Ep~18 Unicode

123 16 0
                                        

"ကိုယ်တော်ကမကောင်းဆိုး၀ါးတစ်ကောင်ပဲလေ..အဟက်!စိတ်ပျက်စရာမကောင်းဆိုး၀ါးတစ်ကောင်ပါပဲ.."
"Arbish..."
တစ်ဖက်လှည့်သွားတဲ့Arbishရဲ့နောက်​ကျောထံလက်လှမ်းလိုက်ပေမယ့်အဆုံးမှာတော့လက်ကိုသာပြန်ရုတ်လိုက်ရင်းဘာမှမပြောဖြစ်ခဲ့...
Arbish...ထိုလူ့ရဲ့အေးစက်စက်နောက်ကျောပုံရိပ်ကဘာလို့များအဲ့လောက်တောင်အထီးကျန်ဆန်တဲ့ပုံပေါ်နေရတာလဲလေ...
ညကသိပ်ကိုတိတ်ဆိတ်လွန်းသည်..
ပုရစ်သံတစီစီကလွဲဘာဆိုဘာသံမှမကြားရလောက်အောင်တိတ်ဆိတ်လွန်းသည်...
သူ့ဘေးနားကErenကိုကြည့်လိုက်တော့လည်းအိပ်ပျော်နေလိုက်တာများအသံတစ်စတောင်မထွက်..
သူကတော့အခုထိအိပ်မပျော်နိုင်..ခေါင်းကိုဟိုလှည့်လိုက်ဒီလှည့်လိုက်နဲ့ဘာရယ်မဟုတ်သူ့ကိုကျောပေးပီးအိပ်နေတဲ့ထိုလူ့ရဲ့နောက်ကျောထံကြည့်မိတော့..
Arbish..သူအိပ်ပျော်သွားပီလား..
"အဟက်!ကိုယ်တော်ကစိတ်ပျက်စရာကောင်းတဲ့မကောင်းဆိုး၀ါးတစ်ကောင်ပါ.."
ထိုလူပြောသွားတဲ့စကားတွေကိုနားထဲမှာပြန်ကြားယောင်လာမိတော့..
Arbish..ဒီလူအဆင်မှပြေရဲ့လားလေ...
ကျစ်!သူကဘာလို့Arbishအစားတွေးပေးနေရတာလဲ..အဟား..ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်တဲ့အတွေးလဲ!သူ့ကိုဆိုအချိန်ပြည့်အသားယူဖို့စဥ်းစားနေတဲ့ဒီလူကိုသနားနေမိတာလား..မဖြစ်နိုင်လိုက်တာ!ဒါပေမယ့်...
ထိုအေးစက်စက်နောက်ကျောထံအကြည့်ပို့မိပြန်တော့သူ့ရဲ့ဆိုးသွမ်းတဲ့နှလုံးသားတစ်စုံကတဒုတ်ဒုတ်ခုန်မြည်လာပြန်သည်..
အမြန်အကြည့်လွှဲလိုက်ရင်းတစ်ဖက်ကိုစောင်းအိပ်လိုက်ကာ..
မဖြစ်တော့ဘူး..သူထိုလူကျိန်စာမြန်မြန်ပြယ်ဖို့ကူညီပေးမှဖြစ်တော့မယ်..ဒီမှာဆက်နေလို့လည်းArbishအတွက်အကျိုးမှမရှိတာ..Felnonကိုမြန်မြန်ပြန်ပီးပဲArbishအတွက်ကောင်မလေးတစ်ယောက်ရှာပေးရမယ်..အဲ့တာမှသူလည်းလွတ်လွတ်လပ်လပ်နေလို့ရမှာ..
"မောင်မင်းမအိပ်သေးဘူးလား.."
"What the!"
တစ်ဖက်လှည့်အိပ်နေတဲ့သူ့ရဲ့နားနားတိုးကပ်ပီးရုတ်တရက်ပြောလာတဲ့အသံကြောင့်ကြက်သီးတောင်ထသွားမိသည်...
တကယ်ပါ..ဒီလူကသူ့ကိုပုံစံအမျိုးမျိုးနဲ့ကိုအနှောင့်အယှက်ပေးနေတော့တာပါပဲ..
ထိုလူ့ရဲ့၀င်သက်ထွက်သက်နွေးနွေးကသူ့ဂုတ်ပိုးထံရိုက်ခတ်လာတော့အသက်ရှူတောင်အောင့်မိသွားလားမသိ...
"Arbish!ခများ..အွန့်.."
ဟုတ်ပါတယ်..ခများတို့ထင်တဲ့အတိုင်းပါပဲ..
မစဥ်းစားမဆင်ခြင်ပဲနောက်ကိုလှည့်လိုက်မိတာ ရလဒ်ကတော့ထိုလူ့ရဲ့နှုတ်ခမ်းနဲ့သူ့ရဲ့နှုတ်ခမ်းထိကပ်မိသွားခြင်းပါပဲ..
ဒီတစ်ခါအမှားလုပ်မိသွားတာသူပဲမို့ အမြန်ဖယ်လိုက်ရင်းသူ့ကိုပြုံးပီးကြည့်နေတဲ့ထိုလူ့ကိုမော့ကြည့်လိုက်ကာ..
"အဟမ်း..sry Arbish..ခများ မအိပ်သေးဘူးလား."
"မောင်မင်းကဒီလောက်ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့လှုပ်နေတာကိုယ်တော်အိပ်ချင်ရင်တောင်အိပ်လို့မပျော်ဘူး.."
သူ့ကိုစိုက်ကြည့်နေရင်းအပြုံးတစ်စကိုနှုတ်ခမ်းထက်ချိတ်ဆွဲရင်းပြောလာတော့
ထိုအမှောင်ထဲမှာတောင်စူးရဲလွန်းနေပါသောဇာမဏီမျက်၀န်းတွေရဲ့အကြည့်အောက်ကနေမနေတတ်စွာရှောင်ဖယ်လိုက်ရင်း..
"အာ...ကျွန်တော်တောင်းပန်ပါတယ်..ခများကိုအိပ်လို့မပျော်အောင်လုပ်ဖို့မရည်ရွယ်ပါဘူး..ကျွန်တော်မလှုပ်တော့ဘူးလေ ခများအိပ်ချင်အိပ်တော့.."
"ကိုယ်တော်အိပ်လို့မပျော်ဘူး.."
"ဟမ်..."
"ဘာမှမဟုတ်တော့ဘူး..Karenအိပ်တော့လေ.."
"Arbish..ခများအဆင်ပြေရဲ့လား..."
"ကိုယ်တော်အဆင်ပြေပါတယ်..ဘာလို့လဲ.."
"ထားတော့..ကျွန်တော်အိပ်ပီ..ခများလည်းအိပ်တော့.."
"ကောင်းပီမောင်မင်းသဘော...ကိုယ်တော့်ကိုအိပ်မက်ထဲထည့်မက်ဖို့မမေ့နဲ့နော်.."
"ခများ!.."
"ဒါပေမယ့်..အိပ်မက်ထဲကArbishကိုတော့မောင်မင်းကိုနမ်းခွင့်မပြုနဲ့...မောင်မင်းနှုတ်ခမ်းလေးကကိုယ်တော့်အပိုင်မို့.."
ကျစ်!ဒီလူ..
သူထိုလူ့ရဲ့မူယာမာယာများလွန်းတဲ့စကားတွေကိုလစ်လျူရှူရင်းတစ်ဖက်လှည့်ပီးသာအိပ်ဖို့ပြင်လိုက်တော့သည်..
ဒါတောင်ပြောလိုက်သေးတယ်..
"ကောင်းသောညပါကိုယ်တော့်ရဲ့Karenလေး.."
******************************
​ညကတော်တော်နဲ့အိပ်မပျော်တာမို့မနက်ကျတော့ထတာနည်းနည်းနောက်ကျသွားပုံရသည်..ကျောက်ဂူထဲထိထိုးဖောက်ဖြာကျလာတဲ့နေရောင်အရ9နာရီနီးပါးတော့ရှိလောက်ပီ..
"Morning karen.."
"Morning..."
Erenကိုပြန်ပြောရင်းအိပ်ယာဘေးကိုကြည့်လိုက်တော့Arbishကမရှိတော့...
"Erenမင်းArb..၀တုတ်လေးကိုတွေ့မိသေးလား.."
"ဟမ်..၀တုတ်လေးလား..ငါနိုးတော့မင်းဘေးမှာအိပ်နေသေးတာတွေ့လိုက်သလားလို့ပဲ.."
"ဟုတ်လား.."
ဒီလူဘယ်ထသွားတာလဲ..
"အင်း..ငါရေချိုးသွားတဲ့အချိန်ထသွားပုံရတယ်..၀တုတ်လေးကရှူးရှူးသွားပေါက်တာနေမှာပါ ပြန်လာမှာပါ စိတ်ပူမနေနဲ့.."
"အင်း..အော်..ဒါနဲ့Eren ငါတို့ဒီနေ့ပြန်ကြရအောင်.."
"ဟမ်..ဒီနေ့လား.."
"အင်း.."
"ရုတ်တရက်ကြီးပါလား.."
"အင်း...အဲ့လိုပဲဖြစ်သွားတယ်..ဘာလို့လဲ မင်းအဆင်မပြေတာရှိရင်ပြောလေ.."
"ဟမ်..ဟင့်အင်း မရှိပါဘူး.."
တစ်ခုပဲ...Giyanoကိုတော့မပြန်ခင်တွေ့သွားချင်သေးတယ်...
"ဒါဆိုငါတို့၀တုတ်လေးလာတာနဲ့ပြန်ကြတာပေါ့.."
"အင်း...အဲ့ဒါဆိုငါအထုပ်တွေသိမ်းလိုက်ဦးမယ်.."
သူမျက်နှာသစ်ပီးပြန်လာတော့၀တုတ်လေးကရောက်နှင့်နေပီးကျောက်ကုတင်ပေါ်မှာထိုင်ကာErenကျွေးထားပုံရတဲ့အသားဗူးကိုစားနေသည်..
သူ့ကိုမြင်တော့စားနေတာကိုရပ်လိုက်ပီးသူ့နားကိုလုံးလုံးလုံးလုံးနဲ့ပြေးလာသည်..
တကယ်ပါ..သူအခုထိဧကရာဇ်Arbishနဲ့၀တုတ်လေးကိုတစ်ယောက်တည်းပါလ်ို့မယုံနိုင်ဘူး...
ဖြူဖြူဖွေးဖွေးအမွှေးပွလုံးလေးကိုချက်ချင်းပွေ့ပီးချီလိုက်ချင်ပေမယ့်ချိတုံချတုံဖြစ်နေလေတော့
သူ့​ခြေထောက်နားလေးလာပီးအမွှေးလေးနဲ့ဟိုပွတ်ဒီပွတ်လာလုပ်ပြန်သည်
ထို့နောက်မျက်လုံးတောက်တောက်လေးတွေနဲ့သူ့ကိုမော့ကြည့်နေပုံကသူ့ကိုဘာလို့မချီသေးတာလဲလို့ပြောနေသယောင်...
ထားတော့..၀တုတ်လေးဖြစ်နေတုန်းဆို၀တုတ်လေးပဲပေါ့ ဘာတွေတွေးနေဦးမှာလဲ..
သူထိုအမွှေးပွလုံးလေးကိုပွေ့ချီလိုက်တော့ ရင်ဘတ်ထဲကိုအတင်းတိုး၀င်လာသည်..
"ဘယ်သွားနေတာလဲ၀တုတ်လေး.."
"မြှောင်..."
မျက်လုံး၀ိုင်း၀ိုင်းလေးတွေနဲ့မော့ကြည့်လာပီးရင်ခွင်ထဲပြန်တိုး၀င်သွားပြန်သည်..
"အဟား..karen၀တုတ်လေးကတကယ့်အချွဲလေးပဲ..မင်းနားကကိုမခွာဘူး.."
အထုပ်သိမ်းပီးသွားတဲ့Erenကသူတို့ဘေးနားလာပီးပြောလာတော့..
"အင်း..အဲ့တာကြောင့်ငါသူ့အတွက်ကြောင်မလေးတစ်ကောင်ရှာပေးဖို့စဥ်းစားထားတယ်.."
"ဟေး..တကယ်လား..ဟုတ်မှလည်းလုပ်ပါkarenရာ၀တုတ်လေးကဖြင့်မင်းကိုမျက်စိအောက်ကတောင်အပျောက်မခံတဲ့ဟာကို.."
"အင်း..ဘာပဲဖြစ်ဖြစ်သူလည်းသူ့ဘ၀သူလျှောက်ရမှာပဲလေ.."
သူ့ကိုတော့ကြည့်မလာပေမယ့် သူ့ရင်ခွင်ထဲကနေနားရွက်လေးတစ်ထောင်ထောင်လုပ်နေတဲ့Arbishကသူတို့ပြောတာကိုနားထောင်နေမှန်းသူသိသည်..
"အဟား..မင်းကတော့လေ..ဘာပဲဖြစ်ဖြစ်ကြောင်မလေးရသွားရင်တောင်အိမ်တော့ပြန်လာမှာပဲကို မင်းပြောပုံကတစ်သက်လုံးပဲပြန်မလာတော့မယ့်ပုံနဲ့.."
"ဖြစ်နိုင်ပါတယ်...တစ်သက်လုံးပေါ့.."
တစ်သက်လုံးတဲ့လား...Arbishသာကျိန်စာပြယ်သွားရင်သူနဲ့Arbishကဘယ်တော့မှပြန်တွေ့ရတော့မှာမဟုတ်ဖူး..အဟား..ကောင်းပါတယ်..သူမျှော်လင့်တာလည်းအဲ့လိုပဲလေ..ဒါပေမယ့်ဘာလို့များ....ဒီကောင်ကနာလာရတာလဲ..
တစစ်စစ်နာကျင်လာတဲ့ရင်ဘက်ဘယ်ဘက်အခြမ်းကကောင်ကိုလစ်လျူရှူလိုက်ရင်း..
"သွားရအောင်..Eren.."
"အင်း..."
"Erenလာလေ..."
"အင်း လာပီkaren.."
ကျောက်ဂူဘက်ကိုလှည့်ကြည့်လှည့်ကြည့်လုပ်နေတဲ့Erenကြောင့်..
"မင်းGiyanoကိုနှုတ်ဆက်ချင်သေးလို့လား..."
"ဟမ်..အင်း..တကယ်တော့ငါGiyanoကိုသေချာမတောင်းပန်ရသေးဘူး..သူအဆင်ရောပြေရဲ့လားမသိဘူး....အာ..ခဏKaren.."
"ဟမ်..."
ထို့နောက်သူ့ရဲ့အဖြေကိုတောင်မစောင့်ဘဲကျောက်ဂူထဲကိုပြေး၀င်သွားလေသည်...
"သွားရအောင်Karen..."
"မင်းဘာသွားလုပ်တာလဲ..."
"ငါGiyanoအတွက်စာရေးပီးချန်ထားပေးခဲ့တာ.."
"အော်.."
"အင်း..သွားရအောင်Karen ဒီတစ်ခါငါမောင်းမယ်.."
"ရပါတယ်..ငါပဲမောင်း.."
"ကဲ ငါပြောတာနားထောင်စမ်းပါကွာ..အလာတုန်းကမင်းမောင်းခဲ့တာလေ အခုငါမောင်းအလှည့်ဟုတ်ပီလား..သွားသွား..အပြန်နောက်ကျနေမယ်.."
"တကယ်ပါပဲကွာ..."
************************************
"၀တုတ်လေး ဆင်းတော့လေ.."
ကားပေါ်ရောက်တော့သူ့ရင်ခွင်ထဲအတင်းတိုး၀င်နေပီးနောက်ခန်းထဲကိုပို့တာလုံး၀မဆင်းပေ..
"ဟေး..ကားပေါ်ရောက်ပီလို့..နောက်ခန်းထဲမှာသွားထိုင်တော့လေ.."
"နေပါစေကွာ..၀တုတ်လေးကမင်းရင်ခွင်ထဲမှာနေချင်ပုံရတယ်.."
"ဟမ်..အဲ့တာဆိုလည်းငါနောက်မှာပဲသွားထိုင်လိုက်တော့မယ်.."
"ဘာလို့လဲ ဒီမှာပဲထိုင်လေ.."
Erenကlover seatကိုတံခါးဖွင့်ပေးပီးပြောလာတော့သူခေါင်းရမ်းလိုက်ပီး..
"ရှေ့မှာဆိုဒီကောင်လေးထိုင်ရတာအဆင်မပြေမှာစိုးလို့ ငါနောက်ခုံမှာပဲသူနဲ့အတူတူထိုင်ပေးလိုက်တော့မယ်.."
"ဟုတ်ပါပီ..သဘောပါပဲဗျာ.."
"အင်း.."
ထို့နောက်Erenကသူ့ရင်ခွင်ထဲကArbishရဲ့ခေါင်းလေးကိုအသာပွတ်လိုက်ပီး..
"၀တုတ်လေး..မင်းကတော်တော်ကံကောင်းတဲ့ကောင်လေးပဲကွာဟမ်..မင်းသခင်ကမင်းကိုတော်တော်ချစ်တာကွ.."
Erenကတော့ဒီတိုင်းပြောလိုက်ပေမယ့် သူ့မှာတော့မျက်နှာတစ်ခုလုံးပူထူသွားသလိုခံစားလိုက်ရသည်
"စကားတွေများမနေနဲ့တော့ ဒီလိုပုံနဲ့ဆိုFelnonကိုမနက်မှပဲရောက်လိမ့်မယ်..သွားမယ်..မောင်းတော့.."
"အဟား...ဟုတ်ပါပီ.."
ဘယ်သူကဒီစိတ်ပျက်စရာချီးထုပ်ကိုချစ်လို့လဲ..သူလား??အဟား ဘယ်လိုပေါက်ကရစကားလဲ..Erenတော့တောထဲမှာနေရတာကြာသွားလို့ကြောင်သွားပီထင်တယ်..
ထို့နောက်ရင်ခွင်ထဲကနေအခုထိမဆင်းသေးတဲ့Arbishကိုကြည့်လိုက်ရင်း..
"ကဲ..ကိုယ်တော်လေး..ကျွန်တော်မျိုးပေါ်မှာပဲတစ်သက်လုံးနေဖို့စဥ်းစားထားတာလား.."
"မြှောင်.."(မောင်မင်းကငြိုငြင်တာလား..)
ခေါင်းလေးနဲ့ရင်ခွင်ထဲကိုအတင်းပွတ်သပ်နေပီးလက်လေးကလည်းသူ့အင်္ကျီလက်ကိုဆွဲထားလေသည်..
"ထားတော့ မဆင်းချင်လည်းဒီတိုင်းပဲနေတော့.."
"မြှောင်.."(မောင်မင်းကချစ်ဖ်ို့အကောင်းဆုံးပဲ)
သူကောင်လေးရဲ့ရင်ခွင်ထဲတိုး၀င်လိုက်ပီးမနက်ကအကြောင်းကိုပြန်စဥ်းစားလိုက်သည်
Flash back///
နေရောင်စူးစူးကကျောက်ဂူထဲထိ၀င်လာတော့သူလက်နဲ့ကာလိုက်ရင်းထလိုက်သည်..
Karen...သူ့ဘေးနားကကောင်လေးကတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲ..
နဖူးထက်ဟိုတစ်စဒီတစ်စကပ်ငြိနေတဲ့နီညိုရောင်ဆံနွယ်လေးတွေကိုဖယ်ပေးလိုက်တော့ကောင်လေးကခေါင်းလေးစောင်းသွားပီးတစ်ဖက်ကိုလှည့်သွားသည်...
ကိုယ်တော်ကိုယ်တိုင်တောင်ဒီကောင်လေးကိုအဲ့လောက်ထိမြတ်နိုးသွားမိမယ်မှန်းထင်မထားခဲ့မိရိုးအမှန်..
ဒီကောင်လေးနဲ့အချိန်တွေအကြာကြီးအတူတူနေချင်မိတယ်..
တစ်သက်လုံးကောင်ငယ်လေးရဲ့ဘေးနားမှာပဲအဖော်ပြုပီးနေချင်မိတယ်...
ကောင်ငယ်လေးကိုသူ့ရင်ခွင်ထဲမှာထားပီးပွေ့ဖက်အနမ်းပေးချင်မိတယ်..
နောက်ထပ်နှစ်တွေအကြာကြီးထပ်မစောင့်ချင်တော့..
ဘယ်အမျိုးသမီးဆီကမှလည်းအချစ်စစ်ရဲ့အနမ်းကိုမလိုချင်တော့..
ကောင်လေးရဲ့နဖူးထက်ဖွဖွအနမ်းပေးရင်းစုန်းအိုကြီးဆီထွက်ခဲ့လိုက်သည်..
ဘယ်လိုနည်းနဲ့မဆိုစုန်းအိုကြီးကိုကျိန်စာပြယ်အောင်လုပ်ခိုင်းရမည်..ဘယ်လိုနည်းနဲ့မဆို....
*******************************
"သခင်..အဆင်ပြေရဲ့လား.."
"အင်း.."
သခင်ကအင်းတစ်လုံးသာဖြေပီးတစ်နေရာရာက်ိုသွားဖို့ပြင်နေတော့..
"သခင်ဘယ်သွားမလို့လဲဟင်.."
သခင်ကလက်ထဲမှာထည့်ထားတဲ့မနေ့ညကလုပ်ထားတဲ့အ်ိတ်ဆောင်crystalလေးကိုကြည့်လိုက်ပီး.."
"ပစ္စည်းသွားပေးမလို့.."
"အာ...သခင်memoရောလိုက်ခဲ့ရမလားဟင်.."
"ရတယ်..ဒီမှာပဲနေခဲ့.."
"ဟုတ်ကဲ့ပါသခင်..အဲ့ဒါဆိုmemoထင်းသွားရှာလိုက်ဦးမယ်နော်..."
"အင်း..."
လက်ထဲကစိမ်းပြာရောင်နဲ့ပန်းသွေးရောင်ရောယှက်ထားတဲ့crystalလေးကိုကြည့်လိုက်ပီး..
Eren..ဒီကောင်စုတ်လေး သူပေးတာကိုတန်ဖိုးမထားလို့ကတော့သေအောင်ကိုသတ်ပစ်မယ်..
"Giyano.."
သူရှိတဲ့နေရာကိုတစ်လှမ်းချင်းလျှောက်လာနေတဲ့ဧကရာဇ်Arbish..
နက်မှောင်တောက်ပနေတဲ့၀တ်ရုံတော်ကတိုက်ခတ်နေတဲ့လေထဲမှာလူးလွင့်လျက်..
စည်းနှောင်မထားပါသောငွေမှင်ရောင်ဆံနွယ်ရှည်တွေကမျက်နှာထက်ဖြာကျနေပေမယ့် စူးရဲတောက်ပနေတဲ့အနီရောင်ဇာမဏီမျက်၀န်းတွေကိုတော့ဖုံးကွယ်ထားခြင်းငှာတတ်နိုင်စွမ်းမရှိသာ..
အေးစက်စက်အပြုံးတစကိုနီစွေးစွေးနှုတ်ခမ်းထက်ချိတ်ဆွဲလျက်ငွေရောင်တလဲ့လဲ့တောက်နေတဲ့Redinကိုလက်ကကိုင်ဆွဲလျက်သူ့ထံလှမ်းလာတဲ့ဧကရာဇ်Arbish..
ထိုလူ့ကိုမြင်ယုံနဲ့တင်စစ်နတ်ဘုရားတစ်ပါးဆိုတာအတတ်သိနိုင်တာမျိုး..
ဖုံးကွယ်ထားခြင်းမရှိတဲ့အေးစက်စက်လူသတ်အငွေ့အသက်တွေကိုထုတ်လွှင့်လျက်သူ့ထံတစ်လှမ်းချင်းလျှောက်လာသည်..
သူမျက်မှောင်တစ်ချက်ကြုံ့လိုက်ရင်း..
"ဧကရာဇ်Arbish.."
"ကိုယ်တော် နောက်ဆုံးအနေနဲ့မေးမယ်..ကျိန်စာပြယ်ဖို့နောက်ထပ်ဘာနည်းလမ်းရှိသေးလဲ.."
"မရှိဘူး.."
"Giyano!.."
"အဟက်!ကျွန်ုပ်သင့်ကိုပြောပီးသားပဲမိန်းမပျိုလေးတစ်ယောက်ဆီကအချစ်စစ်ရဲ့..."
သူပြောလို့တောင်မပီးသေးသူ့ရဲ့လည်ပင်းပေါ်ရောက်လာတဲ့အေးစက်စက်အထိအတွေ့...
"အဟက်!ဧကရာဇ်Arbish..မိန်းမတစ်ယောက်ဆီကအလွယ်ကူဆုံးအနမ်းကိုတောင်မရနိုင်တဲ့အသင်ကအတော်တော့ရယ်စရာကောင်းသား.."
"Giyano!!.."
အေးစက်ပီးစူးခနဲနာကျင်မှုတစ်မျိုးကလည်ပင်းထံကဖြစ်ပေါ်လာတော့..
ကျစ်!သွေးထွက်ပြန်ပီ...
"ဧကရာဇ်Arbish!ကျွန်ုပ်အသင့်ကိုပြောပီးသား..ကျိန်စာပြယ်ဖို့နည်းလမ်းကတစ်ခုပဲရှိတယ်..အသင်အဲ့ဒီနည်းလမ်းကိုမှမလုပ်နိုင်ရင်
အဟက်!တစ်သက်လုံးကျိန်စာပြယ်ဖို့မစဥ်းစားနဲ့တော့..."
"တစ်သက်လုံး..အဟက်!တစ်သက်လုံးတဲ့လား.."
ဧကရာဇ်Arbishကသူ့လည်ပင်းထံထောက်ထားတဲ့ဓားကိုဖယ်လိုက်ပီး..
"ကောင်းပီလေ...ကိုယ်တော်အဲ့တာဆိုလည်းမောင်မင်းကိုအတင်းမတောင်းဆိုတော့ပါဘူး.."
"အသင်အခုလိုမျိုးသိ..."
ထိုတစ်ခဏအဓိပ္ပာယ်မဖော်နိုင်တဲ့အပြုံးတစ်စကဧကရာဇ်နှုတ်ခမ်းထက်ဖြစ်ပေါ်လာပီးစဥ်းစားချိန်မရလိုက်ခင်မှာပင်သူ့လက်ထဲကCrystalလေးကပါသွားလေပီ..
"ဧကရာဇ်!!ကျွန်ုပ်ကိုပြန်ပေးပါ.."
အိတ်ဆောင်crystalတွေကလုပ်ဖို့လွယ်ကူပေမယ့် ပါ၀င်ပစ္စည်းတွေရဖို့စောင့်ရတဲ့နှစ်တွေကရှည်လွန်းသည်..
နောက်တစ်ခါလုပ်ပီးတဲ့အချိန်မှErenကိုပေးဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့...
ကျစ်!ဘယ်လိုများ သူသတိလက်လွတ်နေမိသွားရတာလဲ...
"အဟား!!မောင်မင်းကိုယ်တော့်ကိုနောက်နေလေရော့လား..ကိုယ်တော်ကဘယ်လိုအကြောင်းကြောင့်မောင်မင်းကိုပြန်ပေးသင့်တာလည်းပြောကြည့်လေ..."
"ဧကရာဇ်Arbish....အဟက်!ထားပါ အသင်လိုချင်လည်းဒီစုန်းအိုကြီးကဆက်သလိုက်ပါ့မယ်.."
"အို..တကယ်လား..ကောင်းပါပီ..ဒါပေမယ့်ကိုယ်တော့်အထင်မောင်မင်းအသံကနည်းနည်းတော့တုန်နေသလားလို့.."
crystalတုံးလေးကိုလက်ညှိုးနဲ့လက်မကြားညှပ်ပီးပြောလာတဲ့ဧကရာဇ်...
မနေ့ကမြွေကိုက်ခံထားရတဲ့အပြင်သူ့ရဲ့စွမ်းအားကလည်းအပြည့်အ၀မရသေးတာမို့ဒီအချိန်မှာသာဧကရာဇ်နဲ့တိုက်လိုက်ရင်အရှုံးဆိုတာအသေချာဆုံးပဲဆိုတာထက်က်ိုပိုနေမှာ..
"မြွေကိုက်ခံရရင်ခေါင်းမူးတတ်တယ်တဲ့ အဲ့တာကြောင့်ကျွန်တော်ခများကိုကျောပိုးသွားမှရမှာ.."
"Giyano..ကျွန်တော်ခများကိုတကယ်စိတ်ပူနေလို့ပါဗျာ..."
ကျစ်!!!သူ့ကိုစိတ်ပူနေတဲ့အကြည့်တွေနဲ့ကောင်လေးရဲ့ပုံရိပ်လေးတွေ..အပြောတွေကမရည်ရွယ်ပါပဲခေါင်းထဲ၀င်ရောက်လာတော့..
"ဧကရာဇ်Arbish..ကျွန်ုပ်က်ုပြန်ပေးပါ.."
"မောင်မင်းပဲပြောတော့ဒါလေးကိုကိုယ်တော့်ဆီပေးလိုက်ပီဆို..အပြောင်းအလဲမြန်လှချည်လားGiyano..."
ထိုရိုက်သတ်ချင်စရာကောင်းတဲ့ဧကရာဇ်ကိုလစ်လျူရှုလိုက်ရင်း..
"အသင်ဘာလိုချင်တာလဲ.."
"အဟက်!အသင်သိပီးသားပါ.."
"ကောင်းပီ..ကျွန်ုပ်သင့်အတွက်နည်းရှာပေးပါ့မယ်..ဒါပေမယ့်မတွေ့ဖူးဆိုရင်တော့ အဟက်! အသင်ကျွန်ုပ်ကိုသတ်ရင်တောင်ကျွန်ုပ်လည်းဘာမှလုပ်နိုင်မှာမဟုတ်ဖူး.."
စုန်းအိုကြီးကသစ်သားအိမ်ထဲ၀င်သွားပီးစာအုပ်တစ်အုပ်ကိုထုတ်လာကာစားပွဲပေါ်တင်လိုက်သည်..
ထို့နောက်ဟိုဒီလှန်လှောနေရင်းမှတစ်နေရာအရောက်စုန်းအိုကြီးရဲ့မျက်နှာကပျက်သွားပီးထိုစာမျက်နှာကိုသာအထပ်ထပ်အခါခါကြည့်နေလေသည်...
"ဒါက..ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..သူသေချာပေါက်.."
ဘေးကနေသူ့ကိုနားမလည်သလိုကြည့်နေတဲ့ဧကရာဇ်arbishကိုကြည့်လိုက်ပီး..
တကယ်ပဲ..သူအမှားလုပ်မိသွားတာလား..မဟုတ်ရင်ဧကရာဇ်ကအနှစ်၅၀၀လုံးကျိန်စာမပြယ်နိုင်စရာအကြောင်းမှမရှိတာ...
"ဘာဖြစ်လို့လဲ.."
သူစာအုပ်ကိုပိတ်လိုက်ပီးဘေးပို့လိုက်ကာချောင်းတစ်ချက်ဟမ့်လိုက်ပီး...
"ဧကရာဇ်Arbish..အသင်သေချာနားထောင်ပါ..ဘာမှစိတ်လိုက်မာန်ပါမလုပ်ပါနဲ့..အရင်ဆုံးကျွန်ုပ်ပြောတာကိုဆုံးအောင်နားထောင်ပါ.."
"သင်ဘာတွေပြောနေတာလဲ..လိုရင်းကိုသေချာပြော.."
"အဟမ်း!ကောင်းပီ..ဧကရာဇ်ကျွန်ုပ်သင့်ကိုမှားယွင်းကျိန်စာတိုက်ခဲ့မိတယ်.."
"ဘယ်လို!မောင်မင်း ကိုယ်တော့်ကိုရှင်းအောင်ပြောစမ်း.."
"ကျွန်ုပ်သင့်ကိုတိုက်ခဲ့မိတဲ့ကျိန်စာအတွက်ဖြေနည်းကတကယ်တော့မိန်းမပျိုလေးဆီကအချစ်စစ်ရဲ့အနမ်းမဟုတ်ဖူး.."
"ဘာ!!Giyano..အသင်ဘယ်လိုအမှားမျိုးလုပ်မိသွားလည်းကိုယ့်ကိုကိုယ်သိပါလေစ...
အနှစ်၅၀၀လုံးလုံးမှားယွင်းနေတဲ့ကျိန်စာဖြေနည်းနဲ့ကိုယ်တော်နေခဲ့ရတယ်ပေါ့!!!ကောင်းတယ်..သိပ်ကိုကောင်းတယ်..Giyano..ကိုယ်တော်အခုပဲအသင့်ကိုသတ်ပစ်မယ်.."
Redinကိုမြှောက်လိုက်ပီးသူ့လည်ပင်းထံဦးတည်လာတော့ သူ့ရဲ့တောင်ဝှေးကိုထုတ်ပီးအမြန်ခုခံလိုက်ရသည်..
"ဧကရာဇ်..ခဏနေပါဦး..ကျွန်ုပ်ပြောတာကိုဆုံးအောင်နားထောင်ပါဦး.."
"မလိုဘူး..ကျွန်ုပ်အသင့်ကိုအခုချက်ချင်းသတ်မယ်!!.."
"ကျိန်စာဖြေနည်းအစစ်ကိုမသိချင်ဘူးလား.."
"ကျိန်စာဖြေနည်းအစစ်?.."
ဘာပဲဖြစ်ဖြစ်ဒီကူလီကူမာစုန်းအိုကြီးကိုသတ်လိုက်လည်းလက်ညစ်ပတ်သွားတာပဲအဖက်တင်မှာမို့
"ကောင်းပီ မောင်မင်းပြော.."
"ကျိန်​စာဖြေနည်းက.."
"ပြော.."
"အချစ်စစ်ရဲ့အနမ်းရမှ.."
"Giyanoကိုယ်တော့်ရဲ့စိတ်ရှည်မှုကိုလာစမ်းသပ်နေရော့လား..ပြောလေအပီးထိ.."
"ကောင်လေးတစ်ယောက်ဆီက.."
"ဟမ်..."
ဒီတစ်ခါတော့ကြောင်အသွားမိတာကိုယ်တော်ကိုယ်တိုင်ပါ..
ကျိန်စာဖြေနည်းအစစ်အမှန်ကကောင်လေးတစ်ယောက်ဆီကအချစ်စစ်ရဲ့အနမ်းတဲ့လား..
ကောင်းတယ်..သိပ်ကိုကောင်းတယ်..ဒါကောင်းကင်ဘုံကသူ့ကိုကူညီလိုက်တာပဲ
"ဧကရာဇ်..ကျွန်ုပ်.."
သူလက်ထဲကcrystalတုံးလေးကိုGiyanoထံပစ်ပေးလိုက်ရင်း..
"ဒီတစ်ခါတော့မောင်မင်းကိုခွင့်လွှတ်လိုက်မယ်..နောက်တစ်ခါဆိုရင်တော့မောင်မင်းရဲ့ခေါင်းကလည်ပင်းပေါ်မှာရှိနေဦးမယ်လို့မောင်မင်းမထင်နဲ့.."
"ဟမ်.."
ပြောချင်ရာပြောပီးထွက်သွားတဲ့ဧကရာဇ်ကြောင့်သူ​စွံ့အသွားမိတာတော့အမှန်..
ဧကရာဇ်ကသူ့ကိုဘာမှလုပ်မသွားဘူးတဲ့လေ..ပီးတော့သူမြင်တာမမှားဘူးဆိုရင်ဧကရာဇ်ကပြုံးတောင်ပြုံးလိုက်သလားလို့..
ထားတော့..ဘာပဲဖြစ်ဖြစ်နောက်တစ်ခါဒီလိုအမှားမျိုးမလုပ်မိအောင်ဆင်ခြင်ရမယ်..
******************************
ကျိန်စာဖြေနည်းအစစ်အမှန်ကကောင်လေးတစ်ယောက်ဆီကအချစ်စစ်ရဲ့အနမ်းတဲ့လေ...
ဘယ်လိုတောင်ကံတရားကကိုယ်တော့်ကိုမျက်နှာသာပေးတာလဲ..
ဒီလိုသာဆိုကိုယ်တော်Karenနဲ့အတူတူတစ်သက်လုံးနေလို့ရသွားပီ..
ပီးတော့ကိုယ်တော်မြတ်နိုးရတဲ့ကောင်လေးကိုလည်းကိုယ်တော့်ကိုပြန်ပီးချစ်မြတ်နိုးလာဖို့ကြိုးစားရမည်...
ဒါပေမယ့်ထိုကောင်လေးကကိုယ်တော့်ကိုတွေ့တော့မိန်းမပေးစားဖို့လုပ်နေတယ်တဲ့လေ..
ဘယ်လိုတောင်ယုတ္တိမရှိလိုက်လေလဲ..
ကိုယ်တော်ကဘယ်မိန်းမပျိုဆီမှသွားမှာမဟုတ်သလိုKarenကလွဲတခြားဘယ်သူ့ဆီကမှအနမ်းကိုယူမှာမဟုတ်ဖူးဆိုတာထိုကောင်လေးတစ်နေ့တော့သိလာမှာပါ..
အရင်ဆုံးတော့ကိုယ်တော့်ကိုဒီ​ကောင်လေးပိုပီးသဘောကျလာစေဖို့သူ့နားမှာပဲတစ်ချိန်လုံးကပ်နေဖို့ရည်ရွယ်ထားတယ်..
Flash Back End//











Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤Where stories live. Discover now