"Arbish.."
"Arbishထတော့.."
"ကျစ်!Arbishထတော့လို့!!!"
"ကလေးငယ်ကလည်းကွာ..ကိုယ်တော်ခဏလောက်အိပ်ပါရစေဦး.."
ထို့နောက်အိပ်နေရာကနေမျက်လုံးမဖွင့်သေးပဲသူ့ကိုရင်ခွင်ထဲဆွဲထည့်လိုက်ကာ..
"ညကလည်းယောက္ခမကြီးအိပ်တဲ့အထိစောင့်နေရလို့ကိုယ်တော်၂နာရီလောက်မှကလေးငယ်ဆီလာလို့ရတာကို..မဆိုးနဲ့တော့နော်..ကိုယ်တော်ခဏလောက်အိပ်လိုက်ဦးမယ်..."
"ချီးကိုဆိုး!.ခများကိုဘယ်သူကကျွန်တော့်အခန်းထဲလာအိပ်ခိုင်းလို့လဲဗျ...ကိုယ့်အခန်းထဲကိုယ်မအိပ်ပဲသူများအခန်းထဲ၀င်၀င်လာပီးမှ.."
"အင်း..ကိုယ်တော်မှတစ်ယောက်တည်းမအိပ်ရဲတာကို.."
"ခများ!ကျွန်တော့်ကိုလာနောက်နေတာလား..တော်ပီထတော့..Arbishကျွန်တော်အတည်ပြောနေတာထတော့ ခများဒီနေ့daddyဆီမှာအလုပ်စ၀င်ရမယ့်နေ့လေဗျာ.."
ထိုအခါမှမျက်လုံးဖွင့်လာပီး..
"ကျစ်!ဟုတ်သား..ကိုယ်တော်မေ့နေခဲ့တာ.."
"mwah!.."
ထို့နောက်ရင်ခွင်ထဲကကောင်ငယ်လေးရဲ့နဖူးလေးထက်အနမ်းတစ်ပွင့်ခြွေလိုက်တော့အံ့သြသွားတဲ့ကောင်ငယ်လေးကပြူးကြောင်ကြောင်လေးပြန်ကြည့်လာပြန်သည်..
တကယ်ပါဘာလို့များအဲ့လောက်ထိချစ်စရာကောင်းနေရတာလဲလေ..
"Arbish..ခများ..."
"ချစ်တယ်..."
ချစ်မ၀တဲ့ကောင်ငယ်လေးရဲ့ပါးအိအိလေးထံထပ်မံဖိကပ်နမ်းရှိုက်လိုက်ပီးမှနူးညံ့တဲ့နှုတ်ခမ်းလေးထက်အနမ်းမှတ်တိုင်တစ်ချို့စိုက်ထူလိုက်သည်..
မြတ်နိုးတယ်....ဒီလူသားငယ်လေးကိုသိပ်ကိုမြတ်နိုးတယ်..
******************************
Arbishကdaddyနဲ့အတူအလုပ်သွားပီမို့သူလည်းကျောင်းသွားဖို့ပြင်လိုက်တော့သည်..
ပျော်စရာကောင်းတဲ့နွေရာသီကျောင်းပိတ်ရက်တွေကကုန်ဆုံးသွားခဲ့ပီဆိုတော့တဖန်ပြန်ပီးပျင်းရိဖွယ်ကောင်းတဲ့ကျောင်းတက်ရက်တွေရောက်လာပြန်ပီပေါ့လေ....
"တီ..တီ..တီ..."
အင်္ကျီနက်ခ်တိုင်ကိုတပ်နေရင်းမှဟွန်းတီးသံကြားလို့ကြည့်လိုက်တော့ခြံရှေ့ကအပြာရောင်ပြိုင်ကားလေး...
ကားထဲကကောင်လေးကသူ့ထံလက်ပြလာတော့သူခေါင်းညိတ်ပြလိုက်ရင်းလွယ်အိတ်ကိုကောက်လွယ်လိုက်ကာအောက်ထပ်ကိုဆင်းခဲ့လိုက်သည်..
"စောသားပဲ.."
ကားမောင်းသူနေရာမှာထိုင်နေတဲ့ကောင်လေးကသူ့ဘက်လှည့်လာကာပါးချိုင့်လေးတွေပေါ်သည်အထိပြုံးပြလာပီး..
"အင်း..ဒီနေ့ကျောင်းပထမဆုံးရက်ဆိုတော့စောစောသွားကြမလားလို့လေ.."
"ကောင်းပါတယ်.."
ထို့နောက်ကောင်လေးကbluetoothကိုဖွင့်လိုက်ပီးရင်နှီးနေတဲ့သံစဥ်တစ်ချို့က်ိုပျံ့လွင့်စေလိုက်သည်...
"ဒါနဲ့Karenမင်းbreakfastရောစားပီးပီလား."
"မစားရသေးဘူး.."
"ughh..sry karenဒီလိုမှန်းသိငါနည်းနည်းနောက်ကျပီးမှထွက်လာခဲ့ပါတယ်ကွာ.."
"ရပါတယ်..ငါဗိုက်မဆာဘူး.."
"ကျစ်!ငါတကယ်တောင်းပန်ပါတယ်ကွာ..ugh!ဟုတ်သားပဲဒီနားလေးမှာငါအမြဲတမ်းသွားနေကြဆိုင်လေးရှိတယ်..စားရတာလည်းအဆင်ပြေတယ်ကွ..သွားရအောင်...ပီးမှပဲကျောင်းသွားကြမယ်.."
"နေပါစေErenရာ..ငါတကယ်ဗိုက်မဆာပါဘူး.."
"ဒါဆိုအဲ့ဒီဆိုင်ပဲသွားလိုက်တော့မယ်နော်.."
"ပြောမရလည်းကြိုက်သလိုသာလုပ်တော့.."
"အဟား..ဟုတ်ကဲ့ပါဗျ.."
အပြာနုရောင်အုတ်ကြွပ်မိုးလေးနဲ့တစ်ထပ်တိုက်ပုလေးထဲကို၀င်၀င်ချင်းမှာပင်လတ်ဆတ်တဲ့ကော်ဖီနံ့ကနှာဖျား၀မှာလာရောက်ကျီဆယ်လာသည်..
ဆိုင်လေးကသိပ်တော့မကြီးပေမယ့်သပ်သပ်ရပ်ရပ်လေးနဲ့အပြင်အဆင်လေးတွေကလည်းတစ်မျိုးတစ်ဖုံဆန်းသစ်နေသည်...
ပန်းအိုးသေးသေးလေးတွေနဲ့ပန်းမျိူးစုံကိုဆိုင်ထဲမှာချိတ်ဆွဲထားသည်..
မွှေးပျံ့တဲ့ပန်းရနံ့လေးတွေကလူကိုလန်းဆန်းသွားစေသည်...
နံရံထောင့်နားလေးမှာစင်ပုလေးနဲ့စာအုပ်လေးတွေကိုစီတင်ထားသေးသည်..
"အင်း...အဲ့တာပဲ.."
Erenကwaiterလေးကိုစားစရာတွေမှာပီးသွားတော့သူ့ထံအကြည့်ပို့လာပီး..
"ဘယ်လိုလဲKaren..မဆိုးဘူးမလား.."
သူခေါင်းညိတ်ပြလိုက်ရင်း..
"အင်း..မဆိုးပါဘူး.."
"ဟုတ်တယ်မလား..ဒီနေရာလေးကသိပ်တော့မကျယ်ပေမယ့်တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့အေးချမ်းတယ်...အဟား..ပီးတော့အစားအသောက်လေးတွေကလည်းအရသာရှိတယ်.."
"အင်း.."
Erenကမှန်တံခါးအပြင်ဘက်ကိုအကြည့်ပို့လိုက်ပီး
"စိတ်ရှုပ်လာတဲ့အချိန်တွေပင်ပန်းလာတဲ့အချိန်တွေဆိုဒီဆိုင်လေးကိုပဲလာဖြစ်တယ်..ထောင့်စွန်းနားလေးကခုံ၀ိုင်းလေးမှာထိုင်ကော်ဖီပူလေးတစ်ခွက်ကိုအဖော်ပြုပီး စာအုပ်လေးဖတ်လိုက်တယ်..
တစ်ခါတစ်လေတော့နားကြပ်လေးတပ်မျက်လုံးလေးမှိတ်ပီးဆိုင်ထဲပန်းလေးတွေရဲ့ရနံ့ကိုတစ်၀ကြီးရှုရှိုက်လိုက်တယ်...
အဟား..တစ်ခါတစ်လေတော့...တစ်ခါတစ်လေတော့လည်း..အမျိုးအမည်မသိတဲ့ခံစားချက်တစ်ချို့ကိုအဖြေရှာချင်တဲ့အခါဒီဆ်ိုင်ကိုရောက်လာပြန်တာပဲ.."
"အမျိုးအမည်မသိ?.."
သူမေးတော့Erenကအပြင်ဘက်ကိုငေးမောနေရာမှသူ့ဘက်လှည့်လာပီး..
"ဘာမှမဟုတ်တော့ပါဘူး..ughhမှာထားတာတွေတောင်ရောက်လာပီပဲ..စားကြရအောင်လေ.."
"အင်း..."
Erenကပြောချင်ပုံမရတာမို့သူလည်းမှာထားတာတွေကိုစားလိုက်ပီးတိတ်တိတ်ပဲနေလိုက်သည်..
အစားအသောက်တွေကErenပြောသလိုအရသာရှိတာတော့အမှန်ပင်..ဒါပေမယ့်Erenကတော့ဖြင့်အစားအသောက်တွေကိုတစ်ချက်တောင်မထိပဲအပြင်ဘက်ကိုပဲငေးမောနေပြန်သည်...
"ကျေးဇူးပဲEren..မင်းကြောင့်သာမဟုတ်ရင်ဒီလိုဆိုင်မျိုးလေးရှိနေတာကိုသိမှာမဟုတ်ဘူး.."
"အဟားမဟုတ်တာ..မင်းသဘောကျရင်ပီးတာပါပဲ..ဒါဆိုမင်းကားထဲ၀င်နှင့်လေငါbillသွားရှင်းလိုက်ဦးမယ်.."
"ughhမဟုတ်တာကွာငါပဲရှင်းပါ့မယ်.."
"နေနေKaren..ဒီတစ်ခေါက်တော့ငါမင်းကို၀ယ်ကျွေးပါရစေဟုတ်ပီလား..သွားကားထဲ၀င်တော့.."
"မဟုတ်ဖူးလေကွာ.."
"ကဲ..သွားပါကွာ..နောက်တစ်ခေါက်မှငါ့ကိုပြန်၀ယ်ကျွေးပေါ့ဟုတ်ပီလား..."
"ကျစ်!မင်းကတော့လေ..."
ဆိုင်တံခါးကိုဖွင့်ပေးပီးချီးထုပ်လေးကိုကားထဲ၀င်စေပီးမှသူလည်းbillရှင်းဖို့ကောင်တာဆီသွားလိုက်သည်...
"ကျေးဇူးပါရှင့်..နောက်လည်းလာရောက်သုံးဆောင်လှည့်ပါဦး.."
သူခေါင်းငြိတ်ပြလိုက်ရင်းဆိုင်အပြင်ထွက်ခဲ့လိုက်သည်..
တံခါးလက်ကိုင်ကိုဖွင့်လိုက်တော့အပြင်ဘက်ကနေ၀င်လာတဲ့တစ်စုံတစ်ယောက်နဲ့တိုက်မိသွားလေသည်..
"Ughh sryကျွန်တော်တောင်းပန်ပါတယ်.."
"ရတယ်.."
အေးစက်စက်အသံနဲ့ထိုလူကသူ့ကိုကျော်ပီးအထဲကို၀င်သွားသည်..
"ရတယ်.."ဆိုတဲ့စကားလုံးလေးနှစ်လုံးပါပဲ..ဒါပေမယ့်ထ်ိုအသံပိုင်ရှင်ကတော့ဖြင့်သူ့အတွက်သိပ်ကိုရင်းနှီးလွန်းနေပါသည်..
"Giyano??.."
"Giyano!..ခများ.."
ထိုအခါမှအထဲ၀င်မလို့လုပ်နေတဲ့ထိုလူကလည်းသူ့ကိုတအံ့တသြပြန်ကြည့်လာသည်..
"မင်းကဒီနေ့ဘာလို့ဒီနေရာမှာရှိနေတာလဲ.."
"ဟမ်..ခများဘာကိုဆိုလိုတာလဲ..ကျစ်!အဲ့တာတွေထားတော့ခများဘာလို့ကျွန်တော့်ကိုအဆက်အသွယ်မလုပ်တာလဲ"
သူထိုလူ့ထံလျှောက်သွားလိုက်တော့ထိုလူကလည်းနောက်ကိုတဖြည်းဖြည်းချင်းဆုတ်သွားသည်..
"မင်း!အဲ့နေရာကနေပြော..ရှေ့တိုးမလာနဲ့.."
"ကျစ်!အရေးမပါတာတွေထားလိုက်စမ်းပါ.."
ဆုတ်စရာနေရာမရှိတော့တဲ့ထိုလူကစားပွဲခုံ၀ိုင်းလေးနဲ့သူ့ကြားမှာရောက်နေလေတော့သူ့ကိုမျက်လုံးစိမ်းတွေနဲ့စိုက်ကြည့်လာပြန်သည်..
သူထိုလူ့ရဲ့လက်မောင်းကိုဆုပ်ကိုင်လိုက်ရင်း..
"ခများ..ဘာလို့ကျွန်တော့်ကိုအဆက်အသွယ်မလုပ်ရတာလဲဟင်..ကျွန်တော်..ကျွန်တော်ရေးပေးခဲ့တဲ့ph noကိုတွေ့တယ်မလား..ဘာလို့မဆက်တာလဲ..ခများသိရဲ့လား..ကျွန်တော်နေ့တိုင်းခများဆီကphကိုစောင့်နေခဲ့တယ်ဆိုတာ.."
"ကိုယ်မသိဘူး..မင်းရဲ့လက်ကိုလွှတ်စမ်း.."
"ဟင့်အင်း..ခများကျွန်တော်မေးတာအရင်ဖြေ..ခများကျွန်တော့်ကိုဘာလို့အဆက်အသွယ်မလုပ်တာလဲ...ကျွန်တော်ကခများအတွက်နည်းနည်းလေးမှအရေးမပါဘူးလား..ဟုတ်လား..."
"အဟက်!မင်းမလွှတ်ပေးတာနဲ့ကိုယ်ကမရုန်းနိုင်တော့ဘူးများထင်နေတာလား.."
သူထိုကောင်လေးလက်ထဲကဆောင့်ရုန်းလိုက်ရင်းအကြည့်စူးစူးတစ်ချက်ပို့လိုက်ကာ..
"မတွေ့ရတဲ့အတောအတွင်းမှာအရပ်လေးနည်းနည်းပိုရှည်သွားယုံနဲ့မင်းကိုယ်မင်းလူကြီးဖြစ်သွားပီလို့များထင်နေလားကလေး..ဘေးဖယ်!ကိုယ်အပြင်ထွက်တော့မယ်..."
ကောင်လေးကမျက်နှာငယ်လေးနဲ့သူ့ကိုကြည့်လာပီး..
"ဟုတ်တယ်..ကျွန်တော်လူကြီးဖြစ်နေပီကလေးမဟုတ်တော့ဘူးခများနဲ့စတွေ့ကတည်းကကျွန်တော်ကလူကြီးပဲ ခများသာအမြဲတမ်းကျွန်တော့်ကိုကလေးလိုဆက်ဆံနေတာ...ပီးတော့ဘယ်ကလေးကများလူကြီးတစ်ယောက်ကိုကျောပိုးပီးဂူထဲထိသယ်လာပေးလို့လဲ.."
"မင်း!..တော်ပီတော်ပီဖယ်စမ်း.."
"Giyano...YaYa..တကယ်ပဲကျွန်တော့်ကိုမုန်းနေတာလားဟင်..ဘာလို့များphလေးတစ်ချက်တောင်မဆက်ရတာလဲဗျာ..နည်းနည်းလေးမှက်ိုသတိမရဘူးလား.."
"ကျစ်!ဟုတ်တယ်..ကိုယ်မင်းကိုလုံး၀သတိမရဘူး..ရပီလား..ဖယ်တော့.."
"YaYa YaYa..ကျွန်တော့်ကိုစောင့်ဦးလေဗျာ.."
ထိုလူကတော့ဖြင့်သူ့စကားကိုအဖက်တောင်မလုပ်ပဲအပြင်ကိုထွက်သွားလေသည်..
"Yaya..ကျစ်!မြန်လိုက်တာ.."
ဘယ်လိုတောင်ထွက်ပြေးသွားရတာလဲချက်ချင်းလိုက်ထွက်လာတာကိုထိုလူကအရိပ်အယောင်တောင်မမြင်ရတော့...
"ကျစ်!!!.."
သူခေါင်းကိုစိတ်ရှုပ်စွာထိုးဖွလိုက်ရင်း...
"YaYa..ကျွန်တော့်ကိုအဲ့လောက်တောင်မုန်းနေတာလားဗျာ..ကျွန်တော်ထင်ခဲ့တာက..ကျွန်တော်ထင်ခဲ့တာကအနည်းဆုံးတော့ခများကျွန်တော့်ကိုခင်လိမ့််မယ်လို့ပေါ့..အဟား..ကျွန်တော်ကိုယ့်ကိုကိုယ်အထင်ကြီးမိသွားပီထင်ပါရဲ့ဗျာ..တောင်းပန်ပါတယ်..ကျွန်တော်နောက်ဆိုခများကိုမနှောင့်ယှက်တော့ပါဘူး...ဒါပေမယ့်နောက်ဆုံးတစ်ခေါက်လေးတော့ကျွန်တော့်ကိုအခွင့်အရေးပေးပါ..သဘက်ခါကျရင်ကျွန်တော့်ရဲ့မွေးနေ့..အဲ့နေ့လေးတော့..ကျွန်တော့်ကိုဆုတောင်းပေးဖို့လာလို့မရဘူးလားဟင်..အဲ့တစ်ခုလေးပါပဲ..နောက်ဆို..နောက်ဆိုကျွန်တော်ခများကိုထပ်မရှုပ်တော့ပါဘူး..ထပ်လည်းမပတ်သတ်တော့ပါဘူး.."
တိတ်ဆိတ်နေတဲ့လမ်းကြားလေးထဲကနေဘာအသံမှထွက်မလာ..သူဟက်ခနဲတစ်ချက်ရယ်လိုက်ရင်း..
"ခများကတကယ်ရက်စက်တာပဲ..."
******************************
"Billသွားရှင်းတာလည်းကြာလိုက်တာကွာ..."
"အင်း.."
အင်းတစ်လုံးသာဖြေပီးရုပ်တည်ကြီးနဲ့ကားမောင်းနေတဲ့Erenကြောင့်သူလည်းဘာမှဆက်မမေးတော့ပဲတိတ်တိတ်လေးပဲနေလိုက်တော့သည်..
Arbish..ဒီလူကြီးအဆင်မှပြေပါရဲ့လား..
ကောင်လေးထွက်သွားတော့မှသူလည်းလမ်းကြားထဲကနေထွက်ခဲ့လိုက်သည်...
"မတွေ့ရတဲ့အတောအတွင်းမှာအရပ်တွေအများကြီးရှည်လာတာပဲ..အဟက်!ဒါပေမယ့်အရင်လိုကလေးကကလေးပါပဲ..ကျစ်!ဒါနဲ့အဲ့ဒီကောင်လေးကဒီနေ့ဘယ်လိုလုပ်ရောက်လာတာလဲ.."
ပြောရမယ်ဆိုရင်တော့သူကလည်းသူပါပဲ..ကောင်လေးကိုအဆက်အသွယ်ဖြတ်ပီးတောင်ပေါ်ကနေဘယ်တော့မှပြန်မဆင်းတော့ဘူးလို့ပြောထားပီးမှနောက်တစ်ကြိမ်တိတ်တိတ်လေးရောက်လာပြန်တယ်...
သူဒီနေရာမှာရောက်နေတာတစ်လလောက်တော့ရှိပီ..အဲ့ဒီတစ်လအတွင်းကောင်လေးနဲ့ပတ်သတ်တာတွေအကုန်စုံစမ်းထားမိတယ်..အဟား!ရယ်စရာတော့အကောင်းသား..သူ့လိုမျိုးစုန်းအိုကြီးကနေ့တိုင်းကောင်လေးတစ်ယောက်ရဲ့နောက်မှာလိုက်လိုက်ချောင်းနေရတာ..တစ်ခါတစ်လေထောင့်စွန်း၀ိုင်းလေးမှာထိုင်ပီးစာအုပ်ဖတ်နေတဲ့ကောင်လေးကိုတိတ်တိတ်လေးငေးကြည့်ပီး..တစ်ခါတစ်လေတော့မျက်လုံးလေးတွေမှိတ်ထားတဲ့ကောင်လေးရဲ့ပုံရိပ်လေးကိုမလွတ်တမ်းငေးမောမိပြန်တယ်...
အဲ့သလောက်ထိသူထိုကလေးကိုသဘောကျမိနေတယ်တဲ့လေ....ဒါဆိုဘာလို့များထိုကောင်လေးကိုရှောင်နေရသလဲလို့မေးရင်တော့..အဖြေကတစ်ခုတည်းပါ..
သူတို့နှစ်ယောက်အတွက်လှပတဲ့အဆုံးသတ်ဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ဖူးလေ..ဒီတိုင်းတိတ်တိတ်လေးကြည့်နေရယုံနဲ့လုံလောက်ပါပီ..
အဟား..တကယ်ကကောင်လေးဘက်ကသူ့ကိုနည်းနည်းလေးမှတောင်စိတ်မ၀င်စားဘူးဆိုပေမယ့်ပေါ့..သူသဘောကျနေတဲ့တခြားတစ်ယောက်ရှိပီးသားပဲလေ..
ဘာပဲဖြစ်ဖြစ်..ဒီအတိုင်းလေးပဲ..ဒီအနေအထားလေးနဲ့ပဲအဆင်ပြေပါတယ်....
YOU ARE READING
Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤
RandomFic nameလေးအတိုင်းပါပဲ ဖတ်ပီးရင် nameလေးကူပီးစဥ်းစားပေးကြပါဦး... အဟား..စတာပါ.. လိုက်ပါစီးမျောပေးကြပါဦး.❤️ ဖတ်ရှုပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်.. [တကယ်လို့Fic nameလေးစဥ်းစားမိရင်လည်းပြောလို့ရတယ်နော်٩(๑'3`๑)۶❤️] Fic nameေလးအတိုင္းပါပဲ ဖတ္ပ...