"ဒီအဖြေကိုဘယ်သူသိလဲ.."
ဆရာကအတန်းထဲကိုတစ်ချက်ဝေ့ကြည့်လိုက်ပီး နောက်ဆုံးခုံမှာမှောက်အိပ်နေတဲ့Karenဆီအကြည့်ပို့လိုက်ကာ..
"Karen..ဒီပုစ္ဆာရဲ့အဖြေကဘာလဲ.."
Karenကတစ်ချက်သန်းလိုက်ကာwhite boardကိုမျက်လုံးလှန်ကြည့်လိုက်ပီး..
"မသိဘူး.."
"ဘာ!မင်း..မင်း နားမလည်ရင်လည်းဘာလို့အတန်းချိန်မှာအိပ်နေသေးလဲ..တော်တော်ကိုပျက်စီးနေတဲ့ကောင်ပဲ..နောက်နေ့မိဘခေါ်ခဲ့.."
"မရှိဘူး.."
"ဘာကွ!.."
"ဒါပဲမလား.. ပြန်အိပ်လိုက်ဉီးမယ်.."
"တောက်!ထွက်သွားစမ်း..မင်းအခုချက်ချင်းအတန်းထဲကထွက်သွား.."
"Thanks..ဆရာ"
"မင်း..မင်း!!.."
Karenကလွယ်အိတ်ကိုကောက်လွယ်ကာဘယ်သူ့ကိုမှမကြည့်ဘဲအခန်းအပြင်ထွက်သွားလေပီ..
*************************
သူအိမ်လည်းမပြန်ချင်သေးတာမို့ကန်တင်းဘက်ကိုထွက်ခဲ့လိုက်သည်..
"Yo!..Karen..ဟိုနေ့ကဘယ်လိုလဲ အဆင်ပြေရဲ့လား"
သူ့ရဲ့ရှေ့မှာလာပိတ်ရပ်တဲ့သူကိုကြည့်လိုက်တော့..
Argusနဲ့သူ့သူငယ်ချင်းနှစ်ယောက်..
ဒီကောင်ကဟိုတစ်ခါကားပြိုင်ပွဲမှာသူ့ကိုရှုံးပီးကတည်းကမကျေမနပ်ဖြစ်နေတာ..
ဒါဆိုသူ့ကိုထိုးခိုင်းလိုက်တဲ့သူကErenမဟုတ်ပဲArgusဆိုတဲ့ခွေးကောင်ဖြစ်နေတာပဲ..
သူခပ်မဲ့မဲ့ပြုံးလိုက်ကာ..
"အဟက်!မြင်တဲ့အတိုင်းပဲ..အဲ့ဒီလူရောအဆင်ပြေရဲ့လား.."
မျက်နှာပျက်သွားတဲ့Argusကိုကြည့်ပီးပြုံးလိုက်ကာ
"ဘယ်လိုလဲ Argus..မင်းရော မြည်းကြည့်ချင်သေးလား.."
"တောက်!.."
"အဟက်!ဘေးဖယ်..ငါ့လမ်းမှာလာမရှုပ်နဲ့ ဘယ်သူဖြစ်ဖြစ်ညှာမှာမဟုတ်ဖူး..."
သူ့ရဲ့လက်စကိုသိတဲ့argusကရှုံ့မဲ့နေတဲ့မျက်နှာကြီးနဲ့ဘေးကိုဖယ်ပေးလေသည်..
Argusဘေးကနေသူဖြတ်လျှောက်လိုက်ပီး..
"အဟက်!သတ္တိမရှိတဲ့ကောင်."
"ဘာကွ..!"
"Argus စိတ်လျှော့ ငါတို့သူ့ကိုမနိုင်ဘူး.."
"တောက်!Karen...Karen..မင်းတွေ့ကြသေးတာပေါ့ကွာ.."
*******************************
သူအိမ်မပြန်ခင်ကျောင်းဘေးကmini marketမှာ cat food၀င်ဝယ်လိုက်သည်...
"Karen!"
သူအိမ်ထဲကိုဝင်ဝင်ချင်းရှိသေး မျက်မှောင်ကြုံ့ပီးသူ့ကိုကြည့်လာတဲ့daddy
"Karen..မင်းကျောင်းရောတက်ရဲ့လား.."
"မတက်ဖူး.."
"ဘာကွ!.."
"daddyသိပီးသားမလား အဟက်!အဲ့တာကြောင့်လည်းအခုလိုအိမ်ရှေ့မှာစောင့်ပီးမေးတာပေါ့.."
"အေး ဟုတ်တယ် မင်းရဲ့ဆရာကငါ့ကိုphဆက်ပီးလှမ်းတိုင်တယ်..တော်တော်ကိုအသုံးမကျတဲ့ကောင် မိဘမျက်နှာကိုအိုးမဲသုတ်တဲ့ကောင်..မင်းမာမီသာသိရင်.."
"Daddyပြောစရာမလိုဘူး..မာမီကဘယ်သူ့
ကြောင့်အခုလိုဖြစ်သွားတာလဲ..အကုန်လုံးdaddyကြောင့်ပဲမဟုတ်ဖူးလား..daddyသာမဖောက်ပြန်ခဲ့ဘူးဆိုရင်.."
"Karen!!"
"အန်တီmarrieဒီမှာcat food ခဏနေ ၀တုတ်လေးကိုနွားနို့နဲ့အဲ့တာနဲ့ကျွေးလိုက်.."
သူဆက်မပြောချင်တော့တာမို့ဝယ်လာတဲ့cat foodကိုပေးပီးအပြင်ပြန်ထွက်ခဲ့လိုက်သည်..
"Karen!!Karen..အဲ့တာဘယ်ထွက်သွားပြန်တာလဲ..ပြန်လာခဲ့စမ်း..Karen!!"
ဝေါခနဲမောင်းထွက်သွားပီဖြစ်တဲ့ပြိုင်ကားအနီရောင်လေးကိုကြည့်ရင်း လူတစ်ကိုယ်လုံးဆိုဖာပေါ်ပြိုလဲကျသွားတော့သည်..
အိမ်တော်ထိန်းMarrieကသူ့နားပြေးလာပီး..
"သခင်ကြီး.."
သူလက်သာခါပြလိုက်ရင်း..
"ရတယ်..မင်း သခင်လေးခိုင်းတာသာသွားလုပ်လိုက်.."
"ဟုတ်ကဲ့ သခင်ကြီး.."
သူမျက်လုံးကိုမှိတ်လိုက်တော့ သူ့ရှေ့မှာရပ်ပီးပြုံးပြနေတဲ့Darli...
"Darli..မင်းသိလား သားလေးကကိုယ့်ကိုအထင်လွဲပီးမုန်းနေပီကွာ.....ကိုယ်ဘယ်လိုလုပ်ရမလဲ.."
*****************************
Darliရယ်သူရယ်Nikoရယ်ကငယ်သူငယ်ချင်းသုံးယောက်...
တဖြည်းဖြည်းအရွယ်ရောက်လာတဲ့အခါမှာသူတို့သုံးယောက်ကြားကအဖြူရောင်သံရောဇဉ်တွေကအရောင်ပြောင်းလာတယ်..
ပြောရမယ်ဆိုရင်တော့အရာအားလုံးရဲ့အစဟာသူပါ..
သိပ်ကိုထက်မြက်ပီးလှပလွန်းတဲ့Nikoကိုသူစိတ်ဝင်စားခဲ့တယ်..အဲ့ဒါကြောင့်လည်းအထက်တန်းအောင်တဲ့နေ့မှာသူဖွင့်ပြောဖြစ်ခဲ့တယ်..
ဒါပေမယ့် Nikoကတော့သူ့အချစ်ကိုပြတ်ပြတ်သားသားငြင်းပီး နိုင်ငံခြားကိုပညာတော်သင်ထွက်သွားခဲ့တယ်..
ခပ်အေးအေးနေတတ်တဲ့Darliကတော့သူတို့နှစ်ယောက်ကြားမှာဘာဆိုဘာမှဝင်မစွက်ဖက်ခဲ့
သူ၁နှစ်နီးပါးလေလွင့်နေခဲ့တယ်အသည်းကွဲပီးဖြစ်ချင်ရာဖြစ်ပေတေနေတဲ့သူ့ကိုdarliကပဲပြုပြင်ပေးခဲ့တယ်..
ဘုံဆိုင်တွေမှာပဲအချိန်ကုန်နေတဲ့သူ့ကိုDarliကမိန်းကလေးတန်မဲ့ထိုနေရာတွေထိလိုက်လာပီးသူ့ကိုဆွဲထုတ်ခဲ့တယ်..
Uniအတူတူတက်တာမို့ ၁နှစ်နောက်ကျကျန်နေခဲ့တဲ့သူ့အတွက်ပျက်ကွက်ခဲ့တဲ့သင်ခန်းစာတွေကိုလည်းသူ့နားမှာပဲအနီးကပ်နေပီးသေချာရှင်းပြပေးခဲ့တယ်...
Darli...အနေနီးလို့ပဲဆိုဆို..ထိုအချိန်ကစပီးDarliတစ်ယောက်သာသူ့ဘ၀ရဲ့ခိုနားရာသူ့ဘ၀ရဲ့အသက်သွေးဖြစ်ခဲ့တယ်...
ဘွဲ့ရတဲ့နေ့မှာပဲသူDarliကိုလက်ထပ်ခွင့်တောင်းခဲ့တယ်...Darliကလည်းသူ့အချစ်ကိုအသိအမှတ်ပြုခဲ့တယ်..
သူတို့ရဲ့အချစ်ခရီးလမ်းကသိပ်ကိုသာယာဖြောင့်ဖြူးခဲ့တယ်..
ဒါပေမယ့်..Karenလေး၇နှစ်အရွယ်မှာdarliရဲ့ကျန်းမာရေးကတစ်စတစ်စနဲ့ချို့ယွင်းလာတယ်..
သားလေး၁၀နှစ်ပြည့်မွေးနေ့မှာNikoကနိုင်ငံခြားကနေပြန်ရောက်လာတယ်..
သူမဝါသနာပါရာအလုပ်ကိုရဲရဲရင့်ရင့်နဲ့ရှေ့ဆက်ခဲ့တဲ့Nikoဟာသိပ်ကိုထူးချွန်ထက်မြက်တဲ့ပါရဂူတစ်ယောက်ဖြစ်လာခဲ့တယ်..
အဲ့ဒီအချိန်မှာNikoကိုပြန်တွေ့တော့သူ့စိတ်ထဲမှာအံ့သြခြင်းဆိုတဲ့ခံစားချက်တစ်မျိုးသာရှိတော့တယ်..သူ့ရဲ့အချစ်တွေအားလုံးကိုDarliဆီမှာအကုန်ပေးပီးသားဖြစ်နေခဲ့ပီ..
Nikoဘက်ကလည်းအရင်အတိုင်းပဲ သူ့အပေါ်ကိုသူငယ်ချင်းတစ်ယောက်လိုပဲသဘောထားခဲ့တယ်..ပီးတော့Nikoမှာလည်းစေ့စပ်ထားတဲ့အမျိုးသားရှိနေပီးသားဖြစ်သည်..
သူတို့သုံးယောက်ကြားကသံယောဇဉ်တွေကလည်းအရင်လိုပဲမပြောင်းလဲသေး..
ဆရာဝန်တွေမျိုးစုံနဲ့ကုသပေမယ့် Darliရဲ့ဝေဒနာကဘယ်လိုမှသက်သာမလာခဲ့..
Nikoကိုယ်တိုင်လည်းသူငယ်ချင်းအနေနဲ့ရောဆရာဝန်တစ်ယောက်အနေနဲ့ပါအမျိုးမျိုးကုသပေးခဲ့ပေမယ့်darliကတော့တနေ့တခြားပိုပိုဆိုးလာခဲ့သည်..
ဘယ်လိုမှလက်မလျှော့နိုင်တဲ့Nikoကနိုင်ငံခြားကိုအမြန်ပြန်သွားပီးသူ့ဆရာဖြစ်သူကိုသွားခေါ်ခဲ့တယ်...
ဒါပေမယ့်..သူပြန်လာတဲ့အချိန်မှာ Darliရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကသာသူ့ကိုစောင့်ကြိုနေခဲ့တယ်...
သူငိုခဲ့တယ်..ယောက်ျားကြီးတန်မဲ့သူ့ရဲ့မျက်ရည်တွေဟာဘယ်လိုမှရပ်တန့်လို့မရနိုင်ခဲ့ဘူး..
သူ့ရဲ့ခိုနားရာသူ့ဘ၀ရဲ့မီးအိမ်ရှင်..သူ့ဘ၀ရဲ့အသက်သွေးကြောကထာဝရပျောက်ကွယ်သွားခဲ့ပီ...
ငိုနေတဲ့သူ့ကိုNikoကဖက်ပီးနှစ်သိမ့်ပေးခဲ့တယ်..အဲ့ဒီအချိန်မှာသူ့စိတ်ထဲမှာဘာအတွေးမှမရှိတော့ဘူး..သူ့ရဲ့ပျောက်ဆုံးသွားပီဖြစ်တဲ့ဘယ်တော့မှတွေ့ခွင့်မရတော့တဲ့Darliအကြောင်းသာခေါင်းထဲရှိတော့တယ်..
Nikoရဲ့ပခုံးထက်မှာသူရှိုက်ကြီးတငင်ငိုကြွေးနေခဲ့မိတယ်..
"Daddy!!!.."
တံခါးဝမှာသူတို့ကိုအံ့သြတကြီးကြည့်နေတဲ့Karen...
၁၃နှစ်အရွယ်ကောင်လေးရဲ့မျက်လုံးထဲမှာတော့မယုံနိုင်ခြင်းတွေရောစက်ဆုပ်ခြင်းတွေရောရောပြွန်းလျက်သား...
အဲ့ဒီနေ့ကတည်းကသားလေးကသူ့အပေါ်အေးစက်သွားတော့သည်..
သူဘယ်လိုပဲရှင်းပြမယ်လုပ်လုပ်မယုံတော့တဲ့အပြင်သူ့ကိုမျိုးစုံအရွဲ့တိုက်လာသည်..
ကျောင်းစာမှာထူးချွန်တဲ့သူ့သားလေးကသူ့ကိုအတိုက်အခံလုပ်ပီးနေ့တိုင်းကျောင်းတွေပျက်ကွက်လာတယ်..barတွေသွားတယ် ရန်ဖြစ်တတ်လာတယ်..သိပ်ကိုပျက်စီးနေတဲ့ကလေးတစ်ယောက်ဖြစ်လာခဲ့တယ်...
*******************************
ဆူညံနေတဲ့သံစဉ်တွေကြား အရက်ကိုသာတစ်
ခွက်ပီးတစ်ခွက်မော့သောက်နေမိသည်..
"hey အချောလေး တစ်ယောက်တည်းလား..တို့အဖော်ပြုပေးရမလား.."
ကြက်သွေးရောင်အသားကပ်ဝတ်စုံကိုဝတ်ထားပီး ခန္ဓာကိုယ်ရဲ့ဖုံးကွယ်အပ်တဲ့နေရာတော်တော်များများကိုလှစ်ဟာပြထားသည်..
နီရဲနေတဲ့နှုတ်ခမ်းဖူးလေးကသူ့နားတိုးလာပီး...
"ဘယ်လိုလဲ.."
သူ့ရဲ့ပခုံးပေါ်တင်လာတဲ့လက်ကိုဖယ်ချလိုက်ပီး
"မလိုဘူး.."
အရက်တစ်ခွက်ကိုမော့သောက်လိုက်တော့လည်ချောင်းထဲထိပူဆင်းသွားသည်..
"ဟေး..ဘာတွေအဲ့လောက်စိတ်ညစ်စရာရှိလို့လဲ..တို့ကိုပြောလေ.."
ထိုကောင်မလေးကထွက်မသွားပဲသူ့ဘေးဝင်ထိုင်ပီး ပြောလာသည်..
သူလစ်လျူရှုလိုက်ပီးနောက်တစ်ခွက်ကိုထပ်မော့လိုက်သည်..
"ကောင်ချောလေး..အရက်တွေသောက်မယ့်အစားတို့နဲ့မပျော်ချင်ဘူးလား.."
ကောင်မလေးကပိုပီးရဲတင်းလာကာသူ့ရဲ့ခါးတစ်ဝိုက်ကိုပွတ်သပ်လာတော့..
ခလွမ်း!!
"တောက်!!မင်းကိုဖယ်လို့ပြောနေတာမကြားဘူးလား!"
ထိုကောင်မလေးကသူ့ကိုအလန့်တကြားကြည့်ပီးထွက်ပြေးသွားလေသည်..
"တောက်!စိတ်ပျက်စရာကောင်းလိုက်တာကွာ.."
သူနောက်တစ်ခွက်ထပ်သောက်မလို့ပြင်နေတုန်းသူ့ရဲ့ခွက်ကိုလာတားတဲ့လက်တစ်ဖက်..
"ကျစ်!အနှောင့်အယှက်တွေကများလိုက်တာ.."
သူကြည့်လိုက်တော့Argus...
"ဖယ်စမ်း Argus.."
"yo!မင်းကငါ့ရဲ့အလှလေးကိုပြဿနာရှာပီးဒီတိုင်းပီးလိုက်ဖို့မျှော်လင့်နေတာလား.."
argusရဲ့ဘေးနားမှာရပ်နေတာကစောစောကကောင်မလေး
"Argus..ဒီအချိန်မှာငါမင်းနဲ့ပြဿနာမတက်ချင်ဘူး.."
"ဒါပေမယ့်ငါကတော့ဖြစ်ချင်တယ်ကွာ.."
argusကခပ်ရွဲ့ရွဲ့ပြုံးပီးလက်ထဲကသူ့အရက်ခွက်ကိုသွန်ပစ်လိုက်လေသည်...
"အဟက်!မင်းကသေချင်နေတာပဲ Argus.."
သူထလိုက်တဲ့အချိန်မှာ ခေါင်းကမိုက်ခနဲ..
သူ့ရဲ့စံချိန်ကအဲ့လောက်ထိမနည်းသေးပါဘူး..ဒီလောက်သောက်ရုံနဲ့မူးစရာအကြောင်းမရှိဘူး..
Argusရဲ့ဘေးနားကကောင်မလေးကသူ့ကိုပြုံးပီးကြည့်လာသည်..
"တောက်!ရွံစရာကောင်းတဲ့ကောင် မင်းငါ့ကိုဆေးခပ်တယ်.."
"အဟား...Karen Karen..မင်းကသိပ်သနားစရာကောင်းတာပဲကွာ.."
ထို့နောက်သူ့လူသုံးယောက်ကိုမျက်စပစ်ပြလိုက်တော့ ထိုလူတွေကသူ့ကိုနောက်ကချုပ်ပီးတံခါးအပြင်ဘက်ခေါ်သွားလေသည်..
သူထိုင်နေတဲ့နေရာကအနည်းငယ်ချောင်ကျတဲ့တံခါးထောင့်နားလေးမှာမို့ဆိုင်ထဲကလူတွေဘယ်သူမှမရိပ်မိလိုက်ကြ...
*****************************
"ခွပ်.."
"ခွပ်.."
argusရဲ့လက်သီးချက်တွေကသူ့မျက်နှာထံတစ်လုံးပီးတစ်လုံးကျလာသည်...
"Karen...သခင်လေးKaren..အိုဟို..သနားစရာကောင်းလိုက်တာကွာ..ဟားဟား.."
သူသွေးတွေကိုထွေးထုတ်လိုက်ပီး..Argusကိုခပ်မဲ့မဲ့ပြုံးပြလိုက်ကာ..
"အဟက်!သူရဲဘောကြောင်လိုက်တာ.."
"ကြည့်ရတာသခင်လေးkarenကအထိုးခံရတာမလုံလောက်သေးဘူးထင်တယ်ကွာ..."
ထို့နောက်ဘေးကိုလှည့်ပတ်ကြည့်လိုက်ပီး တံခါးထောင့်မှာထောင်ထားတဲ့တုတ်ကိုယူလိုက်ကာစက်ဆုပ်စရာကောင်းလောက်အောင်ပြုံးလိုက်ပီးခါးကိုညွတ်လိုက်ကာ..
"နှုတ်ဆက်လိုက်ပါတယ် သခင်လေးkaren.."
"ဒုတ်!!"
အရာရာဟာမှောင်အတိ....သူ့ရဲ့ခေါင်းထဲမှာဘာမှမကျန်တော့သလိုမျိုး..တဆစ်ဆစ်ကိုက်ခဲလာပီးသွေးစက်တွေဟာနဖူးကနေတစ်ဆင့်မျက်လုံးထဲထိစီးဝင်လာသည်..
"မောင်မင်း..မောင်မင်း.သတိထားပါဉီး!!!"
"ကိုယ်တော် မောင်မင်းတို့အားလုံးကိုငရဲကိုပို့ပစ်မယ်.."
အေးစက်ပီးကြက်သီးထစရာကောင်းလွန်းတဲ့အသံတစ်ခုသူ့နားထဲမှာဝင်ရောက်လာသည်..
သူလဲမကျခင်မှာမြင်လိုက်ရတဲ့ပုံရိပ်လေး...
လပြည့်ညရဲ့အလင်းရောင်အောက်မှာ ငွေမှင်ရောင်ဆံနွယ်ရှည်တွေဟာတလွင့်လွင့်..
ထိုလူသားရဲ့မျက်လုံးတွေကတော့ကြောက်စရာကောင်းလောက်အောင်သွေးချင်းချင်းနီနေသည်..
ထိုသူ့ရဲ့လက်ထဲမှာတော့ ကြီးမားတဲ့ဓားကြီးကိုကိုင်ဆောင်ထားပီးသွေးစက်တွေဟာထိုဓားထံကနေတစက်စက်ကျဆင်းနေသည်..
ထို့နောက်သူ့ရဲ့နှာဖျားဝမှာရောက်လာတဲ့သွေးညှီနံ့..
ပီးတဲ့နောက်မှာအရာအားလုံးဟာအမှောင်ကျသွားတော့သည်...
**********************************
"အာ့ ကျစ်.."
သူနိုးလာတော့အရင်ဆုံးမြင်လိုက်ရတာကအဖြူရောင်မျက်နှာကြက်..ပီးတော့ဆေးနံ့တွေ..
ခေါင်းကိုလက်နဲ့အသာကိုင်ပီးထထိုင်လိုက်သည်..
"Karen.."
ထိုအခါမှထိုင်ခုံပေါ်မှာထိုင်နေတဲ့Erenကိုသူသတိထားမိသည်..
Erenကစိုးရိမ်နေတဲ့မျက်နှာနဲ့သူ့နားထလာပီး..
"Karen..မင်းအဆင်ပြေရဲ့လား..ခေါင်းတွေရော..မူးနေသေးလား..ငါ..ငါဆရာဝန်ခေါ်လိုက်ဉီးမယ်နော်.."
"အင်း.."
သူErenဆရာဝန်သွားခေါ်နေတုန်းမျက်လုံးမှိတ်လိုက်ပီးညကအကြောင်းကိုပြန်တွေးလိုက်သည်..
ငွေမှောင်ရောင်ဆံနွယ်ရှည်တွေနဲ့ထိုလူ...
သူဘယ်သူလဲ...
"Doctor..ဒီမှာပါ.."
doctorကသူ့ကိုစမ်းသပ်ပီးတဲ့နောက်မှာ ညွှန်ကြားစရာတချို့ညွှန်ကြားပီးပြန်ထွက်သွားလေသည်...
Doctorကိုလိုက်ပို့ပီးပြန်လာတဲ့Erenကသူ့နားကိုလျှောက်လာပီး..
"Karen..ငါတောင်းပန်ပါတယ်.."
"ဘာကိုလဲ.."
"ငါ..ငါမင်းကိုမကာကွယ်နိုင်ခဲ့ဘူး.."
"အင်း.."
"Karen...ငါ"
"ကျေးဇူးပါ..Eren.."
"Ka..Karen..မင်းငါ့ကိုမမုန်းတော့ဘူးလား.."
"ငါတောင်းပန်ပါတယ်Eren ငါမင်းကိုအထင်လွဲခဲ့မိတယ်.."
သူခေါင်းကိုခါယမ်းလိုက်ပီး အိပ်ယာထက်မှာလှဲနေဆဲကောင်လေးကိုကြည့်လိုက်ပီး..
"ဘာမှမဖြစ်ဖူး..Karen မင်းအဆင်ပြေရင်ရပီ.."
"အင်း..Eren ငါနားချင်ပီ.."
"အင်းအင်း..မင်းနားတော့Karen..ငါမင်းစားဖို့အတွက်တစ်ခုခုသွားဝယ်လိုက်ဉီးမယ်.."
"ကျေးဇူး Eren.."
သူ့ကိုပြုံးပြလာတဲ့ကောင်လေး..
နောက်ဆုံးတော့..နောက်ဆုံးတော့Karenဆီကအပြုံးကိုသူမြင်ခဲ့ရပီ...
သူအခန်းအပြင်ဘက်ထွက်ပီးမှတစ်ခုခုကိုသတိရသွားပီးအခန်းထဲပြင်ဝင်လိုက်ကာ..
"Karen.."
"Eren မင်းမသွားသေးဘူးလား.."
"အင်း ငါသွားတော့မလို့ပဲ မင်းကိုမေးစရာရှိလို့..မင်းကြောင်မွေးထားသေးလား.."
"ကြောင်??.."
သူ့ရဲ့မျက်လုံးထဲမှာပေါ်လာတဲ့ဝတုတ်လေး..Erenက၀တုတ်လေးအကြောင်းဘယ်လိုလုပ်သိသွားတာလဲ..
"အင်း..ဘာလို့လဲ Eren.."
"အာ..ငါမင်းကိုတွေ့တုန်းကမင်းဘေးနားမှာကြောင်ဖြူလေးတစ်ကောင်တွေ့ခဲ့လို့.."
"hmm.."
ဝတုတ်လေးကဘယ်လိုလုပ်အဲ့နားရောက်နေတာလဲ ကြည့်ရတာသူအိမ်ကမထွက်ခင်ကားထဲခိုးဝင်လိုက်ခဲ့ပုံရတယ်...
"မင်းကြောင်လားKaren.."
"အင်း.."
"ငါသူ့ကိုကားထဲမှာထည့်ထားခဲ့တယ် ခဏနေတစ်ခါတည်းခေါ်ခဲ့လိုက်မယ်.."
"အင်း..ကျေးဇူးEren.."
"မလိုပါဘူးကွာ.."
********************************
သူတံခါးကိုအသာပိတ်ပီးအောက်ထပ်ကိုဆင်းခဲ့လိုက်တော့သည်..
ကားတံခါးကိုဖွင့်လိုက်တော့မျက်လုံးမှိတ်ပီးအိပ်နေတဲ့ကြောင်လေးကလှုပ်လှုပ်ရှားရှားအသံတွေကြောင့်မျက်လုံးပွင့်လာပီးသူ့ကိုစိုက်ကြည့်လာသည်..
သလင်းကျောက်လိုမျက်လုံးလေးတွေကသူထင်တာပဲလားတော့မသိပေမယ့်ကြောက်စရာကောင်းလောက်အောင်အေးစက်စက်အငွေ့အသက်ကိုထုတ်လွှတ်နေသလိုပင်..
သူမနေ့ညက Barမှာရောက်နေတဲ့သူ့သူငယ်ချင်းဆီကနေKarenနဲ့တခြားသူတွေရန်ဖြစ်နေတယ်ဆိုတဲ့အကြောင်းကြားကြားချင်းသူအမြန်ထွက်ခဲ့လိုက်သည်..
ဟိုရောက်တော့..လဲနေတဲ့Karenနဲ့သူ့ရင်ခွင်ထဲမှာတော့အဖြူရောင်ကြောင်လေးတစ်ကောင်..
Karenနဲ့ရန်ဖြစ်တဲ့သူတွေဘယ်ရောက်သွားလဲတော့မတွေ့လိုက်ရပေမယ့် ကြီးမားတဲ့သွေးကွက်ကြီးတွေကတော့ Karenလဲနေတဲ့နားမှာအိုင်ထွန်းနေသည်..
သူအစကKarenရဲ့သွေးတွေထင်ပီးလန့်သွားခဲ့တာ တော်သေးတာကKarenကအဲ့လောက်ထိခိုက်မသွားလို့ပေါ့...
သူကြောင်လေးကိုပွေ့လိုက်ပီးဆေးရုံနားကMarketမှာဝင်ပီး Karenကြိုက်တဲ့မုန့်တချို့သွားဝယ်လိုက်သည်...
*******************************
အခန်းတံခါးကိုဖွင့်ရုံရှိသေး သူ့လက်ထဲကကြောင်လေးကခုန်ဆင်းပီးအိပ်နေတဲ့Karenဆီပြေးဝင်သွားသည်..
"မြှောင်.."(မောင်မင်း...အဆင်ပြေရဲ့လား..)
သူ့ရင်ခွင်ထဲမှာလှုပ်စိလှုပ်စိနဲ့ဖြစ်နေလို့ကြည့်လိုက်တော့ ၀တုတ်လေး..
ဝတုတ်လေးကသူ့မျက်နှာနားကပ်လာပီးတမြှောင်မြှောင်နဲ့အော်နေလေသည်..
ကြည့်ရတာဗိုက်ဆာနေပီထင်တယ်...
သူခေါင်းအုံးကိုကျောနောက်ပို့လိုက်ကာ ရင်ခွင်ထဲက၀တုတ်လေးကိုပွေ့လိုက်ပီး..
"ဟေး..၀တုတ်လေး..ဗိုက်ဆာနေလို့လား.."
"မြှောင်.."(ကိုယ်တော် ဗိုက်မဆာဘူး..)
သူအထုပ်တွေချနေတဲ့Erenဘက်ကိုကြည့်လိုက်ပီး..
"Eren ငါ့ကိုတစ်ခုလောက်ကူညီပါလား.."
"အင်းKarenပြော"
"၀တုတ်လေးအတွက်နွားနို့နဲ့ဝက်ပေါင်ခြောက်နဲ့ဝယ်ပေးလို့ရမလား.."
Erenကပုဇွန်ဆန်ပြုတ်ကိုပန်းကန်ထဲထည့်လိုက်ပီးသူ့ရှေ့ယူလာပေးကာ..
"အင်း..သွားဝယ်ပေးမယ်လေ...မင်းကတော့ဒါလေးအရင်စားထားနှင့်.."
"အင်း..ကျေးဇူးEren.."
သူရင်ခွင်ထဲက၀တုတ်လေးကိုကြည့်လိုက်ပီး
"ခဏပဲစောင့်နော်..ခဏနေမင်းအတွက်နွားနို့ရတော့မှာ.."
"မြှောင်.."(ကိုယ်တော်ဗိုက်မဆာဘူးလို့ပြောနေတယ်)
ထို့နောက်သူ့ရဲ့မျက်နှာကိုလက်ဖောင်းဖောင်းလေးတွေနဲ့ထိလာပီး..
"မြှောင်.."(ကိုယ်တော်..မောင်မင်းကိုစိတ်ပူတယ်)
"အဟား..မင်းကတကယ်ချွဲတဲ့ကောင်ပဲကွာ..ကဲအောက်ခဏဆင်းဉီးမင်းကိုယ်ကြီးကအရမ်းလေးတယ်.."
"မြှောင်.."(ကိုယ်တော်ကမ၀ပါဘူး..)
သူဆန်ပြုတ်ကိုသောက်လိုက်တော့အထိုးခံထားရတဲ့ဒဏ်ကြောင့်မျက်နှာတစ်ချက်ရှုံ့သွားသည်..
"အ့.."
သူစားချင်စိတ်လည်းမရှိတော့တာမို့ပန်းကန်ကိုဘေးပို့လိုက်ပီး TV Remoteကိုနှိပ်ပီးသတင်းကြည့်လိုက်သည်..
"မနေ့ည၉နာရီ၃၄မိနစ်မှာ*****Barရဲ့အနောက်ဘက်ခြံစည်းရိုးထောင့်နားမှာအမည်မသိအလောင်းသုံးလောင်းတွေ့ရှိရပါတယ်..
သက်ဆိုင်ရာကစစ်ဆေးနေပေမယ့် အခုထိတိကျသေချာတဲ့သက်သေအထောက်အထားနဲ့လူသတ်တရားခံကိုတော့ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး.."
"နောက်ထပ်သတင်းတစ်ခုအနေနဲ့ကတော့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာရေကြီးရေလျှံမှုတွေ......"
သတင်းကြေငြာသူပြောနေတဲ့စကားတွေကသူ့နားထဲမှာရောက်တစ်ချက်မရောက်တစ်ချက်..
အလောင်းတွေကိုမျက်နှာတွေဖျက်ထားပေမယ့် ၀တ်ထားတဲ့အ၀တ်အစားတွေအရထိုလူတွေကမနေ့ညကသူနဲ့ရန်ဖြစ်ခဲ့တဲ့သူတွေဆိုတာသေချာသည်..
ဘယ်လိုဖြစ်ရတာလဲ...
ဒါနဲ့သတင်းကြေငြာတဲ့အထဲမှာသုံးလောင်းပဲဆိုတော့ Argus..Argusကရော ဘယ်ရောက်နေတာလဲ...
ပီးတော့ငွေမှင်ရောင်ဆံနွယ်ရှည်နဲ့လူ...
ဘာတွေလဲ.....
"မြှောင်.."
သူအတွေးစကိုဖြတ်လိုက်ပီးကုတင်ခြေရင်းက၀တုတ်လေးကိုကြည့်လိုက်သည်...
"မြှောင်.."
မျက်လုံးဝိုင်းဝိုင်းတောက်တောက်လေးတွေနဲ့သူ့ကိုကြည့်နေတဲ့ဝတုတ်လေးကတော်တော်လေးချစ်စရာကောင်းလှသည်..
"ထားတော့..ဘာပဲဖြစ်ဖြစ်ငါနဲ့မှမဆိုင်ပဲ.."
သူဝတုတ်လေးကိုပြုံးပြလိုက်ကာ..
"ခဏပဲစောင့်နော်..မင်းအတွက်နွားနို့လာတော့မှာ.."
"မြှောင်.."
YOU ARE READING
Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤
LosoweFic nameလေးအတိုင်းပါပဲ ဖတ်ပီးရင် nameလေးကူပီးစဥ်းစားပေးကြပါဦး... အဟား..စတာပါ.. လိုက်ပါစီးမျောပေးကြပါဦး.❤️ ဖတ်ရှုပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်.. [တကယ်လို့Fic nameလေးစဥ်းစားမိရင်လည်းပြောလို့ရတယ်နော်٩(๑'3`๑)۶❤️] Fic nameေလးအတိုင္းပါပဲ ဖတ္ပ...
