Ep~25 Unicode

130 15 0
                                    

တစ်ပတ်...တစ်ပတ်တိတိရှိသွားပီ..
Arbishကသူ့ကိုလစ်လျူရှူထားတာသောက်ကျိုးနည်းတကယ်ကိုတပတ်တိတိရှိသွားပီ..
အခါတိုင်းစိတ်ရှုပ်စရာကောင်းအောင်သူ့နားပဲတောက်လျှောက်ကပ်နေတဲ့လူကအခုတော့အရိပ်အယောင်တောင်မမြင်ရ..
Arbishရဲ့အခန်းကသူနဲ့မျက်နှာချင်းဆိုင်အခန်းမို့တစ်ခါတစ်လေတိုက်တိုက်ဆိုင်ဆိုင်တွေ့ရင်တောင်မှကိုယ်တော်ချောကသူ့ကိုအကြည့်လွှဲသွားပီးမသိချင်ယောင်ဆောင်နေသည်...
တကယ်ပဲ..ဒီလူဘာဖြစ်ချင်နေတာလဲ!
သောက်ကျိုးနည်းကျိန်စာကရောမဖြေတော့ဘူးလား!!
ဒီနေ့မနက်လည်းသူ့ကိုတွေ့တာတောင်တစ်ချက်ပဲကြည့်ပီးလုံးလုံးလုံးလုံးနဲ့ထွက်သွားသည်...
ကျစ်!ဘာလဲ ဒီလူကသူလိုချင်တာရသွားပီဆိုပီးသူ့ကိုအဖတ်လုပ်စရာမလိုတော့ဘူးလို့တွေးထားတာလား...
ဟက်!ဒါဆိုထိုလူသူ့ကိုပြောပြောနေတဲ့ချစ်ပါတယ်ဆိုတာကရောသူလိုချင်တာရဖို့သပ်သပ်ပဲလား...
Arbishခများကသောက်ကျိုးနည်းမကောင်းတဲ့လူပဲ!
သူကတော့အရူးတစ်ယောက်လိုထိုလူ့ရဲ့အပြောတွေအောက်မှာရင်တွေခုန်နေမိခဲ့တာ...
သောက်ကျိုးနည်းအကုန်အလိမ်အညာတွေချည်းပဲ!ဘာပဲဖြစ်ဖြစ်..ဘာပဲဖြစ်ဖြစ်သူနောက်ထပ်ထိုလူ့ကိစ္စတွေမှာ၀င်ရှုပ်တော့မှာမဟုတ်ဖူး...
"ဒေါက်ဒေါက်!.."
အတွေးစတွေကိုဖြတ်လိုက်ပီးမျက်ခုံးအစုံကိုတွန့်ချိုးလိုက်ကာ..
"ဘယ်သူလဲ.."
"ဒေါက်ဒေါက်!.."
"ကျစ်!ဘယ်သူလဲလို့မေးနေတယ်.."
"ကိုယ်ပါ.."
Arbish?..
"အဟက်!.."
သူအောင်နိုင်သူတစ်ယောက်လိုပြုံးလိုက်ကာ..
အခုတော့ကိုယ့်အမှားကိုယ်သိသွားပီပေါ့လေ..ဒါပေမယ့်သိပ်နောက်ကျလွန်းသွားပီ..
"ဘာကိစ္စလဲ.."
သူမေးလေးကိုအနည်းငယ်မော့ထားကာဂရုမစိုက်သလိုမေးလိုက်တော့..
Arbishကသူ့ကိုတွေတွေကြီးစိုက်ကြည့်နေပီးမှ..
"ကိုယ်.."
"အင်း..ပြော.."
"ကိုယ်တောင်းပန်ပါတယ်ကလေးငယ်.."
"အင်း..ဒါပဲမလားသွားတော့.."
သူတံခါးကိုပိတ်မလို့ပြင်တော့Arbishကမျက်နှာပျက်သွားပီးသူ့လက်ကိုဖမ်းဆုပ်လာကာ
"ကိုယ်ပြောစရာရှိသေးတယ် ကလေးငယ်.."
သူကျေနပ်သွားသလိုယောင်ယောင်လေးပြုံးလိုက်ပီးမှမျက်နှာကိုချက်ချင်းပြန်တည်လိုက်ကာ
"ကျစ်!စိတ်ရှုပ်စရာကောင်းလိုက်တာ.."
Arbishကသူ့မျက်နှာကိုလွတ်ထွက်သွားမှာစိုးသည့်အလားသေချာစိုက်ကြည့်နေပီးမှ..
"ကိုယ်တော်ထွက်သွားတော့မယ်.."
"အင်း..ဟမ်!!..ခများဘာသောက်စကားပြောလိုက်တာလဲ.."
Arbishကအနည်းငယ်မှိုင်းညို့နေတဲ့မျက်၀န်းတွေနဲ့သူ့ကိုဆွေးဆွေးမြည့်မြည့်ကြည့်လာကာ
"ကိုယ်တော်သိပါတယ်..မောင်မင်းကိုယ်တော့်ကိုသဘောမကျဘူးဆိုတာ.."
"ကျစ်!ခများ သေချာပြော.."
"ကိုယ်တော် မောင်မင်းကိုစိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူးကလေးငယ်..."
"တောင်းပန်ပါတယ်...ကိုယ်တော်ကသိပ်ကိုစိတ်ပျက်စရာကောင်းအောင်မောင်မင်းအနားမှာပဲကပ်တွယ်နေခဲ့မိလို့..."
"ခများ...ခများ.ကျိန်စာမဖြေတော့ဘူးလား.."
Arbishကအနည်းငယ်နာကျင်နေပုံရတဲ့အပြုံးတစ်ခုကိုနှုတ်ခမ်းထက်ချိတ်ဆွဲလျက်ဘာမှမဖြစ်သည့်ပုံအတိုင်း..
"ကိုယ်တော်နေသားကျနေပါပီ..
အဟက်!ဘယ်သောအခါမှချစ်ခြင်းမေတ္တာတွေကိုမရရှိနိုင်တော့တဲ့လူတစ်ယောက်ကမကောင်းဆိုး၀ါးတစ်ကောင်အဖြစ်နေသွားရဖို့ထိုက်တန်ပါတယ်ကလေးငယ်.."
"ဒါပေမယ့်ခများ.."
"ပျော်အောင်နေပါကလေးငယ်...သေရည်တွေလည်းအများကြီးမသောက်နဲ့နော်ကလေးငယ်တစ်ခုခုဖြစ်သွားရင်ကိုယ်တော်လာကယ်နိုင်မှာမဟုတ်တော့ဘူး...
ကျန်းမာရေးလည်းဂရုစိုက်ပါကလေးငယ်...
ကိုယ်တော့်ကိုတစ်ခါတစ်လေတော့သတိရပေးပါ..."
"ခများ!!.."
Arbishကသူ့နဖူးထံဖွဖွနမ်းရှိုက်ပီးမှ..
"ကိုယ်တော်Karenကိုသိပ်မြတ်နိုးတယ်...ဒီဘ၀..မဟုတ်ဖူးသံသရာဘ၀အဆက်ဆက်ကလေးငယ်တစ်ယောက်ကိုပဲကိုယ်တော်ချစ်မြတ်နိုးမယ်...နှုတ်ဆက်ခဲ့ပါတယ်ကလေးငယ်.."
ဘာလဲ...ဘာလဲ!!ဒီလူဘာသောက်ကျိုးနည်းတွေလုပ်သွားတာလဲ!ပြောချင်ရာတွေပြောလုပ်ချင်ရာတွေလုပ်သွားပီးတော့မှအခုတော့နှုတ်ဆက်ပါတယ်တဲ့လား..ထွက်သွားပါတော့မယ်တဲ့လား...
အဲ့တာဆ်ိုလည်း..သောက်ကျိုးနည်းချစ်တယ်လို့ဘာလို့လာပြောသေးလဲ!
သူ့ကိုကျောခိုင်းသွားပီဖြစ်တဲ့အေးစက်စက်နောက်ကျောကိုကြည့်လိုက်တော့အမည်မသိတဲ့နှလုံးသားဒဏ်ရာတစ်ချို့ကစူးအောင့်လာသည်..
ဟင့်အင်း...မဟုတ်ဖူး...အမည်မသိမဟုတ်ဖူး..အဲ့တာက..အဲ့တာကအချစ်တဲ့...
"Arbish..နေဦး..ခများဘယ်ကိုသွားမလို့ကြံစည်နေတာလဲ.."
သူထိုလူ့ထံအမြန်ပြေးသွားလိုက်ပီးလက်မောင်းကိုဆွဲကာလှည့်လိုက်တော့Arbishကသူ့ကိုအံ့အားသင့်သွားတဲ့ပုံနဲ့ကြည့်လာသည်..
သူArbishကိုလက်ညှိုးနဲ့ထိုးလိုက်ရင်း..
"ခများ!ခများကတကယ်စိတ်ပျက်စရာကောင်းတဲ့လူပဲ..."
"ကိုယ်တော်တောင်းပန်ပါတယ်ကလေးငယ်..."
"အဟက်!တောင်းပန်လိုက်ရုံနဲ့ရမလားဗျ..."
"ကိုယ်တော်ဘာလုပ်ပေးရမလဲကလေးငယ်..."
Arbishကရုတ်တရက်ဓားတစ်ချောင်းကိုဆွဲထုတ်လိုက်ပီးသူ့ထံပေးလာကာ..
"ကိုယ်တော့်နှလုံးသွေးကိုယူချင်သေးလို့လားကလေးငယ်..ထိုးစိုက်လိုက်ပါ..ကိုယ်တော့်အသက်ကမောင်မင်းအပိုင်ပါ..."
"ကျစ်!ခများဓားကြီးကိုဖယ်လိုက်စမ်းပါ.."
"ဘာလို့လဲကလေးငယ်..နှစ်ပေါင်း၅၀၀ကြာပီဆိုပေမယ့်Redinကထက်ပါသေးတယ်..ကိုယ်တော့်ရင်ဘက်ကိုဖောက်ပီးနှလုံးသွေးကိုယူလို့ရပါသေးတယ်..."
"ခများ!အဲ့ဒီဓားကြီးကိုဖယ်ဆိုဖယ်လိုက်..."
"ကောင်းပါပီ...ကလေးငယ်ကကိုယ်တော့်အသက်ကိုမယူချင်သေးဘူးဆိုရင်လည်းကိုယ်တော့်ကိုခွင့်ပြုပါဦး.."
"ခများ..အခုချက်ချင်းရပ်!ပြောနေရင်းနဲ့ဘယ်ကိုသွားဖို့ကြံစည်နေတာလဲ..ခများကျွန်တော့်ကိုအဲ့လောက်တောင်ပဲမုန်းနေတာလား..."
"မဟုတ်တာ...ကိုယ်တော်ကကလေးငယ်ကိုဘယ်လိုလုပ်မုန်းရက်မှာလဲ..ဒီတိုင်း..ကိုယ်တော့်ကိုမြင်နေရင်ကလေးငယ်စိတ်ဆင်းရဲမှာစိုးယုံပါ..."
"ပေါက်ကရတွေတော်တော့...ခများကျွန်တော့်ကိုတာ၀န်ယူမှာလားမယူဘူးလားပဲပြော.."
"ဟမ်...ကလေးငယ်.."
"ကျစ်!ကလေးငယ်..ကလေးငယ်..ကျွန်တော့်နာမည်karen.ပီးတော့ခများကိုမေးနေတာဖြေ.."
"ကိုယ်တော်..."
"ဘာကိုယ်တော်လဲ..ခများသူများသားပျိုလေးကိုလုပ်ချင်တိုင်းလုပ်ပီးမှဒီတိုင်းထွက်သွားလို့ရမလားဗျ..ပီးတော့ခများကိုကျိန်စာဖြေတာကူညီပေးမယ်လို့ပြောထားတယ်လေ..ကျွန်တော်ကကတိမတည်တဲ့သူမဟုတ်ဖူး.."
"ကိုယ်တော်..."
"ကျစ်!ခများဘာဖြစ်နေတာလဲ.."
Arbishကသူ့ကိုရင်ခွင်ထဲဆွဲပွေ့လိုက်ပီး..
"ကိုယ်တော်ဘာဖြစ်နေတာတဲ့လား...နားထောင်ကြည့်ပါကလေးငယ်..ကိုယ်တော့်နှလုံးသားထဲကအသံကိုနားထောင်ကြည့်ရင်မောင်မင်းအဖြေရသွားပါလိမ့်မယ်...."
တဒုတ်ဒုတ်ခုန်မြည်နေတဲ့နှလုံးသားတစ်စုံဟာပေါက်ကွဲထွက်တော့မည့်အလား..
Arbishရဲ့နှလုံးသားရှိရာဖိကပ်ထားမိတဲ့သူ့နားလေးကိုအမြန်နောက်ဆုတ်လိုက်ကာထ်ိုလူ့ရင်ခွင်ထဲကနေထွက်ဖို့ကြံစည်လိုက်တော့Arbishကသူ့မေးဖျားလေးကိုညင်သာစွာဆုပ်ကိုင်လာကာမော့ကြည့်စေပီးသူနဲ့အကြည့်ချင်းဆုံစေသည်
သူ့ကိုစိုက်ကြည့်နေတဲ့မျက်၀န်းတစ်စုံ...
စူးရှရှဇာမဏီမျက်၀န်းအိမ်ထဲမှာရွှန်းစိုတောက်ပနေသောချစ်ရည်ကြည်တစ်ချို့ယှက်သိုင်းနေပီးသိပ်ကိုနူးညံ့လွန်းတဲ့အပြုံးလေးတစ်စကလည်းနီစွေးစွေးနှုတ်ခမ်းထက်တွဲလဲခိုနေသည်...
"ဒုတ်..ဒုတ်..ဒုတ်.."
"ကြားရလားကလေးငယ်...မောင်မင်းနှလုံးသားလေးကသိပ်ကိုခုန်နေတယ်..."
"ခများ..."
သူ့မျက်နှာတစ်ခုလုံးပူလာပီးရှက်စိတ်ကြောင့်အမြန်အကြည့်လွှဲဖို့ပြင်လိုက်တော့..
Arbishကအလွတ်မပေးတော့ပဲလျှင်မြန်စွာသူ့နှုတ်ခမ်းလေးထက်ဖိကပ်လာတော့သည်....
နူးညံ့လွန်းတယ်...နွေးထွေးလွန်းတယ်...ချိုမြိန်လွန်းတယ်...ပီးတော့သိပ်ကိုလှပလွန်းတယ်....
တတိတိရစ်ပတ်ငုံထွေးနေပီးမှသူ့နှုတ်ခမ်းလေးကိုဖွင့်ဟဖို့တောင်းဆိုလာတော့မျက်လုံးသာစုံမှိတ်ရင်းထိုလူ့အနမ်းထံစီးမျောလိုက်ဖို့ပြင်လိုက်သည်...
ချိုမြိန်လှပတဲ့အနမ်းလေးတွေကိုဖလှယ်နေကြတဲ့အတောအတွင်းမှာပဲအံ့သြစရာကောင်းလှစွာArbishရဲ့ခန္ဓာကိုယ်ထက်ကနေငွေမှင်ရောင်တလက်လက်တောက်နေတဲ့အမှုန်လေးတွေကဖယ်ခွာပျောက်ကွယ်သွားတာကိုတော့ကောင်ငယ်လေးကမမြင်လိုက်ရဘူးတဲ့..
နူးညံ့နွေးထွေးစွာရစ်နွှယ်နေကြတဲ့လျှာဖျားလေးတွေ..နေရာလပ်မကျန်အောင်သိပ်သည်းတင်းကြပ်စွာဆက်နွှယ်နေကြပီးမှအားမလိုအားမရဟန်ခွဲခွာသွားကြသည်...
နှုတ်ခမ်းထောင့်စွန်းလေးမှာစီးကျနေတဲ့ငွေမှင်ရောင်အချစ်ရည်လေးတွေကိုလျှာဖျားလေးနဲ့လျက်လိုက်ကာအားမရဟန်သူ့နှုတ်ခမ်းထက်တစ်ချက်ဖိကိုက်လိုက်ပီးမှ..
"မြတ်နိုးတယ်ကလေးငယ်...ကိုယ်တော်မောင်မင်းက်ိုမြတ်နိုးလွန်းလို့ဘယ်သူ့ဆီကိုမှမပေးနိုင်ဘူး.."
"ခများကကျွန်တော့်ကိုဘယ်သူ့ဆီပေးချင်သေးတာလဲ..."
သူ့ရင်ခွင်ထဲကနေတစ်ချက်စူးခနဲစိုက်ကြည့်လာတဲ့ကောင်လေးကြောင့်သူပြုံးလိုက်မိတော့..
"ပြုံးတယ်?..ခများ.."
သူကောင်လေးရဲ့ပါးလေးကိုဖွဖွနမ်းရှိုက်လိုက်ပီး...
"ချစ်တယ်..ကိုယ်တော်မောင်မင်းကိုချစ်တယ်..Karen..မောင်မင်းရောဟင်.."
"ကျွန်တော်..အဟား..မသိဘူး.."
"Karen..."
ပါပီလေးတစ်ကောင်လိုသူ့ကိုသနားစဖွယ်လေးကြည့်လာပီးသူ့အဖြေကိုတောင်းခံနေတဲ့ထိုလူ....
တကယ်ပါလေ...ဒီလူကတော့နည်းမျိုးစုံနဲ့သူ့ကိုဆွဲဆောင်နေတော့တာပဲ..
ထိုလူ့ရဲ့မျက်နှာချောချောကိုဆွဲယူလိုက်ကာ..
နီစွေးစွေးနှုတ်ခမ်းထက်ဖိကပ်နမ်းရှိုက်လိုက်ရင်း...
"ချစ်တယ်..ကျွန်တော်လည်းခများကိုချစ်တယ်Arbish.."
"အင်း..ကိုယ်တော်ရောပဲ..."
ထို့နောက်မှာတော့မခွဲနိုင်မခွာရက်ဖြစ်နေခဲ့တဲ့နှုတ်ခမ်းလေးတွေဟာပြန်ပီးဂဟေဆက်သွားကြတော့တယ်....
"Karen!!!!.."
"Dad..dy.."
သူ့နဲ့Arbishကိုစိမ်းစိမ်းကြီးစိုက်ကြည့်နေတဲ့Daddy...
မီးတောက်မတတ်မျက်လုံးတွေနဲ့သူတို့နှစ်ယောက်လုံးကိုအထက်အောက်စုံဆန်ကြည့်နေပီးမှ...
"အခုချက်ချင်းငါ့အခန်းထဲလိုက်ခဲ့!.."
"Daddy ကျွန်တော်.."
"​စကားတစ်ခွန်းကိုနှစ်ခါမပြောချင်ဘူး..လိုက်ခဲ့Karen!!!.."
သွားပီ..သူမေ့နေခဲ့တာ..သူတို့ကသောက်ကျိုးနည်းအခန်းအပြင်ဘက်ကြီးမှာဆိုတာ!!
"Arbish..ခများအခန်းထဲမှာနေခဲ့ ကျွန်တော်ခဏနေပြန်လာခဲ့မယ်..."
Arbishကသူ့လက်ကိုပြန်ဆွဲထားပီး..
"ကိုယ်တော်ကလေးငယ်ကိုတစ်ယောက်တည်းစိတ်မချဘူး..."
"ကျစ်!စိတ်မချရအောင် ကျွန်တော်ကရန်သူနဲ့သွားတွေ့မှာမှမဟုတ်တာ..အဖေနဲ့သွားတွေ့မှာ.."
"ဘာပဲဖြစ်ဖြစ် ကိုယ်တော်လည်းလိုက်မယ်..."
"ကျစ်!Arbish ဘာမှမဖြစ်ပါဘူးဆိုဗျာ..ပီးတော့ခများက..."
"ကိုယ်တော်က?.."
"ခများကအချိန်မရွေးပုံစံပြောင်းသွားနိုင်တယ်လေ..ကျွန်တော်daddyကိုမထိတ်လန့်သွားစေချင်ဘူး..ပီးတော့ခများကိုတစ်မျိုးမြင်သွားမှာမျိုးလည်းမဖြစ်စေချင်ဘူး..."
"ကလေးငယ်ရာ..."
သူကောင်ငယ်လေးရဲ့နဖူးထက်နမ်းရှိုက်လိုက်ရင်း
"အဲ့လိုကိစ္စမျိုးရှိလာမှာမဟုတ်တော့ဘူးလေ..."
"ဟမ်.."
သူနားမလည်သလိုမော့ကြည့်လိုက်တော့Arbishကပြုံးပြလာပီး..
"ကိုယ်တော်နောက်ထပ်ပြန်ပြောင်းသွားတော့မှာမဟုတ်ဖူး..."
"ဘာကို.."
"ကိုယ်တော့်ကျိန်စာ​ပြယ်သွားခဲ့ပီ...နှစ်ပေါင်း၅၀၀ကြာပီးတဲ့နောက်မှာတစ်စုံတစ်ယောက်စီကအချစ်စစ်ရဲ့အနမ်းကိုကိုယ်တော်ရခဲ့ပီ..."
ကျေနပ်ပီတိမှုတွေနဲ့တောက်ပစွာပြုံးနေပီးသူ့ကိုပြောလာတဲ့Arbishကိုနားမလည်နိုင်စွာကြည့်ပီးမှတစ်စုံတစ်ခုကခေါင်းထဲ၀င်လာသည်..
"ငါလခွီး!သောက်ကျိုးနည်းဘိုးတော်ကြီး!!ခများပြော..ခများဘယ်အချိန်တုန်းကသွားတွေ့လိုက်တာလဲ.."
"ဟမ်..ကလေးငယ်ဘာကို.."
ကောင်ငယ်လေးကသူ့ကိုဒေါသတကြီးစိုက်ကြည့်လာပီး..
"ခများ..အဲ့ဒါကြောင့်အိမ်ကထွက်သွားဖို့ကြံစည်နေတာမလား..ဟုတ်တယ်မလား..ဟမ်!!ဘယ်တစ်ယောက်လဲပြော!!ဘယ်မိန်းကလေးလဲ အခုတလောကျွန်တော့်ကိုရှောင်နေတာအဲ့မိန်းကလေးဆီသွားနေလို့မလား!!ဟမ်..ပြောစမ်းပါ သောက်ကျိုးနည်းဘာလို့ပါးစပ်ပိတ်နေတာလဲ!.."
"မဟုတ်ဖူး ကလေးငယ်..မှားနေပီ.."
"ချီးကိုပဲမှား..လူကိုသောက်ကျိုးနည်းအရူးလာလုပ်နေတယ်.."
"ဟမ်..Karen..ကလေးငယ်..မဟုတ်ဖူး..ခဏ..ခဏ.."
"သောက်ဘိုးတော် ခများ ဒိုးလိုက်တော့.."
ရှူးရှူးရှဲရှဲနဲ့လှည့်ထွက်သွားပီဖြစ်တဲ့ကောင််လေးနောက်အမြန်ပြေးလိုက်လိုက်ပီးနောက်ကျောကနေသိုင်းဖက်လိုက်ကာ...
"ကိုယ်တော်ရှင်းပြတာကိုနားထောင်ပါဦးကလေးငယ်..."
"ခများ!လွှတ်..လွှတ်လို့ပြောနေတယ်..ရတယ်ခများမလွှတ်ဖူးလား.."
"အ့.."
ကောင်ငယ်လေးကတံတောင်နဲ့တွတ်လိုက်တော့စူးခနဲအောင့်သွားပေမယ့်ဖက်ထားတာကိုမလွှတ်ပေးပဲ..
"ခဏ..ခဏပဲကလေးငယ် စိတ်ငြိမ်ငြိမ်ထားနော်..ကိုယ်တော်ရှင်းပြမယ်.."
"သောက်ကျိုးနည်းချီးတဲ့မှပဲ!!.."
ကောင်ငယ်လေးကမရုန်းတော့မှရင်ခွင်ထဲကနေမျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်ပီး...
"ကိုယ်တော် ၀န်ခံစရာရှိတယ်ကလေးငယ်.."
"တကယ်က..တကယ်က..ကိုယ်တော့်ရဲ့ကျိန်စာကမိန်းမပျိုလေးဆီကအချစ်စစ်ရဲ့အနမ်းမဟုတ်ဖူး.."
"ကျစ်!ရှုပ်လိုက်တာ.."
"အင်း..ကိုယ်တော်လည်းမသိခဲ့ဘူး...ဟိုတစ်ခါHuriတောင်ထိပ်မှာစုန်းအိုကြီးနဲ့တွေ့ပီးမှကိုယ်တော်သိသွားခဲ့တာ..ကျိန်စာဖြေဖို့နည်းလမ်းက..."
Arbishကမပြောသေးပဲသူ့ကိုပြုံးပြုံးကြီးစိုက်ကြည့်နေတာကြောင့်..
"ကျစ်!​မပြောရင်လည်းကျွန်တော်သွားပီ.."
"​ကိုယ်တော်ပြောမယ်..ကိုယ်တော်ပြောမယ်..ကျိန်စာဖြေဖို့နည်းလမ်းကကောင်လေးတစ်ယောက်ဆီကအချစ်စစ်ရဲ့အနမ်းတဲ့..."
"ဟမ်?.."
"အင်း..ဟုတ်တယ်..အခုကိုယ်တော်ကကလေးငယ်ဆီကအချစ်စစ်ရဲ့အနမ်းကိုရသွားပီလေ..အဲ့တာကြောင့်ကိုယ်တော့်ရဲ့ကျိန်စာကပြယ်သွားခဲ့ပီ...ကျေးဇူးတင်ပါတယ်ကလေးငယ်..ကိုယ်တော့်အချစ်ကိုလက်ခံပေးလို့..."
"ughh.ဒါနဲ့ဘယ်သူ..ဘယ်သူကအချစ်စစ်လို့ခများကိုပြောလို့လဲ ကိုယ့်ကိုကိုယ်အထင်ကြီးမနေနဲ့.."
"အဟား...ဘာပဲဖြစ်ဖြစ်အခုမဟုတ်သေးရင်လည်းနောက်ဆိုဖြစ်သွားမှာပဲကို.."
"ခများ!ဒါနဲ့ကျွန်တော်ခများကိုမေးစရာရှိတယ်ဟိုတစ်ခါက..."
"ဘယ်တစ်ခါလဲကလေးငယ်..."
"ကျစ်!ဟိုတစ်ခါပါဆိုဗျာ..."
"အဟား...ကိုယ်တော်မှတကယ်မသိတာ.."
"ကျစ်!မသိလည်းနေတော့ဗျာ..!
ကောင်ငယ်လေးရဲ့မျက်နှာလေးကအသည်းယားဖွယ်ရဲတက်လာကာထွက်သွားဖို့ကြံစည်နေတော့သူဆက်ပီးမသိချင်ယောင်မဆောင်တော့ပဲ..
"ကလေးငယ်လေးနဲ့ကိုယ်တော်တစ်သားတည်းပေါင်းစည်းခဲ့တဲ့နေ့ကိုပြောတာလား.."
"ခများ!.."
"အဟား..မစတော့ဘူး ကိုယ်တော်မစတော့ဘူး
အဲ့နေ့တုန်းကကိုယ်တော့်ကိုစုန်းအိုကြီးပေးခဲ့တဲ့ဆေးလုံးလေး​ကိုသုံးခဲ့တာ.."
"ဆေးလုံး?.."
"အင်း..စုန်းအိုကြီးကသူ့ရဲ့ကျိန်စာဖြေနည်းကမှားယွင်းနေခဲ့တာကြောင့်ကိုယ်တော့်ကိုအကြွေးတင်မခံချင်လို့တဲ့..အဲ့ဒါကြောင့်အဲ့ဆေးလုံးလေးကိုပေးလိုက်တာ..မထင်ထားပဲဆေးလုံးလေးကသိပ်ကိုအသုံး၀င်သွားတာပဲနော်ဟုတ်တယ်မလား..ကလေးငယ်..."
"ခများ!တော်တော့ ဆက်မပြောနဲ့တော့.."
"ဟောဗျာ...ကောင်ငယ်လေးကမေးလို့လည်းကိုယ်တော်ကဖြေရသေးတယ်..ကိုယ်တော့်အမှားဖြစ်သွားပြန်ပီလား.."
"ဟုတ်တယ်..ခများအမှားပဲ!..."
"အဟား..ကောင်းပါပီတဲ့ဗျာ..ကိုယ်တော့်နှလုံးသားလေးကအမှားလို့ဆိုလာမှတော့လည်းအမှားပဲပေါ့.."
"ခများ!တကယ်ကိုအရှက်မရှိဘူး.."
"သခင်လေး...သခင်ကြီးကအခုထိမလာသေးဘူးလားတဲ့..."
ဟုတ်သားပဲ...သူDaddyကိုမေ့သွားတယ်
အန်တီMerrieကိုခေါင်းငြိတ်ပြလိုက်ရင်း..
"ကျွန်တော်အခုလာခဲ့မယ်..."
"ဟုတ်ကဲ့သခင်လေး...ပီးတော့.."
အန်တီMerriကသူ့နားမှာရပ်နေတဲ့Arbishကိုမဝံ့မရဲကြည့်လိုက်ပီးမှခေါင်းငုံ့သွားကာ..
"သခင်လေးသူငယ်ချင်းကိုပါခေါ်ခဲ့ပါတဲ့..."
"ယောက်ျား.."
"ရှင်.."
"သူငယ်ချင်းမဟုတ်ဖူး..ကိုယ်တော်ကKarenရဲ့ယောက်ျား.."
"ခများဘာတွေလျှောက်ပြောနေတာလဲ..."
Arbishကမျက်ခုံးကိုအသာပင့်ပြရင်းသူ့နားနားတိုးကပ်လာကာ...
"ဘာလို့လဲ..ကိုယ်တော်ပြောတာမဟုတ်လို့လား.."
ထို့နောက်သူ့နားရွက်ထိပ်လေးကိုလျှာဖျားလေးနဲ့လျက်လိုက်ပီး..
"သွားရအောင်လေကလေးငယ်..လူကြီးကိုအကြာကြီးမစောင့်ခိုင်းသင့်ဘူး..."
"ခများ!.."
အန်တီmerrieကတော့သူတို့နှစ်ယောက်က်ိုမကြည့်ပဲခေါင်းကြီးကိုအတင်းငုံ့ထားပေမယ့်သူ့မှာတော့အရှက်မရှိတဲ့လူကြောင့်မျက်နှာတစ်ခုလုံးပူထူလာရသည်..
ထိုလူ့ကိုအမြန်တွန်းဖယ်လိုက်ပီးချောင်းဟမ့်လိုက်ကာ...
"အင်း...ကျွန်တော်လာခဲ့မယ်..ခများသွားလို့ရပီ.."
"ဟုတ်ကဲ့ပါသခင်လေး..."
သူတို့ကိုတစ်ချက်တောင်မကြည့်တော့ပဲအဖြေရတာနဲ့တစ်ခါတည်းကိုပြေးသွားတော့သည်..
သူလည်းဘေးကနေပြုံးစိစိလုပ်နေတဲ့ထိုလူကိုတစ်ချက်စိုက်ကြည့်ပေးလိုက်ပီး...
"သွားမယ်..."
"ကောင်းပါပီကလေးငယ်..."












Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤Where stories live. Discover now