ထင်းရှူးပင်ထက်ကအညိုရောင်ရှဥ့်လေးနှစ်ကောင်ရဲ့ကျီကျီကျာကျာရန်ဖြစ်နေသံလေးရော..တိုက်ခတ်သွားတဲ့လေအဝှေ့မှာလွင့်လူးပါသွားတဲ့မြေပြင်ထက်ကြွေကျနေပါသောရွှေ၀ါရောင်သစ်ရွက်ခြောက်လေးတွေအချင်းချင်းပွတ်တိုက်မိသွားတဲ့အသံတွေရော...၀ါးဆစ်ပိုက်လေးမှာတွဲလဲခေါ်နေတဲ့ရေစက်လေးတွေရဲ့ကျောက်ရေကန်ထဲသို့ကျသွားသံပတောက်ပတောက်လေးတွေရော..ထိုသို့ရောနှောယှက်တင်နေတဲ့အသံလေးတွေနဲ့လှုပ်ရှားသက်၀င်နေတဲ့ပတ်၀န်းကျင်နဲ့လားလားမှမဆိုင်စွာကျောက်လိုဏ်ဂူအတွင်းမှာမျက်နှာချင်းဆိုင်ရပ်နေကြတဲ့လူသုံးယောက်ကတော့ တစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်ပီးတိတ်ဆိတ်နေကြလေရဲ့..
အင်း..အတိအကျဆိုရင်တော့ လူနှစ်ယောက်စုန်းတစ်ယောက်နဲ့ကြောင်တစ်ကောင်ပေါ့..
"ဆိုတော့..မင်းတို့ကဒီနေရာကနေအခုထိမထွက်သွားကြသေးဘူးလား..."
ကြောင်ကိုပွေ့ထားတဲ့နီညိုရောင်ဆံနွယ်နဲ့ကောင်လေးကမျက်ခုံးကိုတစ်ချက်ပင့်လိုက်ရင်းမြင်တဲ့အတိုင်းပဲလေဆိုတဲ့အကြည့်နဲ့ပြန်ကြည့်လာသည်...
ဘာအားကိုးနဲ့များသူများပိုင်နက်မှာဒီလောက်ထိရဲတင်းနေရလေသလဲ..
လူသားဆိုတဲ့သတ္တ၀ါတွေကသိပ်ကိုထူးဆန်းလွန်းသည်..ပီးတော့သိပ်လည်းတကိုယ်ကောင်းဆန်လွန်းကြပြန်သည်...
အဟက်!စိတ်ပျက်စရာကောင်းလွန်းသည်..
"Giyano.."
ဒါပေမယ့် ဘာကြောင့်များဒီလောက်ညစ်ထေးလွန်းတဲ့လူသားတွေထဲကတစ်ယောက်ဖြစ်တဲ့Erenဆိုတဲ့ကောင်လေးကိုသူစိုးရိမ်နေရတာလဲ...
တိုးဖွဖွခေါ်သံကနားစည်ကနေတစ်ဆင့်သူ့နှလုံးသားတစ်ထောင့်တစ်နေရာအထိကျယ်လောင်စွာမြည်ဟီးလာလေတော့..စိတ်ရှုပ်စွာသာကျစ်တစ်ချက်စုတ်မိသည်..
သူ့လိုစုန်းအိုကြီးတစ်ယောက်ကိုအခုလိုအမျိုးမျိုးသောစိတ်ခံစားမှုတွေပေါ်လာအောင်လုပ်နိုင်တဲ့Erenဆိုတဲ့ကောင်လေးကတကယ်ကိုမလွယ်ပါ....
လွန်ခဲ့သော၄နာရီက.....
"သခင်..."
တောင်စောင်းထိပ်မှာရပ်နေတဲ့သခင့်ရဲ့ပုံရိပ်ကအနည်းငယ်အထီးကျန်ဆန်နေသလိုပင်..
ဖြည်းညှင်းစွာတိုက်ခတ်နေတဲ့လေတွေကသခင့်ရဲ့ငွေရောင်ဆံနွယ်တွေထံလူးလွင့်ခစားနေကြပုံမှာမနာလိုချင်စရာကောင်းလှသည်..
သူသိပ်ကိုသဘောကျရတဲ့သခင့်ရဲ့စူးရှတောက်ပနေတတ်တဲ့အစိမ်းရောင်မျက်၀န်းတွေကအခုတော့ အနည်းငယ်မှုန်မှိုင်းနေသယောင်...
ဦးတည်ရာမဲ့ငေးမောနေတဲ့သခင့်မျက်၀န်းတွေရဲ့လားရာကသူ့ထံဖြစ်ဖို့တိတ်တခိုးမျှော်လင့်မိသွားတော့ ခေါင်းကိုအလျှင်အမြန်ခါယမ်းလိုက်ရင်း..
"သခင်...memo ဟိုလူတွေကိုသွားမောင်းထုတ်လိုက်ရမလား..
"ထားလိုက်.."
"ဒါပေမယ့်..သခင်..ဒီနေ့က၂၂ရက်နေ့လေmemo သခင့်ကိုစိုးရိမ်တယ်.."
သခင်ကဟက်ခနဲတစ်ချက်ရယ်လိုက်ရင်း..
"ဘာလဲ..မင်းသခင်ကသူတို့လိုအားနည်းတဲ့လူသားတွေကိုတောင်မနိုင်တော့ဘူးလို့ထင်နေတာလား.."
"မဟုတ်ပါဘူး..memoအဲ့လိုဆိုလိုတာမဟုတ်ပါဘူး..ဒါပေမယ့် သခင်.."
"ထပ်မပြောနဲ့တော့ အနားယူဖို့တခြားနေရာသာသွားရှာထားလိုက်.."
"သခင်.."
"ပြောတာနားမလည်ဘူးလား memo!"
"memoနားလည်ပါပီသခင်.."
အစကနေအဆုံးထိသူ့ဘက်ကိုတစ်ချက်တောင်လှည့်ကြည့်မလာပဲကျောပေးရပ်နေတဲ့သခင့်ရဲ့နောက်ကျောကိုကြည့်ပီးမှသခင်ခိုင်းတာလုပ်ဖို့ထွက်လာခဲ့လိုက်သည်..
၂၂ရက်နေ့...ဒီနေ့ကသခင့်အတွက်စွမ်းအားတွေထက်၀က်တောင်လျော့ကျသွားမယ့်မကောင်းတဲ့နေ့တစ်နေ့ပဲ..
သခင်ကဒီလိုနေ့တွေဆိုအမြဲတမ်းကျောက်ဂူထဲမှာပဲနေတတ်သည်..
memoကသာမန်နဂါးလေးတစ်ကောင်ပါ..သခင်ကသူ့အကူအညီကိုမလိုအပ်ဖူးဆိုတာသိပေမယ့် အဲ့ဒီလိုနေ့တွေတိုင်းသခင့်ရဲ့ကျောက်ဂူရှေ့မှာတစ်နေကုန်ထိုင်ပီးသခင်ထွက်လာတဲ့နေ့အထိစောင့်နေရတာကိုကျေနပ်မိသည်..
ဘာပဲဖြစ်ဖြစ်..အဲ့ဒီလူသားတွေကသခင့်ကိုမထိခိုက်နိုင်စေဘူးဆိုရင်တောင်သခင့်ရဲ့ကျောက်ဂူထဲမှာတော့ရှိမနေသင့်ဘူး...
သူပထမဆုံးအကြိမ်အဖြစ်ထိုလူသားဆိုတဲ့သတ္တ၀ါတွေကိုသဘောမကျဖြစ်မိသည်..
********************************
"Eren...အဲ့ဒီကောင်လေးအဆင်မှပြေပါလေစ.."
အံ့သြရိပ်တွေစွန်းထင်းနေဆဲထိုကောင်လေးရဲ့ပုံရိပ်တွေမယုံနိုင်ဟန်ဖြစ်နေတဲ့ထိုကောင်လေးရဲ့အကြည့်တွေကသူ့ရင်ထဲမှာပြောမပြတတ်တဲ့နာကျင်မှုတစ်မျိုးကိုခံစားရစေသည်...
ပြန်စဥ်းစားကြည့်မယ်ဆိုရင် ထိုကောင်လေးနဲ့ထပ်မတွေ့နိုင်လောက်တော့ဘူးလို့ထင်ထားခဲ့တာအခုလိုသူ့ရဲ့နေရာမှာတိုက်တိုက်ဆိုင်ဆိုင်လာတွေ့တာက အဲ့ဒီကောင်လေးပြောသလိုမျိုးကံကြမ္မာကဖန်တီးထားတဲ့တိုက်ဆိုင်မှုလေလား...
ကံကြမ္မာတဲ့လား....
နှုတ်ခမ်းထောင့်မှာတွဲခိုလာတဲ့အပြုံးတစ်စကမုန်းတီးစက်ဆုပ်မှုကြောင့်ဖြစ်လာဟန်တော့မတူ..
သူ..ထိုကောင်လေးရဲ့ဒဏ်ရာကိုသွားကြည့်သင့်လား...
ကျစ်!ဒီလောက်ဒဏ်ရာလေးလောက်နဲ့သေမသွားနိုင်ပါဘူး..
ဆိုပေမယ့်..သူ့ရဲ့ဒဏ်ရာကကျွန်ုပ်ကြောင့်ရသွားတာလေ...တာ၀န်တော့..ယူသင့်တယ်မလား..
ကျစ်!သူသဘောကျတဲ့Karenဆိုတဲ့ကောင်လေးကသူ့ဘေးနားမှာရှိနေတာပဲ...ကျွန်ုပ်ကသွားလိုက်မယ်ဆိုရင်သပ်သပ်၀င်ရှုပ်သလိုများဖြစ်သွားလေမလား...
ပီးတော့အဲ့ဒီကောင်လေးဆီကိုရောဘယ်လိုအကြောင်းပြချက်နဲ့များသွားရမှာလဲ..
အဟက်!Giyano..ဘာတွေကိုဒီလောက်တောင်စိတ်ရှုပ်ခံပီးစဥ်းစားနေတာလဲ...
ကျွန်ုပ်ဘ၀မှာဘယ်တုန်းကအကြောင်းပြချက်တွေကိုဂရုစိုက်ဖူးလို့လဲ..
သွားချင်ရင်သွားလိုက်မယ်..ပြန်ချင်ရင်ပြန်လိုက်မယ်..ဘယ်သူမှ၀င်စွက်ဖက်နိုင်ခွင့်မရှိဘူး...
လွင့်လူးနေတဲ့အနက်ရောင်အင်္ကျီလက်ကိုခါယမ်းလိုက်ရင်းဦးတည်ရာက...
"အင်း..ဒီလောက်ဆိုရင်ရလောက်ပီ.."
Huuriတောင်မှာအပေါဆုံးကသစ်ပင်တွေပဲ...
Memo သခင်နေဖို့အတွက်သစ်သားတုံးတွေကို
ဖြတ်ပီး သစ်သားအိမ်လေးဆောက်ပေးမလို့...
1008/1009/1010/1011/1012..အင်း ရပီ..
သစ်သားတုံး1012တုံးတိတိဖြတ်ပီးတဲ့နောက်မှာ
နဖူးမှာသီးနေတဲ့ချွေးစလေးတွေကိုသုတ်ဖယ်ပစ်ဖို့တောင်မေ့လျော့နေသည်အထိစိတ်လှုပ်ရှားနေမိသည်...
Memoသခင့်အတွက်လုပ်ပေးထားတဲ့သစ်သားအိမ်လေးကိုမြင်သွားရင်သခင်၀မ်းသာသွားမလား...
အမှတ်တမဲ့မြင်ခဲ့ဖူးတဲ့သခင့်ရဲ့အပြုံးလေးကိုပြန်ပီးမြင်ယောင်လာတော့သူ့ရဲ့ပင်ပန်းမှုတွေအားလုံးလွင့်စင်သွားသည်...
သခင့်ရဲ့အပြုံးလေးတစ်ပွင့်ကိုမြင်ရဖို့အတွက်ဆိုဘယ်လောက်ပင်ပန်းပင်ပန်းmemoပျော်တယ်..
********************************
Flash Back End//
တစ်ယောက်နဲ့တစ်ယောက်မီးပွင့်မတတ်စိုက်ကြည့်နေကြတဲ့လူနှစ်ယောက်ကြောင့်သူကပဲ..
"အဟား..Giyano..ခများဘယ်သွားနေတာလဲ ပီးတော့ မင်းတို့ဒီနေရာကထွက်မသွားသေးဘူးလားဆိုတာကဘာကိုဆိုလိုတာလဲ...ခများတခြားနေရာရှာမတွေ့သေးရင်ကျွန်တော်တို့ဒီမှာအတူတူနေကြမယ်လေ.."
"အဟက်!မင်းတို့ပိုင်ရှင်ကိုခွင့်မတောင်းဘူးမလား.."
"ကျွန်တော်..ကျွန်တော်တို့လာတော့ဒီနေရာမှဘယ်သူမှမရှိဘူးလေ..ဘာပဲဖြစ်ဖြစ်ပိုင်ရှင်လာရင်လည်းကျွန်တော်သေချာပေါက်ခွင့်တောင်းမှာပါ...အာ..ခများကပိုင်ရှင်ခွင့်မပြုမှာကိုစိတ်ပူနေတာလား..အဲ့ဒါဆိုရင်တော့စိတ်မပူနဲ့တော့ခများကျွန်တော်တို့နဲ့အတူလာနေလို့ရတယ်...တကယ်လို့ပိုင်ရှင်ကကျွန်တော်တို့သူ့နေရာမှာနေတာမကြိုက်လို့စိတ်ဆိုးရင်တောင်သူခွင့်လွှတ်တဲ့အထိကျွန်တော်တောင်းပန်မှာပါ.."
"အဟက်!လူသားတွေများသိပ်ကိုမာယာများလွန်းတယ်.."
"ဟမ်...ကျွန်တော်တကယ်ပြောတာ.."
"ထားတော့..မင်းလက်.."
"ကျွန်တော့်လက်?.."
"သက်သာလား.."
"အာ..ကျွန်တော်အဆင်ပြေပါတယ်..Karenကကျွန်တော့်ကိုဆေးလိမ်းပေးထားတာ..."
ထို့နောက်သူ့မျက်နှာနားတိုးကပ်လာပီး..
"အကိုကြီးကျွန်တော့်ကိုစိတ်ပူနေတာမလား..ဟုတ်တယ်မလား..ကျွန်တော်သိသားပဲ.."
"ပေါက်ကရ!"
"အကိုကြီးကလည်း ကျွန်တော့်ကိုစိတ်ပူနေပါတယ်လို့ပြောဖို့ဘာတွေများခက်ခဲနေလို့လဲဗျာ.."
"အဟက်!ကောင်လေး မင်းနားလည်မှုလွဲနေပီ..ငါဆိုတဲ့Giyanoကလူတစ်ယောက်ကိုဘယ်တော့မှစိတ်ပူပေးမှာမဟုတ်ဖူး..ပီးတော့ငါကဒီနေရာရဲ့ပိုင်ရှင်ပဲ.."
"အာ??..တကယ်လား.."
"ဟုတ်တယ်..အခုမင်းတို့ထွက်.."
"တော်သေးတာပေါ့ဗျာ..Giyano..ခများဖြစ်နေလို့.တခြားသူသာဆိုကျွန်တော်ဘယ်လိုမျိုးခွင့်တောင်းရမလဲလို့ခက်နေတာ..အခုခများဖြစ်နေတော့တကယ်ကိုကံကောင်းသွားတာပဲ..."
သူ့လက်ကိုရုတ်တရက်ဆွဲလာပီး..
"Giyano..ကျွန်တော်တို့ဒီမှာအတူတူနေရအောင်လေ..နော်.."
သူ့မျက်နှာနားနီးသထက်နီးလာတဲ့ကောင်လေးရဲ့မျက်နှာလေး...
သိပ်ကိုနီးကပ်လွန်းလို့ထိုကောင်လေးရဲ့မျက်တောင်မွှေးရှည်ရှည်လေးတွေဟာဘယ်လောက်တောင်များရှိလိမ့်မလဲဆိုတာကိုစိတ်ထဲကနေရေတွက်လုနီးပါး...
ကိုယ်သင်းနံ့ဖျော့ဖျော့လေးဟာနှာဖျား၀မှာလာရောက်ကျီဆယ်လေတော့..
ဒုတ်!ဒုတ်!ဒုတ်!!
"ဖယ်..ဖယ်စမ်း!!.."
"အကိုကြီးကလည်းဗျာ..ဘာဖြစ်လို့လဲ ကျွန်တော်တို့ကရင်းနှီးနေတာပဲဥစ္စာ..အတူတူနေမယ်လေ..နော်.."
"ကျစ်!မင်းကိုငါဖယ်လို့ပြောနေတယ်ကောင်လေး.."
Giyanoဆိုတဲ့နှစ်ပေါင်း၆၀၀ကျော်တောင်သက်တမ်းရှိပီဖြစ်တဲ့အစွမ်းတွေထက်လှပါချည်ရဲ့ဆိုတဲ့စုန်းအိုကြီးကပျော့ညံ့ညံ့လူသားကောင်လေးရဲ့လက်ကနေမရုန်းနိုင်ဘူးတဲ့လား..ဒါမှမဟုတ်ရုန်းဖို့တောင်မေ့နေလေလျော့လား...
"တော်ပီ..Eren..ဘာမှပြောမနေနဲ့တော့..ငါတို့သွားကြမယ်.."
"Karen..မင်းဒီမှာမနေတော့ဘူးလား.."
"အင်း.."
"ကောင်းပီလေ..မင်းသဘော.."
ဖယ်ပေးပါလို့ပြောတာတောင်ခေါင်းမာစွာနဲ့သူ့လက်ကိုအတင်းချိတ်ဆွဲထားတဲ့ကောင်လေးကအခုတော့..
လက်မောင်းထက်မှာတွဲခိုနေခဲ့တဲ့လက်ကလေးနဲ့အတူအနွေးဓာတ်လေးပါပျောက်ကွယ်သွားလေတော့ရင်ဘတ်တစ်နေရာကထူးဆန်းတဲ့နာကျင်မှုကစူးခနဲ..
ဘာများပါလိမ့်....
"Giyano..ကျွန်တော်သွားပီ..ဘာပဲဖြစ်ဖြစ်ခများနေရာမှာနေခွင့်ပေးခဲ့တာကျေးဇူးပါ.."
တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ကျောပြင်လေးကိုကြည့်ရင်း..
"နေဦး.."
"ဟမ်.."
"နေဦး..မင်းတို့ ဒီနေ့တစ်ရက်တော့ဒီမှာနေသွား မနက်မှပြန်.."
"ဟမ်..ခများအဆင်ပြေရဲ့လား.."
"ပြေတယ်..."
"အော..."
ထို့နောက်ဘေးကကောင်လေးဘက်လှည့်ပီး..
"Karen..ဘယ်လိုလဲ ငါတို့ဒီမှာတစ်ရက်လောက်နေဦးမလား.."
သူစုန်းအိုကြီးကိုတစ်ချက်ကြည့်လိုက်ပီးရင်ခွင်ထဲကArbishကိုငုံ့ကြည့်လိုက်ကာ..
စုန်းအိုကြီးနားမှာတစ်ရက်လောက်ဖြစ်ဖြစ်ပိုနေရင်Arbishအတွက်ပိုပီးအကျိုးရှိလေမလား...
အဲ့ဒီလိုစဥ်းစားမိတော့..
"ကောင်းပီလေ..နေကြတာပေါ့.."
"အင်း..Giyano ကျေးဇူး..ဟောဗျာ..ခများကဘယ်သွားမလို့တုန်းကျွန်တော်တို့နဲ့အတူနေလေဗျာ.."
ဂူပေါက်၀ဆီဦးတည်ပီးခြေလှမ်းနေတဲ့သူ့ကိုနောက်ကနေလှမ်းအော်နေပြန်သည်..
"မလိုဘူး.."
"Giyano..YAYA..ကျွန်တော်တို့နဲ့အတူနေလေ..နော်.."
"Ya..Ya Ya??..ကောင်လေး မင်း!!!.."
"ကဲပါ..လာ..ပိုင်ရှင်ကမနေတော့ ဧည့်သည်တွေကဘယ်စိတ်ကောင်းမလဲဗျ..နော်..ဟုတ်တယ်မလားkaren.."
ဘေးကကောင်လေးကိုပါစစ်ကူတောင်းသလိုပြောလာတဲ့Eren..ထို့နောက်သူ့လက်ကိုဆွဲပီးအထဲကိုအတင်းခေါ်လေသည်..
သူ့မှာတော့အခုချိန်မှာဘာမှကိုစိတ်မ၀င်စားအား..ထိုကောင်လေးခေါ်လိုက်သောနာမည်ကသာလျှင် ဦးနှောက်ထဲမှာရောနှလုံးသားထဲမှာပါနေရာအပြည့်ယူနေသည်...
YaYa!!ဘယ်လို..ဘယ်လိုတောင်ရဲတင်းရတာလဲ..Ya..ကျစ်!ဒီကောင်လေးသူ့ကိုများ..သူလိုစုန်းအိုကြီးကိုများ ကလေးကလားနဲ့!မဟုတ်သေးပါဖူး..ဒီကောင်လေးက သိပ်ကိုမခန့်လေးစားနိုင်လွန်းတယ်..
သူ့လက်ကိုပြန်ရုန်းလိုက်ရင်း..
"ဒီမှာကောင်လေး.."
"Ya Ya ဘာလို့လဲ.."
မျက်လုံး၀ိုင်းလေးတွေနဲ့သူ့ကိုပြန်ကြည့်ပီးမေးလာပုံကဘာမှမဟုတ်တာမလုပ်ထားတဲ့ပုံနဲ့..
"ကောင်လေး..ကိုယ့်နာမည်Giyano.."
"ကျွန်တော်သိတယ်လေ..ကဲလာပါYaYaရာ..အထဲထဲ၀င်တော့မှောင်တော့မယ်.."
ထို့နောက်ကုတင်ပေါ်မှာအိတ်တွေပြန်ပီးနေရာချနေပီဖြစ်တဲ့Karenဘက်လှည့်ပီး...
"Karen..ငါမမှောင်ခင်ထင်းတွေသွားရှာလိုက်ဦးမယ်.."
"ငါလိုက်ခဲ့ရမလား.."
"ရတယ် Karen..မင်းဒီမှာပဲနေခဲ့လိုက်..အပြင်မှာကအေးတယ်လေ.."
"ရပါတယ် ငါလိုက်ခဲ့မယ်.."
"Karen..မင်းကနေမကောင်းသေးဘူးလေကွာ.ငါ့ကိုစိတ်ပူအောင်မလုပ်နဲ့ ဟုတ်ပီလား.."
"ကျစ်!ငါနေကောင်းသွားတာဖြင့်ကြာလှနေပီ.."
"ငါလိုက်မယ်.."
"ဟမ်.."
မင်းမလိုက်နဲ့ငါစိတ်ပူတယ်တွေ..ရတယ်ငါအဆင်ပြေပါတယ်လိုက်မယ်တွေ..နဲ့..အဟက်!ဒီလိုမင်းသွားငါလိုက်မယ်ဆိုတဲ့လူသားတွေရဲ့ပျင်းစရာကောင်းလွန်းတဲ့ပြဇာတ်တွေကိုသူကြည့်မနေနိုင်တော့ဘူး..
"အာ..Yaya ခများကျွန်တော်နဲ့လိုက်မှာလား.."
"Giyano!ကောင်လေး ကိုယ့်နာမည်Giyano...အကြီးကိုအနည်းဆုံးတော့ရိုသေသမှုရှိစမ်းပါ.."
"အာ..ကျွန်တော်ကမရိုမသေလုပ်တာမဟုတ်ပါဘူး..ဒီတိုင်း..ဘာပဲဖြစ်ဖြစ်Giyano ခများမကြိုက်ရင်ကျွန်တော်မခေါ်တော့ပါဘူး.."
"ခများ?.."
ကျစ်!အဲ့လိုဆိုတော့လည်းသူမကြိုက်ပြန်ဘူး...
သူဘာဖြစ်နေလည်းသူ့ကိုယ်သူလည်းနားမလည်တော့ဘူး..
မျက်မှောင်ကြုံ့နေတဲ့သူ့ကိုErenကနားမလည်တဲ့ပုံစံလေးနဲ့ကြည့်နေပီး..
"Giyano..ဘာလို့လဲ..ခများ..မလိုက်ချင်တော့ဘူးလား..အဲ့ဒါဆိုလည်းကျွန်တော်ပဲသွား.."
"ဘယ်သူပြောတာလဲမလိုက်ဖူးလို့..သွားမယ်"
"အဟား..ဟုတ်ပါပီဗျာ..အဲ့တာဆိုလည်း.."
"Karen ငါတို့သွားပီနော်.."
"ok..သိပ်နောက်မကျစေနဲ့.."
"အင်းအင်း.."
Erenတို့ထွက်သွားတော့သူလည်းArbishကိုအစာကျွေးဖို့အတွက်အိတ်ထဲမှာထည့်ထားတဲ့အသားဗူးတွေကိုယူလိုက်သည်..
ဟိုတစ်နေ့ကရှာထားတဲ့ထင်းတွေကနည်းနည်းတော့ကျန်သေးတာမို့..
အသားဗူးတွေနွှေးဖို့တော့လုံလောက်ပါသေးသည်..
ကျစ်!သူမေ့နေတာ..သူမှ မီးမမွှေးတတ်တာ..
Erenပြန်လာတဲ့အထိစောင့်လိုက်ရမလား...
"မြှောင်..."
သူလှည့်ကြည့်လိုက်တော့အိပ်ယာထက်မှာဗိုက်ကလေးလှန်ပီးအိပ်နေတဲ့၀တုတ်လေး..
ပြောရမယ်ဆိုရင်..ဒီရက်တွေအတွင်းမှာ၀တုတ်လေးကတော်တော်လေးကိုပိန်သွားရှာတာ...
အရင်လိုဗိုက်လုံးလုံးပူပူလေးကပျောက်သွားပီးသေးသေးလေးဖြစ်သွားတာ..
သူ့ဟာသူ ရက်စက်ပီးကြောက်စရာကောင်းတဲ့King Arbishဖြစ်ဖြစ် ကြောင်၀တုတ်လေးပဲဖြစ်ဖြစ်..အခုချိန်မှာတော့အဲ့လိုပုံလေးကိုမြင်ရတာတကယ်ကိုစိတ်မကောင်းဘူး..
သူကအရင်ကတည်းကတိရစ္ဆာန်အကောင်သေးသေးလေးတွေချစ်တတ်တာကြောင့်လည်းပါမှာပေါ့...
"မြှောင်.."
ကျစ်!အခုလည်းကြည့်ဦး..မျက်လုံး၀ိုင်း၀ိုင်းတောက်တောက်လေးတွေနဲ့သူရှိရာကိုကြည့်နေတာ..နီရဲရဲနှာခေါင်းထိပ်လေးကတရှုံ့ရှုံ့နဲ့..
အသံလေးကအစသနားစရာကောင်းအောင်ဖျော့ဖျော့လေး[မာယာတွေ မာယာတွေ bahakhak><]
ဘာပဲဖြစ်ဖြစ်Erenတောင်မီးမွှေးနိုင်သေးတာပဲ သူလည်းယောက်ျားပါ..မွှေးနိုင်ရမှာပေါ့..HAPPY THADINGYUT GUYS🎆🎇❤️
အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိပီးဘေးဘယာကင်းဝေးကြပါစေ
မုန့်ဖိုးတွေလည်းများများရကြပါစေဗျာ..
❤️❤️❤️
![](https://img.wattpad.com/cover/287370206-288-k429012.jpg)
YOU ARE READING
Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤
De TodoFic nameလေးအတိုင်းပါပဲ ဖတ်ပီးရင် nameလေးကူပီးစဥ်းစားပေးကြပါဦး... အဟား..စတာပါ.. လိုက်ပါစီးမျောပေးကြပါဦး.❤️ ဖတ်ရှုပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်.. [တကယ်လို့Fic nameလေးစဥ်းစားမိရင်လည်းပြောလို့ရတယ်နော်٩(๑'3`๑)۶❤️] Fic nameေလးအတိုင္းပါပဲ ဖတ္ပ...