"ငါသွားပီKaren.."
"ok..ကောင်းကောင်းမောင်းသွား..."
"အင်း bye bye.."
သူတို့အိမ်ပြန်ရောက်တော့အိမ်မှခဏနားပါဦးဆိုတာကိုမနေတော့ပဲချက်ချင်းတန်းပြန်ဖို့ပြင်နေတဲ့Erenကိုနှုတ်ဆက်လိုက်ရင်းသူလည်း၀တုတ်လေးကိုပွေ့ပီးအိမ်ထဲ၀င်ခဲ့လိုက်သည်
"သခင်လေး..ခဏနေရင်သခင်ကြီးကစာကြည့်ခန်းထဲလာတွေ့ပါတဲ့.."
"အင်း..ခဏ.."
"ဟုတ်ကဲ့ပါသခင်လေး.."
သူ့လက်ထဲမှာအတင်းကပ်တွယ်နေတဲ့၀တုတ်လေးကိုအန်တီMerriလက်ထဲပြောင်းပေးလိုက်ပီး..
"ဒီကောင်လေးကို ရေချိုးပေးလိုက်.."
"ဟုတ်ကဲ့ပါသခင်လေး..ကျွန်မရေချိုးပေးပီးရင်အခန်းထဲလာပို့ထားပေး..."
"မလိုဘူး.."
"ရှင်..."
"ဒီကောင်လေးကိုကျွန်တော့်အခန်းထဲလာပို့စရာမလိုတော့ဘူး..ဒီနေ့ကစပီးသူ့အတွက်တခြားအခန်းတစ်ခုပြင်ပေးလိုက်.."
"ရှင်..သခင်လေး..ဟို.."
သူမျက်မှောင်ကြုံ့လိုက်ရင်း
"ပြောတာနားမလည်ဘူးလား.."
"ဟုတ်ကဲ့နားလည်ပါပီ သခင်လေး.."
"အင်း.."
"မြှောင်"
အန်တီMerrieလက်ထဲကနေအတင်းရုန်းထွက်ပီးသူ့အင်္ကျီလက်ကိုလှမ်းဆွဲလာကာမျက်လုံး၀ိုင်းလေးတွေနဲ့ကြည့်လာပီးတမြှောင်မြှောင်အော်နေလေတော့..
"ကျစ်!.."
သူထိုကောင်လေးရဲ့လက်၀တုတ်လေးတွေကိုဆွဲဖယ်လိုက်ပီး..
"ခေါ်မသွားသေးဘူးလားဘာရပ်လုပ်နေတာလဲ.."
"တောင်းပန်ပါတယ်သခင်လေး..၀တုတ်လေးလာလာအန်တီနဲ့အတူတူရေသွားချိုးရအောင်.."
"မြှောင်...မြှောင်..."(karen..ကိုယ်တော့်ကိုဘာလို့အဲ့လိုလုပ်ရတာလဲ...)
"မြှောင်..မြှောင်..မြှောင်"(karenကိုယ်တော့်ကိုမလိုချင်တော့ဘူးလား..karen..karen)
ဂျိန်း!!
သူတံခါးကိုစောင့်ပိတ်လိုက်ပီး ဆံပင်တစ်ချက်ဆွဲဖွလိုက်ကာရေချိုးခန်းထဲ၀င်ခဲ့လိုက်သည်..
မှန်ထဲမှာပေါ်နေတဲ့ကောင်လေးကစိတ်ရှုပ်ထွေးနေတဲ့မျက်လုံးတွေနဲ့သူ့ကိုပြန်ကြည့်လာသည်..
"ကျစ်!Karen..မင်းဘာဖြစ်နေတာလဲ..အဲ့လောက်ထိလုပ်ဖို့လိုလို့လား.."
Arbishရဲ့စူးရဲရဲအကြည့်တွေနဲ့ကြည့်လိုက်တိုင်းသူ့ရဲ့ရင်ဘက်ဘယ်ဘက်အခြမ်းကအကောင်ကထိန်းမနိုင်သိမ်းမရဖြစ်လာတတ်တာတွေ..
ထိုလူ့ရဲ့၀င်သက်ထွက်သက်နွေးနွေး..
သူ့နားနားကပ်လာကာပြောတတ်တဲ့ထိုသူ့ရဲ့နူးညံ့ခြင်းနဲ့အေးစက်ခြင်းတွေရောယှက်ထားပါသောသြရှရှအသံ..
သူ့ကိုလာရောက်ကျီဆယ်တတ်တဲ့ထိုလူ့ရဲ့နှုတ်ခမ်း...
သူကိုယ်တိုင်တောင်ထိုအနမ်းတွေမှာလွှဲဖယ်ခြင်းမရှိယစ်မူးတတ်လာတော့..
ကျစ်!ဘာပဲဖြစ်ဖြစ်သူအခုလိုလုပ်လိုက်တာမှန်တယ်..
သူက..သူဆိုတဲ့Karenကယောက်ျားစစ်စစ်တစ်ယောက်ပါ..ဘယ်လိုလုပ်များအခုလို..
မဖြစ်နိုင်ဘူး...ခဏလောက်သူArbishကိုသနားမိသွားတယ်ဆိုတာမှန်တယ်..ဒါပေမယ့်သနားမိသွားတာနဲ့ချစ်မိသွားတယ်ဆိုတာတခြားစီ..
အဟား..ဟုတ်တယ်..သူကယောက်ျားတစ်ယောက်ကိုချစ်မိသွားဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး..ဟုတ်တယ်..ဘယ်လိုမှမဖြစ်နိုင်ဘူး..
ဒါပေမယ့်...
သူတဒုတ်ဒုတ်ခုန်မြည်နေတဲ့ရင်ဘတ်ဘယ်ဘက်အခြမ်းကကောင်ကိုဖိက်ိုင်လိုက်ရင်း..
"မင်းကဘာလို့များငါ့စကားကိုနားမထောင်ရတာလဲကွာ.."
**********************************
"ဒေါက်..ဒေါက်..သခင်လေး..သခင်လေး.."
သူတဘက်သုတ်နေရင်းအခန်းရှေ့မှာအလောတကြီးခေါ်နေတဲ့Aunty Merrieကြောင့်တဘက်ကိုပခုံးပေါ်တင်လိုက်ရင်းတံခါးကိုသွားဖွင့်လိုက်တော့..
"သခင်လေး..၀တုတ်လေးလေ.."
"ကျစ်!.."
စိုးရိမ်နေတဲ့မျက်နှာနဲ့Aunty Merrieရဲ့ပုံကြောင့်ကျစ်တစ်ချက်စုတ်လိုက်ရင်းမျက်မှောင်ကြုံ့လိုက်ကာ..
"သူဘာဖြစ်ပြန်တာလဲ.."
"ဟို..၀တုတ်လေးကရေချိုးပေးတာကိုဘယ်လိုမှလက်မခံပဲပတ်ပြေးနေတာ...လိုက်ဖမ်းတော့လည်း..."
သူမျက်ခုံးပင့်ပြလိုက်ရင်း..
"အင်း..ဆက်ပြော.."
"ဟို..ဘာမှမဟုတ်တော့ပါဘူး...အဲ့တာနဲ့ကျွန်မလည်းရေမချိုးပေးတော့ပဲ နို့လေးသောက်ဖို့သွားပေးတော့လည်းနို့ခွက်ကိုမှောက်ချပစ်တယ်..အဲ့တာ၀တုတ်လေးဘာတွေများစိတ်အလိုမကျဖြစ်နေတာလဲ သခင်လေးများသိမလားလို့..တကယ်လို့နေမကောင်းများဖြစ်နေရင်လည်းဆေးခန်းပြရအောင်လို့ပါ.."
အန်တီmerrieကလက်ကိုဖွက်လိုက်တာကိုသူမြင်လိုက်တာမို့..
"လက်ကဘာလို့နောက်ကိုဖွက်လိုက်တာလဲ.."
"ရှင်..မဟုတ်..ဘာမှမဟုတ်ပါဘူးသခင်လေ.."
"ပြ.."
"ဟို.."
"ကျွန်တော်စကားတစ်ခွန်းကိုနှစ်ခါမပြောချင်ဘူး.."
ထိုအခါမှဖွက်ထားတဲ့လက်ကိုရှေ့ထုတ်လာသည်..
"ကျစ်!!..."
လက်ဖမိုးတစ်ခုလုံးအသားနီလန်နေပီးသွေးစတွေတောင်ထွက်နေသည်..
"ခများရေချိုးပေးဖို့လုပ်တော့ကုတ်လိုက်တာမလား..."
"တကယ်တော့၀တုတ်လေးအမှားမဟုတ်ပါဘူး..ကျွန်မသေချာမလုပ်မိလို့.."
"တော်ပီ..အဲ့ကောင်လေးဘယ်မှာလဲ.."
"ဟို..တတိယထပ်ကဧည့်သည်နားနေခန်းမှာပါ.."
"ကောင်းပီခဏနေကျွန်တော်လာခဲ့မယ်..ခများအနာကိုဆေးလိမ်းပီးအနားယူလိုက်တော့.."
"ဟုတ်ကဲ့ပါသခင်လေး..."
"Arbish...ခများဘာဖြစ်ချင်နေတာလဲဗျာ..."
သူခေါင်းကိုတဘက်နဲ့တစ်ချက်နှစ်ချက်လောက်သုတ်ယုံသာသုတ်ပီးအင်္ကျီအမြန်ကောက်၀တ်ပီးအန်တီmerrieပြောတဲ့အခန်းဘက်ထွက်ခဲ့လိုက်သည်..
"Arbish.."
"Arbish...."
ပြတင်းပေါက်မှန်နားမှာကျောပေးကာငုတ်တုတ်လေးထိုင်နေပီးသူ၀င်လာတာမြင်တော့မျက်လုံးလေးတွေအရောင်လဲ့သွားပီးသူ့ဆီပြေး၀င်လာသည်...
သူ မပွေ့တာမြင်တော့သူ့ခြေထောက်နားလာပီးအမွှေးလေးတွေနဲ့ဟိုပွတ်ဒီပွတ်လုပ်ပြန်သည်..
သူရှောင်လိုက်ပီးဆိုဖာပေါ်ခြေချိတ်ထိုင်လိုက်ကာ..
"Arbishခများ အန်တီmerrieကိုဘာလုပ်လိုက်တာလဲ.."
"မြှောင်.."
သူ့ပေါင်ပေါ်ခုန်တက်လာပီးရင်ခွင်ထဲထိတိုး၀င်လာကာအတင်းတွယ်ကပ်နေပြန်သည်..
"ကျစ်!Arbish..ခများ ဘာဖြစ်နေတာလဲ.."
သူရင်ခွင်ထဲကထိုအမွှေးလုံးကြီးကိုမနည်းဆွဲဖယ်လိုက်ပီးဆိုဖာပေါ်တင်လိုက်တော့မကျေနပ်စွာတစ်ချက်ကြည့်လာပီး..
"မြှောင်.."
"Arbish..ကျွန်တော်အတည်ပြောမယ်..ခများကျိန်စာဖြေဖို့လုပ်ရဦးမယ်လေ..ဟုတ်တယ်မလား..ခများပဲဒီလိုပုံကြီးနဲ့မနေချင်တော့ဘူးဆို..အဲ့တာကြောင့်ကျွန်တော်ခများအတွက်သင့်တော်တဲ့မိန်းကလေးရှာပေးမယ်..ခများလုပ်ရမှာကငြိမ်ငြိမ်လေးနေပီးစားလိုက်သောက်လိုက်လုပ်နေယုံပဲ..တစ်ခုပဲဒီအတောအတွင်းတော့ခများကျွန်တော်နဲ့အခန်းခွဲပီးနေပေးရမယ်.."
"မြှောင်.."
သူ့အင်္ကျီလက်ကိုဆွဲလာပီးကြည့်လာပုံကဘာကြောင့်လဲလို့မေးနေသယောင်..
"ဘာမှမဟုတ်ဖူး..ဒီတိုင်းကျွန်တော်ကနှစ်ယောက်မအိပ်တတ်လို့.."
"မြှောင်.."(မောင်မင်းကိုယ်တော့်ကိုလိမ်တယ်..)
"ခများဒီနေရာမှာလွတ်လွတ်လပ်လပ်အေးအေးဆေးဆေးနေလို့ရတယ်..စားချင်တာရှိရင်လည်းကျွန်တော်အန်တီmerrieကိုပို့ခိုင်းလိုက်မယ်..ကျွန်တော့်ကိုကျေးဇူးတင်ဖို့မလိုဘူး..ဒါပဲ ကျွန်တော်သွားပီ..."
ကိုယ်တော့်ကိုဘာဖြေရှင်းချက်မှမပေးပဲရုတ်တရက်ကြီးတခြားအခန်းကိုပို့တယ်..အခုလည်းပြောချင်ရာပြောပီးသွားဖို့လုပ်နေတယ်..
ဒီကောင်လေးအမြင်မှာကိုယ်တော်ကအဲ့လောက်တောင်လွယ်တဲ့ပုံပေါက်နေတာလား...
"ကျွန်တော်သွားပီ..ခများလိုတာရှိရင်..."
ကြီးမားသန်မာတဲ့လက်တစ်ဖက်ကသူ့ရဲ့ခါးထံလာရောက်ရစ်နွယ်လာပီး..ကျယ်ပြန့်တဲ့ထိုလူ့ရဲ့ရင်အုပ်ကသူ့ရဲ့နောက်ကျောမှာကပ်လျက်...
၀င်သက်ထွက်သက်နွေးနွေးကသူ့ရဲ့နားရွက်နောက်နားဆီရိုက်ခတ်လာကာ..
"ကိုယ်တော်ကမောင်မင်းကိုပဲလိုချင်တာလေ..karen..မောင်မင်းသိရဲ့သားနဲ့.."
ထို့နောက်နူးညံ့စိုစွတ်နေတဲ့ထိုလူ့ရဲ့လျှာဖျားကသူ့နားရွက်လေးကိုလျက်လိုက်ပီးဖွဖွဖိကိုက်လာတော့..
တံခါး၀မှာလက်လှမ်းထားတဲ့သူ့ရဲ့လက်လေးတောင်တုန်သွားပီးနဂိုကတည်းကမှမထိန်းချုပ်ထားနိုင်ခဲ့ပါတဲ့ရင်ဘတ်ထဲကအကောင်က၀ုန်းဒိုင်းကြဲခုန်လှုပ်လာပြန်သည်...
သူထိုလူ့ရဲ့ရင်ခွင်ထဲကနေအမြန်ရုန်းထွက်လိုက်ပီးတစ်ဖက်လှည့်လိုက်တော့သူ့ကိုပြုံးပီးစိုက်ကြည့်နေတဲ့Arbish..
သူ့ကိုကြည့်နေတဲ့ထိုလူ့ရဲ့ဇာမဏီမျက်၀န်းတွေထဲမှာကျီဆယ်လိုရိပ်တွေယှက်သိုင်းနေပီး..နီစွေးစွေးနှုတ်ခမ်းကအထက်ကိုအနည်းငယ်ကော့ညွတ်ကာသိပ်ကိုခံ့ညားလွန်းတဲ့အပြုံးတစ်စကိုချိတ်ဆွဲထားသေးသည်..
"Arb..Arbish ခများပြောင်းမယ်ဆိုလည်းပြောပါလားဗျ..ဘာလို့ရုတ်တရက်ကြီး.."
"မောင်မင်း..ကိုယ်တော့်ကိုဘာလို့တခြားအခန်းပို့ရတာလဲ.."
"ကျွန်တော်..ကျွန်တော်ပြောပီးပီလေ..နှစ်ယောက်မအိပ်တတ်လို့ပါဆို.."
"မောင်မင်း..ဘာလို့ကိုယ်တော့်ကိုညာပြောတာလဲ.."
"ကျွန်တော်ဘယ်မှာညာ.."
သူ့ကိုမကြည့်ပါပဲအကြည့်လွှဲထားတဲ့ကောင်ငယ်လေးရဲ့မျက်နှာလေးကိုမေးဖျားလေးကနေကိုင်ပီးဆွဲမော့လိုက်ကာသူ့ဆီကြည့်စေလိုက်ပီး
"အဲ့တာဆို ဘာလို့ကိုယ်တော့်ကိုကြည့်ပီးမပြောတာလဲ.."
"ကျွန်တော်မကြည့်ချင်လို့မကြည့်တာဘာဖြစ်..အွန့်..arbish..ခများ.."
တံခါးနဲ့Arbishရဲ့ခန္ဓာကိုယ်ကြားညပ်နေတာမို့သူ့မှာပြေးစရာမရှိပဲထိုလူ့ရဲ့ဖိကပ်နမ်းရှိုက်ခြင်းကိုခံလိုက်ရတော့သည်..
Arbishရဲ့လျှာနွေးနွေးကသူ့ရဲ့ခံတွင်းထဲထိဟိုဒီစူးစမ်းရှာဖွေနေပီးပတ်ပြေးနေပါတဲ့သူ့ရဲ့လျှာလေးကိုပါဆွဲယူပီးရစ်ပတ်စုတ်ယူလာပြန်သည်..
အသက်ရှူကြပ်လာတဲ့အထိနမ်းပီးမှလွှတ်ပေးလာပီးသူ့ရဲ့နှုတ်ခမ်းထောင့်မှာကြွင်းကျန်ရစ်နေတဲ့အနမ်းအငွေ့အသက်ငွေမှင်ရောင်အရည်လေးတွေကိုလျှာဖျားလေးနဲ့ဖွဖွလျက်လာပီးတစ်ချက်နမ်းပီးမှသူ့ကိုရီဝေဝေစိုက်ကြည့်လာကာ..
"Karen...ကိုယ်တော်မောင်မင်းနဲ့ပဲအတူတူနေချင်တယ်လေ...နော်.."
Fk!သောက်ကျိုးနည်းကိုမျက်နှာအပြောင်းအလဲမြန်တဲ့ဘုရင်!!
သူစိတ်ထဲမှာတိတ်တိတ်လေးကျိန်ဆဲလိုက်ပီး..
"ကျွန်တော်ပြောပီးသားပဲ..ခများ.."
"Karen...ကိုယ်တော်မောင်မင်းပြောတာအကုန်နားထောင်မယ်လေ..တစ်ခုပဲ ကိုယ်တော့်ကိုတော့မောင်မင်းနားမှာပဲနေခွင့်ပြုပေးပါ.."
သူ့မျက်နှာနားတိုးကပ်လာပြန်တော့သူအလန့်တကြားနောက်ဆုတ်လိုက်ပေမယ့်ထိုလူကခပ်ဟဟရယ်လိုက်ပီး..
သူ့နဖူးထက်အနမ်းခြွေလိုက်ကာ..
"ကိုယ်တော်မောင်မင်းကိုဘာမှမလုပ်ပါဘူး..ဘာလို့အဲ့လောက်ကြောက်နေရတာလဲ.."
"Fk!ကျွန်တော်ဘယ်မှာခများကိုကြောက်လို့လဲ.."
"အင်းပါ..Karenကိုယ်တော့်ကိုမောင်မင်းအခန်းထဲမှာပဲနေခွင့်ပြုနော်..နော်karen.."
"ကျစ်!မသိဘူးဗျာ..ဖယ်တော့ ကျွန်တော့်ကိုdaddyခေါ်ထားတယ်.သွားတော့မယ်.."
"Karen..ကိုယ်တော်ညကျမောင်မင်းအခန်းထဲလာခဲ့မယ်နော်.."
နောက်ကအော်ပြောလာတဲ့ထိုလူ့ရဲ့စကားကိုလစ်လျူရှူရင်းစာကြည့်ခန်းဘက်ကိုအမြန်ထွက်လာခဲ့လိုက်သည်..
"ဒီအရှက်မရှိတဲ့ဘုရင်!!.."
နှုတ်ခမ်းကိုလက်ဖမိုးနဲ့ဖိကပ်သုတ်လိုက်တော့ထိုရှက်စရာကောင်းတဲ့ပြင်းရှရှအနမ်းနဲ့သူ့ကိုစိုက်ကြည့်နေတဲ့ထိုလူ့ရဲ့အကြည့်စူးစူးတွေကခေါင်းထဲမှာပြန်ပီးပေါ်လာလေတော့..
"ကျစ်!မင်းကဘာလို့ခုန်လာပြန်ရတာလဲ.."
**********************************
"ဒေါက်ဒေါက်!!.."
"၀င်ခဲ့.."
daddyကဖတ်လက်စစာအုပ်ကိုစားပွဲပေါ်ချလိုက်ပီးမျက်မှန်ကိုချွတ်လိုက်ကာအခန်းထဲ၀င်လာတဲ့သူ့ကိုကြည့်လာပီး..
"ထိုင်.."
သူလည်းဆိုဖာပေါ်မှာထိုင်လိုက်ပီး..
"ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ.."
"အင်း..ဘယ်လိုလဲခရီးသွားရတာအဆင်ပြေခဲ့ရဲ့လား.."
"ဒီလိုပါပဲ..."
"Erenလေးနဲ့ရောပိုပီးရင်းနှီးလာပီလား.."
"မဆိုးပါဘူး.."
သူအာတစ်ချက်သန်းလိုက်ရင်း..
"Daddyဒီလိုအရေးမပါတာတွေမေးဖို့ခေါ်လိုက်တာဆို ကျွန်တော်ပြန်တော့မယ် ဒီနေ့ခရီးပန်းလာလို့စောစောအနားယူချင်ပီ.."
"Karen...သား.."
သူ့daddyရဲ့အကြည့်တွေကိုလစ်လျူရှူလိုက်ရင်း
"ကျွန်တော်သွားပီ..ကောင်းသောညပါ.."
*******************************
မီးပိတ်လိုက်ပီးအိပ်ယာပေါ်တကိုယ်လုံးပစ်လှဲလိုက်ကာရက်တော်တော်ကြာမခံစားခဲ့ရတဲ့နူးညံ့နွေးထွေးတဲ့သူ့ရဲ့အိပ်ယာလေးနဲ့အလွမ်းသယ်လိုက်သည်..
ကျောက်ဂူမှာတုန်းကအိပ်ရတဲ့ကုတင်ကကျောက်သားမာမာကြီးမို့အိပ်ရတာဘယ်လိုမှအဆင်မပြေခဲ့..မနက်နိုးလာတော့လည်းခါးတွေနာပီးကိုက်ခဲနေတာဆိုတာများGiyanoဆိုတဲ့စုန်းအိုကြီးဘယ်လိုများအနှစ်၆၀၀ကျော်အိပ်ခဲ့လည်းမစဥ်းစားတတ်..
သူအိစက်နေတဲ့ခေါင်းအုံးထဲမျက်နှာအပ်လိုက်ရင်းအိပ်တော့မလို့ပြင်ပီးမှ..
ညကျရင်သူ့အခန်းထဲလာခဲ့မယ်ဆိုတဲ့Arbishစကားကိုသတိရမိသွားတော့ငေါက်ခနဲထထိုင်လိုက်ပီးအခန်းတံခါးတွေသေချာပိတ်မပိတ်လိုက်စစ်လိုက်သည်..
မှန်ပြတင်းပေါက်တွေအထိသေချာပိတ်လိုက်ပီးခန်းဆီးလိုက်ကာတွေပါချပီးကာမှအိပ်ယာပေါ်ပြန်တက်ပီးအိပ်ဖို့ပြင်လိုက်သည်..
တကယ်ပါ..ဒီတစ်ညလေးတော့သူကောင်းကောင်းအိပ်ပါရစေ....
တီတီတီတီ...တီတီတီတီ...
"ကျစ်!စောစောစီးစီးဘယ်ကPhလဲကွာ.."
ခန်းဆီးလိုက်ကာကိုဖြတ်ပီးသူ့မျက်နှာထက်ဖြာကျနေတဲ့အလင်းရောင်ကိုလက်နဲ့ကာလိုက်ပီးထလိုက်ကာမြည်နေတဲ့phကိုကောက်ကိုင်လိုက်သည်..
"hello.."
"hello karenလားဟင်.."
တစ်ဖက်ကထွက်ပေါ်လာတဲ့မိန်းကလေးသံကြောင့်သူမျက်လုံးကိုတစ်ချက်ပွတ်လိုက်ရင်းph noကိုကြည့်လိုက်တော့လည်းသူနဲ့မရင်းနှီးတဲ့noဖြစ်နေသည်..
"Hello ဘယ်သူလဲ.."
"Karen...တို့ကိုမမှတ်မိတော့ဘူးလား.."
ကျစ်!စောစောစီးစီးphလာမှားနေတယ်..
သူမျက်ခုံးကိုစိတ်မရှည်စွာတွန့်ချိုးလိုက်ရင်း
"Sry phမှားနေတယ်.."
သူphချမလိုပြင်လိုက်တော့တဖက်ကအလျှင်စလိုတားလာပီး..
"Karen..တို့ပါ..Llinလေ.."
"Llin..ဘယ်သူ..Llin??"
"အင်း..တို့ပါ..တို့လေ karenနဲ့တွေ့ချင်တယ်.."
Llin..သူသိတာပေါ့..Llinဆိုတာသူပထမဆုံးတွဲခဲ့ဖူးတဲ့သူ့ရဲ့ရည်းစားဟောင်း..အင်း..တစ်ပတ်ပဲတွဲလိုက်ရပေမယ့်လို့ပေါ့..ပြောရမယ်ဆိုရင်တော့Erenဆိုတဲ့ကောင်ရဲ့ကျေးဇူးတွေပေါ့လေ..
"ဘာကိစ္စရှိလို့လဲ.."
"ဟမ်..အာ..ဒီတိုင်းပဲKarenကိုလွမ်းလာလို့.."
"အဟက်!အဲ့တာဆိုလည်းမင်းဘာလို့ကိုယ်နဲ့လမ်းခွဲခဲ့သေးလဲ.."
"အဲ့တာက..ဟို..အဲ့တုန်းကErenကပြောတာkarenကLlinကိုတကယ်မချစ်ဖူးတဲ့..အဲ့တာကြောင့်Llinလည်းစိတ်ဆိုးပီး.."
"အော်..အဲ့တာကြောင့်မင်းကကိုယ့်ကိုထားခဲ့ပီးErenနဲ့ကောက်တွဲလိုက်တယ်ဆိုပါတော့.."
"ဟမ်..မဟုတ်ဖူး..karen..မဟုတ်ဖူး..Llinဘယ်သူနဲ့မှမတွဲပါဘူး..တကယ်ပါ..Llinကိုယုံပါ..LlinလေKarenတစ်ယောက်တည်းကိုပဲချစ်တာပါ.."
သူထင်ခဲ့တာErenကLlinကိုသူနဲ့ပြတ်အောင်လုပ်တာကEren Llinကိုကြိုက်နေလို့လို့ထင်ထားခဲ့တာ..ဟမ်...ဒါဆိုဘာလို့များErenကသူတို့နှစ်ယောက်ကိုပြတ်အောင်လုပ်ခဲ့တာလဲ..ကျစ်!ထားတော့ ဘာပဲဖြစ်ဖြစ်အရေးမှမပါတော့တာ..ပီးတော့လည်းErenပြောတာလည်းအမှန်ပဲလေ ..သူမှထိုကောင်မလေးကိုစိတ်မ၀င်စားခဲ့တာ..
သူခေါင်းကိုစိတ်ရှုပ်စွာတစ်ချက်ဖွလိုက်ရင်း..
"Ph ချလိုက်တော့မယ်.."
"နေပါဦး..Karen..Llin..Llinလေ Karenနဲ့ပြန်တွဲချင်တယ်.."
"မလို.."
သူငြင်းမလို့ပြင်ပီးမှ..Arbishကြောင့်မူမမှန်စွာခုန်လှုပ်လာတတ်တဲ့သူ့ရဲ့စကားနားမထောင်တဲ့နှလုံးသားအကြောင်းစဥ်းစားမိတော့..
ဟုတ်တယ်..အခုအချိန်ကအချိန်ကောင်းပဲ..သူ့ကိုယ်သူပြန်ပီးကယ်တင်ရမယ်..
ဘာပဲဖြစ်ဖြစ်သူကယောက်ျားလေးတစ်ယောက်လေမိန်းကလေးတစ်ယောက်ကိုပဲသဘောကျသင့်တယ်..
"ကောင်းပီလေ.."
"တကယ်..တကယ်လား....ဟို..အဲ့တာဆိုဒီနေ့ည၇နာရီ*****မှာတွေ့မယ်နော်.."
"ဒီနေ့ည??.."
"အင်း..ဟိုkarenအဆင်မပြေရင်.."
"ရတယ်..ညလာခဲ့မယ်.."
"အင်း..ကျေးဇူးပါkaren..ဒါပဲနော်.."
YOU ARE READING
Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤
РазноеFic nameလေးအတိုင်းပါပဲ ဖတ်ပီးရင် nameလေးကူပီးစဥ်းစားပေးကြပါဦး... အဟား..စတာပါ.. လိုက်ပါစီးမျောပေးကြပါဦး.❤️ ဖတ်ရှုပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်.. [တကယ်လို့Fic nameလေးစဥ်းစားမိရင်လည်းပြောလို့ရတယ်နော်٩(๑'3`๑)۶❤️] Fic nameေလးအတိုင္းပါပဲ ဖတ္ပ...
