
"ဘာလဲ မင်းကငါတို့ကိုနှင်ထုတ်နေတာလား.."
"ဟုတ်တယ်.."
"ခွေးကောင်..ကဲပြန်တော့မယ်အဲ့ဒါဆိုလည်း.."
"ဟေး..စတာပါကွမင်းတို့ကလည်း.."
"အဟား..သိပါတယ်..ငါတို့လည်းသွားစရာရှိသေးလို့.."
"အေးပါ..ကောင်းကောင်းပြန်ကြ..နောက်မှတွေ့မယ်.."
"OK..Bye karen.."
ထို့နောက်သူ့ရင်ခွင်ထဲက၀တုတ်လေးကိုကြည့်လာပီး..
"သွားပီကောင်လေး..မင်းသခင်ကမင်းကိုတော်တော်ချစ်တယ်သိလား...ငါတောင်းတာတောင်မပေးချင်ဘူး..."
"ခွေးကောင်!ပေါက်ကရတွေ..သွားမှာဖြင့်သွားတော့.."
"အဟား..okokသွားပီ.."
"တကယ့်ချီးထုပ်တွေ..."
ဟိုကောင်တွေပြန်သွားတော့သူ့ရင်ခွင်ထဲက၀တုတ်လေးကရုတ်တရက်ခုန်ဆင်းသွားပီးတံခါးနားကိုထွက်သွားသည်..
တံခါးကမပိတ်ထားတာကြောင့်ခပ်ဟဟပွင့်နေတဲ့အပေါက်လေးက်ိုလက်နဲ့တွန်းပီးအပြင်ဘက်ကို
မရရအောင်ထွက်သွားသည်...
[=_=]]??
နေပါဦး..သူအခုပလစ်ခံလိုက်ရတာလား???












Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤Where stories live. Discover now