"What the F!"
သူ့ဘက်ကိုမျက်မှောင်ကြုံ့ပီးစိုက်ကြည့်လာတဲ့ထိုလူကြောင့်ပါးစပ်ကိုအမြန်လက်နဲ့အုပ်လိုက်ရင်း..
"ခွေးကောင်!မင်းရူးသွားပီလား..ဘာ!မသိတဲ့လူတစ်ယောက်ကိုkarenကိုတာ၀န်ယူခိုင်းတယ်ဟုတ်လား..သောက်ရူးမင်းတကယ်သောက်ရူး!!Karenကမိန်းကလေးမဟုတ်ဖူးကွ...ငါပြောရဲတယ်karenသာနိုးလာရင်ဒီလူတော့သေအောင်အထိုးခံရမယ်ဆိုတာ..မင်းဘယ်လိုတွေတောင်စဥ်းစားလိုက်တာလဲငါမတွေးတတ်တော့ဘူး.."
"ငါမရူးဘူး...ပီးတော့မင်းပဲစဥ်းစားကြည့်karenကမသိတဲ့သူတစ်ယောက်ကိုသူ့ဖင်ကိုထိခိုင်းစရာလားကွ.."
"အေး..ဒါလည်းဟုတ်သား..အာ..ဒါပေမယ့် Karenကမင်းလည်းသိတဲ့အတိုင်းငါတို့ဆေး....
အဲ့ဒါကြောင့်ဖြစ်သွားတာနေမှာပေါ့ကွ..မဟုတ်ဖူးဆိုမဟုတ်ဖူးကွာ..karenကယောက်ျားလေးတစ်ယောက်နဲ့ဘယ်လိုမှမဖြစ်နိုင်ဘူး...."
"မသိဘူးကွာ..တကယ်လို့မင်းပြောသလိုဒီလူကတကယ်နှာဘူးဖြစ်နေတယ်ဆိုရင်တော့ငါအလွတ်ပေးမှာမဟုတ်ဖူး..ဒါပေမယ့်တကယ်နှစ်ဦးသဘောတူဆိုရင်တော့..ဒီလူငါတို့ရဲ့Karenကိုတာ၀န်ယူကိုယူရမယ်ကွာ...စားပီးနားမလည်တော့လာမလုပ်နဲ့!!!.."
လူတစ်ယောက်လုံးကိုရှေ့ထားပီးတိုးတိုးတိုးတိုးနဲ့ပြောနေတဲ့ကောင်လေးတွေ...
တကယ်ပါ..ကိုယ်တော့်ကိုနားမပါဘူးလို့များထင်လေရော့သလား...နှာဘူးတွေရော...စားပီးနားမလည်တွေရော...သူတို့သာkarenရဲ့သူငယ်ချင်းတွေမဟုတ်ဖူးဆိုရင်ဒီကောင်လေးတွေရဲ့ခေါင်းကမြေပေါ်မှာအလုံးလိုက်တန်းစီနေပီ..
"တော်တော့..မောင်မင်းတို့ဘာလို့များအဲ့လောက်ဆူနေရတာလဲ.."
"ဆူတော့...ဆူတော့ဘာဖြစ်လဲ..ပီးတော့ခများ!ရှင်းရှင်းပြော ခများနဲ့karenကသိလားမသိဘူးလား.."
"karen?..အဟွန်း..ကောင်ငယ်လေးကကိုယ်တော့်အပိုင်လေ.."
"ခများ..ခများလျှောက်ပြောနေတာ..karenကယောက်ျားစစ်စစ်ဗျ!.."
"ကိုယ်တော်ကယောက်ျားစစ်စစ်မဟုတ်ဖူးလို့ပြောချင်တာလား..."
ထိုသူ့ရဲ့မျက်လုံးတွေကကြောက်စရာကောင်းလောက်အောင်အေးစက်သွားပီးသူတို့ရှေ့တိုးလာတော့..
"မဟုတ်..မဟုတ်ဖူး..ကျွန်တော်ပြောတာက.."
"Simonတော်တော့ ငါပြောသားပဲkarenနဲ့ဒီလူနဲ့ပတ်သတ်နေပါတယ်ဆ်ို..."
ထို့နောက်သူ့ဘက်ကိုလှည့်ကြည့်လာပီး..
"အဲ့တော့..ခများ..ကျွန်တော်တို့ရဲ့karenကိုတာ၀န်ယူမှာလား..ခများ..karenတစ်ယောက်ထဲကိုပဲချစ်ရမှာနော်..ခများတခြားသူနဲ့တွဲလို့ကတော့ကျွန်တော်ခများကိုအလွတ်မပေးဘူး..."
တကယ်ပါ...ဒီကောင်လေးတွေကရယ်ချင်စရာတော့ကောင်းသား...
လူလေးတွေကြည့်တော့မဖြစ်စလောက်လေးတွေနဲ့လက်သီးလက်မောင်းကတန်းနေသေး...
သူထိုကောင်လေးတွေကိုဘာမှမပြောတော့ဘဲအိပ်နေတဲ့ကောင်ငယ်လေးနားသွားလိုက်ပီး..
"လှည့်ကြည့်ရင်မောင်မင်းတို့မျက်လုံးတွေကိုဖောက်ထုတ်ပစ်မယ်.."
"ဘာဗျ!ခများ..."
"ကဲပါsimonရာလှည့်ဆိုလည်းလှည့်လိုက်ပေါ့.."
"ဟွန်း..karenရဲ့ခေါင်းအစခြေအဆုံးငါတို့မမြင်ဘူးတာဘာရှိတာကျလို့..ပီးတော့ယောက်ျားလေးအချင်းချင်းပဲဘာဖြစ်လဲ.."
ဟိုလူကသူတို့ဘက်ကိုစိုက်ကြည့်လာတော့ခေါင်းကြောမာနေတဲ့Simonရဲ့ခေါင်းကိုတစ်ဖက်အတင်းလှည့်ခိုင်းလိုက်ရသည်...
ကောင်လေးတွေတစ်ဖက်လှည့်သွားမှသူလည်းအိပ်နေတဲ့ကောင်ငယ်လေးရဲ့ကိုယ်ပေါ်ကိုသူ့၀တ်ရုံရှည်ကြီးနဲ့ခြုံပေးလိုက်ပီးပွေ့လိုက်ကာအပြင်ထွက်လိုက်သည်..
"karenကိုအိမ်လိုက်ပို့လိုက်.."
ထိုကောင်လေးတွေရဲ့ကားနောက်ခန်းထဲမှာအိပ်နေတဲ့ကောင်ငယ်လေးကိုကြည့်ပီးပြောလိုက်တော့မောင်းသူနေရာကကောင်လေးကသူ့ကိုမကျေနပ်သလိုကြည့်လာပီး..
"ခများကဘယ်မှာနေတာလဲ..လုပ်ချင်ရာလုပ်ပီးဒီလိုထားခဲ့လို့ရမလားဗျ..ပြော..ခများရဲ့လိပ်စာ.."
သူခပ်ဟဟရယ်လိုက်ရင်းထိုရွှေအိုရောင်ဆံပင်ရှည်နဲ့ကောင်လေးကိုကြည့်လိုက်ကာ..
"မပူနဲ့..karenကကိုယ်တော့်အပိုင်..ကိုယ်တော်ပီးရင်လိုက်ခဲ့မယ်..သွားတော့..ကောင်လေးကိုသေချာဂရုစိုက်.."
"ခများသေချာတယ်နော်..ဟေ့လူ..ဟေ့.."
ပြောချင်ရာပြောပီးထွက်သွားတဲ့ထိုလူကြောင့်သူတို့နှစ်ကောင်မှာချီးထုပ်ကောင်လေးကိုအိမ်လိုက်ပို့လိုက်ရတော့သည်..
တော်သေးတာကသူတို့အိမ်ရောက်တော့အန်ကယ်ကမရှိလို့..
အိမ်တော်ထိန်းအန်တီကြီးကသူတို့နှစ်ကောင်ကိုမင်္သကာသလိုကြည့်လာပေမယ့်နှစ်ကောင်လုံးကလည်းခပ်တည်တည်ပဲမို့ဘာမှတော့မေးမလာ..
Simonရဲ့family doctorကိုလှမ်းခေါ်ပီးကောင်စုတ်လေးကိုကြည့်ခိုင်းလိုက်သည်..
"ပင်ပန်းသွားလို့ပါ..ပီးတော့ဒီလိုကိစ္စမျိုးတွေကသမားရိုးကျမဟုတ်တာမို့မဆင်မခြင်လုပ်လို့မရဘူး...နောက်တစ်ခါအတူနေတဲ့အခါဆင်ခြင်ဖို့ဆောင်ရန်ရှောင်ရန်လေးတွေပြောပြခဲ့မယ်..ကောင်လေးနိုးလာရင်ပြောပြလိုက်ပါ..."
"ဟုတ်ကဲ့..ကျေးဇူးပါdoctor.."
"ရပါတယ်.."
doctorကဆေးအချို့နဲ့ဆောင်ရန်ရှောင်ရန်တွေကိုပြောပြပီးသွားတော့..
"ဒီလောက်ပါပဲ..ဒါဆိုကိုယ့်ကိုခွင့်ပြုပါဦး.."
"ဟုတ်ကဲ့doctor..."
ထို့နောက်ဘေးနားမှာရပ်ပီးမျက်နှာကြီးနီနေတဲ့Simonကိုတံတောင်နဲ့လှမ်းတို့လိုက်ပီး..
"ခွေးကောင်..doctorကိုလိုက်ပို့လိုက်လေ.."
"ဟမ်..အင်း..doctorလာကျွန်တော်လိုက်ပို့ပေးမယ်.."
ကြောင်တောင်တောင်နဲ့doctorကိုခေါ်ကာအပြင်ထွက်သွားပီဖြစ်တဲ့simonကိုကြည့်ကာခေါင်းယမ်းလိုက်ရင်း..
ဒီခွေးကောင်ကအဖြောင့်စစ်စစ်ကိုမှရေမရောတဲ့အဖြောင့်စစ်စစ်...ပီးတော့အဲ့လိုကိစ္စမျိုးကိုလည်းတစ်ခါမှမမြင်ဖူးတော့တော်တော်အံ့အားသင့်နေပုံရတယ်...သူ့စိတ်ကတသတ်မတ်တည်းပဲယောက်ျားလေးတစ်ယောက်ကမိန်းကလေးတစ်ယောက်နဲ့ပဲကြိုက်ရမယ်လို့ပေါ့...
ဟူးးးးသူလည်းဘာထူးလည်းkarenမှာအဲ့လိုcaseကလာဖြစ်တော့အစပိုင်းတော့ပူထူသွားပေမယ့်..ဘာပဲဖြစ်ဖြစ်လေဟိုလူကလည်းမကောင်းတဲ့လူတော့မဟုတ်လောက်ပါဘူး...
*****************************
barထဲမ၀င်ခင်ကဖြတ်ခနဲမြင်လိုက်ရတဲ့မျက်နှာကြောင့်ထိုကောင်လေးတွေနဲ့ပြန်မလိုက်သွားပဲbarအနောက်ဘက်ခြံစည်းရိုးဘက်ကိုထွက်ခဲ့လိုက်သည်...
နာရီအနည်းငယ်ကြာသွားပီဆိုတော့ထိုလူကမရှိတော့..
တစ်ကိုယ်လုံးအနက်ရောင်၀တ်ထားပီးဦးထုပ်ကိုငိုက်စိုက်စောင်းထားပေမယ့်တစ်ခါတွေ့ဖူးထားရင်ဘယ်တော့မှမမေ့နိုင်တဲ့မှတ်ဥာဏ်ကြောင့်ထိုလူကကလေးငယ်ကိုဒုက္ခပေးသွားတဲ့လူဆိုတာအတတ်သိလိုက်ရသည်...
အဟက်!သေချင်တဲ့ကျားတောပြောင်းတဲ့..
ကောင်လေးမင်းကတော့သေဖို့မစောင့်နိုင်တော့ဘူးထင်တယ်....
သူနိုးလာတော့ညနေတောင်ရောက်နေပီ..
"ကျစ်!"
မူးနောက်နောက်ဖြစ်နေတဲ့ခေါင်းကိုအသာဖိကိုင်လိုက်ရင်းဘယ်ရောက်နေလဲကြည့်လိုက်တော့..
ရင်းနှီးနေတဲ့အိပ်ယာ..အပြာနုရောင်ခန်းဆီးလိုက်ကာစနဲ့မျက်နှာကြက်ပေါ်ကအရုပ်လှည်းလေး..
သူအိမ်ပြန်ရောက်နေတာပဲ...
ဟိုကောင်တွေလိုက်ပို့သွားတာလား...
တဆစ်ဆစ်ထိုးကိုက်နေတဲ့ခေါင်းကိုသာအမြင်ကပ်ကပ်နဲ့ခပ်နာနာဖိလိုက်ရင်း..
"သောက်ကျိုးနည်း..ဘာလို့အဲ့လောက်ကိုက်နေရတာလဲ!"
မနက်ကသောက်တာများသွားလို့များလား..
ဦးနှောက်ထဲမှာခပ်မှိန်မှိန်ပုံရိပ်တချို့ပေါ်လာပေမယ့်မစဥ်းစားအား..အခုလောလောဆယ်ခေါင်းကိုက်လွန်းနေတာကြောင့်အိပ်ယာဘေးကphကိုလှမ်းယူလိုက်ရင်းအန်တီmerrieကိုဆေးယူခိုင်းဖို့ခေါ်လိုက်သည်..
📞ဟုတ်ကဲ့သခင်လေး..ဘာခိုင်းစရာရှိလို့လဲရှင့်..
📞အင်း..ကျွန်တော့်ကိုခေါင်းကိုက်ပျောက်...
📞ရှင်..သခင်လေးဘာပြောတာလဲရှင့်..Helloသခင်လေး..အာ..phကျသွားတာလား....Helloသခင်လေး..အဲ့ဒါဆိုကျွန်မအပေါ်ပဲတက်လာခဲ့လိုက်တော့မယ်နော်📞
What the!!!သူ့အသံကဘာဖြစ်သွားတာလဲ!!
အက်ရှရှအက်ကွဲကွဲနဲ့မူမမှန်တဲ့သူ့အသံကြောင့်ပါးစပ်ကိုအမြန်အုပ်ရင်းphချလိုက်ရသည်..
အရက်သောက်လိုက်တာနဲ့အသံတွေပါကွဲသွားတာလား...
သူ့ပါးစပ်ကိုအုပ်ထားမိတဲ့လက်ကိုအကြည့်ရောက်မိတော့..
"ဒါ..ဒါတွေကဘာတွေလဲ.."
ဖြူ၀င်း၀င်းလက်မောင်းသားတစ်၀ိုက်မှာနီညိုရောင်ကိုက်ရာအကွင်းလိုက်ကြီး..
"ဘာ..ဘာတွေဖြစ်နေတာလဲ!!!!
အိပ်ယာပေါ်ကပြေးဆင်းပီးမှန်တင်ခုံနားသွားလိုက်တော့..
"ဘုန်း!..အ့.."
ယိုင်နဲ့နဲ့ခြေတံကြောင့်အိပ်ယာထက်ကဆင်းဆင်းချင်းမှာပင်လူကခွေကနဲ..
"အ့..သောက်ကျိုးနည်းအသေနာတာပဲ.."
တဆတ်ဆတ်တုန်နေတဲ့ဒူးကိုကြည့်လိုက်..သေလုမတတ်နာနေတဲ့အနောက်ပိုင်းနေရာလေးကိုထိကြည့်လိုက်နဲ့အခုမှခေါင်းထဲကိုရှင်းရှင်းလင်းလင်း၀င်ရောက်လာတဲ့မှတ်ဉာဏ်တွေ..
"ဒါဆို အဓိကကိုသွားကြတော့မလား.."
"ကလေးလေးမကြောက်နဲ့နော်.."
"ကလေးလေး..ကိုယ်တော့်ကိုယုံ"
"ကိုယ်တော့်နာမည်ကိုညည်းပေးပါကလေးငယ်.."
"Arbish..ဟ့..Arbish..နည်းနည်းလျှော့ဦး.."
"Arbish..ကျွန်တော်ပီးတော့မယ်..ဟ့..Arb..ish.."
"What the F!!!.."
အဲ့ဒါကဘာတွေလဲ..သူ့ခေါင်းထဲမှာပေါ်လာတဲ့မြင်ကွင်းတွေအကုန်လုံးကမျက်စိရှက်စရာတွေနဲ့နားရှက်စရာတွေချည်းပဲ..Arbishရဲ့အောက်မှာအ၀တ်ဗလာနဲ့ညည်းညူနေခဲ့တာသူတဲ့လား..
ပီးတော့ဘာArb..Arbishနည်းနည်းလျှော့ဦးတဲ့လား!What the F!..
သူနဲ့Arbishနဲ့...ughhh ကျစ်!!!
ခေါင်းကိုစိတ်ရှုပ်စွာထိုးဖွလိုက်ရင်းမပီးနိုင်မစီးနိုင်ခေါင်းထဲမှာပေါ်လာတဲ့အပြာရောင်ပုံရိပ်တွေကြောင့်မျက်နှာသွားသစ်ဖို့ထလိုက်တော့..
"ဘုန်း!.."
"သောက်ကျိုးနည်း!ချီးလိုပဲ..ကျွန်တော်ခများကိုသတ်ပစ်မယ်Arbish!ချီးနှာဘူးဘုရင်ကြီး!.."
ဒေါက်ဒေါက်!.
"သခင်လေး..သခင်လေးရှင့်.."
ကျစ်!ဒုက္ခပဲ..သူ့ရဲ့အခုလိုပုံစံကိုသာအန်တီmerrieတွေ့သွားလို့ကတော့..
"သခင်လေး..."
"မ..မလာနဲ့..ကျွန်တော်ဘာမှခိုင်းစရာမရှိဘူး.."
"ရှင်..ဟိုသခင်လေး..ခေါင်းကိုက်ပျောက်ဆေး.."
"မလိုဘူး..မလိုတော့ဘူး.သွားတော့.."
"ဟုတ်ကဲ့သခင်လေး.."
အခန်းအပြင်ဘက်ကအသံတွေတိတ်သွားတဲ့အထိနားစွင့်ပီးမှ..
"Arbish..ကျွန်တော်ခများကိုတကယ်သတ်ပစ်မှာ..ကျစ်!ပြောခါမှပဲဒီလူဘယ်ရောက်နေတာလဲ.."
အခါတိုင်းသူ့နားကနေတစ်ဖ၀ါးတောင်မခွာတဲ့ဒီလူကအခုတော့ပျောက်ချက်သားကောင်းနေသည်..ထားတော့ဘာပဲဖြစ်ဖြစ်အခုအချိန်မှာဒီလူ့ရဲ့မျက်နှာကိုမမြင်ရတာအကောင်းဆုံးပဲ..
"Ugh Sh*tတကယ်ပါပဲကွာ..ရေချိုးခန်းကိုဘယ်လိုသွားရမှာလဲ..."
အိပ်ယာကုတင်စောင်းကိုအားပြုပီးထလိုက်တာတောင်ယိုင်နဲ့နဲ့ခြေတံကြောင့်လူကတုန်တုန်ချည့်ချည့်..
ဒီနေ့ကျမှရေချိုးခန်းကလည်းသွားရတာဝေးနေသလို...
ခါးကိုအသာဖိကိုင်ရင်းကုန်းကုန်းကွကွသွားနေတဲ့သူ့ပုံစံကတော်တော်ကြည့်ရဆိုးနေမှာအမှန်ပင်
"Haaaရောက်ပီ..."
နဖူးထက်ကချွေးစတွေကိုတောင်မသုတ်ဖယ်အားတံခါးရှေ့မှာရပ်လိုက်ပီးအောင်နိုင်သူကြီးတစ်ယောက်လိုနေပီးမှ..
"ဟား..Karenကိုဒီလိုလာစမ်းလို့မရဘူးကွ..အခုတော့မင်းရှေ့ကိုရောက်အောင်လာခဲ့ပီ.."
တံခါးလက်ကိုင်ဘုကိုအသာဆွဲဖွင့်ပီးအထဲကိုခြေလှမ်းတုန်းရှိသေး..
"What the hell!!!ဘယ်သူ.."
နောက်ကနေသူ့ခါးကိုလက်နဲ့သိုင်းဖက်လာပီးထိုလူ့ရဲ့မျက်နှာကသူ့ဂုတ်ထံဖိကပ်နမ်းရှိုက်လာသည်..
"ကျစ်!Arbish..ခများ.."
Arbishကသူ့ကိုမျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်ပီးသူ့ပါးထံလှစ်ခနဲတစ်ချက်နမ်းလိုက်ပီးမှပြုံးပြုံးကြီးစိုက်ကြည့်လာကာ..
"အဆင်ပြေလားကလေးငယ်.."
"သောက်ချီးကိုအဆင်ပြေ!ခများလာခံကြည့်ပါလားဗျ..ဘေးဖယ်ကျွန်တော်ရေချိုးခန်းထဲ၀င်မလို့.."
"ဟင့်အင်းမဖယ်ဘူး..ကလေးငယ်..ကိုယ်တော်တောင်းပန်ပါတယ်နော်..စိတ်မဆိုးပါနဲ့.."
မျက်နှာငယ်လေးနဲ့သူ့ကိုရင်ခွင်ထဲအတင်းထည့်ပီးတောင်းပန်စကားဆိုနေတဲ့Arbish..ဒီလူဟာလေဧကရာဇ်တစ်ပါးဖြစ်ပီးတော့အရှက်ကိုမရှိဘူး..ဒါပေမယ့်..သူ့ကိုပွေ့ဖက်ထားတဲ့ထိုလူ့ရဲ့ရင်ခွင်ကျယ်ကြီးကဘာကြောင့်များအဲ့လောက်ထိနွေးထွေးနေရတာလဲလေ...
ထိုလူ့ရဲ့တဒုတ်ဒုတ်ခုန်မြည်နေတဲ့ရင်ခုန်သံတိုးဖွဖွကိုနားနားကပ်ကာနားထောင်ကြည့်မိတော့သူ့ရဲ့နှလုံးသားတစ်စုံကပါစည်းချက်ညီစွာခုန်လှုပ်လာပြန်သည်..
ထိုလူ့ရဲ့ရင်ခွင်ထဲကနေသူမော့ကြည့်လိုက်တော့သူ့ကိုပြန်ပီးငုံ့ကြည့်နေတဲ့ဇာမဏီမျက်၀န်းတစ်စုံနဲ့အကြည့်ချင်းဆုံမိပြန်သည်..
အေးစက်စက်မျက်၀န်းအိမ်တွေထဲမှာအသနားခံတောင်းပန်တိုးလျှိုးမှုတွေအပြည့်..စည်းနှောင်ထားခြင်းမရှိတာကြောင့်မျက်နှာထက်ဖြာကျနေတဲ့ငွေမှင်ရောင်ဆံနွယ်ရှည်တွေ...သို့ပေမယ့်အရှိန်အ၀ါတစ်မျိုးနဲ့ထိုလူကကြည့်ကောင်းနေဆဲခံ့ညားနေဆဲ...
"တောင်းပန်ပါတယ်ကလေးငယ်.."
ထိုလူကတောင်းပန်စကားကိုသာထပ်တလဲလဲဆိုရင်းသူ့မျက်ခွံထက်အနမ်းဖွဖွဖိကပ်လာတော့သူ့ယောင်ယမ်းပီးမျက်လုံးမှိတ်မိသွားလေသလား..
သူတကယ်ပဲ..ထိုလူ့ထံပါးကျရှုံးသွားခဲ့ရပီလား..
"ကလေးငယ်..ကိုယ်တော်တောင်းပန်ပါတယ်.."
"ကျစ်!တော်ပီ..ဘာမှမဖြစ်.."
"နောက်တစ်ခါ..ကိုယ်တော်ငြင်သာပါ့မယ်.."
"ဟမ်..ဘာ..ဘာဗျ!!!နောက်တစ်ခါ?..ဖယ်..အခုချက်ချင်းဖယ်.."
ခုန်လှုပ်နေဆဲရင်ခုန်သံလေးတွေတောင်ရပ်တန့်သွားသလို..ဒီလူက!!ဒီသောက်ကျိုးနည်းဒီလူက!သူ့ဖင်လေးကိုထပ်ပီးထိပါးဖို့ကြံစည်နေတာလား!!အနောက်ဘက်ကိုယောင်ယမ်းကိုင်မိတော့..ဟင့်အင်း..မဖြစ်ဖူး!သူArbishကိုယုံစားမိတော့မလို့..တော်သေးတယ်တော်သေးတယ်..
Arbishထံကအတင်းရုန်းထွက်လိုက်ပီး
"ခများ!.."
ကိုယ်တော့်ကိုလက်ညှိုးလေးနဲ့ထိုးကာလူကလည်းတံခါးနားကိုထိကပ်မတတ်တိုးကပ်ထားသေးသည်..
"အင်း..ကိုယ်တော်.."
သူကောင်လေးထံလျှောက်သွားမလို့ပြင်လိုက်တော့..
"ခများ..အဲ့နားမှာပဲနေတိုးမလာနဲ့.."
သူခြေလှမ်းကိုရပ်လိုက်ရင်း..
"ကောင်းပါပီကလေးငယ်.."
"ခများဘယ်နေရာကနေထွက်လာတာလဲ.."
သူဖွင့်ထားလျက်သားပြတင်းပေါက်ကိုလက်ညှိုးထိုးပြလိုက်တော့..
"ပြတင်းပေါက်ကလား..ခများဘယ်လိုများတက်လာတာလဲဒီလောက်အမြင့်ကြီးကို..မတော်လို့များ..."
"မမြင့်ပါဘူး..ဘာလို့လဲစိုးရိမ်လို့လားကလေးငယ်..ကိုယ်တော်ဘာမှမဖြစ်ပါဘူး.."
"အဟား..ဘယ်သူ..ဘယ်သူကစိုးရိမ်လို့လဲ..ပီးတော့ကျွန်တော့်ကိုပုံမှန်အတိုင်းပဲခေါ်..ကျွန်တော်ကအသက်ပြည့်ပီးပီကလေးမဟုတ်ဖူး.."
"ဒါပေမယ့်ကိုယ်တော့်အတွက်တော့karenကကလေးပဲလေ.."
အဲ့တာဆိုကလေးကိုအခုလိုလုပ်ရလားလို့ပြောပြန်ရင်လည်းကိုယ်တော်ကတောင်းပန်ပါတယ်ဆိုပီးပဲလာပြန်ဦးမယ်..
"မခေါ်နဲ့ဆိုမခေါ်နဲ့ဗျာ..မကြိုက်ဖူး.."
"ကောင်းပါပီကိုယ်တော့်ရဲ့Karen.."
"ကျစ်!ထားတော့..ဒါနဲ့ခများဘယ်သွားနေတာလဲ.."
"ကိုယ်တော်ဘယ်မှမသွားပါဘူး.."
"မညာနဲ့.."
"အဟား..တကယ်ပါ..ရေချိုးခန်းထဲ၀င်တော့မလို့ဆို၀င်တော့လေမတ်တပ်အကြာကြီးရပ်နေရတာနာနေမှာပေါ့..ကိုယ်တော်တောင်းပန်ပါတယ်နော်..."
"တော်တော့ထပ်မပြောနဲ့တော့..ဒါနဲ့ခများကကျိန်စာပြယ်သွားပီလား.."
"ဟင့်အင်း..မပြယ်သေးဘူးကလေးငယ်.."
"ဒါဆိုဘာလို့..."
"ဒါဆိုဘာလို့ကိုယ်တော်ကကလေးငယ်ကိုအကြာကြီးသာယာအောင်လုပ်ပေးနိုင်ခဲ့တာလို့လား.."
"ခများ!အရှက်မရှိတဲ့လူ..ပေါက်ကရမပြောနဲ့..ကျွန်တော်ပြောချင်တာခများကကျိန်စာမပြယ်သေးပဲဘာလို့လူအဖြစ်အကြာကြီးပြောင်းနိုင်တာလဲလို့.."
"အဲ့ဒါလား...ကလေးငယ်သိချင်ရင်ကိုယ်တော်ပြောပြမှာပေါ့.."
"အင်း..ခဏနေကျွန်တော်ရေချိုးခန်းထဲကထွက်လာရင်ပြော.."
"ဟုတ်ပါပီ..ကလေးငယ်ဖြည်းဖြည်းသွားနော်..ကိုယ်တော်လိုက်ပို့ရမလား..."
သူထိုလူ့ကိုယဥ်ကျေးလိမ္မာစွာလက်ခလယ်တစ်ချောင်းထောင်ပြလိုက်ရင်း..
"F!.."
YOU ARE READING
Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤
RandomFic nameလေးအတိုင်းပါပဲ ဖတ်ပီးရင် nameလေးကူပီးစဥ်းစားပေးကြပါဦး... အဟား..စတာပါ.. လိုက်ပါစီးမျောပေးကြပါဦး.❤️ ဖတ်ရှုပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်.. [တကယ်လို့Fic nameလေးစဥ်းစားမိရင်လည်းပြောလို့ရတယ်နော်٩(๑'3`๑)۶❤️] Fic nameေလးအတိုင္းပါပဲ ဖတ္ပ...