သူကျောက်ဂူထဲကို၀င်၀င်ချင်းတွေ့လိုက်ရတာကမျက်လုံးတွေကိုမှိတ်ထားပီးကုတင်ထက်မှာထိုင်နေတဲ့Arbish..
ထူထဲထဲမျက်ခုံးတွေကကြုံ့ထားတာကြောင့်ထိစပ်လုနီးပါး..
ငွေမှင်ရောင်ဆံနွယ်ရှည်တွေဟာနေရောင်အောက်မှာလွင့်လူးနေပုံကမသေမျိူးနတ်ဘုရားတစ်ပါးအလား...
"Arbish.."
နီစွေးစွေးဇာမဏီမျက်၀န်းတွေဟာအဆုံးမှာတော့ပွင့်လာသည်..
အနည်းငယ်အေးစက်နေပုံပေါ်နေသည်ကလွဲကျန်တာဘာမှထိခိုက်သွားပုံမပေါ်တာမို့သူလည်းအထွေအထူးစဥ်းစားမနေတော့ပဲ Arbishရဲ့ဘေးနား၀င်ထိုင်လိုက်တော့သည်..
"Ar..."
ထိုင်နေရာကနေရုတ်တရက်သူ့ဘက်လှည့်လာပီးမျက်နှာချင်းဆိုင်ပွေ့ဖက်လိုက်တဲ့Arbish..
ဒီနှာဘူးဘုရင်ကတော့!!သူ့မှာတော့စိတ်ပူလိုက်ရတာ..အချိန်ပြည့်အသားယူဖို့ပဲစဥ်းစားနေတယ်!!
"Arbish!ခများကတကယ့်ကို.."
"ရှူး.."
ပွေ့ဖက်နေရာကနေရုတ်တရက်သူ့မျက်နှာကိုဆွဲကိုင်လိုက်ပီး..
"ခဏပဲ..ကိုယ်တော်မောင်မင်းကိုဘာမှမလုပ်ဖူး.."
မှင်သက်နေဆဲမှာပင်ထိုလူကတော့သူ့ကိုပြန်လည်သိုင်းဖက်ထားလိုက်လေပီ..
ထိုလူ့ရဲ့၀င်သက်ထွက်သက်နွေးနွေးကသူ့ရဲ့ဂုတ်ပေါ်ရိုက်ခတ်နေတာကြောင့် နေရတာအနည်းငယ်အူယားသလိုဖြစ်လာပီးခေါင်းလေးကိုစောင်းပီးလှုပ်ရှားမိတော့...
သူ့ရဲ့ခါးမှာရစ်ပတ်ထားတဲ့ထိုလူ့ရဲ့လက်ကပိုမိုတင်းကြပ်သွားသလိုခံစားလိုက်ရသည်..
သူလည်းထပ်မလှုပ်တော့ပဲငြိမ်ငြိမ်နေလိုက်ပီး..
"Arbish..စုန်းအိုကြီးကဘာပြောလဲ.."
"Arbish.."
"စုန်းအိုကြီးကပြောတယ်..ကျိန်စာဖြေနည်းကမမှားဘူးတဲ့..အဟက်!.."
ထိုအေးစက်စက်အသံထဲမှာ၀မ်းနည်းခြင်းအငွေ့အသက်တွေရောပြွန်းနေကြောင်းသူကိုယ်တိုင်တောင်သိပါလေစ..
"Arbish...ခများ..အဆင်ပြေရဲ့လား.."
"နိုင်ငံပေါင်း၁၈နိုင်ငံကိုသိမ်းပိုက်အနိုင်ယူနိုင်ခဲ့ပီးသက်တော်၂၀အရွယ်မှာကြီးမားကျယ်ပြန့်တဲ့စည်ပင်၀ပြောတဲ့Quinxionတိုင်းပြည်ရဲ့ဧကရာဇ်ဖြစ်လာခဲ့တယ်..ဒါပေမယ့်..အခုတော့အဲ့ဒီအရာတွေအားလုံးဟာကိုယ်တော့်ကြောင့်ပဲတစ်နေ့တည်းတစ်ညတည်းမှာပဲအစိတ်စိတ်အမွှာမွှာကြေမွပျက်စီးသွားခဲ့ရပီ....
နှစ်ပေါင်း၅၀၀..အဟက်!စိတ်ပျက်စရာကောင်းတဲ့ကြောင်တစ်ကောင်အဖြစ်ကနေအခုထိမပြောင်းနိုင်သေးဘူး..."
"Arbish..."
"Karen..မောင်မင်းရောကိုယ်တော့်ကိုအသုံးမကျတဲ့ဘုရင်တစ်ယောက်လို့ထင်နေပီလား..."
"Arbish..ခများပြန်ပီးပြောင်းနိုင်မှာပါ..တစ်နေ့တော့..ဟုတ်တယ်..တစ်နေ့တော့ခများရဲ့ကျိန်စာကိုဖြေပေးနိုင်တဲ့အမျိုးသမီးတစ်ယောက်ပေါ်လာမှာပါ.."
"အဟက်!.."
Arbishရဲ့လက်တွေကဖက်တွယ်ထားရာကနေလျော့သွားပီးသူ့ကိုမျက်နှာချင်းဆိုင်ကြည့်လာကာ...
"ကောင်းပီ..ကိုယ်တော်Karenကိုယုံတယ်.."
"Arbish.."
ကျစ်!Arbish..Arbish..သူတစ်ချိန်လုံးArbishနာမည်ပဲခေါ်နေမိတော့တာပဲ..
Arbishကသူ့ကိုပြုံးပြလာပီး..
"ကိုယ်တော်အဆင်ပြေတယ်..ပီးတော့..ကိုယ်တော့်မှာနည်းလမ်းအများကြီးရှိပါသေးတယ်..စိတ်မပူနဲ့တော့နော်.."
အေးစက်စက်မျက်၀န်းတွေထဲမှာအခုတော့နူးညံ့နွေးထွေးမှုအပြည့်..
နီစွေးစွေးနှုတ်ခမ်းကအထက်ကိုတဖြည်းဖြည်းကော့ညွတ်သွားပီးချိိုမြိန်တောက်ပလွန်းတဲ့အပြုံးတစ်ပွင့်ကိုဖွင့်ဟလာပုံက
တငြိမ့်ငြိိမ့်စီးဆင်းနေတဲ့စမ်းချောင်းလေးဆီကအေးမြလန်းဆန်းတဲ့မြင်ကွင်းလေးလိုမျိုး..နူးညံ့နွေးထွေးတဲ့လေပြေအေးလေးကသူ့နှလုံးသားလေးထဲဖြတ်တိုက်သွားသလိုမျိုး...
သိပ်ကိုလှပလွန်းတယ်....
သိပ်ကိုချိုမြိန်လွန်းတယ်..
ကမ္ဘာပေါ်မှာရှိတဲ့ဘယ်အရာမှသူ့မျက်စိရှေ့မှာရှိနေတဲ့မြင်ကွင်းလောက်ကြည့်ကောင်းမှာမဟုတ်ဖူးလို့တောင်ခံစားရတယ်..
ဒုတ်..ဒုတ်..ဒုတ်!!
ဘာလဲ!အခုသူကြားနေရတဲ့အသံကသူ့နှလုံးသားထဲကအသံတဲ့လား...
မဖြစ်နိုင်တာ!!သူ့ရှေ့ကလူကိုအမြန်အကြည့်လွှဲလိုက်ရင်း..တဒုတ်ဒုတ်ခုန်မြည်နေတဲ့ရင်ဘက်ထဲကအကောင်ပေါက်ကိုအသာဖိကိုင်လိုက်ကာ..
"အဟား..ခ.ခများ..ဘာတွေလာပြောနေတာလဲ..ဘယ်သူကခများကိုစိတ်ပူတာလဲ..ကျွန်တော်လား..အဟား..မဖြစ်နိုင်တာတွေ.."
Arbishရဲ့လက်တွေကသူ့ပခုံးကိုဆုပ်ကိုင်လာပီးအရှေ့ကိုလှည့်ဖို့ကြိုးစားပေမယ့် သူကတော့တုပ်တုပ်တောင်မလှုပ်မိအောင်တင်းခံထားမိသည်..
"Karen..ဘာဖြစ်လို့လဲ..ကိုယ်တော်မောင်မင်းစိတ်ဆိုးအောင်ဘာလုပ်မိလို့လဲ.."
သူ့ကိုမကြည့်ပဲခေါင်းကိုသာတစ်ဖက်လှည့်ထားတဲ့ကောင်လေးကြောင့်မနေနိုင်တဲ့သူကပဲ..
"Karen..ကိုယ်တော့်ကိုဘာမှားလဲဆိုတာပြောလေ..Karen.."
"ကျစ်!ခများဘာဖြစ်နေတာလဲ..ကျွန်တော်ကိုယ့်ဟာကိုယ်တစ်ဖက်လှည့်နေတာဘာဖြစ်လဲ..ကျွန်တော့်ကိုမရှုပ်စမ်းပါနဲ့.."
ဟုတ်တယ်..အခုအချိန်သူ့ရဲ့မူမမှန်တဲ့ပုံစံနဲ့အတင်းတွေခုန်နေတဲ့ရင်ဘတ်ထဲကအကောင်ရဲ့အသံကိုArbishကြားသွားလို့မဖြစ်ဘူး..
"Karen.."
"ကျစ်!ဘာတုန်းဗျာ.."
ရော်..ဒီကောင်လေးဟာလေ..ရုတ်တရက်ကြီးစကားပြောနေရာကနေတခြားဘက်ကိုလှည့်သွားပီး..အခုတော့ကိုယ်တော့်ကိုတောင်လာမရှုပ်နဲ့တဲ့လေ..ဘယ်လိုကောင်ငယ်လေးပါလိမ့်...
သူ့ဘက်ကိိုတော့တစ်ချက်တောင်လှည့်မကြည့်ပါပဲတစ်ခွန်းမကျန်ပြန်ပြောနေတဲ့ကောင်လေးရဲ့နောက်ကျောလေးကိုကြည့်ပီးသူခပ်ဟဟရယ်မိတော့..
"Arbish..ခများဘာရယ်တာလဲ.."
ဟောဗျာ..ဧကရာဇ်ကိုတောင်အခုလိုမေးခွန်းထုတ်၀ံ့သတဲ့လေ....ဒီကောင်လေးဟာလေအပြစ်ပေးခံချင်နေပီထင်ပါရဲ့..
သူ့နောက်ကဘာသံမှမကြားရတော့ဘဲတိတ်ဆိတ်သွားတာကြောင့်နောက်ကိုအသာလှည့်ကြည့်တော့သူ့ဘေးနားထိုင်နေတဲ့Arbishကမရှိတော့..
"ဟမ်?ဘယ်ရောက်သွားတာလဲ မြန်လိုက်တာ.."
"ထားတော့..ဘာပဲဖြစ်ဖြစ်Arbishမရှိတော့ဘူးဆိုတော့..what the!!.."
အရှေ့ကိုပြန်လှည့်လိုက်တဲ့အချိန်မှာသူ့အရှေ့မှာဘယ်ကတည်းကရောက်နေလဲမသိတဲ့Arbish..
"Arbish!ခများ..ဘယ်လိုလုပ်ဒီနားရောက်လာတာလဲ.."
ထိုလူကတော့သူ့ရဲ့ဇာမဏိမျက်၀န်းတွေနဲ့သူ့ကိုရွှန်းရွှန်းစားစားစိုက်ကြည့်နေပီး..
"မောင်မင်းကမှကိုယ်တော့်ကိုလှည့်မကြည့်တာ..မောင်မင်းမျက်နှာလေးကိုမြင်ချင်တဲ့ကိုယ်တော်ကပဲမောင်မင်းရဲ့ရှေ့က်ိုရောက်လာရတာပေါ့.."
"ခများ.."
"Arbish..ကိုယ်တော့်ကိုArbishလို့ခေါ်ဖို့ပြောထားတယ်လေ.."
"ဘာဖြစ်ဖြစ်ဗျာ.."
ထို့နောက်သူ့မျက်နှာရှေ့မှာပိတ်ရပ်နေတဲ့ထိုလူ့ရဲ့မျက်နှာချောချောကိုရှောင်ဖယ်လိုက်ရင်းကုတင်ပေါ်ကထလိုက်ကာ..
"Erenကိုသွားရှာလိုက်ဦးမယ်..အပြင်မှာစုန်းအိုကြီးလည်းရှိနေတော့စိတ်မချဘူး.."
ပြောချင်ရာပြောပီးအပြင်ထွက်မလို့ပြင်နေတဲ့ကောင်လေးရဲ့ခါးလေးကိုဆွဲဖက်လိုက်ကာ..
တတွတ်တွတ်စကားတွေဆိုနေတဲ့နှုတ်ခမ်းလေးထက်ကိုခပ်ဖွဖွဖိကပ်နမ်းလိုက်သည်..
"ခများ!!.."
သူ့အနမ်းကနေလွတ်သွားချင်းချင်းမျက်လုံးလေးတွေ၀ိုင်းသွားပီးသူ့ကိုကြည့်လာတဲ့ထိုကောင်လေးကိုမျက်ခုံးတစ်ချက်ပင့်ပြလိုက်ရင်း...
"ဧကရာဇ်ကိုတစ်ခွန်းမကျန်ပြန်ပြောလို့အပြစ်ပေးတာ..."
"ခများ!.."
"ဘာလို့ကိုယ်တော့်ကိုစိုက်ကြည့်နေတာလဲ..
တန်တော့..မောင်မင်းကအပြစ်ပေးခံရတာကိုသဘောကျနေတာများလား.."
"ခများ!သောက်ကျင့်မကောင်းတဲ့ဘိုးတော်ကြီး!.."
ပြောပီးပီးချင်းလှစ်ခနဲရှေ့ကိုထွက်ပြေးသွားတဲ့ကောင်လေး..
ခေါင်းကိုအသာယမ်းလိုက်ရင်းအပြုံးတစ်စကတော့နှုတ်ခမ်းထက်မှာတွဲခိုလျက်..
"ချစ်စရာကောင်းတယ်.."
ကောင်လေးမြင်ကွင်းထဲကပျောက်သွားတဲ့အထိကြည့်နေပီးမှကျောက်ကုတင်ပေါ်ထိုင်လိုက်သည်..
အစောပိုင်းလေးကရှိခဲ့တဲ့အပြုံးနုလေးတွေကတော့အစအနတောင်ရှာလို့မရအောင်ပျောက်ကွယ်သွားလေပီ..ထိုအစားကြောက်စရာကောင်းပီးကြက်သီးထဖွယ်ကောင်းတဲ့အေးစက်စက်အပြုံးတစ်ခုကနီစွေးစွေးနှုတ်ခမ်းထက်မှာနေရာယူလာသည်..
**********************************
"Giyano..."
သူ့အရှေ့ကကောင်လေးကိုအကြည့်လွှဲလိုက်ပီးတစ်ဖက်ကိုရှောင်သွားဖို့ပြင်လိုက်တော့ထိုကောင်လေးကသူ့လက်ကိုလှမ်းဆွဲလာသည်..
ကျစ်!ဒီနေ့ကသူ့ရဲ့ပြဿဒါးနေ့လား..
လတိုင်းရဲ့၂၂ရက်နေ့ကသူတို့လိုစုန်မျိုးနွယ်တွေအတွက်အခက်ခဲဆုံးနေ့တွေပဲ..
ဘာလို့လဲဆိုတော့အဲ့ဒီနေ့တွေတိုင်းမှာသူတို့မှာရှိတဲ့စွမ်းအားတွေကတစ်၀က်တိတိကိုလျော့ကျသွားတာမလို့ပဲ...
စုန်းမျိုးနွယ်တွေရဲ့အကြီးမားဆုံးအားနည်းချက်နဲ့လျှို့၀ှက်ချက်ဖြစ်တာမို့ဘယ်သူမှမသိထားပေမယ့် ဒီရက်ရောက်တိုင်းသူဂူထဲမှာပဲနေဖြစ်သည်..
အဲ့ဒါကြောင့်လည်းဧကရာဇ်Arbishရဲ့တိုက်ခိုက်မှုအောက်မှာသူရှုံးနိမ့်သွားခဲ့ရတာ..အခုတော့ ဘာ!သာမန်လူသားတစ်ယောက်ကတောင်သူ့ကိုဆွဲလားရမ်းလားလုပ်နိုင်တဲ့အထိတော့သူအားနည်းမနေသေးဘူး..
မကြည်လင်တဲ့စိတ်အစဥ်ကမျက်စိရှေ့ကကောင်လေးထံပုံကျမိသွားတော့..လက်အဝှေ့မှာထိုကောင်လေးဟာဘေးကသစ်ပင်နဲ့တိုက်မိလျက်သား..
"Eren!!!.."
သူအသိ၀င်လာတဲ့အချိန်မှာကောင်လေးကထိခိုက်မိသွားပုံရတဲ့လက်မောင်းကိုကိုင်လျက်သူ့ကိုမယုံကြည်နိုင်ဟန်ကြည့်လာသည်..
"Eren..Eren..မင်းဘာဖြစ်သွားသေးလဲ.."
"ဒီမှာ Giyano!ခများကတော်တော်ကိုစာနာစိတ်မရှိတဲ့လူပဲ..ကျွန်တော့်သူငယ်ချင်းကိုဘာလုပ်လိုက်တာလဲ..!"
Erenလက်ကိုတွဲထားပီးသူ့ကိုဒေါသတကြီးရန်စကားဆိုလာတဲ့ထိုကောင်လေးကိုသူဂရုမစိုက်အား..အခုအချိန်မှာသူသိတာကသူအမှားလုပ်မိသွားပီဆိုတာပဲ..
သူ..ကောင်လေးကိုနာကျင်စေဖို့မရည်ရွယ်ခဲ့ပါဘူး..ပီးတော့နာကျင်မှုကြောင့်ရှုံ့မဲ့နေတဲ့ကောင်လေးရဲ့မျက်နှာလေးကိုမြင်ရတာသူ့ကိုပိုပီးရင်နာစေတယ်...ဖြစ်နိုင်ရင်ထိုကောင်လေးကိုသူ့ရင်ခွင်ထဲဆွဲပွေ့ထားပီးထိခိုက်မိသွားတဲ့ဒဏ်ရာလေးတွေပျောက်လိုပျောက်ငြားသူ့ရဲ့နှုတ်ခမ်းနဲ့ထိကပ်ပီးအနမ်းငွေ့ငွေ့ပေးချင်မိတယ်...
သူ..သူဘာတွေတွေးနေတာလဲ..
သူ့ရဲ့အတွေးတွေကြောင့်သူကိုယ်တိုင်တောင်လန့်သွားမိသည်..
Giyano..အဟား..Giyanoဆိုတဲ့သူကလူသားကောင်လေးတစ်ယောက်ကိုချစ်မြတ်နိုးမိသွားတာလား..ဘယ်လိုတောင်ယုတ္တိမတန်တဲ့စကားလဲ..
မဖြစ်နိုင်တာတွေအတွေးလွန်နေတဲ့သူ့စိတ်ကိုထိန်းချုပ်လိုက်ရင်းပုံမှန်အတိုင်းအေးစက်စက်အကြည့်နဲ့ထိုကောင်လေးထံအကြည့်ပို့လိုက်ကာ..
"အဟက်!နောက်တစ်ခါငါ့လမ်းကိုလာမရှုပ်နဲ့.."
အေးစက်စက်ပြောပီးထွက်သွားတဲ့စုန်းအိုကြီးရဲ့နောက်ကျောပျောက်ကွယ်သွားသည်အထိလိုက်ကြည့်နေတဲ့Erenကိုကြည့်လိုက်ကာ..
"Eren..မင်းနောက်ခါသူနဲ့မပတ်သတ်နဲ့တော့.."
"ဟမ်.."
"သူကလူကောင်းမဟုတ်ဖူး.."
"မဖြစ်နိုင်ဘူး...ငါGiyanoအကြောင်းကိုသိတယ်အနည်းငယ်အေးစက်စက်နိုင်တာကလွဲရင်သူကလူကောင်းတစ်ယောက်ပါ.."
"Erenမင်းသူ့အကြောင်းဘာမှမသိပါဘူး.."
"အင်း..ဒါပေမယ့်ငါစိတ်ထဲမှာသိနေတယ်သူကမကောင်းတဲ့လူမဟုတ်ဖူးဆိုတာ.."
"Eren..."
သူKarenဆီကထွက်လာမယ့်စကားတချို့ကိုလစ်လျူရှုလိုက်ရင်း..
"ဒါနဲ့ ပြောပါဦး..မင်းကဘာလို့ဂူထဲကိုအမြန်ပြေး၀င်သွားရတာလဲ.."
"ဟမ်..အာ..ငါ..အသီး..ဟုတ်တယ် အသီးသွားယူတာ ဗိုက်ဆာလို့လေ..အဟား.."
"အော်..အင်း..အဲ့တော့ အသီးကဘယ်မှာလဲ..ဂူထဲမှာတင်မင်းစားခဲ့တာလို့တော့မပြောနဲ့နော်.."
"ဟုတ်တယ်..ငါဂူထဲမှာတင်စားခဲ့တာ.."
"Karenရာ..ငါကလေ..မင်းအကြောင်းကိုငယ်ငယ်ကတည်းကသိလာတဲ့ကောင်ပါကွာ..တော်ပီမင်းမဖြေချင်မမေးတော့ဘူးသွားရအောင်.."
"အင်း.."
သူတို့ဂူထဲရောက်တော့Arbishကကြောင်အဖြစ်ပြောင်းပီးနေပီ..ပီးတော့အိပ်ယာထက်မှာတောင်အခန့်သားလှဲနေလိုက်သေး...
သူတို့၀င်လာတာကိုမြင်တော့အိပ်ယာထက်ကနေလုံးလုံးလုံးလုံးနဲ့ထလာပီးသူ့ခြေထောက်နားကပ်လာကာသူ့ရဲအဖြူရောင်အမွှေးနုနုလေးတွေနဲ့ချစ်စရာကောင်းအောင်ပွတ်သပ်နေပြန်သည်
တကယ်..တကယ်..တတ်လည်းတတ်နိုင်တဲ့ဧကရာဇ်Arbishပါလေ...
Erenကိုကုတင်ပေါ်ထိုင်စေလိုက်ရင်း ကျောပိုးအိတ်ထဲမှာလိုရမယ်ရထည့်လာတဲ့ဆေးအိတ်ကိုယူလိုက်သည်..
ဘယ်နှစ်ရက် ဘယ်နှစ်လနေရမလဲမသိနိုင်တဲ့နေရာစိမ်းမှာမဖျားမနာဘူးလို့မှမပြောနိုင်တာ..အဲ့တာကြောင့်လည်းအစားအသောက်တွေအပြင်ဆေးဝါးတွေပါအစုံထည့်လာခဲ့တာ..
Erenဘေးနား၀င်ထိုင်လိုက်ရင်းအင်္ကျီလက်ကိုအသာမလိုက်တော့ညိုမဲနေတဲ့ဒဏ်ရာကြီးကလက်မောင်းထက်မှာနေရာယူထားသည်..
"ကျစ်!မင်းပြောတဲ့လူကောင်းဆိုတဲ့သူကြောင့်ရတဲ့ဒဏ်ရာကိုမြင်ပီလား.."
နာကျင်မှုကြောင့်မျက်နှာတစ်ချက်ရှုံ့လိုက်ပေမယ့် သူ့ရဲ့ဒဏ်ရာကိုကြည့်ပီးကျစ်တစုတ်စုတ်နဲ့ဒေါသထွက်နေပုံရတဲ့ကောင်လေးကြောင့်သူပြုံးလိုက်ပီး..
"Karen...တကယ်တော့..ငါGiyanoကိုကျေးဇူးတင်မိတယ်သိလား.."
"ဘာ!မင်းရူးနေပီလား..Eren.."
"အင်း ဖြစ်နိုင်ပါတယ်..."
"Karen..မင်းငါ့ကိုစိတ်ပူနေတာလား.."
"ဘာ..ငါမင်းကိုစိတ်ပူတာပေါ့ကွ..အဲ့ဒီစုန်း..အဲ့ဒီလူကြီးကမင်းကိုတစ်ခုခုလုပ်သွားရင်ဘယ်လိုလုပ်မလဲ မင်းအဖေကိုငါသားတစ်ယောက်ပြန်ပီးအလျော်မပေးနိုင်ဘူး.."
"အဟား..Karenရာငါအကောင်းကြီးရှိပါသေးတယ်ကွ..ဘာပဲဖြစ်ဖြစ်..ဘာပဲဖြစ်ဖြစ်ထိခိုက်သွားရင်တောင်ငါမှုမှာမဟုတ်ဖူး..မင်းကငါ့အနားမှာရှိနေလို့လေ.."
"Karen...ငါမင်းကို.."
"ကျစ်!၀တုတ်လေး မင်းဘာဖြစ်ရပြန်တာလဲ..."
"ဘာလို့ဆေးအိတ်ကိုအောက်ကိုပစ်ချလိုက်ရတာလဲ..တော်တော်ဆိုးတဲ့ကောင်လေးပဲ.."
Karenကအောက်ပြုတ်ကျနေတဲ့ဆေးအိတ်ကိုကောက်လိုက်ရင်း..
"Sry Erenမင်းဘာပြောလိုက်တာလဲ.."
"အဟား..ဘာမှမဟုတ်ပါဘူး.."
"နာတော့နာမယ်..ခဏသည်းခံ.."
"အင်းKaren.."
ဆေးလေးကိုလက်ထိပ်လေးနဲ့တို့ပီးသူ့အနာထံလိမ်းပေးလာသည်..
နာလားမနာလားသူမသိ
အခုအချိန်သူ့စိတ်ထဲမှာရှိနေတာကမျက်စိရှေ့ကကောင်လေးရဲ့နှုတ်ခမ်းဖူးရဲရဲလေး..
စုလိုက်ချွန်လိုက်နဲ့သူ့ဒဏ်ရာကိုလေမှုတ်ပေးနေပုံလေးကအသည်းယားစရာကောင်းလှသည်..
ဘာပဲဖြစ်ဖြစ် အချိန်တွေအများကြီးရှိပါသေးတယ်လေ...
အခုအချိန်မှာမပြောလိုက်ရပေမယ့်လည်းတစ်ချိန်ချိန်မှာတော့Karenသိအောင်သူဖွင့်ပြောမှာပါ....
"မြှောင်!!.."
မျက်နှာချင်းဆိုင်ကျောက်စားပွဲပေါ်မှာတက်ထိုင်နေပီးသူ့ကိုစူးစူးရဲရဲစိုက်ကြည့်ကာအော်လာတဲ့၀တုတ်လေးကြောင့်Karenထံရောက်နေတဲ့အကြည့်တွေကိုတောင်ကမန်းကတမ်းလွှဲမိသွားသည်အထိ ၀တုတ်လေးရဲ့စူးရဲရဲအကြည့်တွေကအေးစက်ပီးကြက်သီးထစရာကောင်းလှသည်..
"ရပီ..မင်းနားနားနေနေနေလိုက်ဦး..ငါရေသွားချိုးလိုက်ဦးမယ်.."
"အင်း ကျေးဇူး Karen.."
"ရပါတယ်.."
ထို့နောက်ကျောက်စားပွဲပေါ်မှာလုံးလုံးလေးထိုင်နေတဲ့၀တုတ်လေးကိုဆွဲပွေ့လိုက်ပီးဖင်လုံးလုံးလေးကိုနှစ်ချက်လောက်ရိုက်လိုက်ကာ..
သူ့ကိုကြည့်နေတဲ့Arbishကိုခပ်တည်တည်ပဲပြန်ကြည့်လိုက်ပီး
"ဆေးအိတ်ကိုဆွဲချလို့အပြစ်ပေးတာ.."
ထို့နောက်ကျောက်ကုတင်ပေါ်ကErenကိုကြည့်လိုက်ပီး..
"Erenငါသွားပီ..မင်း၀တုတ်လေးကိုကြည့်ပေးထား.."
"အင်း ရတယ် Karen သွားသွား.."
"မြှောင်..."
ဟက်!အခုတော့ဘာတတ်နိုင်သေးလဲ ဧကရာဇ်ကိုထိခိုက်စေမှုထိခိုက်စေမှုဆိုပီးသူ့နှုတ်ခမ်းကိုအမြဲတမ်းရန်ရှာနေတဲ့Arbishကိုကြောင်ဖြစ်နေတုန်းဖင်လေးကိုခပ်နာနာလေးရိုက်ပစ်ခဲ့လိုက်တာ..
သူထွက်လာခဲ့တုန်းကArbishအော်လိုက်တဲ့အသံကနည်းနည်းလေးကြက်သီးထစရာကောင်းပေမယ့်ပေါ့လေ...
ဘာပဲဖြစ်ဖြစ်နောင်ခါလာနောင်ခါစျေးပဲ....
********************************
"မြှောင်"(အဟက်!ကိုယ်တော်မောင်မင်းကိုသက်ညှာပေးတာများသွားပီထင်တယ်..ဒီတစ်ခါကိုယ်တော်လူအဖြစ်ပြန်ပြောင်းတဲ့အခါပြစ်ဒဏ်အစစ်ကဘယ်လိုလဲဆိုတာမောင်မင်းသိအောင်ပြပေးမယ်..)Note///ပထမဆုံးFic nameလေးအကြောင်းပြောချင်လို့ပါဗျ..
တကယ်တော့ အမှန်အတိုင်း၀န်ခံရရင်ကျွန်တော်လေ nameကိုဘယ်လိုမှစဥ်းစားလို့မထွက်ဖူးဖြစ်နေလို့ ဒီအတိုင်းပေးထားမိတာပါ..
အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်🙇♀️ပြောင်းတော့ပြောင်းမှာပါ..ဒါဟာအတည်မဟုတ်သေးပါဘူး လောလောဆယ်ဘယ်လိုမှစဥ်းစားလို့မရသေးလို့ရယ်
စဥ်းစားမိတဲ့နာမည်လေးများရှိရင်ပြောလို့ရပါတယ်❤️ပီးတော့နောက်တစ်ခုကလေ..
အရင်ဆုံးဖတ်ပေးတဲ့သူတစ်ယောက်ချင်းစီကိုတကယ်ကိုကျေးဇူးအများကြီးတင်ကြောင်းပြောချင်ပါတယ်..
ပီးတော့အားနာနာနဲ့ပဲ..updateကလေ.
ပုံမှန်sat&sunကနားရက်ပါ..
အဲ့ဒါလေးကိုခွင့်တောင်းချင်လို့ပါ❤️
မျက်လုံးအခြေအနေကြောင့်Daily updateမလုပ်နိုင်တဲ့အတွက်တကယ်ကိုတောင်းပန်ပါတယ်နော်🙇♀️❤️ဖတ်ပေးတဲ့သူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်❤️
YOU ARE READING
Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤
RandomFic nameလေးအတိုင်းပါပဲ ဖတ်ပီးရင် nameလေးကူပီးစဥ်းစားပေးကြပါဦး... အဟား..စတာပါ.. လိုက်ပါစီးမျောပေးကြပါဦး.❤️ ဖတ်ရှုပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်.. [တကယ်လို့Fic nameလေးစဥ်းစားမိရင်လည်းပြောလို့ရတယ်နော်٩(๑'3`๑)۶❤️] Fic nameေလးအတိုင္းပါပဲ ဖတ္ပ...