Ep~4 Zawgyi

182 9 0
                                    

ဉီးထုပ်ကိုခပ်ငိုက်ငိုက်စောင်းရင်းဆေးဆိုင်ကနေလိုအပ်တဲ့ဆေးတချို့ဝယ်ပီးလမ်းကြားလေးထဲဝင်ခဲ့လိုက်သည်...
ဝယ်လာတဲ့ဆေးတွေကိုအိပ်ယာပေါ်ပစ်တင်လိုက်ကာ ဉီးထုပ်ကိုဆွဲချွတ်လိုက်တော့မျက်နှာတစ်ခုလုံးဖူးယောင်ပီးနှုတ်ခမ်းထောင့်တွေလည်းကွဲနေကာ ခြုံပြောရရင် တော်တော်လေးကိုကြည့်ရဆိုးနေသည်..
ထိုလူကအင်္ကျီကိုဆွဲချွတ်လိုက်တော့ ရင်ဘတ်ကိုကန့်လန့်ဖြတ်ထားတဲ့အစင်းကြောင်းကြီးပေါ်လာသည်..ကြီးမားချွန်ထက်တဲ့အရာတစ်ခုခုနဲ့အခုတ်ခံထားရပုံပင်..
"တောက်!Karen.."
ထိုလူဟာargusပင်...
တစ်ပတ်တိတိရှိသွားပီ..သူဒီနေရာကျဉ်းကျဉ်းလေးမှာပုန်းနေခဲ့ရတာ...
အဲဒီနေ့ညက...
Karenကိုတုတ်နဲ့တစ်ချက်ရိုက်လိုက်ပီးနောက်တစ်ချက်ထပ်ရိုက်မလို့ပြင်လိုက်တဲ့အချိန်မှာKarenရှေ့မှာပေါ်လာတဲ့လူတစ်ယောက်..ဘာဖြစ်သွားလဲမသိလိုက်ခင်မှာပင်..သူခေါ်လာတဲ့လူတွေအကုန်လုံးသွေးအိုင်ထဲမှာလဲနေလေပီ..
ထိုလူ...ကြောက်မက်ဖွယ်အေးစက်စက်အငွေ့အသက်တွေနဲ့လူ..နီရဲနေတဲ့မျက်လုံးအစုံကသားရဲတစ်ကောင်အလား..သွေးတစ်စက်စက်ကျနေတဲ့ဓားကိုကိုင်ဆွဲထားပီးသူ့ဘက်ကိုလှည့်လာသည်..
ထိုလူရဲ့မျက်နှာထက်ကခပ်မဲ့မဲ့အပြုံးဟာကြောက်စရာကောင်းလောက်အောင်အေးစက်နေပီးငရဲမှတက်လာတဲ့မကောင်းဆိုးဝါးတစ်ကောင်အလား..
ရှောင်ရှားချိန်မရလိုက်ခင်မှာပင်သူ့ရဲ့ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်သွားအောင်ဓားနဲ့အခုတ်ခံလိုက်ရသည်..
သူသေပီလို့ထင်ထားခဲ့ပေမယ့် ခဲလုံးကိုတက်နင်းမိပီးချော်သွားတာကြောင့်ဓားချက်ကသေစေနိုင်လောက်တဲ့နေရာတွေကိုမထိသွားခဲ့ဘူး...
ထိုလူကသူ့နားကိုတစ်လမ်းချင်းလျှောက်လာပီး မရဏအငွေ့အသက်တွေယှက်သိုင်းနေတဲ့ထိုသွေးဆာနေတဲ့ဓားကိုထပ်မံမြှောက်လိုက်ပီး...
"သွားပီ..ဒီတစ်ခါတော့သူတကယ်သွားပီ.."
ကြောက်လန့်တကြားမျက်လုံးကိုမှိတ်ထားခဲ့ပေမယ့် သေခြင်းတရားရဲ့အငွေ့အသက်တွေကရုတ်ခြည်းပျောက်ကွယ်သွားတာကြောင့်သူမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့..သူ့အရှေ့မှာဘယ်သူမှမရှိတော့..
လဲနေတဲ့Karenရဲ့နားမှာစွတ်စွတ်ဖြူနေတဲ့ကြောင်ဝတုတ်တစ်ကောင်သာရှိတော့သည်...
"Karen..ငါ..ငါမင်းကို..အသေသတ်ပစ်မယ်.."
အောက်မှာကျနေတဲ့တုတ်ကိုကောက်ကိုင်လိုက်ပီးယိုင်နဲ့နဲ့နဲ့Karenဆီလျှောက်သွားလိုက်သည်...
"မြှောင်.."
Karenရဲ့ရှေ့မှာရပ်နေတဲ့ထိုကြောင်..
သူ့ကိုစူးစူးရဲရဲစိုက်ကြည့်လာတဲ့အကြည့်တွေကသူ့စိတ်ထင်လားပဲမသိပေမယ်စောနကမကောင်းဆိုးဝါးရဲ့အကြည့်တွေအတိုင်းပဲကြောက်စရာကောင်းလောက်အောင်အေးစက်နေသည်..
ရှေ့ဆက်သွားမယ့်သူ့ရဲ့ခြေလှမ်းတွေကတစ်လှမ်းတောင်မလှမ်းနိုင်အောင်တုန်လှုပ်နေခဲ့သည်
ကြောင်တစ်ကောင်ရဲ့အင်အားကအဲ့လောက်တောင်ပဲကြီးလားသူမစဉ်းစားတတ်တော့...
"Karen..."
Karenနာမည်ခေါ်ပီး​သူတို့ဘက်ကိုပြေးလာနေတဲ့Erenကြောင့်သူတုတ်ကိုပစ်ချပီးအမြန်ပြေးထွက်လာခဲ့သည်...
သူထွက်မလာနိုင်ခင်မှာကြားလိုက်ရတဲ့အသံ..
"မြှောင်.."(ကိုယ်တော်မင်းကိုလာရှာမယ်)
ထိုအသံရဲ့အဓိပ္ပာယ်ကဘာလည်းမသိပေမယ့် ထူးထူးဆန်းဆန်းသူ့ကိုအလွတ်မပေးဘူးလို့ပြောနေသယောင်...
အဲ့ဒီနေ့ကတည်းကသူဒီနေရာမှာလာပုန်းနေခဲ့သည်..အိမ်ကိုလည်းမပြန်ရဲတော့..သူ့ကြောင့်အိမ်ကလူတွေပါတစ်ခုခုဖြစ်သွားမှာကြောက်နေရသည်..
ကြောင်တစ်ကောင်ကိုတောင်အဲ့လောက်ထိကြောက်နေမိတဲ့သူ့ကိုယ်သူလည်းနားမလည်နိုင်တော့...
ကြောင်ဖြူတစ်ကောင်နဲ့ကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးကောင်..ပီးတော့Karen..
Argusရဲ့မျက်နှာထက်မှာခပ်မဲ့မဲ့အပြုံးတစ်ခုပေါ်လာပီး..
"အဟက်!တစ်နေ့မင်းတို့သုံးကောင်ရဲ့ပတ်သတ်မှုကိုလူတွေရှေ့မှာငါရအောင်ဖော်ထုတ်ပြမယ်..
မင်းတို့ရဲ့အဆုံးသတ်ကိုငါ​ပျော်ပျော်ကြီးစောင့်ကြည့်နေမှာ..Karen.."
*************************************
တစ်ပတ်တိတိသူဆေးရုံတက်ပီးတဲ့နောက်မှာဒီနေ့ဆေးရုံဆင်းဖို့Erenကလာခေါ်သည်...
Daddyကတော့သူဆေးရုံတက်နေတာမသိလို့ပဲလားတော့မသိပေမယ့် တစ်ချက်တောင်လာမကြည့်..
"Karen..လာသွားရအောင်"
သူ့လက်မောင်းကိုလာကိုင်တဲ့Erenလက်ထဲကနေသူရုန်းထွက်လိုက်ပီး..
"ရတယ်Eren..ငါကိုယ့်ဟာကိုယ်လျှောက်လို့ရတယ်.."
Erenကကြောင်နေပီးမှသူ့ကိုပြုံးပြလာကာ..
"အာ..sry Karen ငါကမင်းအဆင်မပြေမှာစိုးလို့.."
"အင်း..မင်းလည်းဒီရက်တွေအတွင်းငါ့ကြောင့်အလုပ်ရှုပ်သွားရပီ.."
"ရပါတယ်..ငါကမင်းနဲ့အတူရှိနေရင်အဆင်ပြေတယ်.."
"အင်း ကျေးဇူး.."
ထို့နောက်ဆိုဖာပေါ်မှာအိပ်နေတဲ့ဝတုတ်လေးကိုလှမ်းချီလိုက်ကာ..
"၀တုတ်လေး အိမ်ပြန်ကြမယ်.."
"မြှောင်.."
ဝတုတ်လေးကသူ့လက်ပေါ်မှာပွေ့ထားရင်းပြန်ပီးအိပ်ပျော်သွားလေသည်..
ဒီကောင်လေး..အဲ့ဒီနေ့တုန်းကသူနဲ့အတူရှိနေတာဆိုတော့အဲ့ဒီအဖြစ်အပျက်တွေကြောင့်လန့်သွားတဲ့ပုံပင်..
အဲ့ဒီနေ့ကတည်းကတနုံးနုံးတခွေခွေ..အပြန်တော့သူ့ကိုပါဆေးခန်းဝင်ပြရမယ်...
***********************************
"Karen..ငါမင်းအိမ်ကိုphဆက်ပီးအကြောင်းကြားထားသေးတယ်..ဒါပေမယ့်.."
ထို့နောက်နောက်ကြည့်မှန်ကနေသူ့ကိုအားနာသလိုတစ်ချက်ကြည့်လာပီး..
"Uncleကအလုပ်ရှုပ်နေလို့ထင်တယ်..အဟား..ငါ့daddyဆိုလည်းအဲ့အတိုင်းပါပဲကွာ..မင်းစိတ်မကောင်းမဖြစ်နဲ့နော်.."
"အဟက်!အေးဆေးပါ.."
အေးဆေးပါဆိုပေမယ့်ကောင်လေးရဲ့မျက်လုံးလေးထဲက၀မ်းနည်းခြင်းအငွေ့အသက်တချို့ကိုသူတွေ့နေရသည်..
"Karen...မင်းနဲ့မင်းdaddy..."
"Eren မင်းအသိထဲမှာတိရစ္ဆာန်ဆေးကုတဲ့ဆရာဝန်ရှိလား.."
သူ့စကားကိုဖြတ်ပြောလာတဲ့Karen..ကြည့်ရတာသူတို့သားအဖအဆင်မပြေသေးဘူးထင်ပါရဲ့..
"ဟမ်..အင်း..မင်းဝတုတ်လေးကိုဆေးခန်းပြချင်လို့လား.."
"အင်း.."
Karenကသူ့ရင်ခွင်ထဲမှာအိပ်နေတဲ့ဝတုတ်လေးရဲ့အမွှေးပွလေးကိုအသာဖွလိုက်ကာ..
"၀တုတ်လေးနေမကောင်းဘူးထင်တယ်.."
"မင်းလည်းသိပ်နေမကောင်းသေးဘူး ဒီလိုလုပ်..မင်းအိမ်မှာအရင်ဆုံးနားလိုက်လေ
မနက်ဖြန် ငါဝတုတ်လေးကိုဆေးခန်းပြဖို့လာခေါ်လိုက်မယ်.."
"ရတယ်..၀တုတ်လေးကလူစိမ်းတွေနဲ့ဆိုနေမှာမဟုတ်ဖူး..ငါကိုယ့်ဟာကိုယ်သွားလိုက်မယ် လိပ်စာပို့ထားလိုက်.."
"မဖြစ်ပါဘူး...ငါမနက်ဖြန်လာခေါ်မယ်..မင်းပါလိုက်ချင်တယ်ဆိုရင်လည်းလိုက်ခဲ့ပေါ့.."
"အင်း..အဲ့ဒါဆိုရင်တော့ငါမင်းကိုပဲဒုက္ခပေးရတော့မယ်.."
"ရပါတယ်.."
သူကောင်လေးရဲ့မျက်နှာလေးကိုနောက်ကြည့်မှန်ကနေတမေ့တမောကြည့်နေပီးမှ..
"မင်းအတွက်ဆို..ဘာပဲဖြစ်နေနေငါလုပ်ပေးမှာပါ.."
ရင်ခွင်ထဲကကြောင်လေးကိုသာအာရုံစိုက်နေတဲ့ကောင်လေးကတော့သူ့ရဲ့ရေရွတ်သံတိုးတိုးကိုကြားလိုက်ဟန်မတူ...
*****************************
သူအိမ်ပြန်ရောက်တော့daddyကအိမ်မှာရှိမနေ အိမ်တော်ထိန်းအန်တီကြီးကသာပြေးလာပီးသူတို့ကိုလာကြိုသည်..
"သခင်လေး..အဆင်ပြေရဲ့လား.."
"အင်း.."
"သခင်ကြီးက..သခင်ကြီးကစီးပွားရေးကိစ္စနဲ့တခြားနိုင်ငံရောက်နေတာမို့ သခင်လေးကိုလာမကြည့်နိုင်တာပါသခင်လေးစိတ်မဆိုးပါနဲ့.."
"မတွေ့ရတာတစ်ပတ်ပဲရှိသေးတာပါ ခများကအပိုတွေတောင်ပြောတတ်လာပီ.."
"သ..သခင်လေး ကျွန်မ.."
"ထားတော့..ခဏနေ နွားနို့တစ်ခွက်အခန်းထဲလာပို့.."
"ဟုတ်ကဲ့ပါသခင်လေး.."
***************************
သူဝတုတ်လေးကိုအိပ်ယာပေါ်တင်ထားတော့လည်းခဏလောက်သာမျက်လုံးလေးပွင့်လာပီးပြန်အိပ်သွားတော့သည်...
သူလည်းနုံးနေသလိုလိုဖြစ်နေတာကြောင့် ရေအရင်ဆုံးချိုးလိုက်သည်..
ဒေါက်!ဒေါက်!သခင်လေး နွားနို့ရပါပီ...
Karenကရေချိုးနေတာကြောင့်ရှေ့ကတံခါးခေါက်သံကိုကြားဟန်မတူ...
သူမျက်လုံးကိုမနည်းဖွင့်လိုက်ကာနုံးချိနေတဲ့ခန္ဓာကိုယ်ကိုသယ်ပီးအိပ်ယာပေါ်ကနေဆင်းလိုက်သည်...
တံခါးကချက်မချထားဘူးပဲ..
ဒါပေမယ့်သူက​လူမဟုတ်လေတော့တံခါးကိုဖွင့်ဖို့ရာကခက်လွန်းသည်..
"သခင်လေး..သခင်လေး.."
သူတံခါးအပေါက်ဝနားလေးသွားပီး..
"မြှောင်.."
"၀တုတ်လေးလား..အန်တီဝင်ခဲ့မယ်နော်.."
"မြှောင်.."
အခန်းထဲကိုကြည့်လိုက်တော့သခင်လေးကိုမတွေ့ရ..
သူမနို့ခွက်ကိုသခင်လေးရဲ့စားပွဲပေါ်တင်ပီးထွက်ခဲ့လိုက်သည်..
"ပင်ပန်းလိုက်တာ..ကိုယ်တော့်တစ်ကိုယ်လုံးနုံးနေသလိုပဲ..အရင်တုန်းကအဲ့လိုတစ်ခါမှမဖြစ်ဖူးဘူး..ကိုယ်တော်​ကျိန်စာအတိုက်ခံရပီး နှစ်ပေါင်း၅၀၀အတွင်းမှာလူအဖြစ်ပြန်ပြောင်းလို့ရတဲ့နည်းအချို့ကိုသိခဲ့တယ်..
ဒါပေမယ့် အချိန်ကတော်တော်နည်းလွန်းတယ်..နာရီဝက်လောက်ပဲ..
ဒီတစ်ခါကိုယ်တော်လူအဖြစ်ပြောင်းပီးတဲ့နောက်မှာ..ခန္ဓာကိုယ်ကခွန်အားတချို့ကိုသုံးလိုက်ရလို့ထင်တယ်တော်တော်ပင်ပန်းသွားတယ်..."
အဲ့ဒီနေ့တုန်းက..ကိုယ်တော့်စိတ်ထဲမှာတစ်ခါမှမခံစားဖူးတဲ့အကြောက်တရားကိုခံစားလိုက်ရတယ်...ကိုယ်တော်..ကိုယ်တော်Karenကိုဆုံးရှုံးရမှာကြောက်တယ်..ဘာလို့လဲတော့မသိဘူး..
ဘာပဲဖြစ်ဖြစ်ကိုယ်တော်စုန်းအိုကြီးကိုရှာဖို့အတွက်karenရဲ့အကူအညီလိုတယ်..
ဒီကူလီကူမာလုပ်တဲ့ဘိုးတော်ကြီးဘယ်မှာပုန်းနေတာလဲ..
ကိုယ်တော့်ကိုပြောတော့ နွေးထွေးကြင်နာတတ်တဲ့မိန်းမပျိုလေးဆီကအကြင်နာအနမ်းကိုရရင်ကိုယ်တော့်ရဲ့ကျိန်စာပြယ်ပီတဲ့..
အခုတော့..နှစ်ပေါင်း၅၀၀သာကြာသွားတယ်..ကိုယ်တော့်ရဲ့ကျိန်စာကမပြယ်သေးဘူး..."
သူရေချိုးပီးထွက်လာတော့ဝတုတ်လေးကအိပ်ယာပေါ်မှာမရှိတော့..
ပီးမှစားပွဲပေါ်မှာငုတ်တုတ်လေးထိုင်ပီးနွားနို့သောက်နေတဲ့ဝတုတ်လေးကိုတွေ့လိုက်ရသည်..
ကြည့်ရတာသက်သာသွားပီထင်ပါရဲ့..
နွားနို့သောက်လိုက် ရပ်ပီးတမြှောင်မြှောင်လုပ်လိုက်နဲ့.ဒီကောင်လေးဘာတွေပွစိပွစိပြောနေပါလိမ့်..
သူပြုံးလိုက်ပီး..၀တုတ်လေးကိုနောက်ကနေပွေ့လိုက်ကာ..
"၀တုတ်လေးသက်သာသွားပီလား..."
"​............."
"မြှောင်.."(မောင်မင်း..)
ကိုယ်တော့်ကိုနောက်ကနေလာဖက်တဲ့ခန္ဓာကိုယ်နွေးနွေး..ဒါပေမယ့်နည်းနည်းတော့စိုစွတ်နေသလိုပင်..
ခေါင်းကိုအသာလှည့်ကြည့်လိုက်တော့ဗလာကျင်းနေတဲ့နို့နှစ်ရောင်ခန္ဓာကိုယ်အပေါ်ပိုင်း..
အပြစ်အနာအဆာမရှိကျောက်စိမ်းလိုကြည်လင်နေတဲ့အသားအရည်လေးပေါ်မှာရေစက်တချို့ကတွဲလဲခိုနေသည်..
ပီးတော့အကြည့်ကအပေါ်ရောက်သွားတော့ မြင်လိုက်ရတဲ့ပန်းသွေးရောင်ပွင့်ချပ်နှစ်လွှာ..
"မြှောင်.."(မောင်မင်း!!!!)
သူ့ရင်ဘက်ကိုလက်လေးတွေနဲ့အတင်းတွန်းနေတဲ့ဝတုတ်လေး..
"ဟေး..နေကောင်းသွားတော့ဆိုးနေပြန်ပီပေါ့လေ.."
သူဝတုတ်လေးရဲ့အမွှေးလေးကိုတစ်ချက်ဖွခဲ့လိုက်ပီး အ၀တ်လဲဖို့ပြင်လိုက်သည်..
"မြှောင်..."(ကိုယ်တော်..ကိုယ်တော် ထိမိသွားတယ်..အဟမ်း..နူးနူးညံ့ညံ့လေး)
သူ့ရဲ့လက်ဝတုတ်လေးတွေကိုကြည့်ကာတမြှောင်မြှောင်လုပ်နေတဲ့ဝတုတ်လေးကိုသူအ၀တ်လဲနေရာကနေကြည့်လိုက်ပီးပြုံးလိုက်ကာခေါင်းအသာယမ်းလိုက်သည်...
****************************
ဒီနေ့Erenက၀တုတ်လေးကိုဆေးခန်းပြဖို့လာခေါ်မှာမို့သူရေချိုးပီးအ၀တ်အစားလဲလိုက်သည်..
ဝတုတ်လေးကတော့နို့နဲ့ဝက်ပေါင်ခြောက်ကိုလှုပ်စိလှုပ်စိနဲ့စားနေသည်..
ထို့နောက်သူ့ဘက်ကိုကြည့်လာပီးတမြှောင်မြှောင်လုပ်နေသည်..
တက်ကြွနေပုံထောက်တော့သက်သာသွားပီထင်ပါရဲ့..
ဒါပေမယ့်ဆေးခန်းတော့သွားပြမြှဖစ်မယ်...
တီ📲
[Hello Eren..]
[Karen...ငါမင်းအိမ်ရှေ့ရောက်နေပီ]
သူမှန်ပြတင်းပေါက်ကလိုက်ကာစကိုဖယ်ပီးကြည့်လိုက်တော့ ခြံတံခါးရှေ့မှာရပ်နေတဲ့သူ့ကားနဲ့တစ်ပုံစံတည်းတူတဲ့အပြာရောင်ပြိုင်ကားလေး..
[Ok..Eren ငါဆင်းလာပီ..]
[Karen..ကားမယူခဲ့နဲ့ မင်းကနေကောင်းသေးတာမဟုတ်ဖူး..]
[ok ]📲
Erenနဲ့Phပြောပီးတော့တလှုပ်လှုပ်နဲ့နို့သောက်နေတဲ့ဝတုတ်လေးနားသွားလိုက်ကာ..
"ကဲဝတုတ်လေး..စားလို့သောက်လို့ပီးပီလား.."
ဝတုတ်လေးကသူ့ဘက်ကိုခေါင်းလေးစောင်းပီးလှည့်ကြည့်လာကာ..
"မြှောင်.."(မောင်မင်းဘယ်သွားမလို့လဲ..ကိုယ်တော်လည်းလိုက်မယ်)
နို့ခွက်ကိုလှည့်မကြည့်တော့ပဲသူ့ရင်ခွင်ထဲခုန်ဝင်လာတဲ့ဝတုတ်လေး..
"ဟေး..ဖြည်းဖြည်းလုပ်ပါကွာ..မင်းကိုယ်လုံးကြီးကအလေးကြီးပဲ.."
ဝတုတ်လေးရဲ့အမွှေးနုနုလေးတွေကိုတစ်ချက်ဖွလိုက်ကာ..
"ကဲ သွားကြစို့.."
***********************
Erenကကားတစ်ကားကိုဖွင့်ပေးလာကာသူ့ကိုlover seatမှာဝင်ထိုင်စေသည်..
သူလည်းအထွေအထူးစဉ်းစားမနေတော့ပဲ Erenကိုခေါင်းငြိတ်ပြပီးကားထဲဝင်ထိုင်လိုက်သည်..
ဝတုတ်လေးကိုတော့လွတ်လွတ်လပ်လပ်ထိုင်လို့ရအောင်နောက်ခုံမှာထားလိုက်သည်...
Erenကသူ့ကိုပြုံးပြလာပီး..
"Karen အဆင်သင့်ဖြစ်ရင်သွားတော့မယ်နော်.."
"အင်း..ကျေးဇူးEren.."
Erenကbluetoothကိုဖွင့်ပီးကားကိုစတင်မောင်းလိုက်သည်
ကားထဲမှာပျံ့လွင့်လာတဲ့သီချင်းလေးက...
🎶I'd spend 10000hours and 10000 more...
Oh,If that's what it takes to learn that sweet heart of yours..
And I might never get there,but I'm gonna try
If it's 10000 hours or the rest of my life..
I'm gonna love u..🎶
"Eren မင်းရော10000hoursကိုကြိုက်တာလား.."
"ဟမ်..အင်း.."
Erenကကားမောင်းရင်းကသူ့ကိုပြုံးပြလာပီးဖြေလာသည်..
"ငါရောပဲ..မထင်ထားဘူးမင်းနဲ့ငါကအကြိုက်တူနေမယ်လို့.."
"အင်း..ဟုတ်တယ်နော် Karen.."
သူသိတာပေါ့ Karen ဒီသီချင်းကိုကြိုက်မှန်း အဲ့တာကြောင့်လည်းတမင်ဒီသီချင်းကိုသူဖွင့်လိုက်တာ...
Karenကအရင်ထက်စာရင်သူ့ကိုအေးစက်စက်မဆက်ဆံတော့တာမို့သူနည်းနည်းအရဲကိုးလိုက်ပီး..
"Karen.."
"ပြော Eren.."
"အရင်တုန်းကမင်းငါ့ကိုဘာလို့..မုန်းနေတာလဲ.."
သူကားမောင်းရင်းကနေလည်းထိုကောင်လေးကိုတိတ်တိတ်လေးအကဲခတ်လိုက်သည်..
ကောင်လေးကနည်းနည်းလေးတောင်မျက်နှာပြောင်းမသွားပဲ..
"Eren..ကိုယ့်ကောင်မလေးကိုဖြတ်လုသွားတဲ့လူတစ်ယောက်ကိုငါမမုန်းသင့်ဘူးလား..မင်းပြောကြည့်လေ.."
"မဟုတ်ဖူး..Karen..အဲ့လိုလုံးဝမဟုတ်ဖူး..မင်းငါ့ကိုအဲ့ဒါကြောင့်မုန်းနေတာလား.."
"မင်းကစာမှာဆိုလည်းငါ့ကိုသိပ်ပြိုင်ချင်တာမလားEren..ထားပါ ငါမပြောချင်တော့ဘူး.. "
"Karen...တကယ်တော့..ငါမင်းနဲ့ပြိုင်ဘက်ဖြစ်ချင်ခဲ့တာမဟုတ်ပါဘူး..ငါ..ငါမင်းနဲ့နည်းနည်းလောက်ဖြစ်ဖြစ်ပိုပီးနီးစပ်ချင်ခဲ့ရုံပါ.."









Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤Where stories live. Discover now