Ep~17 Unicode

135 15 2
                                    

"သခင်ကဘာလို့မလာသေးတာလဲ.."
စိတ်လှုပ်ရှားမှုကြောင့်သူ့ရဲ့အနောက်ဘက်မှာအမြှီးလေးတောင်ထွက်လာနေပီ...
အမြှီးလေးကိုခါယမ်းရင်းဟိုလျှောက်လိုက်ဒီလျှောက်လိုက်နဲ့သခင်အလာကိုစောင့်နေမိသည်..
ဒါမှမဟုတ်ဒီနေရာကိုသခင်မသိလို့များလား..
"ဟင့်အင်း မဖြစ်နိုင်ဘူး..သခင်ကmemoရှိတဲ့နေရာကိုသိတယ်.."
မီးစာကုန်ခါနီးဖြစ်နေတဲ့မီးဖိုထဲထင်းထပ်ထည့်ရင်းခေါင်းလေးကလည်းတလှုပ်လှုပ်..
"သခင်လာပီ.."
သခင်ကဒီနားရောက်မလာသေးပေမယ့်သခင့်ရဲ့အနံ့ကိုသူသိသည်...ပီးတော့..အနည်းငယ်ညှီစို့စို့အနံ့...သခင်ဒဏ်ရာရလာတာလား!!!
အမှောင်ထုတစ်ဖက်ခြမ်းကနေထွက်လာတဲ့သခင့်နားအပြေးသွားလိုက်ပီး..
"သခင်...သခင် ဘာဖြစ်လာတာလဲ သခင့်ကိုဘယ်သူထိခိုက်အောင်လုပ်လိုက်တာလဲ..memo..memoအဲ့ဒီလူကိုသွားသတ်မယ်.."
"မင်းသခင်ကိုဘယ်သူကထိခိုက်အောင်လုပ်နိုင်မှာမလို့လဲ..ဒီတိုင်း မတော်တဆဖြစ်သွားတာ.."
"အာ..အဲ့လိုလား..ဒါနဲ့သခင်ဘာလို့နောက်ကျနေတာလဲဟင်.."
"အင်္ကျီ.."
"ဟင်.."
သခင်ကသူ့အမေးကိုပြန်မဖြေပဲအင်္ကျီကိုတောင်းလာတာကြောင့်သူမျက်လုံးလေး၀ိုင်းပီးနားမလည်သလိုသခင့်ကိုကြည့်မိတော့
"ကျစ်!မင်းကိုပေးလိုက်တဲ့အင်္ကျီထဲမှာအိတ်ဆောင်crystalလုပ်ဖို့ပစ္စည်းတွေရှိတယ်.."
"အာ..ဟီး..memoမေ့သွားတယ်.."
သူနေ့လည်ကသခင်ချွတ်ပေးထားတဲ့အင်္ကျီကိုသစ်လုံးအိမ်လေးထဲကနေသွားယူလိုက်ပီး..
"သခင်.."
"အင်း...ဘယ်သူလာလာအထဲကို၀င်ခွင့်မပေးနဲ့.."
"ဟုတ်ကဲ့သခင်.."
သခင်ကအထဲကို၀င်မလို့ပြင်ပီးမှသူ့ဘက်ကိုပြန်လှည့်လာတော့..
"သခင်ဘာများမှာစရာရှိသေးလို့လဲဟင်.."
"အိမ်..အဆင်ပြေတယ်.."
"ဟမ်...သခင်"
သခင်ကတော့သူ့ကိုလှည့်မကြည့်တော့ပဲတံခါးပိတ်ပီးအထဲကို၀င်သွားပီဖြစ်သည်..
အိမ်??အဆင်ပြေတယ်??သခင်ဘာပြော...
Ughhh!!သခင်ကmemoကိုချီးကျူးသွားတာပဲ..
"ကျေးဇူးတင်ပါတယ်သခင်.."
တံခါးဘက်ကိုမျက်နှာမူပီးသခင့်ကိုပြောလိုက်ပီးမှသခင်အနှောင့်အယှက်ဖြစ်သွားမှာစိုးတာကြောင့်ပါးစပ်ကိုလက်ကလေးနဲ့အမြန်အုပ်လိုက်ရင်းမီးဖိုနားလေးမှာတိတ်တိတ်လေးသွားထိုင်နေလိုက်သည်...
သခင်ကMemoကိုချီးကျူးသွားတာပဲ....
ပျော်လိုက်တာ..memoအရမ်းပျော်တာပဲ....
*************************************
"Arbish...ခများ ဘယ်မှာလဲ..Arbish.."
သူဓာတ်မီးကိုလက်ကကိုင်ရင်း Arbishနောက်လိုက်ရှာနေပေမယ့် မြန်လွန်းတဲ့ကိုယ်တော်ချောကအရိပ်အယောင်တောင်မတွေ့လိုက်ရ..
ကျောက်ရေကန်နားရောက်နေပီများလား..ဒီလောက်မြန်မြန်ကြီးမဖြစ်နိုင်...
တွေးလို့မှမဆုံးသေး​ရေကန်နားကကျောက်ပြားလေးပေါ်မှာလုံးလုံးလေးထိုင်နေတဲ့၀တုတ်လေး..
သူအမြန်ပြေးသွားလိုက်ပီး...
"Arbish..ခများကလည်းမြန်လိုက်တာဗျာ.."
"ပီးတော့ဘာလို့ကျွန်တော်ခေါ်နေတာကိုအသံမပေးရတာလဲ.."
Arbishကသူ့ဘက်ကိုမျက်နှာလှည့်မလာပဲရေကန်ဘက်ပဲမျက်နှာမူထားသည်..
"ဟမ်..Arbishခများဘာဖြစ်.."
သူပွေ့မလို့လုပ်လိုက်ပေမယ့်သူ့လက်ကနေရှောင်ထွက်သွားပီးကျောက်ပြားအစွန်းဘက်ထိတိုးသွားသည်..
"ဟမ်..ဟေး..မဟုတ်မှလွဲလို့ ခများကျွန်တော့်ကိုစိတ်ဆိုးနေတာလား.."
ခေါင်းလေးစောင်းလာပီးသူ့ဘက်ကိုလှည့်ကြည့်လာတဲ့၀တုတ်လေး..
အမှောင်ထဲမှာမျက်လုံး၀ိုင်း၀ိုင်းတောက်တောက်လေးတွေကအရောင်တလဲ့လဲ့..နှာခေါင်းလုံးလုံးလေးကိုရှုံ့ပွရှုံ့ပွလေးလုပ်ပီး မကြည်သလိုတစ်ချက်ကြည့်ပီးတစ်ဖက်ပြန်လှည့်သွားလေသည်..
အသေအချာကိုပဲ Arbishသူ့ကိုစိတ်ကောက်နေပါပီ..ဒီလိုပုံနဲ့ဆိုရေချိုးတာနောက်ကျတော့မှာပဲ
ဘာပဲဖြစ်ဖြစ်ရေကတော့ချိုးပေးမှရမှာ..တစ်ကိုယ်လုံးညစ်ပတ်ပေတူးနေတာလေ..ပီးတော့Arbishကဘုရင်တစ်ပါးလေ ဘယ်လိုလုပ်ရွှံ့တွေပေပွနေတဲ့ပုံကြီးနဲ့နေနိုင်မှာလဲ..
အခုလောလောဆယ်မှာတော့ကိုယ်တော်ချောကစိတ်ကောက်ပီးသူ့ဘက်တောင်လှည့်မလာပေ..
ဆွဲပွေ့ပီးရေကန်ထဲပစ်ချလိုက်ပြန်ရင်လည်းArbishလူအဖြစ်ပြန်ပြောင်းတဲ့အခါသူ့ကိုလွယ်လွယ်နဲ့လွှတ်ပေးမှာမဟုတ်ဖူး..ဘယ်လိုလုပ်ရမလဲ..
"Arbish...Arbish..၀တုတ်လေး..ရော်..ခများဒီဘက်မလှည့်ဘူးလား..အဲ့တာဆိုလည်းကျွန်တော်သွားပီနော်..တကယ်ပြောတာ..ကျွန်တော်သွားပီနော်..သွားပီ..တကယ်သွားပီ.."
အသံတွေတိတ်ဆိတ်သွားမှသူအနောက်ကိုပြန်လှည့်ကြည့်လိုက်တော့Karenကမရှိတော့..
ဒီကောင်လေး..တကယ်ပဲကိုယ်တော့်ကိုတစ်ယောက်တည်းထားသွားတာလား...
ကိုယ်တော့်အပေါ်အဲ့လောက်ထိအကြင်နာတရားကင်းမဲ့လိမ့်မယ်လို့မထင်ထားခဲ့မိဘူး...
ထိုင်နေရာကနေကျောက်ရေကန်ကိုမော့ကြည့်လိုက်တော့လည်းအမြင့်ကြီး..
ကျစ်!ကိုယ်တော်ကရေကိုဘယ်လိုချိုးရမှာလဲ..
သူ့ကိုယ်သူငုံ့ကြည့်လိုက်တော့ရွှံ့တွေနဲ့ပေတာတူးနေတဲ့အမွှေးတွေ..
Karenပြောတာလည်းမမှားဘူး..ကိုယ်တော်ရေချိုးမှဖြစ်မှာ..ဒီလိုပုံစံနဲ့ဘယ်လိုမှမနေနိုင်ဘူး..
လက်တစ်ဖက်ကိုမြှောက်လိုက်ပီးကန်ဘောင်ကိုလှမ်းကိုင်ပေမယ့်လည်းမမှီ..
ကျစ်!!!မြှောင်!!!!
သူ့လက်အောက်ကနေလာပွေ့တဲ့လက်တစ်ဖက်...
ရုတ်တရက်မို့သူလန့်သွားပီးRedinကိုဆွဲထုတ်ဖို့လုပ်လိုက်ပေမယ့် မေ့နေတာကသူက​ဘာဆိုဘာမှမလုပ်နိုင်တဲ့ကြောင်၀တုတ်တစ်ကောင်ဖြစ်နေကြောင်း..
ခြေတွေလက်တွေလှုပ်ပီးအသားကုန်ယမ်းလိုက်တော့..
"ငြိမ်ငြိမ်နေ..မဟုတ်ရင်ရေကန်ထဲပစ်ချပစ်လိုက်မယ်.."
"မြှောင်.."(Karen)
သူမျက်နှာလှည့်ပီးကြည့်လိုက်တော့သူ့ကိုကြည့်နေတဲ့karen..
"မြှောင်.."
"တော်တော့ ရေမြန်မြန်ချိုးရအောင်..အအေးပတ်လိမ့်မယ်.."
သူ၀တုတ်လေးကိုကျောက်ပြားပေါ်မှာချပေးလိုက်ပီး မြန်မြန်ဆန်ဆန်ရေချိုးပေးလိုက်သည်..
ရေချိုးပေးလိုက်ပီးမှယူလာတဲ့တဘက်လေးကိုပတ်ပေးလိုက်ပီးဆွဲပွေ့လိုက်သည်..
"မြှောင်.."
ခန္ဓာကိုယ်ကိုအတင်းလှည့်ပီးသူ့ရင်ခွင်ထဲကိုတိုး၀င်လာတာကြောင့်သူလည်းပြန်ဖက်ထားလိုက်ပီးကျောက်ဂူထဲကိုအမြန်ပြန်ဖို့ပြင်လိုက်သည်..
တစ်ချက်တစ်ချက်တိုက်လာတဲ့လေတွေကသူ့လက်မောင်းထက်စိမ့်ခနဲ..
အခုမှရေချိုးထားတဲ့Arbishဆိုပြောမနေနဲ့တော့..
မြန်မြန်မသွားရင်အအေးပတ်တော့မယ်....
"ဟပ်ချိုး!!.."
"Karenရာ..မင်းတကယ်ကြီး၀တုတ်လေးကိုရေချိုးပေးလိမ့်မယ်လို့ထင်မထားခဲ့ဘူး.."
မီးဖိုဘေးနားမှာထိုင်ရင်း ၀တုတ်လေးကိုရင်ခွင်ထဲပွေ့ကာတဘက်သုတ်ပေးနေတဲ့သူ့ကိုErenကပြောလာတော့..
"အင်း..ဒါနဲ့မင်းအသားဗူးတွေနွှေးပီးပီလား.."
"ဟပ်ချိုး!!!.."
"နွှေးပီးပီ ငါယူခဲ့ပေးမယ်.."
"အင်း ကျေးဇူး.."
ထို့နောက်တဟပ်ချိုးထဲချိုးနေတဲ့ရင်ခွင်ထဲကArbishကိုကြည့်လိုက်ရင်း..
ကျစ်!သူရေချိုးပေးမိတာမှားများမှားသွားပီလား..
ရေသုတ်ပေးပီးသွားတော့အသားဗူးလေးကိုဖောက်ပီးကျွေးပေမယ့် ကိုယ်တော်ကမစားပဲသူ့ရင်ခွင်ထဲသာတိုး၀င်နေသည်..
"Arb..၀တုတ်လေး မင်းနည်းနည်းလေးတော့စားမှပေါ့ကွာ..မဟုတ်ရင်နေမကောင်းဖြစ်လိမ့်မယ်.."
"၀တုတ်လေးနည်းနည်းလေးဖြစ်ဖြစ်စားလိုက်နော်၀တုတ်လေး.."
ဘယ်လိုကျွေးကျွေးတုတ်တုတ်မှမလှုပ်တော့အသားဗူးကိုErenလက်ထဲသာထိုးပေးလိုက်ပီး..
"ငါ၀တုတ်လေးကိုအိပ်ယာပေါ်သွားသိပ်လိုက်ဦးမယ်..တရေးနိုးသူဗိုက်ဆာတဲ့အခါမှပဲကျွေးလိုက်တော့မယ်.."
Karenပေးတဲ့အသာဗူးကိုယူလိုက်ပီး..
"အင်း..မင်းအတွက်ငါခေါက်ဆွဲဗူးပြုတ်ပေးထားမယ်..ခဏနေ၀တုတ်လေးကိုသိပ်ပီးရင်မင်းစား.."
"မလိုဘူး..ငါလည်းဗိုက်မဆာဘူး..မင်းစားချင်စားလိုက်.."
"Karen..အဲ့တာဆိုအသားဗူးလေးတော့စားလိုက်...နောက်ထပ်တစ်ဗူးယူပီးနွှေးပေးမယ်ခဏစောင့်.."
"နေနေ..Eren..ငါတကယ်ဗိုက်မဆာဘူး.."
"ကျစ်!Karen Karen...၀တုတ်လေးကမင်းနဲ့တူလို့ခေါင်းမာနေတာသိလား.."
"အဟား.."
Karenကတစ်ချက်ရယ်လိုက်ပီး၀တုတ်လေးကိုပွေ့ကာကုတင်ပေါ်တက်သွားလေသည်..
သူလည်းပြောမရဆိုမရနှစ်ယောက်ကိုကြည့်ကာခေါင်းယမ်းလိုက်ရင်းခေါက်ဆွဲတစ်ဗူးပြုတ်ဖို့ပြင်လိုက်ပီးမှ..
"ဒါနဲ့..Giyanoအဲ့ဒီလူဗိုက်များဆာနေမလား.."
လက်မှာလည်းဒဏ်ရာကြီးနဲ့ကိုတော်ကြာတစ်နေရာရာမှာများမူးမေ့လဲနေမလား..
အဲ့ဒီအချိန်တုန်းကသူသာGiyanoကိုစဖို့ပုန်းမနေခဲ့ဘူးဆိုရင်....
တကယ်ပါပဲ..သူဘာတွေလျှောက်လုပ်မိသွားတာလဲ..
Giyanoကသူ့ကြောင့်ဒဏ်ရာရသွားတာကိုဒီအတိုင်းလွှတ်ပေးမိလိုက်တယ်..
အခုအချိန်အဲ့ဒီလူဘယ်နေရာမှာများနေနေပါလိမ့်..ဒီနေရာကသူ့နေရာလို့ပြောထားတာကို..သူ့မှာတခြားသွားစရာနေရာရောရှိပါ့မလား..
ကျစ်!Giyano အဲ့ဒီလူသူ့ကိုစိတ်ပူအောင်တကယ်လုပ်တာပဲ...
သူလည်းစားချင်စိတ်မရှိတော့တာမို့Karenဘေးနား၀င်လှဲရင်းအိပ်ဖို့ပြင်လိုက်သည်...
ဒီနေ့တော့ထူးထူးဆန်းဆန်းKarenဘေးမှာအိပ်ရတာမို့ရင်ခုန်တာမျိုးမရှိတော့
အဲ့ဒီအစားGiyanoကိုပဲစိုးရိမ်နေမိတာကြောင့် လူလည်းတော်တော်နဲ့အိပ်မပျော်ဟိုလှည့်လိုက်ဒီလှည့်လိုက်နဲ့သန်းခေါင်ကျော်လောက်မှအိပ်ပျော်သွားတော့သည်...
ဒါတောင်အိပ်မက်ထဲမှာGiyanoကတောထဲမှာမူးလဲနေတာကြောင့်သူ့မှာအမြန်ပြေးသွားပီးGiyanoကိုထမ်းခေါ်လာရသည်တဲ့....
*****************************
"ကျစ်!ပူလိုက်တာ..."
တစ်ရေးနိုးသူနိုးလာတော့တစ်ကိုယ်လုံးပူနေသလိုခံစားရတာကြောင့်ထပီးအပြင်ဘက်ခဏထွက်မလို့လုပ်တော့ဘယ်ကတည်းကသူ့ကိုဖက်ထားလည်းမသိတဲ့လက်တစ်ဖက်ကအတင်းပြန်ဆွဲထားသည်..
"Eren?.."
သူလည်းအိပ်ချင်မူးတူးနဲ့လက်ကိုဖယ်ဖို့လုပ်ရင်း..
"Erenဖယ်ဦး.."
ထိုလက်ကပိုပီးတင်းကြပ်သွားပီး..စူးရဲရဲမျက်လုံးတစ်စုံကသူ့ကိုစိုက်ကြည့်လာကာ..
"Karen..မောင်မင်းကကိုယ်တော့်ကိုရှေ့ထားပီးသူများနာမည်ကိုခေါ်၀ံ့တယ်ပေါ့လေ.."
အေးစက်စက်အသံတစ်ခုကသူ့နားနားကပ်ပီးပြောလာတော့..
အိပ်ချင်မူးတူးဖြစ်နေတာတွေပျောက်သွားပီးသူ့ရှေ့ကလူကိုအခုမှသေချာကြည့်မိတော့သည်..
"Arbish.."
"ကိုယ်တော်ပဲ.."
"Arbish..ခများဘယ်လိုလုပ်.."
"ရှူး..ဘေးကတစ်ယောက်နိုးသွားမယ်လေ.."
Arbishရဲ့လက်ညှိုးကသူ့နှုတ်ခမ်းထက်ထိကပ်ပြောလာမှ သူလည်းဘေးနားမှာအိပ်နေတဲ့Erenကိုယောင်ယမ်းကြည့်လိုက်မိသည်...
တော်သေးသည်..Erenကတစ်ဖက်လှည့်ပီးအိပ်ပျော်နေတုန်းပဲ..
အခုမှသူ့အခြေအနေကိုသေချာကြည့်မိတော့
သူ့တစ်ကိုယ်လုံးကArbishရဲ့ရင်ခွင်ကျယ်ကြီးထဲမှာစုန်းစုန်းမြုပ်နေသည်..
ထိုလူ့ရဲ့၀င်သက်ထွက်သက်နွေးနွေးကသူ့မျက်နှာထံရိုက်ခတ်လာတော့မနေတတ်စွာခေါင်းကိုတစ်ဖက်လှည့်လိုက်ပီး..ထိုလူ့ဆီကနေရုန်းထွက်ဖို့ကြိုးစားလိုက်သည်..
Erenနိုးသွားမှာလည်း​စိုးတာမို့ဖြေးဖြေးလေးပဲလုပ်နေရသည်..တကယ်ပါ..ဒီလူညဘက်ကြီးကျမှဘာထဖြစ်တာလဲ..ညကစိတ်ပူနေခဲ့မိတာတွေတောင်ကြက်ပျောက်ငှက်ပျောက်..
ဒီလိုမှန်းသိဖျားပီးမလှုပ်နိုင်တဲ့အထိကိုပစ်ထားလိုက်ပါတယ်...
သူ့ရင်ခွင်ထဲကနေလှုပ်စိလှုပ်စိနဲ့ထွက်ဖို့ကြိုးစားနေတဲ့ကောင်လေးကိုပိုမိုတင်းကြပ်စွာဖက်လိုက်တော့မျက်လုံးပြူးမျက်ဆန်ပြူးနဲ့မော့ကြည့်လာသည်..
တကယ်ပါ...ဒီအဆိုးလေးကဘာလို့များအဲ့လောက်တောင်ချစ်စရာကောင်းနေရသလဲလေ..
Arbishကနှုတ်ခမ်းထောင့်စွန်းတွေကော့ညွတ်သွားသည်အထိ​​ပြုံးလိုက်ရင်းသူ့မျက်နှာနားတိုးကပ်လာတော့ခေါင်းကိုတစ်ဖက်အမြန်စောင်းလိုက်ပေမယ့်သူ့ထက်လက်သွက်တဲ့ကိုယ်တော်ကသူ့မျက်နှာကိုအမြန်ဆွဲကိုင်လိုက်သည်..
မထူးတော့တာမို့သူလည်းမျက်လုံးစုံမှိတ်ရင်းပါးစပ်ကိုတင်းတင်းစေ့ထားလိုက်သည်..
"Karenကတကယ့်အဆိုးလေး.."
ထို့နောက်သူ့မျက်ခွံပေါ်ဖိကပ်နမ်းရှိုက်လာတဲ့ထိုလူ့ရဲ့နှုတ်ခမ်းအထိအတွေ့...
ထိုမှတစ်ဆင့်သူ့ရဲ့နှာတံလေးပေါ်ကိုအနမ်းလေးတွေစွန့်ကြဲလာပြန်သည်...
ပီးတော့သူ့ရဲ့ပါးပြင်လေးထက်..
သူ့ရဲ့မေးစေ့ချွန်ချွန်လေး..
ထို့နောက်သူ့ရဲ့နားထင်လေးထံဖွဖွနမ်းရှိုက်လိုက်ရင်းနားနားလေးတိုးလာကာ..
"ကိုယ်တော်Karenကိုမြတ်နိုးတယ်..."
နူးနူးညံ့ညံ့လေးမှတကယ်ကိုနူးနူးညံ့ညံ့လေး..
နူးညံ့လွန်းလို့အရည်တောင်ပျော်လုနီးပါး...
သူမရဲတရဲမျက်လုံးဖွင့်ကြည့်တော့သူ့ကိုပြုံးပီးကြည့်နေတဲ့Arbish...
ဇာမဏီမျက်၀န်းအိမ်တွေထဲမှာနူးညံ့နွေးထွေးမှုတွေစိမ့်၀င်စီးကျနေသည့်အလား
အရောင်တလက်လက်...
နီစွေးစွေးနှုတ်ခမ်းကပြုံးယောင်သန်းနေပုံမှာချိုမြိန်လွန်းလို့တစ်ချက်လေးတောင်အကြည့်မလွှဲဖယ်နိုင်ရာ...
ထိုနှုတ်ခမ်းထက်ကနေပွင့်အာကျလာတဲ့စကားသံတွေကသူ့နှလုံးသားထဲကိုငှက်မွှေးလေးနဲ့တို့လိုက်သည့်ပမာယားကျိကျိခံစားချက်မျိုး..
မနေတတ်စွာခေါင်းကိုတစ်ဖက်လှည့်မလို့ပြင်တော့ထိုလူ့လက်ကသူ့မေးဖျားမှာရှိနေပီးသား..
တဒုတ်ဒုတ်ခုန်မြန်နေတဲ့အကောင်ကိုမနည်းငြိမ်အောင်ထိန်းရင်း..
"Arbish..ခများဘာလုပ်.."
"ကိုယ်တော်မောင်မင်းကိုမြတ်နိုးတယ်.."
"ကျွန်တော်..."
ဒုတ်!ဒုတ်!ဒုတ်!..
Arbishကပြုံးလိုက်ရင်းသူ့ရဲ့ခုန်မြည်နေတဲ့နှလုံးသားထံအကြည့်ပို့လိုက်ပီး..
"Karen..မောင်မင်းကြားလား.."
"ဘာ..ဘာကိုကြားရမှာတုန်း.."
"အဟား..ကောင်ဆိုးလေးတစ်ယောက်ရဲ့နှလုံးခုန်သံကိုပေါ့.."
"အဲ့ အဲ့တာဘာဖြစ်လဲ..သူ့ဟာသူခုန်နေတာကျွန်တော်နဲ့ဘာဆိုင်လို့လဲ...ဖယ်တော့ဗျာ  Erenနိုးသွားလိမ့်မယ်.."
"ဟင့်အင်း..ကိုယ်တော်မဖယ်ချင်ဘူး.."
"Arbish.."
Arbishကသူ့ကိုရင်ခွင်ထဲဆွဲပွေ့လိုက်ရင်းသူ့နဖူးထက်ဖွဖွလေးဖိကပ်နမ်းလိုက်ပီးမှ..
"ကိုယ်တော်Karenကိုမြတ်နိုးလွန်းလို့ရူးတော့မှာပဲ..ကိုယ်တော်ကျိန်စာလည်းမဖြေချင်တော့ဘူး.
ကိုယ်တော်မသိတဲ့သူစိမ်းမိန်းမတစ်ယောက်ဆီကအချစ်ကိုလည်းမလိုချင်ဘူး...ဒါပေမယ့်..ဒီလိုမျိုးကျိန်စာသင့်နေတဲ့မကောင်းဆိုး၀ါးတစ်ကောင်အဖြစ်နဲ့လည်းKarenကိုမချစ်သင့်ဘူး..Karen...ကိုယ်တော်ဘယ်လိုလုပ်ရမလဲ..."
"ကျွန်တော်လည်းမသိ.."
"အဟား..ဟုတ်တာပေါ့..Karenကကိုယ်တော့်ကိုကျိန်စာမြန်မြန်ဖြေပီးထွက်သွားစေချင်တာမလား.."
"ကျွန်တော်..."
"ကိုယ်တော်သိပါတယ်..."
ထို့နောက်Arbishကသူ့ကိုဖက်ထားတဲ့လက်တွေကိုလွှတ်ပေးလိုက်ရင်းတစ်ဖက်လှည့်သွားကာ..
"ကိုယ်တော်ကမကောင်းဆိုး၀ါးတစ်ကောင်ပဲလေ...."

​Have a nice day guys❤️

Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤Where stories live. Discover now