စစ်နတ်ဘုရားတဖြစ်လဲဧကရာဇ်Arbish...
Quinxionတိုင်းပြည်ရဲ့ဧကရာဇ်...
လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀တုန်းကကျိန်စာတိုက်ခံလိုက်ရပီးစွတ်စွတ်ဖြူနေတဲ့ကြောင်၀တုတ်လေးအဖြစ်ပြောင်းလဲသွားခဲ့သည်...
**********************************
ဓားထိပ်ကိုလက်မနဲ့အသာထိလိုက်တော့နီရဲရဲသွေးစက်တို့ကချက်ချင်းထွက်လာသည်..
နှုတ်ခမ်းထောင့်စွန်းကအထက်ကိုကော့တက်သွားပီးဇာမဏီမျက်၀န်းတွေကတော့အေးစက်နေဆဲ....
Redin.....အနက်ရောင်အငွေ့အသက်တွေရစ်ပတ်ထားပီးတလက်လက်တောက်နေတဲ့Redinကလွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀ကအတိုင်းပဲအခုထိထက်ရှနေဆဲ..
သူRedinကိုပြန်သိမ်းလိုက်ပီးအခန်းထဲကိုမျက်လုံးဝေ့ကြည့်လိုက်တော့မျက်လုံးထဲ၀င်လာတာကမှန်တင်ခုံပေါ်မှာတင်ထားတဲ့ဓာတ်ပုံဘောင်လေးတစ်ခု..
နွေးထွေးကြင်နာတတ်တဲ့ပုံပေါ်တဲ့အမျိုးသမီးကြီးကပြုံးနေပီး သူမရဲ့ဘေးမှာတော့မျက်လုံး၀ိုင်း၀ိုင်းလေးတွေမှိတ်ကျသွားသည်အထိပြုံးနေတဲ့ကလေးလေး..
အနီရဲရဲ၀တ်စုံလေးကနို့နှစ်လိုကြည်လင်တောက်ပနေတဲ့အသားအရည်လေးနဲ့လိုက်ဖက်ညီစွာ..
နီညိုရောင်ဆံပင်လုံးလုံးလေးရယ် နှာခေါင်းသေးသေးလုံးလုံးလေးရယ်..ပြုံးနေတာကြောင့်မြင်နေရတဲ့နီရဲရဲနှုတ်ခမ်းဖူးလေးအောက်ကအစွယ်ဖြူဖြူသေးသေးလေးရယ်...
ပီးတော့ထိုကလေးလေးရဲ့ရင်ခွင်ထဲမှာတော့စွတ်စွတ်ဖြူနေတဲ့ယုန်လေး..
သူဓာတ်ပုံလေးထဲကကောင်လေးရဲ့မျက်နှာလေးကိုလက်လှမ်းလိုက်ပီးအသာထိလိုက်ကာအပြုံးတစ်စကနှုတ်ခမ်းထက်တွဲခိုလာသည်
"Karen..မောင်မင်းငယ်ငယ်ကချစ်စရာကောင်းသားပဲ.."
သတ်ဖြတ်မှုတွေ၌သာပျော်မွေ့နေတတ်တဲ့စစ်နတ်ဘုရားတစ်ပါးဖြစ်တဲ့ဧကရာဇ်Arbishကဒီလိုနူးနူးညံ့ညံ့ပြုံးတတ်တယ်တဲ့လား..
*******************************
သူခဏလောက်လျှောက်ကြည့်ပီးတဲ့နောက်မှာရေချိုးခန်းဘက်ကို၀င်ခဲ့လိုက်သည်..
ပူရှိန်းရှိန်းခေါင်းလျှော်ရည်အနံ့လေးကနှာဖျား၀မှာလာရောက်ကျီဆယ်လာသည်..
"Karenသုံးနေကျအနံ့.."
အနက်ရောင်၀တ်ရုံတော်ဟာရေချိုးခန်းကြမ်းခင်းထက်မှာပုံလျက်သား..
Bathtubeထဲမှာလဲလျောင်းရင်းကျောက်စိမ်းလိုကြည်လင်နေတဲ့အသားအရည်ဟာဆပ်ပြာအမြှုပ်လေးတွေအောက်မှာဖုံးကွယ်နေသည်..
ဖြောင့်စင်းနေတဲ့ခြေတံသွယ်လျလျတွေဟာ Bathtubeရဲ့အပြင်ဘက်ထိအောင်ထွက်နေသည်..
Bathtubeထဲမှာခပ်လျှောလျှောလှဲလိုက်ပီးမျက်နှာကိုရေအောက်ရောက်စေလိုက်သည်..
********************************
"ဧကရာဇ်ကြောင့်..ငါတို့တိုင်းပြည်ကြီးပျက်ရတာဧကရာဇ်ကြောင့်.."
နန်းရင်ပြင်ထက်ကနေမြင်နေရတဲ့သူ့ရဲ့တိုင်းပြည်ကြီး..စည်ပင်၀ပြောပီးသိပ်ကိုသာယာလှပတဲ့တိုင်းပြည်ကြီးကတစ်နေ့တည်းတစ်ညတည်းမှာပင်မထင်မှတ်ထားလောက်အောင်ပြောင်းလဲသွားသည်..
ကောင်းသောပြောင်းလဲခြင်းမဟုတ်တဲ့ဆိုးသောပြောင်းလဲခြင်းနဲ့ပေါ့..
နေရာအနှံ့မှာမီးခိုးငွေ့တွေတလူလူနဲ့ ညစ်ထေးထေးလေထုထဲမှာလည်းပြာတွေက၀ဲပျံနေသည်..
မီးစွဲနေဆဲစားသောက်ဆိုင်ကိုအလုပ်သမားတွေကရေတွေနဲ့အပြေးအလွှားလောင်းနေကြပီး..ပိုင်ရှင်ကတော့ စိတ်ဓာတ်ကျနေတဲ့မျက်နှာကြီးနဲ့ဘာမှမကျန်တော့လုနီးပါးဖြစ်နေတဲ့သူ့ရဲ့ဆိုင်ကိုကြည့်ကာငိုချင်နေပုံရသည်..
တချို့လူတွေကတော့ လမ်းမထက်မှာငုတ်တုတ်တွေထိုင်နေကာ မှုန်မှိုင်းနေတဲ့မျက်၀န်းတွေထဲမှာဦးတည်ချက်တွေပျောက်ဆုံးနေကြသည်..
"မေမေ..ကျွန်တော်တို့မှာအိမ်မရှိတော့ဘူး..နောက်ဆိုဘယ်မှာနေရတော့မှာလဲဟင်.."
ဆံစတွေဟာခေါင်းထက်မှာဖွာလန်ကြဲလျက်သား မျက်နှာထက်မှာလည်းပြာမှုန်တွေဟာညစ်ပတ်ပေလူးနေသည်..
သားငယ်ကိုလက်ကဆွဲလျက်...တမြေ့မြေ့မီးစွဲလောင်နေတဲ့ သစ်သားအိမ်ငယ်လေးကိုကြည့်ကာချည့်နဲ့နေပါသောခန္ဓာကိုယ်ကိုပြိုလဲမသွားအောင်မနည်းအားတင်းထိန်းနေရသည်...
မျက်စိရှေ့မှာတင် ကြီးထွားသန်မာနေတဲ့သီးနှံစိုက်ခင်းတွေ..အရည်ရွှမ်းနေတဲ့ ဖရဲသီးပင်တွေ..အဆီအနှစ်တွေပြည့်၀နေတဲ့ရွှေရောင်စပါးခင်းတွေ...
အခုတော့..နီရဲနက်မှောင်နေတဲ့မီးသွေးတစ်တုံးထက်မပိုတော့....
သူတို့တိုင်းပြည်ကြီးကံဆိုးမိုးမှောင်ကျခဲ့လေပီ..
*********************************
ပလ္လင်တော်ထက်မှာမျက်လုံးတွေကိုမှိတ်ကာထိုင်နေတဲ့ဧကရာဇ်..
မျက်မှောင်ကြုံ့ထားတာကြောင့်မျက်ခုံးနှစ်ခုဟာထိစပ်လုနီးပါး..
နောက်ဆုံးမှာတော့မှိတ်ထားတဲ့ဇာမဏီမျက်၀န်းတွေဟာပွင့်လာပီးအစဥ်အမြဲထက်မြက်ရဲရင့်မှုတွေနဲ့ပြည့်နေတဲ့အကြည့်တွေဟာအခုအချိန်မှာတော့ပင်ပန်းမှုကြောင့်အနည်းငယ်ဖျော့နေသည်..
သို့ပေမယ့် တည်ငြိမ်ပီးသြဇာအာဏာတွေအပြည့်ပါ၀င်နေဆဲ..
တင်းတင်းစေ့ထားပါသောအေးစက်စက်နှုတ်ခမ်းတော်ကအဆုံးမှာတော့လှုပ်လာသည်..
"ဘဏ္ဍာတိုက်ထဲမှာရှိတဲ့ အသီးအနှံတွေနဲ့စားနပ်ရိက္ခာတွေကိုပြည်သူတွေကိုဝေပေးဖို့ပြင်လိုက်..အိမ်ယာဆုံးရှုံးသွားတဲ့ပြည်သူတွေအတွက်နန်းတော်မှာယာယီအဆောင်တော်တွေတိုးချဲ့ဆောက်လုပ်မယ်.."
"အရှင်.."
လက်၀ဲအမတ်ကြီးကရှေ့တိုးလာပီးဦးညွတ်လိုက်ကာဆက်ပြောလာသည်..
"အရှင်..ဘဏ္ဍာတိုက်မှာစားနပ်ရိက္ခာတွေကသုံးပုံတစ်ပုံလောက်ပဲကျန်ပါတော့တယ်..
ရဲမတ်တွေကအလျှင်အမြန်မီးငြိမ်းသတ်ဖို့လုပ်ခဲ့ပေမယ့် မီးအရှိန်ကပြင်းလွန်းတာကြောင့်ဘယ်လိုမှယူလို့မရခဲ့ပါဘူး..."
"ကိုယ်တော်နားလည်ပီ....ကျန်တာတွေအကုန်လုံးပြည်သူတွေကိုဝေမျှလိုက်ပါ.."
"အရှင်.."
"လက်၀ဲအမတ်ကြီး Talinတိုင်းပြည်မှာရှိတဲ့အမတော်ဆီစာပို့ပီးအကူအညီတောင်းဖို့ပြင်ဆင်ပါ..ညီလာခံနားမယ်.."
*****************************
ပင်ပန်းမှုကြောင့်အိပ်ဆောင်ထဲကို၀င်လိုက်ချင်ပေမယ့် ခန္ဓာကိုယ်ပင်ပန်းတာထက်စိတ်တော်ကပိုပီးပင်ပန်းတာကြောင့်မျက်လုံးတွေကိုဘယ်လိုမှမှိတ်ထားလို့မရပေ...တိတ်ဆိတ်နေတဲ့ပလ္လင်တော်ထက်မှာထိုင်ရင်းမျက်ခုံးရိုးကိုအသာနှိပ်လိုက်သည်..
မျက်လုံးမှိတ်လိုက်လျှင်မီးခိုးငွေ့တလူလူနဲ့ပြည်သူတွေရဲ့သောကဝေနေတဲ့မျက်နှာတွေကပေါ်လာပီးသူ့ကိုခြောက်လန့်နေသည်
"ကိုယ်တော် ဘယ်လိုလုပ်ရမလဲ.."
"ပျောက်ကွယ်သွားလိုက်"
ရွှေရောင်ခန်းဆီးလိုက်ကာကလူးလွင့်သွားပီးနောက်မှာအနက်ရောင်အတိ၀တ်ထားတဲ့လူတစ်ယောက်ကသူ့ဆီလှမ်းလာသည်..
ငွေရောင်ဆံနွယ်ရှည်တွေကိုစည်းနှောင်ထားပီးကျောက်စိမ်းဆံထိုးကိုထိုးထားသည်..
ရွှေရောင်မျက်မှန်အောက်ကအစိမ်းရောင်မျက်လုံးတွေကအေးစက်နေပီးသေမင်းရဲ့အငွေ့အသက်တွေယှက်သိုင်းနေသည်..
"ပျောက်ကွယ်သွားလိုက်.."
ထိုလူကထပ်မံပြောကြားလာပီးသူ့ထံလျှောက်လှမ်းလာသည်..
"မောင်မင်း ဘယ်သူလဲ.."
"ကျွန်ုပ်ကHuuriတောင်ထိပ်ကလာတာ.."
"Huuriတောင်ထိပ်??..."
ကိုယ်တော်ငယ်စဥ်ကခမည်းတော်ပြောတာကြားဖူးတယ်Huuriတောင်ထိပ်မှာစုန်းအိုကြီးတစ်ယောက်နေထိုင်တယ်တဲ့..
ဒါပေမယ့် နှစ်ပေါင်း၁၀၀ကျော်တောင်ပေါ်လာခြင်းမရှိတာမို့ယုံကြည်ခဲ့ခြင်းမရှိခဲ့ဘူး..
ကိုယ်တော့်ရှေ့မှာရပ်နေတဲ့ဒီလူကကိုယ်တော်နဲ့အသက်အရွယ်သိပ်ပီးကွာမယ့်ပုံမပေါ်ပေ..
"မောင်မင်းက.."
"ကျွန်ုပ်ကGiyano.."
"Giyano..အသင်ကတကယ်ပဲHuuriတောင်ထိပ်မှာနေထိုင်တဲ့Giyanoလား.."
ခမည်းတော်ပြောတာတော့ထိုစုန်းအိုကြီးကသိပ်ကိုအစွမ်းထက်တယ်တဲ့..
သူ့မျက်နှာထက်မှာမျှော်လင့်ချက်အရိပ်အယောင်သန်းသွားပီးGiyanoဆိုတဲ့သူကိုကြည့်လိုက်ကာ..
"မောင်မင်း ကိုယ်တော့်ကိုကူညီမှာလား.."
"အဟက်!QuinXionတိုင်းပြည်ရဲ့ဧကရာဇ်Arbish..အသင်မသိလေရော့သလား..ဒီကပ်ဆိုးကြီးကအသင့်ကြောင့်ကျရောက်လာတယ်ဆိုတာ.."
"မောင်မင်းဘာပြောလိုက်တယ်.."
"သွေးသားမလိုချင်တဲ့ဧကရာဇ်အုပ်ချုပ်တဲ့တိုင်းပြည်ကဘယ်လိုပဲဖြစ်ဖြစ်ပျက်စီးရမှာပဲ..အသင်ကကောင်းကင်ဘုံရဲ့အလိုဆန္ဒတွေကိုဖောက်ဖျက်ခဲ့တယ်..ဒေါသထွက်ပီးပူဆွေး၀မ်းနည်းနေတဲ့ပြည်သူတွေအစားကျွန်ုပ်ကပဲအသင့်ကိုအပြစ်ပေးဖို့လာခဲ့တာ.."
"မောင်မင်း..မောင်မင်းစကားပြောနေတဲ့သူကQuinxionတိုင်းပြည်ရဲ့ဧကရာဇ်ဆိုတာသိပါလေစ..မောင်မင်းဦးခေါင်းမြေခချင်လေရော့လား.."
ထိုသူကတော့သူ့ကိုမထီမဲ့မြင်ကြည့်လာပီးခပ်မဲ့မဲ့ပြုံးလာကာလက်ထဲမှာကိုင်ဆောင်လာပါသောအနက်ရောင်နဲ့ရွှေရောင်ရောစပ်နေတဲ့တုတ်တံကိုမြှောက်လိုက်ပီး..
"Quinxionပြည်သူတွေရဲ့ကိုယ်စားကျွန်ုပ်သင့်ကိုကျိန်စာတိုက်တယ်..ဒီနေ့ဒီအချိန်ကစပီးဧကရာဇ်Arbish သင်ဟာကြောင်တစ်ကောင်အဖြစ်ပြောင်းလဲသွားရလိမ့်မယ်..စိတ်နှလုံးနူးညံ့ပီးကြင်နာတတ်တဲ့မိန်းမပျိုလေးဆီကအချစ်စစ်ရဲ့အနမ်းကိုရမှသာလျှင်သင့်ရဲ့ကျိန်စာပြေလိမ့်မယ်.."
*****************************
"Thanks Eren..ငါလည်းနေကောင်းသွားပီမို့နောက်နေ့မင်းငါ့ကိုလာမကြိုနဲ့တော့.."
"Karen.."
"ငါသွားပီ Eren.."
အခန်းထဲရောက်တော့လွယ်အိတ်ကိုချရင်းအရင်ဆုံးလုပ်တာက၀တုတ်လေးကိုရှာတာပင်..
"၀တုတ်လေး.."
"၀တုတ်လေး မင်းဘယ်မှာလဲ.."
အိပ်ယာပေါ်မှာလည်းမရှိ မှန်ပြတင်းပေါက်နားမှာလည်းမဟုတ်ပြန်..သူမျက်မှောင်တစ်ချက်ကြုံ့လိုက်ပီးအခန်းပတ်ပတ်လည်ကိုရှာကြည့်ပေမယ့်လည်းမတွေ့..
"ရေချိုးခန်းထဲမှာများလား..."
အတွေးနဲ့အတူရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ပူရှိန်းရှိန်းရှန်ပူနံ့ကနှာဖျား၀မှာ၀င်ရောက်လာသည်..
"၀တုတ်လေး.."
ရေစိုနေတဲ့၀တုတ်လေးကအနည်းငယ်ရယ်ချင့်စဖွယ်ကောင်းနေသည်...
သူဖွဖွရယ်လိုက်ကာ၀တုတ်လေးကိုပွေ့လိုက်တော့ရေစက်တွေကသူ့ကိုယ်ပေါ်မှာကပ်ကုန်ပီးမလဲရသေးပါသောကျောင်း၀တ်စုံတွေပါစိုကုန်လေသည်..
"၀တုတ်လေး..မင်းbathtube ထဲပြုတ်ကြထားတာလား..ဟမ်..အဟား.."
"တကယ့်ကောင်လေးပဲ..လာသွားရအောင်ကြာရင်အအေးပတ်သွားလိမ့်မယ်.."
သူရေချိုးခန်းထဲကထွက်မလို့ပြင်လိုက်ပီးမှမျက်လုံးထောင့်စွန်းမှဖြတ်ခနဲမြင်လိုက်ရတဲ့အရာကြောင့်မျက်မှောင်ကြုံ့ပီးပြန်လှည့်လိုက်တော့ Bathtubeဘေးကရေချိုးခန်းကြမ်းခင်းပေါ်မှာပုံကျနေတဲ့အနက်ရောင်၀တ်စုံ..
"ဒါငါ့ဟာမဟုတ်ပါဘူး...ဘယ်သူ့ဟာကဒီကိုရောက်နေတာလဲ.."
အခုမှခေါင်းထဲရောက်လာသည်..သူအခန်းထဲ၀င်၀င်ချင်းတုန်းကရတဲ့ရှန်ပူနံ့..
ကြည့်ရတာတစ်ယောက်ယောက်ကသူ့ရေချိုးခန်းထဲမှာရေ၀င်ချိုးပီးသူ၀င်လာတော့အမြန်ထွက်ပြေးသွားတာနဲ့ အ၀တ်အစားတွေကိုမေ့သွားပုံရသည်..
"ဘယ်သူကများဒီလောက်ရဲတင်းပီးသူ့အခန်းထဲထိရေလာချိုးရတာလဲ.."
သူထို၀တ်ရုံကိုကောက်ကိုင်လိုက်ပီး အနည်းငယ်စူးစမ်းလိုက်သည်..
ကြီးမားပီးရှည်လျားတဲ့၀တ်စုံအနေအထားအရထိုလူကတော်တော်တော့လူကောင်ကြီးမယ့်ပုံပင်..ဒီလို၀တ်စုံမျိုးကသူတစ်ခါမှမမြင်ဖူးပေမယ့်..တန်ဖိုးကြီးမှန်းမြင်တာနဲ့သိရသည်..
အထက်တန်းလွှာထဲကတစ်ယောက်ယောက်??
Daddyအသိထဲကတစ်ယောက်ယောက်များအိမ်ကိုအလည်လာရင်းသူ့အခန်းကိုမှား၀င်မိပီးရေချိုးသွားတာများလား...
ထိုအင်္ကျီကိုအ၀တ်ဗီဒိုထဲထည့်ခဲ့လိုက်ကာ၀တုတ်လေးကိုအိပ်ယာပေါ်မှာစောင်နဲ့လုံးတင်ထားပီး Aunty marrieကိုလှမ်းခေါ်လိုက်သည်..
"ဒေါက်ဒေါက် သခင်လေး ကျွန်မပါ.."
"၀င်ခဲ့.."
သူအင်္ကျီလဲပီးတော့၀တုတ်လေးကိုပါတဘတ်နဲ့သုတ်ပေးနေရင်းအခန်းထဲ၀င်လာတဲ့အန်တီmarrieကိုလှမ်းကြည့်လိုက်ကာ..
"ဒီနေ့ ဘယ်သူကျွန်တော့်အခန်းထဲ၀င်သေးလဲ.."
"မ၀င်ပါဘူး..သခင်လေး.."
သူမျက်လုံးလှန်ကြည့်လိုက်ပီး..
"တကယ်လား.."
"တ..တကယ်ပါသခင်လေး.."
"အိမ်ကိုဧည့်သည်တွေရောလာသေးလား.."
"မလာပါဘူးသခင်လေး.."
"မလာဘူးလား...ကောင်းပီ သွားလို့ရပီ.."
"ဟုတ်ကဲ့ပါသခင်လေး.."
"အင်း..ခဏ..နွားနို့နဲ့ကြက်ဥပေါင်းယူလာပေး.."
"ဟုတ်ကဲ့သခင်လေး.."
"ဘယ်သူမှမလာဘူးတဲ့လား..ဒါဆိုဘယ်သူကများ..."
သူမျက်မှောင်ကြုံ့ပီးစဥ်းစားနေတာကြောင့် ၀တုတ်လေးကိုရေသုတ်ပေးနေတဲ့လက်ကခဏတန့်သွားသလိုဖြစ်သွားသည်..
"မြှောင်.."
"မြှောင်.."
ကိုယ်တော့်ကိုရှေ့ထားပီးဘယ်သူ့ကိုတွေးနေတာလဲ..သူKarenရဲ့ရင်ခွင်ထဲကိုတိုး၀င်လိုက်တော့ နို့ဆပ်ပြာနံ့သင်းသင်းလေးကသူ့နှာဖျား၀ကိုလာရောက်ကျီဆယ်လာသည်..
သူထပ်ခါတလဲလဲထိုကောင်လေးရဲ့ရင်ခွင်ထဲကိုတိုးဝှေ့နေပီးထိုအနံ့မွှေးမွှေးလေးကိုရှူရှိုက်နေမိသည်..
ကိုယ်တော်..Karenရဲ့ကိုယ်သင်းနံ့လေးကိုသဘောကျတယ်..
"ဟေး..၀တုတ်လေး..မင်းတကယ့်ငချွဲလေးပဲ..ဘာလို့ငါ့ရင်ခွင်ထဲအတင်းတိုးနေတာလဲ မင်းရဲ့အမွှေးကရေတွေငါ့ကိုပြန်စိုကုန်ပီ.."
"ကဲလာ..ရေမြန်မြန်ခြောက်အောင်သုတ်လိုက်ရအောင် တော်ကြာအအေးပတ်ပီးဖျားနေဦးမယ်..မင်းဆေးမထိုးချင်ဘူးမလား.."
****************************
တိတ်ဆိတ်နေတဲ့ညအမှောင်မှာသူ့ရဲ့မျက်လုံးတွေကပွင့်လာခဲ့သည်..
သူ့ရဲ့ရင်ခွင်ထဲမှာတော့၀င်သက်ထွက်သက်နွေးနွေးလေးကရိုက်ခတ်လျက်ရှိသည်..
Karen....နီညိုရောင်ဆံနွယ်နွယ်ဖျော့ဖျော့ဟာဖြူဥနေတဲ့မျက်နှာထက်မှာဟိုတစ်စဒီတစ်စ..
အမြဲတမ်းစူးစူးရဲရဲစိုက်ကြည့်တတ်တဲ့အနက်ရောင်မျက်၀န်းတွေကိုမှိတ်ထားတာကြောင့်ရှည်လျားတဲ့မျက်တောင်စိပ်စိပ်လေးတွေဟာအထင်းသား..
နီစွေးစွေးနှုတ်ခမ်းပါးလေးဟာ နန်းဆောင်ကမိန်းမပျိုတွေလို ဆေးမကူပါပဲနဲ့နီရဲရဲလေးဖြစ်နေသည်..
ယောက်ျားပျိုတစ်ယောက်ကဘာလို့များအဲ့လောက်ထိလှနိုင်လွန်းရတာလဲ..
ဒါပေမယ့်..ထိုကောင်လေးကနုဖတ်နေပီးပျော့ညံ့ညံ့ကောင်လေးမဟုတ်ပေ..ကိုယ်တော်Karenနဲ့စတွေ့စကဆိုထိုကောင်လေးရဲ့မျက်နှာမှာဒဏ်ရာဒဏ်ချက်တွေအပြည့်
ထိုကောင်လေးကအမြဲတမ်းမျက်မှောင်ကြုံ့ထားပီးသူ့နားကိုဘယ်သူမှမကပ်နိုင်အောင် ဟန်ဆောင်အလွှာပါးတစ်ခုကိုလည်းတပ်ဆင်ထားသေးသည်..ဒါပေမယ့်သူ့ရှေ့မှာဆိုရင်တော့Karenကသူ့ရဲ့ပုံစံအမှန်ကိုသာပြလေ့ရှိသည်..
ကိုယ်တော်အစတုန်းကKarenကိုအသုံးချပီး စုန်းအိုကြီးကိုရှာမလို့လုပ်ခဲ့တယ်..
ဒါပေမယ့်..Karenနဲ့အတူနေတာကြာလာတာနဲ့အမျှ ဒီကောင်လေးကသူ့ရင်ထဲကိုတဖြည်းဖြည်း၀င်ရောက်လာခဲ့သည်..သူ့ဘ၀မှာဘယ်သူ့ကိုမှတွယ်တာဖူးတာမရှိခဲ့ဘူး ကိုယ်တော့်ရဲ့မိဘတွေအပါအ၀င်ပေါ့...
ရက်စက်တယ်..အေးစက်တယ်..ကြောက်စရာကောင်းတယ်..သွေးအေးတယ်..တော်တယ်..ထက်မြက်တယ်..ဘယ်သူမှအနားမကပ်နိုင်ဘူး..ဒါကသူ့ရဲ့၀ိသေသတွေ..
ဒါပေမယ့်သူ့ရဲ့အေးစက်တဲ့နှလုံးသားကအခုချိန်မှာတော့အနည်းငယ်ယိမ်းယိုင်စပြုလာလေပီ..
သူ့ကိုပြုံးပြတတ်တဲ့ကောင်လေးရဲ့အစွယ်ဖြူဖြူလေးတွေ..နူးညံ့တဲ့မျက်လုံးအိမ်လေးတွေ...
ထိုကောင်လေးဆီကနေရတတ်တဲ့ပူရှိန်းရှိန်းခေါင်းလျှော်ရည်နံ့လေးတွေ...
ထိုကောင်လေးရဲ့အပြုအမူတစ်ခုချင်းစီတိုင်းကတံဆိပ်ခတ်နှိပ်ထားသလိုနှလုံးသားမှာအရိပ်ထင်နေသည်..
Karenကသဘာ၀လေကိုသာကြိုက်တာမို့ညအိပ်ချိန်ဆိုမှန်ပြတင်းပေါက်ကိုဖွင့်ထားလေ့ရှိသည်..
၀င်ရောက်လာတဲ့လေပြေအေးရဲ့ကျီဆယ်သွားမှုအောက်မှာ..ထိုကောင်လေးဆီကပူရှိန်းနံ့လေးနဲ့ရောနေတဲ့နို့ဆပ်ပြာနံ့လေးကပါ လူးလွင့်လာသည်...
မရည်ရွယ်ပါပဲ ဆံနွယ်ဖျော့ဖျော့ထံမျက်နှာအပ်ပီးနမ်းရှိုက်မိသွားသည်...
ကိုယ်တော်တော့Karenဆိုတဲ့အဖြူရောင်စုန်းပေါက်စလေးထံကကျိန်စာတိုက်ခံလိုက်ရလေရော့လား...
တဖြည်းဖြည်းကျောအနောက်မှာစိမ့်အေးလာသလိုခံစားလိုက်ရတာကြောင့် ပြတင်းပေါက်ကိုထပီးပိတ်မလို့ပြင်လိုက်သည်..
ဟုတ်သားပဲ....ကိုယ်တော့်ခန္ဓာကိုယ်မှာ၀တ်ရုံတော်မှမရှိပဲ...
YOU ARE READING
Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤
RandomFic nameလေးအတိုင်းပါပဲ ဖတ်ပီးရင် nameလေးကူပီးစဥ်းစားပေးကြပါဦး... အဟား..စတာပါ.. လိုက်ပါစီးမျောပေးကြပါဦး.❤️ ဖတ်ရှုပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်.. [တကယ်လို့Fic nameလေးစဥ်းစားမိရင်လည်းပြောလို့ရတယ်နော်٩(๑'3`๑)۶❤️] Fic nameေလးအတိုင္းပါပဲ ဖတ္ပ...