Ep~15 Unicode

151 23 0
                                        

ကိုယ်တော့်ရှေ့မှာလှုပ်စိလှုပ်စိနဲ့အလုပ်ရှုပ်နေတဲ့ကောင်လေး..
မျက်မှောင်လေးကြုံ့လိုက်..ခေါင်းလေးစောင်းလိုက်နဲ့ ဘာတွေများလုပ်နေတာပါလိမ့်....
တစ်ခုခုကိုရှာနေပုံရတဲ့ကောင်လေးကကိုယ်တော့်ဘက်ကိုလှည့်ကြည့်လာပီး
"Arbish..ဗိုက်ဆာနေပီလား ခဏစောင့်ဦး..ကျွန်တော်မီးမွှေးလို့ရတော့မှာ.."
ကောင်လေးကကိုယ်တော့်အတွက်စားတော်ပွဲကိုပြင်ဆင်နေတာပဲ...
ကျေနပ်ပီတိဖြစ်မှုနဲ့အတူနွေးထွေးမှုလှိုင်းလေးကနှလုံးသားထဲထိစီး၀င်သွားလေတော့ အပြုံးတစ်စကနှုတ်ခမ်းထက်မှာတွဲခိုလျက်သား..
ချောမောခံ့ညားတဲ့စစ်ဧကရာဇ်Arbishဖြစ်နေမယ်ဆိုရင်တော့ထိုအပြုံးကဘယ်လောက်တောင်ရင်သပ်ရှုမောဖွယ်ကောင်းလိုက်လေမလဲ..
ဒါပေမယ့်အခုအချိန်မှာတော့ကြောင်၀တုတ်လေးဖြစ်နေတာမို့ ခံ့ညားချောမောတဲ့အပြုံးအစားအနည်းငယ်ရယ်ချင့်စဖွယ်ကောင်းတဲ့ပုံပေါက်နေသည်..
အင်း..စဥ်းစားကြည့်လေ..မျက်နှာလုံးလုံး၀ိုင်း၀ိုင်းလေးထက်မှာနှုတ်ခမ်းမွှေးလေးတထောင်ထောင်နဲ့အပြုံးလေးနဲ့ဆိုတော့...
ကျစ်!မီးကလည်းဘာလို့အခုထိမွှေးလို့မရသေးတာလဲ..
ခဏလေးမီးစွဲပီးသွားတာနဲ့ချက်ချင်းပြန်ပြန်ငြိမ်းသွားတာ...ဒီလိုပုံနဲ့ဆိုErenတို့ပြန်လာတဲ့အချိန်ထိတောင်မီးမွှေးလို့ရမှာမဟုတ်ဖူး..
Erenမွှေးတုန်းကအဲ့လောက်မခက်ပါဘူး..၅မိနစ်တောင်ကြာလိုက်ပုံမပေါ်ဘူး
၀တုတ်လေးကိုတစ်ချက်လှမ်းကြည့်လိုက်တော့
လက်မောင်းတုတ်တုတ်လေးတွေကိုမြှောက်လိုက်ပီးအပျင်းကြောဆန့်ပီးသွားတော့ပက်လက်လေးလှဲနေရာကနေသူရှိရာကိုလုံးလုံးလုံးလုံးနဲ့ဆင်းလာသည်..
အဖြူရောင်အမွှေးလုံးလေးကနှင်းပွင့်လေးတွေလိုပဲစွတ်စွတ်ဖြူနေပီးဘယ်လောက်တောင်နူးညံ့အိစက်နေမလဲ..
တကယ်ကို..တကယ်ကိုချစ်စရာကောင်းလွန်းတယ်..
ဧကရာဇ်Arbishသာမဟုတ်ဖူးဆိုရင်သူထိုကောင်လေးကိုတစ်ချိန်လုံးရင်ခွင်ထဲမှာပွေ့ထားလိုက်မှာ...
တဖြည်းဖြည်းမှောင်စပျိုးလာတဲ့ကောင်းကင်ကြီးကြောင့်အတွေးတွေကိုလက်စဖြတ်လိုက်ပီး
Ph screenကိုသာတစ်ချက်ထိလိုက်ရင်းGoogleမှာမီးမွှေးနည်းဆိုပီးရိုက်ရှာလိုက်သည်...
ကျစ်!သူရှာတာမီးမွှေးနည်းလေ ဘာလို့ မီးအကြောင်းတွေနဲ့အသားကင်လုပ်နည်းတွေပေါ်လာရတာလဲ!!
တကယ်..သုံးစားမရဘူး!
ph screenကိုသာအာရုံစိုက်နေတာမို့ သူ့ရဲ့ဘေးနားလူတစ်ယောက်လုံးရောက်လာတာကိုတောင်သတိမထားမိလိုက်ပေ..
ထိုလူကသူ့ရဲ့ပခုံးထက်ကနေကျော်ကြည့်လာပီးလက်တစ်ဖက်ကလည်းသူ့ရဲ့ခါးအပေါ်သိုင်းဖက်လာသည်..
"Arbish!ခများ..."
"Karen..ကိုယ်တော်ဗိုက်ဆာပီ.."
မျက်နှာလှည့်လိုက်တာကြောင့်ထိုသူရဲ့၀င်သက်ထွက်သက်နွေးနွေးကသူ့မျက်နှာထက်ရိုက်ခတ်လာသည်..
လူးလွင့်နေတဲ့ငွေမှင်ရောင်ဆံနွယ်ရှည်တွေအောက်ကအနီးကပ်မြင်နေရတဲ့ချောမောခံ့ညားတဲ့မျက်နှာက နတ်ဘုရားတွေဖန်ဆင်းထားတဲ့လက်ရာမြောက်ပန်းချီကားချပ်အလား..
စူးရဲတောက်ပတဲ့ဇာမဏီမျက်၀န်းတွေနဲ့သူ့ကိုစိုက်ကြည့်လာပီးနီစွေးစွေးနှုတ်ခမ်းကအထက်ကိုကော့ညွတ်သွားပီးပြုံးပြလာတော့...
ဒုတ်!ဒုတ်!ဒုတ်!!
ထိန်းချုပ်မရတော့ပါသောနှလုံးသားထဲကအကောင်ကတဒုတ်ဒုတ်နဲ့၀ုန်းဒိုင်းကြဲမြည်လာပြန်သည်..
ခေါင်းကိုအမြန်တခြားဘက်လှည့်လိုက်ရင်း..
"ခများ..ခများ..ဗိုက်ဆာရင်လည်းခဏတော့စောင့်ဦး..ကျွန်တော် ချက်လို့မပီးသေးဘူး.."
"အော်..ချက်လို့မပီးသေးတာလား..ကိုယ်တော်ကKarenမီးတောင်မွှေးလို့မရသေးဘူးလို့ထင်နေတာ.."
"ခများ!..ကျစ်!.."
မေ့ပီးမျက်နှာကိုပြန်လှည့်လိုက်တော့ထိုလူ့ရဲ့မျက်နှာထက်ကအမြင်ကပ်စရာကောင်းတဲ့အပြုံးကြီးနဲ့တည့်တည့်တိုးပြန်သည်..
ကျစ်!တကယ်ပါပဲ..Arbish..ဒီလူဘာဖြစ်ချင်နေတာလဲ..
ကိုယ်တော့်ကိုမကြည့်ပဲမျက်နှာကိုတစ်ဖက်လှည့်ပီးရှောင်နေတဲ့ကောင်လေးကြောင့်ခါးလေးကိုပိုပီးတင်းကြပ်စွာပွေ့ဖက်လိုက်တော့..
"ခများ!..အွန့်.."
နှုတ်ခမ်းဖူးလေးကိုနူးညံ့စွာငုံထွေးလိုက်တော့ မျက်လုံးလေးတွေ၀ိုင်းစက်သွားပီးသူ့ရဲ့အနမ်းကိုရှောင်ဖယ်ဖို့ကြိုးစားလေသည်..
အဆိုးလေးရဲ့ခေါင်းအနောက်ဘက်ကိုလက်နဲ့ထိန်းကိုင်လိုက်ရင်းအနမ်းတွေကိုပိုမိုနက်ရှိုင်းစေလိုက်သည်..
နူးညံ့ချိုမြန်တဲ့နှုတ်ခမ်းလေးရဲ့အထိအတွေ့ကဘယ်အချိန်မဆိုကိုယ်တော့်ကိုအရူးအမူးစွဲလမ်းစေသည်...
နှစ်ပေါင်း၅၀၀ကျော်ဘယ်လိုမိန်းကလေးတွေရဲ့အထိအတွေ့ကိုမှစိတ်လှုပ်ရှားရင်ခုန်ခဲ့ခြင်းမရှိတဲ့သူရဲ့ရေခဲလွှာတွေဖုံးလွှမ်းထားလုမတတ်အေးခဲနေခဲ့တဲ့နှလုံးသားတစ်စုံကအခုတော့ဒီကောင်လေးရဲ့နူးညံ့တဲ့နှုတ်ခမ်းလေးထံမှာပင်သက်ဆင်းခစားသွားရလေပီ...
ရင်ဘတ်ထံတဘုန်းဘုန်းထုလာတဲ့လက်ကလေး​နဲ့အရည်လဲ့နေတဲ့မျက်လုံး၀ိုင်း၀ိုင်းလေးတွေကြောင့်အနမ်းကိုရပ်လိုက်တော့..
"ခွပ်!.."
"Karen..."
ဟုတ်တယ်..ထိုကောင်လေးကက်ိုယ်တော့်မျက်နှာက်ိုလက်သီးနဲ့ထိုးလိုက်တာ..
သူမေ့နေတာ..Karenဆိုတဲ့ကောင်ဆိုးလေးကယောက်ျားစစ်စစ်တစ်ယောက်ဆိုတာ..
ဒါဆိုကိုယ်တော်ကရော....
စစ်ဧကရာဇ်တစ်ပါးဖြစ်တဲ့သူကယောက်ျားစစ်စစ်ဆိုတာပြောနေစရာပင်မလို..
တစ်ခုပဲနှစ်ပေါင်း၅၀၀လုံးလုံးဘယ်ယောက်ျားမိန်းမကိုမှရင်မခုန်ခဲ့တဲ့ကိုယ်တော့်ရဲ့နှလုံးသားကဒီကောင်လေးနဲ့မှနိုးထလာခဲ့ခြင်း...
"Arbish..ကျွန်တော်.."
ကျစ်!သူဘာလုပ်လိုက်မိတာလဲ..Arbishကဧကရာဇ်တစ်ပါးလေ..သာမန်ဧကရာဇ်တောင်မဟုတ်ဖူး..စစ်ဧကရာဇ်တစ်ပါး...
အခါတိုင်းတစ်ခုခုမှားပြောမိတာတောင်ဧကရာဇ်ကိုထိခိုက်စေမှုဆိုပီးအမြဲတမ်းပြောနေတာ..အခုသူကဧကရာဇ်မျက်နှာကိုတောင်လက်သီးနဲ့ထိုးလိုက်မိတာဆိုတော့...
Arbsihကသူ့ကိုနမ်းလာလိမ့်မယ်လို့ထင်မှမထင်ထားတာ..ပီးတော့အဲ့ဒီအချိန်တုန်းကသူ့ရဲ့ရင်ခုန်သံတွေကထိန်းချုပ်မရအောင်၀ုန်းဒိုင်းကြဲနေခဲ့တာလေ..တကယ်လို့Arbishသာသူ့ရဲ့ရင်ခုန်သံတွေကိုကြားသွားခဲ့ရင်...
အဲ့ဒါကြောင့်လည်းသူလုပ်မိလုပ်ရာလုပ်မိသွားတာ..
အခုတော့..Arbishပေးလာမယ့်အပြစ်ဒဏ်ကိုသာလည်စင်းခံယုံရှိတော့တယ်..
စောစောကပဲသူ့မျက်နှာထက်လက်သီးနဲ့ထိုးလိုက်တဲ့ကောင်လေးကအခုတော့မျက်လုံးလေးမှိတ်ပီးမျက်နှာလေးကိုအနည်းငယ်မော့ပေးထားသည်..
ကြည့်ရတာသူ့ကိုပြန်ထိုးပါပေါ့လေ..
အဟား..တကယ်ပါ..ကိုယ်တော့်ဘ၀မှာဒီလိုမျိုးချစ်စရာကောင်းလွန်းတဲ့ကောင်လေးမျိုးကိုတစ်ခါမှမတွေ့ခဲ့ဖူးဘူး..
ဘာလား..Arbishကသူ့ကိုပြန်မထိုးဘူးလား..
သူထိုးရအောင်လို့မျက်လုံးတောင်မှိတ်ပေးထားတာကို..အဟက်!ဟုတ်သားပဲ Arbishကဧကရာဇ်တစ်ပါးလေ သူ့မျက်နှာကိုလက်သီးနဲ့ထိုးလိုက်တဲ့သူကိုလွယ်လွယ်လွှတ်ပေးနိုင်စရာအကြောင်းမှမရှိတာ..ဒါဆိုသူ့ကိုခေါင်းဖြတ်သတ်ပစ်မှာများလား..ဇာတ်ကားတွေထဲကလိုလေ...
လုပ်ရဲရင်ခံရဲရမှာပေါ့ဆိုပေမယ့်..လက်သီးလေးနဲ့ထိုးမိတာလောက်နဲ့တော့Arbishကသူ့ကိုမသတ်လောက်ဖူးမလား..ဘာပဲဖြစ်ဖြစ်Arbishကိုသူမွေးစားထားခဲ့ရတာလေ..သူကျွေးထားခဲ့ရတာတွေကလည်းအများကြီးကို
ကျစ်!မသိတော့ဘူး..သူလုပ်ရင်လည်းခံရမှာပဲ..
၅မိနစ်လောက်ကြာတဲ့အထိArbishကဘာမှမလုပ်တော့သူလည်းမျက်လုံးဖွင့်ပီးတိတ်တိတ်လေးချောင်းကြည့်လိုက်သည်..
"ဟမ်..Arbish..ခများနှုတ်ခမ်းမှာသွေးထွက်နေတာပဲ.."
"ဟုတ်လား..ဆိုတော့Karenလက်စကပြင်းသားပဲ.."
"ကျစ်!ခများ ကိုယ့်ကိုကိုယ်သွေးထွက်နေမှန်းတောင်မသိဘူးလားဗျ..ခများတစ်ချိန်လုံးဘာရပ်လုပ်နေတာလဲ.."
"ကိုယ်တော်..karenကိုကြည့်နေတာလေ.."
"ခများ...ကျစ်! တစ်သျှူးပေးမယ်နှုတ်ခမ်းကသွေးတွေသုတ်လိုက်.."
"Karenသုတ်ပေးမှာလား.."
"ဘာဗျ!..ကျွန်တော်က..ကျွန်တော်ကဘာလို့ခများကိုသုတ်ပေးရမှာလဲ.."
"ပီးတာပဲ.."
"ခများ.."
နီရဲရဲလျှာကနှုတ်ခမ်းထောင့်မှာပေနေတဲ့သွေးစတွေကိုဖယ်ရှားပစ်လိုက်ပုံကသွေးဆာနေတဲ့မကောင်းဆို၀ါးတစ်ကောင်အလား..
တစ်နည်းအားဖြင့် မိန်းမပျိုလေးတွေသာထိုမြင်ကွင်းကိုမြင်သွားမယ်ဆိုရင်ဖြင့်
နှာခေါင်းသွေးလျှံသွားလုနီးပါးဆွဲဆောင်မှုရှိလွန်းသည်...
ဒီလူက..ဒီလူကတကယ်ကိုပဲကြောက်စရာကောင်းလောက်အောင်ဆွဲဆောင်မှုရှိလွန်းတယ်..ကြောက်စရာပဲ..တကယ်ကိုကြောက်စရာပဲ...
ထိုလူ့ရဲ့အပြုံးတွေအောက်ကျရှုံးမသွားအောင်မနည်းရှောင်ဖယ်လိုက်ရင်း..
"sry..ကျွန်တော်တမင်လုပ်တာမဟုတ်ဘူး.."
"အင်း..ကိုယ်တော်သိတယ်.."
"ဟမ်..ခများ ကျွန်တော့်ကိုစိတ်မဆိုးဘူးလား.."
"အဟား..karenမောင်မင်းဟာလေ..ဘာလို့များအဲ့လောက်တောင်ချစ်စရာကောင်းနေရသလဲလေ.."
"ခများ..ထားတော့ ဘာပဲဖြစ်ဖြစ် နောက်ခါကျွန်တော့်ကိုဘာမှမပြောပဲရုတ်တရက်ကြီးလာမနမ်းနဲ့.."
"အင်း.."
"ဟမ်..ခများသဘောတူလိုက်တာလား.."
လွယ်လွယ်ကူကူနဲ့သဘောတူလိုက်တဲ့Arbishကြောင့်သူတောင်ကြောင်သွားမိသည်..
"ကိုယ်တော်ကဘာလို့သဘောမတူရမှာလဲ.."
"ကျွန်တော်ထင်တာ.."
"အင်း..Karenထင်တာ.."
"ကျစ်!ခများသဘောတူရင်ပီးတာပဲ.."
လူကိုပြုံးစစနဲ့စိုက်ကြည့်လာတဲ့ဒီလူကြောင့်အသက်ရှူသံတွေတောင်မှားယွင်းလုနီးပါး
အသက်၅၀၀ကျော်နေတဲ့သောက်အဘိုးကြီးကအဲ့လောက်ချောနေစရာလိုလို့လား!
"ကိုယ်တော့်ရဲ့Karenလေးကတကယ်ကိုချစ်စရာကောင်းတယ်.."
"ကျစ်!ဒီမှာ ခများ.."
"ကိုယ်တော်..Karenကိုနမ်းချင်တယ်..ကိုယ်တော့်ကိုခွင့်ပြုပေးမှာလား"
"ဟမ်..ခများ.."
"Karenဘာမှမပြောတော့ကိုယ်တော့်ကိုခွင့်ပြုပေးတယ်လို့ယူဆလိုက်မယ်.."
ထို့နောက်သူဘာမှမပြောနိုင်ခင်မှာပင် သူ့ရဲ့နှုတ်ခမ်းထက်နွေးထွေးတဲ့အနမ်းတစ်ခုကထပ်တူကျလာသည်..
သူဖွင့်ပေးမိလိုက်လေလားမပေးမိလိုက်လေလားပင်ကိုယ့်ကိုကိုယ်မသိလိုက်ခင်မှာပင် ထိုလူ့ရဲ့နူးညံ့တဲ့လျှာဖျားကသူ့ရဲ့လျှာကိုရစ်ပတ်လာလေပီးအလုံးစုံသောချိုမြန်မှုတွေကိုစားသုံးနေသည့်အလားတစ်စတစ်စနဲ့ပိုမိုနက်ရှိုင်းစွာဆက်နွယ်လာလေသည်...
ဦးနှောက်ကပြန်လည်အလုပ်လုပ်လာချိန်မှာတော့ သူ့ရဲ့မျက်လုံးတွေကမှိတ်လျက်သားနဲ့ထိုသူ့ရဲ့အနမ်းတွေကိုစီးမျောလိုက်ပါနေလေပီ..
သူ...ကွေးများကွေးသွားပီလား...
********************************
"Giyano..ခများကတကယ်ပဲ အဲ့ဒီကျောက်ဂူမှာနေတာလား.."
"ဟမ်.."
"အာ..ကျွန်တော် မယုံလို့မေးတာမဟုတ်ဖူးနော် ဒီတိုင်းသိချင်လို့မေးတာ.."
"အင်း.."
"ခများ တစ်ယောက်တည်းလား.."
"ဘာလို့လဲ.."
"ပျင်းစရာကောင်းမှာပဲနော်.."
"မကောင်းပါဘူး.."
"အဟား..ခများကတော့လေ..ဒါပေမယ့်ဘာပဲဖြစ်ဖြစ်ဘယ်သူမှမရှိတဲ့ဒီနေရာမှာတစ်ယောက်တည်းနေရတာအနည်းနဲ့အများတော့အထီးကျန်ဆန်နေမှာပဲလေ.."
"အထီးမကျန်.."
"တကယ်လို့ခများမှာသူငယ်ချင်းမရှိဘူးဆိုရင် ကျွန်တော်ခများသူငယ်ချင်းလုပ်ပေးမယ်လေ..ဒါမှမဟုတ်ကျွန်တော်တို့ညီအစ်ကိုတွေလုပ်ကြမလား..ဟေး..အဲ့ဒါမဆိုးဘူးနော်..ကျွန်တော်ကလေငယ်ငယ်ကတည်းကအစ်ကိုကြီးတစ်ယောက်လိုချင်ခဲ့တာဗျ..ကျွန်တော့်မှာသာအစ်ကိုကြီးတစ်ယောက်ရှိရင်..သူနဲ့အတူတူဂိမ်းအတူတူဆော့မယ် ဘောလုံးကန်ကြမယ်..တစ်ခါတစ်လေအခန့်မသင့်လိုအငြင်းပွားကြပီးရင်တောင်ပီးရင်ရယ်ရယ်မောမောနဲ့ပြန်အဆင်ပြေသွားကြမယ်..အဟားအဲ့လိုမျိုးလေ..ဒါပေမယ့် ကျွန်တော်ကတစ်ဦးတည်းသောသားဖြစ်နေတော့အဲ့လိုအခွင့်အရေးမျိုးမရခဲ့ပါဘူးဗျာ.."
"ဘယ်လိုလဲGiyano..ခများ ကျွန်တော့်အကိုကြီးလုပ်မလားဟင်.."
ညနေခင်းနေ၀င်ဆည်းဆာရဲ့အလင်းရောင်ကကောင်လေးရဲ့မျက်နှာထက်ဖြာကျနေသည်..စိတ်လှုပ်ရှားမှုကြောင့်တောက်ပနေတဲ့မျက်လုံး၀ိုင်း၀ိုင်းလေးတွေကအရောင်တလဲ့လဲ့..ပြုံးနေတဲ့မျက်နှာထက်မှာမျက်စိမလွှဲနိုင်စရာနူးညံ့တဲ့ပါးချိုင့်လေးကနေရာယူထားသည်..
ရွှေအိုရောင်ဆံနွယ်ဖျော့ဖျော့ကလေအဝှေ့မှာညင်သာစွာလှုပ်ရှားသွားသည်..
"အဟက်!အကိုကြီးတဲ့လား.."
"အင်းလေ..Giyano ခများကျွန်တော့်ရဲ့အကိုကြီးလုပ်မှာလား.."
"အဟက်!အရေးမပါတာတွေ..သွားမယ် ခဏနေမှောင်တော့မယ်.."
"အာ.."
Giyanoသူ့ကိုစိတ်ဆိုးသွားတာလား..သူလည်းဘာမှမလုပ်လိုက်ပါဘူး..ဒါမှမဟုတ်သူ့ရဲ့အစ်ကိုကြီးမဖြစ်ချင်လို့များလား..
"မလာသေးဘူးလား.."
ရှေ့ကိုရောက်နေပီဖြစ်တဲ့Giyanoကနောက်ပြန်လှည့်ကာသူ့ကိုပြောလာတော့..
"လာပီYaYa.."
စူးရဲတဲ့အစိမ်းရောင်မျက်၀န်းတွေကိုမသိချင်ယောင်ဆောင်လိုက်ရင်း​ပြေးသွားလိုက်သည်..
သူသိတယ်..Giyanoကအဲ့လိုခေါ်တာမကြိုက်ဖူးဆိုတာ..ဒါပေမယ့်သူကလည်းမကြိုက်မှန်းသိတာတောင်ခေါ်ချင်နေတုန်းပဲ..
"YaYa.."
နှုတ်ခမ်းလေးကိုလှုပ်ကာရေရွတ်ကြည့်လိုက်ပီး
"ဒီလောက်ချစ်စရာကောင်းတဲ့နာမည်ကို.."










Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤Where stories live. Discover now