Ep~20 Unicode

120 12 0
                                    

phကိုအိပ်ယာဘေးပစ်တင်လိုက်ကာ..အခန်းထဲကိုတစ်ချက်ဝေ့ကြည့်လိုက်သည်...
ပိတ်ထားဆဲမှန်ပြတင်းပေါက်တွေနဲ့လော့ချထားတဲ့အခန်းတံခါး...
ဒါဆိုညကArbishတကယ်ကြီးသူ့အခန်းထဲရောက်မလာဘူးပေါ့..
ဘာလို့မှန်းမသိ၀မ်းနည်းသွားမိတော့ခေါင်းကိုခါယမ်းလိုက်ရင်း..
"အဟား..ကောင်းတာပေါ့ အခုမှပဲအေးအေးဆေးဆေးလွတ်လွတ်လပ်လပ်အိပ်ရတော့တယ်.."
🎶I'd spend 10000hours and 10000 more...
Oh,If that's what it takes to learn that sweet heart of yours..
And I might never get there,but I'm gonna try
If it's 10000 hours or the rest of my life..
I'm gonna love u..🎶
သီချင်းလေးညည်းရင်းရေချိုးခန်းထဲ၀င်လိုက်သည်..
မိုးပြာရောင်ရှပ်အင်္ကျီကိုအဖြူရောင်အင်္ကျီလက်တိုပေါ်ထပ်၀တ်လိုက်ပီးအနက်ရောင်short pantနဲ့တွဲ၀တ်လိုက်သည်..
နီညိုရောင်ဆံနွယ်တွေကိုအနည်းငယ်ဖွလိုက်ပီး..နှုတ်ခမ်းထောင့်စွန်းလေးတွေကော့တက်သွားသည်အထိပြုံးလိုက်တော့အစွယ်ဖြူဖြူလေးကလှစ်ခနဲပေါ်လာသည်...
ဟုတ်တယ်...ဒါကမှသူ့ပုံစံအစစ်အမှန်..
ကားသော့ကိုယမ်းပီးလှေကားကဆင်းလာတဲ့သူ့ကိုDaddyကမြင်တော့..
"Karen..breakfastမစားဘဲဘယ်သွားမလို့လဲ.."
မျက်နှာထက်၀ဲကျလာတဲ့နီညိုရောင်ဆံနွယ်တွေကိုလက်နဲ့အသာသပ်တင်လိုက်ရင်း..
"ကျွန်တော်မစားတော့ဘူး..."
ပြောပီးတာနဲ့ဆက်သွားမလို့ပြင်လိုက်တော့..
"breakfastစားပီးမှသွား.."
"ကျွန်တော်မစား.."
"Karen!Daddy ပြောနေတယ်..စားပီးမှသွားဆိုစားပီးမှသွား.."
"ကျစ်!ပီးတာပဲ.."
သူစားပွဲမှာ၀င်ထိုင်လိုက်ရင်းကော်ဖီနဲ့ပေါင်မုန့်အချို့ကိုပီးစလွယ်ကောက်၀ါးလိုက်သည်...
ဘာရယ်မဟုတ်မျက်လုံးတစ်ချက်ဝေ့ကြည့်မိတော့အဖြူရောင်အရိပ်လေးကသူ့မြင်ကွင်းထဲပေါ်လာသည်...
Arbish?..
သူစားလက်စကိုရပ်လိုက်ပီးမျက်မှောင်ကြုံ့လိုက်ကာအခန်းတံခါးထောင့်မှာလုံးလုံးလေးထိုင်နေတဲ့၀တုတ်လေးကိုကြည့်လိုက်ပီး..
"Aunt Merrie ၀တုတ်လေးကဘယ်လိုလုပ်ဒီနားရောက်နေတာလဲ.."
ဘေးနားမှာရပ်နေတဲ့Aunty Merrieက၀တုတ်လေးနားသွားပီးကောက်ပွေ့လာကာ..
"ကျွန်မနွားနို့သွားပို့တော့ ၀တုတ်လေးကမသောက်ပဲအပြင်ပဲထွက်ချင်နေတဲ့ပုံမလို့ကျွန်မလည်းခေါ်ခဲ့မိတာပါ..ဟိုသခင်လေးမကြိုက်ရင်သူ့ကိုအခန်းထဲပြန်ပို့ထားလိုက်ပါ့မယ်.."
"မလိုဘူး..ထားလိုက်တော့ အခန်းထဲမှာနေရတာပျင်းနေလို့နေမယ်..အပြင်ဘက်ခြံထဲဆော့ခိုင်းထားလိုက်"
"ဟုတ်ကဲ့ပါသခင်လေး..."
သူစားနေတာကိုလက်စသတ်လိုက်ပီး..
"စားပီးပီဆိုတော့ကျွန်တော်သွားလို့ရပီလား.."
"နေဦး.."
"ကျစ်!ဘာတွေရှိသေးပြန်တာလဲ.."
"ဘယ်အချိန်ပြန်လာမှာလဲ.."
"မသိဘူး.."
daddyကတိုင်ကပ်နာရီကိုတစ်ချက်ကြည့်လိုက်ပီး..
"အခုမှ၈နာရီပဲရှိသေးတာဆိုတော့နေ့လည်စာစားချိန်အမှီပြန်လာခဲ့.."
"မဖြစ်နိုင်ဘူး..ကျွန်တော်ညချိန်းထားတာရှိတယ်..မနက်ဖြန်မနက်ပြန်လာခဲ့မယ်..ဒါပဲမလားသွားပီ.."
"ဘာ!!karen..မရဘူး..ဘယ်လိုများတစ်နေ့လုံးအပြင်မှာနေဖို့စဥ်းစားနေတာလဲ..နေ့လည်ပြန်လာခဲ့!.."
"အာ..sryကျွန်တော်မနက်မှပဲပြန်လာနိုင်မှာမို့ သွားပီ.."
"Karen!Karen!!.."
သူမျက်လုံးကိုတစ်ချက်လည်လိုက်ရင်း..ကားတံခါးကိုဆွဲဖွင့်လိုက်ကာ...
"တကယ်ပါ..နေ့လည်တဲ့လား..အဟက်!ဘိုးတော်ဘာတွေတွေးနေတာလဲ.."
ဝေါခနဲမောင်းထွက်သွားပီဖြစ်တဲ့အနီရောင်ပြိုင်ကားလေးကိုကြည့်ပီးaunty merrieတစ်ယောက်ခေါင်းတစ်ခုလုံးကိုက်လာသလိုခံစားလိုက်ရသည်...
ခြံထဲမှာဆော့ရအောင်သူမခေါ်လာခဲ့တဲ့၀တုတ်လေးကရုတ်တရက်ပျောက်သွားပီးသူမရှာတွေ့တဲ့အချိန်မှာသခင်လေးရဲ့ကားနောက်ခန်းထဲကို၀င်သွားပီဖြစ်သည်..
သူမတော့သခင်လေးပြန်လာရင်အလုပ်ထုတ်ခံရတော့မယ်...
နာကျင်နေတဲ့နှလုံးသားလေးကိုဖိကိုင်ရင်းအထုပ်သိမ်းဖို့ပြင်လိုက်သည်..
*************************
bluetooth earphoneကိုနားမှာတပ်လိုက်ရင်းသူ့သူငယ်ချင်းတွေဆီphခေါ်လိုက်သည်..
"Hello.."
တစ်ဖက်မှအိပ်ချင်မူးတူးအသံထွက်လာတော့..
ဟုတ်သားပဲ..ဒီခွေးကောင်တွေဒီအချိန်ထသေးမှာမဟုတ်ဖူး..
"Hello ဘယ်သူလဲကွာ စောစောစီးစီးသူများအိပ်နေတာကိုလာနှောင့်ယှက်နေတာ!!ချီးတဲ့မှပဲ.."
"မင်းအဖေkaren.."
"ဘယ်ကkaren..ဟမ်..karen..သားကြီး.."
ထိုအခါမှph noကိုကမန်းကတမ်းကြည့်လိုက်ပုံပေါ်ပါသည်..ခွေးသားလေးကပြူးပြဲပီးသူ့နာမည်ကိုတတော့သည်..
"အေး..မင်းအခုထိမထသေးဘူးလား.."
"မင်းကလည်းနာရီလေးဘာလေးတစ်ချက်လောက်ကြည့်ဦး..ဒီအချိန်ဘယ်တုန်းကထဖူးတာကြလို့.."
သူတစ်ချက်ရယ်လိုက်ရင်း
"မထဖူးလည်းထတော့..ပီးတော့ဟိုနှစ်ကောင်ပါခေါ်လိုက်.."
"အာ..မင်းမသိဘူးလား...ZinoကFelnonမှာမရှိဘူးလေကွာ..သူ့မိဘတွေနဲ့ခရီးထွက်သွားတယ်.."
"ဟုတ်လား..အဲ့တာဆိုလည်းSinnတော့ရှိတယ်မလား.."
"အေး..အဲ့ကောင်ကတော့ဘယ်မှမသွားဖြစ်ဖူးလို့ပြောတယ်.."
"ခဏနေ****မြင်းစီးclubကိုလာခဲ့..ဒါနဲ့ပွဲရောရှိသေးလား..."
တစ်ဖက်ကအာတစ်ချက်သန်းလိုက်ရင်း..
"အင်း..အသေးစားပွဲတွေကတော့နေ့တိုင်းရှိတယ်...
ဒါနဲ့မင်းအခုတလောငြိမ်နေလို့အရင်လိုKarenမှဟုတ်သေးရဲ့လားလို့ငါတို့တောင်ပြောနေကြသေးတယ်.."
"အဟား..ပေါက်ကရတွေမပြောနဲ့တော့ ခဏနေတွေ့မယ်.."
"ok.."
သူရယ်Sinnရယ်Zinoရယ်ပီးတော့စောစောကသူနဲ့phပြောတဲ့Simonဆိုတဲ့ကောင်ရယ်ကငယ်သူငယ်ချင်းတွေ..အခုuniရောက်မှဒင်းတို့တွေနဲ့တကွဲတပြားဖြစ်သွားခဲ့တာ..
ဒါပေမယ့်ကျောင်းသာမတူတာဒီကောင်တွေနဲ့ကအခုထိတွဲတုန်း..
အခုတလောArbishကိစ္စကြောင့်အလုပ်ရှုပ်နေတော့သူတို့နဲ့မတွေ့ဖြစ်တာတောင်တစ်လနီးပါးကြာသွားပီ..
သူphချလိုက်ရင်းသီချင်းဖွင့်ကာ****မြင်းစီးclubကိုထွက်ခဲ့လိုက်သည်..
ထုံးစံအတိုင်း10000hoursပဲပေါ့...
Clubကိုရောက်တော့ဟိုနှစ်ကောင်ကအခုထိမရောက်သေး..
အဲ့တာနဲ့သူလည်းမတွေ့ရတာကြာပီဖြစ်တဲ့သူ့ကောင်ကြီးကိုအရင်သွားတွေ့လိုက်သည်..
"ဟာ..သခင်လေး..မလာတာတောင်ကြာပီပဲ.."
"အင်း.."
clubက၀န်ထမ်းကောင်လေးကိုသူခေါင်းငြိတ်ပြလိုက်ရင်း..
"မင်းတို့သူ​ေဋ္ဌးရောနေကောင်းတယ်မလား.."
"ဟုတ်ကဲ့သခင်လေး..သူ​ေဋ္ဌးကတောင်သခင်လေးတို့တွေမလာတာကြာလို့မေးနေသေးတယ်.."
"အင်း..ငါ့ကောင်ကြီးရော.."
"ရှိပါ့ဗျာ..blackကအခုဆိုဒီclubမှာအကြီးဆုံးနဲ့အသန်ဆုံးဖြစ်နေပီဗျ.."
"ဟုတ်လား.."
သူမျက်ခုံးတစ်ချက်ပင့်လိုက်ရင်း..
ကောင်လေးခေါ်တဲ့နေရာက်ိုလိုက်လာတော့အစာစားနေတဲ့blackကသူတို့ဘက်ကိုလှည့်ကြည့်လာသည်..
သန်မာထွားကြိုင်းပီးတစ်ကိုယ်လုံးနက်မှောင်တောက်ပနေတဲ့ကောင်ကြီးကဟိုးအရင်ကပိန်သေးသေးအနက်ရောင်မြင်းပေါက်စလေးနဲ့တခြားစီ..
ဒါပေမယ့် ဘယ်လောက်ပဲအသေးဆုံးဖြစ်နေပါစေ..blackကပြိုင်ပွဲတိုင်းကိုအနိုင်ရခဲ့စမြဲ..
ဒါကြောင့်လည်းBlackကသူသဘောအကျဆုံးဖြစ်နေတာ...
စူးရဲတောက်ပနေတဲ့မျက်လုံးတွေကသူ့ကိုစိုက်ကြည့်လာပီးဟီးခနဲတစ်ချက်အော်ကာသူ့နားပြေးလာသည်..
သူလန့်သွားပေမယ့်blackကသူ့နားရောက်လာပီးသူ့ခေါင်းလေးကိုပွတ်ပေးဖို့တိုးပေးလာတော့သူခပ်ဟဟရယ်လိုက်ပီးခေါင်းလေးကိုဖွဖွပွတ်ပေးလိုက်ကာ..
"ငါ့ကောင်ကြီးကငါ့ကိုမမေ့သေးပါ့ပဲကွဟမ်..."
"ဟီး.."
"နောက်ဆိုနေ့တိုင်းလာကြည့်ပါ့မယ်ကွာ.."
ထို့နောက်ဘေးနားကကောင်လေးက်ိုကြည့်လိုက်ပီး...
"သူ့ကိုသေချာဂရုစိုက်..လိုတာရှိရင်ငါ့ကိုပြော.."
"ဟုတ်ကဲ့ပါသခင်လေး.."
"အင်း.."
ဒီနေရာကိုမရောက်တာကြာတာမို့ဟိုဒီလျှောက်ကြည့်နေတုန်း..
"Karen..ခွေးကောင်..ပျောက်ချက်သားကောင်းနေတာ.."
တိုကပ်နေအောင်ညှပ်ထားတဲ့ဆံပင်ကိုမှခဲရောင်ဆိုးထားပီးဘေးမှာလည်းလိုင်းဖောက်ထားသေးသည်..
အနက်ရောင်မျက်မှန်ကိုဆွဲချွတ်လိုက်ရင်းသူ့ဆီကိုလျှောက်လာတဲ့ကောင်လေး...
ရှည်လျားတဲ့အရပ်အမောင်းနဲ့တောင့်တင်းခိုင်မာတဲ့ခန္ဓာကိုယ်ကထင်းထွက်နေပီးclubကိုလာတဲ့မိန်းကလေးတချို့ရဲ့အာရုံကိုဖမ်းစားထားသည်
"အေးကွာ..မင်းphလေးဘာလေးတောင်ငါတို့ကိုဆက်ဖော်မရဘူး..ငါတို့ကိုမလွမ်းဘူးလားလို့
ဟမ်..ဟမ်.."
ရွှေအိုရောင်ဆံနွယ်တွေကိုမြှောက်စည်းထားပေမယ့် မျက်ခုံးထင်းထင်းရ​ယ်..စူးရဲနေတဲ့စိမ်းပြာရောင်မျက်၀န်းတွေနဲ့နှာတံ​စင်းစင်းမေးရိုးထင်းထင်းကြောင့်မိန်းကလေးဆန်မနေပဲ..ချောမောမှုကိုပိုပီးပံ့ပိုးပေးနေသယောင်..
သူ့ရဲ့ချစ်လှစွာသောခွေးကောင်တွေဖြစ်တဲ့Simonနဲ့Sinn..
သူရယ်လိုက်ရင်းထိုခွေးကောင်တွေဆီသွားလိုက်ကာ..
"တော်စမ်းပါကွာ..မင်းတို့တွေတစ်နေ့တစ်နေ့ကောင်မလေးတွေနဲ့ပဲသာယာနေပီးဒီအဖေကြီးကိုသတိတစ်ချက်တောင်ရလို့လား.."
"ဟေး..အဲ့လိုတော့မပြောပါနဲ့ကွာ.."
Sinnnကသူ့ပခုံးပေါ်လက်တင်လာရင်း
"ကောင်မလေးကကောင်မလေး..သူငယ်ချင်းကသူငယ်ချင်း.."
"အဟား..တကယ့်ခွေးကောင်တွေ.."
"ထားတော့..ဒါနဲ့Karenမင်းရုတ်တရက်ကြီးဒီကို
ဘာလို့လာချင်ရတာလဲ..ဘာတွေစိတ်ရှုပ်စရာရှိလို့လဲ.."
"ဟမ်.."
Simonကသူ့ကိုသေချာစိုက်ကြည့်ပီးမေးလာတော့..
"အဟား..ဒီသခင်လေးကိုဘယ်သူကစိတ်ရှုပ်အောင်လုပ်ရဲလို့လား.."
"အဲ့တာလည်းဟုတ်သားပဲ..မင်းဆိုတဲ့ခွေးကောင်ကပါးစပ်ထက်လက်ကမြန်ပီးသားဆိုတော့.."
"အဟား..တော်ပါကွာ...ဒါနဲ့ငါစောစောကမေးကြည့်တာပွဲကညနေမှရှိမှာတဲ့.."
"အေး..ညနေဆိုလည်းညနေပေါ့..ဘာဖြစ်လို့လဲ."
သူSinnရဲ့အမေးကိုမျက်ခုံးတစ်ဖက်ပင့်ပြလိုက်ရင်း
"ငါညကိုချိန်းထားတာရှိတယ်.."
"woah!karen..သားကြီး မင်းပြော!ဘယ်ကောင်မလေးလဲ.."
"ဒီလိုပါပဲ..EX.."
"ဟမ်..ဘာလဲကွာ..ဒီလောက်စော်လန်းလန်းလေးတွေရှိတာမင်းကEXနဲ့ပြန်တွဲမလို့လား.."
"ဟုတ်သားပဲ မင်းကလည်း.."
SimonကSinnရဲ့ပခုံးကိုပုတ်ပြရင်း..
"ဒီကောင်တွဲခဲ့တဲ့စော်တွေဆို..သူ့အသက်နှစ်ဆတောင်မကတော့ဘူး..ပီးတော့တစ်ယောက်ကိုလည်းဘယ်တုန်းကမှနှစ်ခါတွဲခဲ့တဲ့ကောင်မဟုတ်ဖူး.."
Simnကမရှိတဲ့အင်္ကျီကော်လံကိုဟန်လုပ်ထောင်လိုက်ရင်း..
"ဒါကတော့ဒီဖေကြီးကပါဖြောင့်တာကိုးကွ.."
"ခွေးကောင်!.."
"စတာ..ဒါနဲ့တကယ်ကြီးEXနဲ့ပြန်တွဲဖို့လုပ်နေတာလား.."
သူခေါင်းကိုတစ်ချက်ဖွလိုက်ရင်း..
"မသိဘူးကွာ..ငါ..ကျစ်!သောက်ရေးမပါတာတစ်ခုကခေါင်းထဲရောက်ရောက်နေလို့.."
နှစ်ကောင်ကခေါင်းချင်းဆိုင်ပီးသူ့နားတိုးကပ်လာကာ..
"သားကြီး..ဘာကိစ္စရှိနေလို့လဲ ငါတို့ကိုပြော.."
"ကျစ်!.."
"ဒီလိုကြီးတော့ရပ်မနေကြနဲ့ကွာ..ဒီနားနဲ့နှစ်လမ်းကျော်လောက်မှာအသစ်ဖွင့်ထားတဲ့Barတစ်ခုရှိတယ်..ပီးတော့အဲ့ကကောင်မလေးတွေကလည်း...တော်တော်မိုက်တယ်ကွာ.."
"သားကြီးမင်းကသိလှချည်လားဟ.."
"ဒီလိုပါပဲ.."
SimonကSinnကိုလေးစားပါတယ်ဆိုတဲ့ပုံစံနဲ့ကြည့်ပီးသူ့ဘက်လှည့်လာကာ..
"ဘယ်လိုလဲ Karenသွားကြမလား.."
"ကောင်းပီလေ..သွားတာပေါ့.."
"ok let's go!!!.."
******************************
မနက်ခင်းမို့ထင်Barထဲမှာလူရှင်းနေသည်..
Managerဖြစ်သူကသူတို့သုံးယောက်၀င်လာတော့အပြုံးလေးနဲ့နှုတ်ဆက်လာပီး..
"သခင်လေးတို့.."
"အင်း.."
Sinnကဒီနေရာနဲ့ရင်းနှီးနေမှန်းသိသာသည်..
သူ့ကိုမြင်တာနဲ့Managerကဘာမှမမေးတော့ဘဲသူတို့သုံးယောက်ကိုတစ်နေရာကိုခေါ်သွားသည်..
ဒီနေရာမှာမြေအောက်ထပ်ရှိတာလား..
မီးရောင်ဖျော့ဖျော့ကိုလမ်းစင်္ကြန်လမ်းတစ်လျှောက်ထွန်းထားပီးအတန်းလိုက်အခန်းတွေရှိသည်..
ကြည့်ရတာဒီအောက်ကမှဒီBarရဲ့အဓိကနေရာဖြစ်ပုံပေါ်တယ်
သူတို့အခန်းတစ်ခုရဲ့ရှေ့ရောက်တော့managerကရပ်သွားပီးတံခါးဖွင့်ပေးလာကာ..
"သခင်လေးတို့.."
"အင်း.."ထို့နောက်သူတို့ဘက်လှည့်လာပီး
"သားကြီးတို့လာကြ.."
အခန်းကသူထင်ထားတာထက်ပိုပီးကျယ်သည်..
မီးရောင်ဖျော့ဖျော့သာလင်းနေပီး..ဆိုဖာပေါ်မှာတော့မိန်းမလှလေးငါးယောက်ကအသင့်ထိုင်စောင့်နေသည်..
မှန်စားပွဲပေါ်မှာလည်းအမျိုးစုံသောအရက်တွေကိုစီပီးချထားသည်..
Sinnကအရင်ဆုံးမိန်းမလှလေးတစ်ယောက်ဘေးနားသွားထိုင်လိုက်ပီး..
"သားကြီးတို့ဘယ်လိုလဲ.."
အခန်းကိုတစ်ချက်ဝေ့ကြည့်လိုက်ကာဘယ်သူမှထိုင်မနေတဲ့ဆိုဖာထောင့်နားသွားထိုင်လိုက်ပီး..
"ပုံမှန်ပါပဲ.."
"ဟေး..ခွေးကောင်..အနည်းဆုံးတော့ဒီအဖေကြီးရဲ့စေတနာကိုအသိအမှတ်ပြုပါဦး.."
"အဟား..မဆိုးပါဘူး..."
Simonကလည်းကောင်မလေးတစ်ယောက်ကိုလက်မောင်းထဲထည့်ရင်း..
"သားကြီးတော်တယ်.."
"ဒီလိုမှပေါ့ကွ.."
သူ့နားကပ်လာဖို့ပြင်နေတဲ့ကောင်မလေးတွေကသူ့ရဲ့မျက်နှာတည်တည်ကြောင့်ဘယ်သူမှရှေ့တိုးမလာရဲကြတော့..
သူလည်း၀ိုင်တစ်ခွက်ကိုသာထည့်လိုက်ရင်းအရသာခံသောက်နေလိုက်သည်...
Arbish..မနေ့ကသူ့ဆီဘာလို့မလာတာလဲ..
ကျစ်!ဘာတွေတွေးမိပြန်တာလဲ..၀ိုင်တစ်ခွက်လုံးကုန်အောင်မော့သောက်လိုက်ရင်းနောက်တစ်ခွက်ထပ်ထည့်လိုက်သည်..
"Karen..ကိုယ်တော်မောင်မင်းကိုမြတ်နိုးတယ်.."
ကျစ်!!!တကယ်ပါပဲကွာ..ဘာလို့Arbishရဲ့မျက်နှာကပေါ်ပေါ်လာရတာလဲ..
သူတကယ်ပဲArbishကို..အဟား!မဖြစ်နိုင်တာ..
ခေါင်းကိုသာခါယမ်းလိုက်ရင်းနောက်တစ်ခွက်ကိုထပ်သောက်လိုက်ပြန်သည်..
"ဟေး..karenဘာဖြစ်နေတာလဲကွ.."
လက်တစ်ဖက်က၀ိုင်ခွက်ကိုကိုင်ထားရင်းကျန်လက်တစ်ဖက်ကလည်းသူ့ပေါင်ပေါ်မှာထိုင်နေတဲ့မိန်းကလေးရဲ့ပေါင်တံသွယ်သွယ်ကိုပွတ်သပ်လိုက်ရင်း..သူ့ကိုပြောလာတဲ့Simon..
"အဟင်း..သခင်လေးသဘောကျတဲ့သူမတွေ့သေးလို့လား..တို့ဆိုရင်ကော..."
ကျောအထိဖောက်ထားတဲ့ငွေရောင်ကိုယ်ကြပ်အင်္ကျီကို၀တ်ထားပီး..မို့မောက်နေပါသောဖုံးကွယ်အပ်တဲ့ရင်သားနေရာကိုလည်းဖော်ပြထားသေးသည်..
Simonရဲ့ပေါင်ပေါ်မှာထိုင်နေရင်းနဲ့တောင်သူ့ကိုကလူသလိုမြူသလိုလုပ်လာတဲ့ထိုမိန်းမကိုသူအကြည့်လွှဲလိုက်ရင်း..
"ဒီလိုပါပဲ..စိတ်မပါလို့.."
"အဲ့လိုတော့မလုပ်ပါနဲ့ကွာ..ဒီနေရာထိရောက်လာပီးမှတော့.."
ထို့နောက်ဘေးနားမှာကောင်မလေးတစ်ယောက်နဲ့နမ်းဖို့ပြင်နေတဲ့Sinnကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်တော့ Sinnကလည်းနားလည်သလိုခေါင်းငြိတ်ပြလိုက်ရင်း..
"ဟုတ်သားပဲKarenကလည်းကွာ..နေစမ်းပါပျော်ပျော်ပေါ့.."
"တကယ်ပြောတာ..ငါသိပ်အဆင်မပြေလို့.."
"မရဘူးကွာ..အဲ့ဒါဆိုလည်းမင်းငါတို့အပြစ်ပေးတာခံရမယ်.."
"အပြစ်??.."
"အပြစ်ဆိုလည်းအပြစ်ပေါ့ကွာ..ဒီ၀ိုင်းငါရှင်းလိုက်မယ်ဟုတ်ပီလား..မင်းတို့စိတ်ကြိုက်ပျော်ကြ.."
"ဟေး..အဲ့လိုမဟုတ်ဖူးလေကွာ..ဒီ၀ိုင်းကငါရှင်းမှာပါ..မင်းကအပြစ်ဒဏ်အရက်ပဲသောက်ရမယ်.."
"အဟား..မင်းတို့ငါ့အကြောင်းမသိတာလည်းမဟုတ်ပဲနဲ့ အရက်ကိုတကယ်အပြစ်ဒဏ်အဖြစ်လုပ်မလို့လား..နောက်မှနောင်တမရနဲ့နော်..ငါ့ရဲ့အရက်ဒဏ်ခံနိုင်ရည်ကမြင့်လွန်းတယ်.."
"အပိုတွေမပြောနဲ့ ဒီတစ်ခွက်သောက်ပီးတာနဲ့မင်းကိုငါတို့ခွင့်လွှတ်ပေးမယ်.."
"သဘောပဲကွာ..ပေး.."
Sinnကစားပွဲပေါ်ကပုလင်းတစ်လုံးကိုယူလိုက်ပီးဖန်ခွက်အပြည့်ထည့်ပေးလာကာ..
"ရော့သားကြီး.."
"အင်း.."
သူတစ်ခွက်လုံးကုန်အောင်မော့သောက်လိုက်ပီး.
"ပီးပီ ဒါပဲမလား.."
"အဟား..ဟုတ်တယ် ဒါပဲ ဒါပဲ.."
ဒီကောင်တွေအရက်သောက်တာလောက်က်ိုများ...
နေပါဦး..ဒါနဲ့ဘာလို့သူ့ရင်ဘတ်တစ်ခုလုံးပူလာပီးတစ်ခုခုကိုလိုချင်သလိုဖြစ်လာရတာလဲ..
ကျစ်!ခွေးကောင်တွေ..
"karenရာ..စိတ်ညစ်စရာတွေဖယ်ပီးပျော်လိုက်စမ်းပါ.သူငယ်ချင်းတွေကမင်းအတွက်စီစဥ်ပေးထားတာကိုမငြင်းစမ်းပါနဲ့ကွာ...မင်းဒိီလိုစိတ်နဲ့လူနဲ့မကပ်တဲ့ပုံကြီးမြင်ရတာတကယ်အားမရဘူးကွ..ဒီနေ့တစ်ရက်တော့မင်းပျော်အောင်ငါတို့လုပ်ပေးမယ်..ဟုတ်ပီလား.."
"ငါ့ဖင်ကြီးပဲပျော်!!.."
ဒီခွေးကောင်တွေဘယ်လောက်တောင်ဆေးတွေထည့်ထားလည်းမသိထိန်းချုပ်ထားရလွန်းလို့သူ့မျက်နှာတစ်ခုလုံးနီရဲနေပီးရင်ဘတ်တစ်ခုလုံးလည်းပေါက်ထွက်တော့မယ့်အတိုင်းပဲ..ပီးတော့အောက်ပိုင်းတစ်နေရာကလည်းတစ်ခုခုကိုလိုချင်လွန်းလို့အသိစိတ်တွေတောင်လွတ်လုနီးပါး..
ခွေးကောင်တွေ!နောက်နေ့သေပီသာမှတ်တော့..
"ဘာမှတင်းခံမနေပါနဲ့ကွာ..ယောက်ျားလေးပဲ ဘာဖြစ်လဲ.."
ထို့နောက်ဘေးနားကကောင်မလေးကိုမေးဆတ်ပြလိုက်ပီး..
"Karen ငါတို့တခြားအခန်းသွားလိုက်မယ်..နောက်မှတွေ့မယ်.."
"ခွေးကောင်တွေ!!မင်းတို့မနက်ဖြန်သေပီသာမှတ်!!.."
"အဟား..အေးပါ ပီးမှကျေးဇူးတင်ပါတယ်မလုပ်နဲ့ သွားပီ.."
ထို့နောက်အနည်းငယ်မူးနောက်နောက်ဖြစ်နေတဲ့သူ့ကိုလာတွဲပေးတဲ့ကောင်မလေးကိုတစ်ချက်ကြည့်လိုက်ပီး..
"Karenကိုသေချာဂရုစိုက်...သူစိတ်ကျေနပ်တဲ့အထိပြုစုပေးလိုက်ကြားလား.."
"ဟုတ်ကဲ့ပါသခင်လေး.."
တံခါးပိတ်သွားတော့ထိုမိန်းကလေးကသူ့လက်မောင်းထဲတိုး၀င်လာပီးသူ့ကိုရီဝေဝေလေးမော့ကြည့်လာသည်..
နီရဲရဲနှုတ်ခမ်းဖူးလေးကသူ့နားတိုးကပ်လာတော့သူမျက်မှောင်ကြုံ့ကာမျက်နှာလွှဲလိုက်သည်..
ဒါပေမယ့်ရင်ထဲမှာပူလာပီးခံစားရတဲ့ဝေဒနာကိုပိုပိုပြင်းလာတော့..
သူ့ကိုယ်သူမထိန်းချုပ်နိုင်လိုက်ခင်မှာပင်ထိုကောင်မလေးရဲ့နှုတ်ခမ်းကသူ့ရဲ့နှုတ်ခမ်းထဲငုံထွေးမိလျက်သား..
နူးညံ့လွန်းတယ်..ပီးတော့နှုတ်ခမ်းဆိုးဆေးတွေရဲ့ချိုချိုအီအီအနံ့တွေရောရောနှောယှက်တင်နေတဲ့ထိုနှုတ်ခမ်းရဲ့အထိအတွေ့ကိုသူသဘောမကျဘူး..
အဲ့ဒီအစား..ပိုပီးကြမ်းရှတဲ့ပိုပီးအေးစက်သလိုနဲ့နွေးထွေးလွန်းတဲ့နှုတ်ခမ်းရဲ့အထိအတွေ့ကိုပိုပီးလိုအပ်တယ်...
Arbish..ဟုတ်တယ်..Arbishရဲ့မျက်နှာကသူ့
ဦးနှောက်ထဲမှာပေါ်လာတော့ဘယ်လိုမှမချုပ်ထိန်းနိုင်တော့ပဲရှေ့ကကောင်မလေးရဲ့အ၀တ်တစ်စကိုဆွဲဖယ်ဖို့လက်လှမ်းမိသွားသည်..
၀ုန်း!!
"မောင်မင်း!!!.."
ဟမ်..သူ..သူဘာလုပ်မိသွားတာလဲ..
သူ့ကိုယ်သူသတိထားမိသွားတဲ့အချိန်မှာသူ့ရဲ့လက်ကကောင်မလေးရဲ့ပခုံးသားထံတင်လျက်သား..ပီးတော့သူ့ရဲ့နှုတ်ခမ်းအစုံကလည်းထိုကောင်မလေးနဲ့ရစ်ပတ်နေလျက်..
Arbishကဒေါသတကြီး၀င်လာပီး..သူတို့နှစ်ယောက်ကိုကြည့်နေတဲ့မျက်လုံးအိမ်ကရဲရဲနီလျက်..
"ထွက်သွား!!!.."
"ရှင်..ဟို သခင်လေးက.."
Arbishကဘယ်ကမှန်းမသိတဲ့ဓားရှည်တစ်ချောင်းကိုထုတ်လာပီးကောင်မလေးထံဦးတည်လိုက်ကာ..
"ခေါင်းမပြုတ်ချင်ရင်အခုချက်ချင်းထွက်သွား!"
"ဟုတ်..ဟုတ်ကဲ့.."
ကောင်မလေးထွက်သွားတော့ဒုန်းခနဲမြည်အောင်ပိတ်သွားတဲ့တံခါးနောက်မှာသူ့ရဲ့နှလုံးသားတစ်ခုလုံးတုန်ရင်သွားလျက်..
တိတ်ဆိတ်အေးစက်နေတဲ့အခန်းထဲမှာသူရယ်Arbishရယ်နှစ်ယောက်တည်း..
Arbishရဲ့အကြည့်တွေကိုရင်မဆိုင်ရဲစွာခေါင်းငုံ့ထားပီးမှ..
နေပါဦး..သူကဘာအပြစ်များလုပ်ထားမိလို့လဲ..
ဟုတ်တယ်..သူကArbishနဲ့ဘာမှမှမဆိုင်တာ..
အားတင်းကာခေါင်းမော့လိုက်တော့..Arbishရဲ့ရဲရဲနီနေတဲ့ဇာမဏီမျက်၀န်းတွေကသူ့ကိုသာစူးစိုက်ကြည့်နေလျက်..ထိုမျက်၀န်းအိမ်တွေထဲမှာနားမလည်ခြင်းတွေဒေါသထွက်ခြင်းတွေ၀မ်းနည်းခြင်းတွေရောနှောပါ၀င်နေသည်..
"Arbish..ခများဒီကိုဘယ်လို..အွန့်!Arbish ခများဘာလုပ်တာလဲ..ဖယ်!!.."
သူ့ရဲ့နှုတ်ခမ်းက်ိုဒေါသတကြီးလာရောက်
နမ်းရှိုက်နေတဲ့Arbishကိုသူတွန်းဖယ်လိုက်ပေမယ့်Arbishကတော့အနည်းငယ်မျှတောင်ရွေ့သွားခြင်းမရှိ...
သူ့စိတ်ကြိုက်နမ်းပီးသွားမှလွှတ်ပေးလာကာ
နီစွေးစွေးနှုတ်ခမ်းကမကောင်းဆိုး၀ါးဆန်ဆန်အထက်သို့ကော့ညွတ်သွားပီးသူ့ရဲ့မေးဖျားကိုလက်တစ်ဖက်နဲ့မော့စေပီးသူနဲ့မျက်နှာချင်းဆိုင်စေလျက်..
"အဟက်!!မောင်မင်းကိုကိုယ်တော်အလျှော့ပေးတာများလွန်းသွားပီထင်တယ်..
ဒီနေ့တော့မောင်မင်းကကိုယ်တော့်အပိုင်ဆိုတာဘယ်တော့မှမမေ့သွားအောင်ကိုယ်တော်လုပ်ပြမယ်.."

Note//

မနက်ဖြန်ကSatဆိုတော့ပုံမှန်ဆိုupdateမရှိပေမယ့်..ဟိုတစ်နေ့ကပျက်ထားတာမလို့
sat&sunကိုupdateပေးပါ့မယ်❤️
အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်❤️
Have a nice day guys❤️

Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤Where stories live. Discover now