"၀တုတ်လေး ဘယ်လိုလဲအရသာရှိ.."
"ခများဘယ်သူလဲ..."
သူ့ရဲ့အိပ်ယာထက်မှာထိုင်နေတဲ့လူတစ်ယောက် ငွေမှင်ရောင်ဆံနွယ်ရှည်တွေကလေထဲမှာလူးလွင့်နေသည်..
မျက်နှာကတစ်ဖက်ကိုလှည့်ထားတာကြောင့်ဘယ်သူလဲဆိုတာတော့မသိရ...
ဒါပေမယ့် ထိုလူ၀တ်ထားတဲ့အ၀တ်အစားတွေအရ ထိုနေ့တုန်းကသူ့အခန်းထဲခိုး၀င်ပီးရေချိုးသွားတဲ့သူဆိုတာသူသိသည်..
သူသုတ်လတ်စတဘတ်ကိုမှန်တင်ခုံပေါ်ပစ်တင်လိုက်ပီးမျက်လုံးဝှေ့ကာအခန်းအခြေအနေကိုတစ်ချက်ကြည့်လိုက်သည်..
တံခါးတွေဟာလည်းပိတ်ထားဆဲ..မှန်ပြတင်းပေါက်တစ်ခုသာပွင့်နေသည်..
ထိုလူတကယ်ပဲပြတင်းပေါက်ဘက်ကနေတက်လာတာလား..
သူမျက်မှောင်ကြုံ့လိုက်ပီး..၀တုတ်လေးရောဘယ်ရောက်သွားတာလဲ..
"ခများဘယ်သူလဲ.."
"Karen..."
သြရှရှအသံထဲမှာနူးညံ့နွေးထွေးခြင်းတွေကိန်းအောင်းနေသလိုမျိုး ထိုအသံကသူ့ရဲ့နှလုံးသားထဲထိ၀င်ရောက်လာသည်..
နက်မှောင်ထူထဲတဲ့မျက်ခုံးထင်းထင်း..စူးရဲတောက်ပတဲ့မျက်၀န်းတစ်စုံကအေးစက်နေပေမယ့်နူးညံ့မှုတချို့ပါ၀င်နေသည်..
ဖြောင့်စင်းနေတဲ့နှာတံစင်းစင်း..အထက်ကိုအနည်းငယ်ကော့ညွတ်နေတဲ့နီစွေးစွေးနှုတ်ခမ်း
ခိုင်မာပြတ်သားတဲ့မေးရိုးထင်းထင်းကအရှိန်အ၀ါတစ်မျိုးကိုပေးစွမ်းနေသည်..
"Karen.."
"ခများဘယ်သူလဲ.."
သူ့ကိုစူးစူးရဲရဲစိုက်ကြည့်နေတဲ့ကောင်လေး..အခါတိုင်းလိုနူးညံ့ကြင်နာတတ်တဲ့အငွေ့အသက်တွေတစွန်းတစတောင်မပါ၀င်ပဲအေးစက်လွန်းလှသည်..
သူထိုကောင်လေးထံလျှောက်သွားလိုက်တော့ နောက်ကိုဆုတ်သွားပီးသူ့ကိုအေးစက်စက်စိုက်ကြည့်နေသည်
"ကျွန်တော်မေးတာဖြေ..ခများဘယ်သူလဲ.."
ထိုသူကရပ်တန့်မသွားပါပဲအပြုံးတစ်စကိုချိတ်ဆွဲကာသူ့ထံကိုလျှောက်လှမ်းလာသည်..
နီစွေးစွေးနှုတ်ခမ်းကအထက်ကိုကော့ညွတ်သွားပီး..
"Karen..ကိုယ်တော့်ကိုမမှတ်မိဘူးလား.."
"ကျွန်တော်ခများကိုမသိ.."
သူ့ရဲ့ဦးနှောက်ထဲမှာ၀င်ရောက်လာတဲ့ပုံရိပ်တွေ..
လပြည့်ညရဲ့အလင်းရောင်အောက်မှာရပ်နေတဲ့လူတစ်ယောက် ငွေမှင်ရောင်ဆံနွယ်ရှည်တွေဟာတိုက်ခတ်နေတဲ့လေထဲမှာလူးလွင့်နေပီး..
သွေးတစ်စက်စက်ကျနေတဲ့ဓားကိုကိုင်ဆောင်ထားသည်..
"ခများက..အဲ့နေ့တုန်းကလူပဲ.."
"အဲ့တော့ ခများကဘာလိုချင်တာလဲ.."
ထိုလူကပြုံးလိုက်ပီး
"ကိုယ်တော်က Karenကိုလိုချင်တာ.."
"အဟက်!ခများကျွန်တော့်ကိုအမှန်အတိုင်း..."
သူပြောလို့တောင်မပီးသေး ထိုလူကသူ့ထံရောက်လာပီးထိုလူ့ရဲ့ကြီးမားတဲ့လက်တွေကသူ့ရဲ့ခါးတစ်၀ိုက်ရစ်ပတ်လာကာသူ့ရဲ့ရင်ခွင်ထဲဆွဲသွင်းလိုက်တော့သည်...
"ခများ!!"
"Karen...ကိုယ်တော် မောင်မင်းကိုအခုလိုမျိုးဘယ်လောက်တောင်ဖက်ထားချင်ခဲ့လဲသိလား.."
"ကိုယ်တော်..."
သူ့ကိုအတင်းအကြပ်ဖက်ထားပါသောထိုလူစိမ်းကိုသူတွန်းလွှတ်လိုက်ပီး..
"ဒီမှာ..ခများဘာလိုချင်တာလဲ ကျွန်တော့်ကိုအမှန်အတိုင်းပြောပါ..အဟက်!ခများကျွန်တော့်ကိုကယ်ခဲ့တယ်ဆိုတာလည်းအကျိုးအမြတ်လိုချင်လို့ပဲမလား.."
"ကိုယ်တော်..Karenကိုပဲလိုချင်တယ်.."
"ခများကကျွန်တော့်ရဲ့စိတ်ရှည်မှုတွေကိုလာပီးစမ်းသပ်နေတာပဲ.."
ထိုလူကအနည်းငယ်ကြက်သီးထစရာကောင်းအောင်ပြုံးလိုက်ကာသူ့နားပိုတိုးကပ်လာပီး..
"Karen...မောင်မင်းပဲပြောတယ်လေ ကိုယ်တော့်ရဲ့မွေးနေ့မှာကြိုက်တာတောင်းလို့ရတယ်ဆို.."
"ခများဘာတွေပြောနေတာလဲ.."
"ကိုယ်တော် မောင်မင်းကိုလိုချင်တယ်.."
ထို့နောက်သူ့ရဲ့မျက်နှာနားဖြည်းညှင်းစွာကပ်လာပီး သူ့ရဲ့နှုတ်ခမ်းထက်ထပ်တူကျသွားပါသောထိုလူရဲ့နှုတ်ခမ်း...."
"ခများ!!.."
ထိုတစ်ခဏသူ့နှုတ်ခမ်းပွင့်အာသွားမှုပေါ်အခွင့်ကောင်းယူကာ ထိုလူရဲ့လျှာဖျားကသူ့ပါးစပ်ထဲ၀င်ရောက်လာပီး ဟိုဒီစူးစမ်းနေကာသူ့လျှာကိုပါရစ်ပတ်ဖို့ကြိုးစားလေတော့သည်..
သူအမျိုးမျိုးတွန်းဖယ်ဖို့ကြိုးစားပေမယ့် ထိုလူကတော့အနည်းငယ်မျှတောင်မရွေ့သွားပဲ သူ့ကိုပိုပီးတင်းကြပ်စွာဖက်ထားရင်း အနမ်းတွေကိုပိုမိုနက်ရှိုင်းစေလိုက်သည်..
သူဆိုတဲ့Karen..ဘ၀မှာတစ်ခါမှသူစိမ်းတစ်ယောက်နဲ့အခုလိုမသင့်တော်တဲ့ကိစ္စမျိုးမလုပ်ခဲ့ဖူးဘူး..
ပီးတော့ပိုဆိုးတာကထိုလူကသူ့လိုမျိုးတူယောက်ျားတစ်ယောက်..
သူဒေါသထွက်လာတာကြောင့်အတင်းအကြပ်တိုး၀င်လာတဲ့ထိုလူ့ရဲ့လျှာကိုကိုက်ပစ်လိုက်တော့..သွေးညှီနံ့ကခံတွင်းထဲမှာပျံ့နှံ့သွားတော့သည်..
ထိုလူကမရပ်သွားတဲ့အပြင်သွေးညှီနံ့ကြောင့်ပိုပီးအရိုင်းဆန်လာတော့သည်..
သူအသက်ရှူကြပ်လာတော့မှထိုလူကရပ်လိုက်ပီးသူ့ကိုနီရဲနေတဲ့မျက်၀န်းအိမ်တွေနဲ့စူးစိုက်ကြည့်လာကာမကောင်းဆိုး၀ါးဆန်ဆန်ပြုံးလိုက်ပီး..
"မောင်မင်းက ကိုယ်တော့်အပိုင်ပဲ.."
သူထိုသူ့ရဲ့မျက်နှာထက်လက်သီးတစ်လုံးကျရောက်စေလိုက်ပီး...
"ခများ!!.ကျွန်တော်ခများကိုသတ်ပစ်မယ်.."
မျက်စိထောင့်မှာဖြတ်ခနဲပေါ်လာတဲ့ သစ်သီးပန်းကန်ထက်ကအသေးစားဓားလေး..
သူ့စိတ်ထဲမှာဘာမှစဥ်းစားနိုင်ခြင်းမရှိတော့ဘဲ ထိုဓားကိုဆွဲယူလိုက်ကာထိုသူ့ရဲ့၀မ်းဗိုက်ဆီကိုထိုးချပစ်လိုက်သည်..
"ချလွမ်း!!."
သွေးတွေစွန်းထင်းနေတဲ့ဓားကကြမ်းပြင်ထက်ကျသွားလေသည်..
ထိုသူ့ရဲ့၀မ်းဗိုက်ထက်မှာတော့အနီရင့်ရင့်သွေးတွေကတစက်စက်စီးကျနေသည်..
ထိုသူကတစ်ချက်တောင်မျက်နှာမပျက်သွားပဲ..
"Karen..မောင်မင်းကျေနပ်ရဲ့လား.."
"ခများ.."
ထိုသူကသွေးတွေစီးကျနေဆဲဒဏ်ရာကိုဂရုမစိုက်ပဲ သူ့ထံလျှောက်လှမ်းလာကာ..
"Karen..မောင်မင်းကျေနပ်ရင်ကိုယ်တော်အဆင်ပြေပါတယ်.."
"ကိုယ်တော့်အတွက်ဒီလောက်ကဘာမှမဖြစ်.."
ပြောလို့တောင်မပီးသေးထိုလူကသူ့ပခုံးထက်ပြိုလဲကျလာတော့သည်..
"ကျွန်တော်..ခများ.."
"မြှောင်..."
ဘာတွေဖြစ်သွားတာလဲ....
သူ့ရင်ခွင်ထဲကထိုလူကတဖြည်းဖြည်းသေးသွားပီးသူနဲ့ရင်းနှီးနေတဲ့ပုံရိပ်လေးအဖြစ်ပြောင်းသွားတော့သည်....
"၀..၀တုတ်လေး.."
"ဘာလို့...ဘာလို့၀တုတ်လေးဖြစ်သွားရတာလဲ.."
""Karen...မောင်မင်းပဲပြောတယ်လေ ကိုယ်တော့်ရဲ့မွေးနေ့မှာကြိုက်တာတောင်းလို့ရတယ်ဆို.."
ထိုလူပြောတဲ့စကားတွေကသူ့နားထဲမှာထပ်တလဲလဲကြားယောင်လာသည်..
ဒီနေ့က၀တုတ်လေးရဲ့မွေးနေ့..ပီးတော့သူကိုယ်တိုင်ပဲပြောခဲ့တာကမင်းဘာလိုချင်လဲလို့
"မြှောင်.."
အံ့သြလွန်းနေတဲ့သူ့ရဲ့အတွေးတွေကလက်ရှိက်ိုပြန်ရောက်လာပီးသူ့ရင်ခွင်ထဲမှာလဲနေတဲ့၀တုတ်လေးထံအကြည့်ရောက်သွားသည်..
အဖြူရောင်အမွှေးတွေကအခုတော့သွေးတွေနဲ့ရဲရဲနီနေသည်...
နာကျင်လွန်းတာကြောင့်နှုတ်ခမ်းလေးတွေကတုန်နေပီး..ညည်းညူနေသည်..
အခုအချိန်မှာဘာတွေဖြစ်နေလဲသူမစဥ်းစားနိုင်တော့..၀တုတ်လေးကိုပွေ့ပီးအိပ်ယာထက်တင်လိုက်ကာ..
"Aunty Marrie!!!Aunty Marrie!!"
"သခင်လေး.."
"အခုချက်ချင်း..အခုချက်ချင်း ဆရာ၀န်ခေါ်ပေးပါ.."
"သခင်လေး ဘာဖြစ်.."
"မြန်မြန်သွား!!"
"ဟုတ်ဟုတ်.."
"၀တုတ်လေး..၀တုတ်လေး...ငါတောင်းပန်ပါတယ်.."
၀တုတ်လေးကမျက်လုံးလေးကိုအားနည်းစွာဖွင့်လာပီး..
"မြှောင်.."(ကိုယ်တော်အဆင်ပြေပါတယ်..Karenစိတ်မပူပါနဲ့..)
ထို့နောက်ပြန်လည်မှိတ်ကျသွားတော့သည်....
ထိုနေ့ကတည်းကသူ့ကိုကယ်တင်ခဲ့တဲ့သူက၀တုတ်လေးဖြစ်နေခဲ့တာပဲ.....
*********************************
သူနိုးလာတော့ညတောင်ရောက်နေလေပီ..
ဟိုလှည့်ဒီလှည့်လှုပ်ရှားကြည့်တော့၀မ်းဗိုက်နားတစ်၀ိုက်ကအောင့်တက်လာသည်
ပုံမှန်ခန္ဓာကိုယ်နဲ့ဆိုဒီဒဏ်ရာလောက်ကပြဿနာမရှိပေမယ့်အခုက....
သူ့အိပ်ယာဘေးကိုစမ်းကြည့်လိုက်တော့အေးစက်စက်အထိအတွေ့သာခံစားရသည်..
Karen...Karen..ဘယ်ရောက်သွားတာလဲ..
ဖြတ်ခနဲလင်းလာတဲ့မီးကြောင့်မျက်လုံးကိုမှိတ်လိုက်ပီးမှဖြည်းဖြည်းချင်းပြန်ဖွင့်လိုက်တော့သူ့အရှေ့မှာရပ်နေတဲ့Karen...
Karenကသူ့ကိုအေးစက်စက်စိုက်ကြည့်နေပီးသူ့နားတော့လှမ်းမလာပေ..
"Karen.."(မြှောင်)
ထွက်လာတာကမြှောင်ဆိုသာအသံသာ..
သူ့ရဲ့လက်ကိုကြည့်လိုက်တော့ ဖြူဖွေးဖွေးအမွှေးလုံးလုံးနဲ့လက်၀တုတ်လေး...
ကိုယ်တော်ကြောင်အဖြစ်ပြန်ပြောင်းသွားပီပဲ...
"မြှောင်.."(Karen...)
Karenကသူ့နားမလာဘဲဆိုဖာပေါ်မှာခြေထောက်ချိတ်ထိုင်လိုက်ကာသူ့ကိုစိုက်ကြည့်လာပီး..
"မင်းဘာပြောနေတာလဲဆိုတာတော့ ငါနားမလည်ဘူး..ဒါပေမယ့်..မင်း..ဘာရည်ရွယ်ချက်နဲ့ငါ့အိမ်ကိုရောက်လာတာလဲ.."
"မြှောင်.."(ကိုယ်တော့်ကိုမောင်မင်းပဲခေါ်လာတာလေ)
သူ့ကိုသနားစဖွယ်မျက်လုံးလေးတွေနဲ့ကြည့်ပီးတမြှောင်မြှောင်နဲ့ရှင်းပြနေတဲ့၀တုတ်လေး..
ဘယ်လောက်ပဲသနားစရာကောင်းကောင်းထိုကောင်လေးကနေ့လည်တုန်းကသူ့ကိုရမ်းကားခဲ့တဲ့လူနဲ့တစ်ယောက်ထဲဆိုတာတွေးမိတော့သူပြန်ပီးဒေါသထွက်လာသည်..
ထိုလူ..မကောင်းဆိုး၀ါးတစ်ကောင်လိုအပြုံးတွေနဲ့သူ့ရဲ့ပထမဆုံးအနမ်းကိုသိမ်းပိုက်သွားတဲ့ထိုလူ..
ကျစ်!!
"မြှောင်.."(karen...ကိုယ်တော့်ကိုစိတ်မဆိုးပါနဲ့တော့..)
"မြှောင်.."(Karen....)
"တော်တော့..မင်းဘာတွေပြောနေလဲငါနားမလည်ဘူး...မင်းလူအဖြစ်ပြန်ပြောင်းလို့ရတဲ့အချိန်ငါ့ကိုဖြေရှင်းချက်ပေးဖို့ပြင်ထား.."
ထို့နောက်မီးပိတ်ပီးအခန်းထဲကထွက်သွားလေသည်..
"မြှောင်.."(Karen..ကိုယ်တော့်ကိုမထားခဲ့ပါနဲ့..)
ကျွီ~
Karenကပြန်၀င်လာပီး..
"ခဏနေ..aunty marrieမင်းအတွက်နွားနို့လာပို့လိမ့်မယ် အဲ့တာသောက်ပီးအိပ်လိုက်တော့.."
ထို့နောက်တံခါးကပြန်ပိတ်သွားလေသည်..
"မြှောင်.."(ကိုယ်တော်သိတယ်..Karenကကိုယ်တော့်အပေါ်ဂရုစိုက်တုန်းပဲဆိုတာ)
ဧည့်သည်တွေအလည်လာရင်အနားယူဖို့လုပ်ထားတဲ့အခန်းထဲသူသွားနေလိုက်သည်..
မျက်လုံးကိုအတင်းမှိတ်ပီးအိပ်ဖို့ကြိုးစားကြည့်ပေမယ့်ဘယ်လိုမှမရ..
နောက်ဆုံးမှန်ပြတင်းပေါက်နားသွားထိုင်ကာလိုက်ကာစကိုဖယ်လိုက်ပီး တိုက်ခတ်နေတဲ့လေပြေအေးကိုရှူရှိုက်လိုက်သည်..
ကောင်းကင်ထက်ကလမင်းကြီးကထိန်ထိန်သာနေဆဲ..
"၀တုတ်လေးနဲ့ထိုလူ.."
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..ဒါပေမယ့်လည်းသူ့မျက်စိရှေ့မှာတင်ထိုလူက၀တုတ်လေးအဖြစ်ပြောင်းလဲသွားခဲ့တာ
လောကမှာလူတွေမသိနိုင်တဲ့ထူးခြားဆန်းကြယ်မှုတွေအများကြီးရှိတယ်....
အခုကိစ္စလည်းအပါအ၀င်ပေါ့....
ဒီကိစ္စကိုဘယ်လိုဖြေရှင်းရမလဲမစဥ်းစားတတ်တော့..
တကယ်တော့...သူကအခုမှ၁၈နှစ်အရွယ်ကျောင်းသားတစ်ယောက်ပဲရှိသေးတာပါ...
တစ်ပတ်လုံးလုံးသူ၀တုတ်လေးကိုဒီအတိုင်းပဲပစ်ထားခဲ့သည်...
စားဖို့သောက်ဖို့ကိစ္စကိုတော့Aunty marrieကိုပဲစီစဥ်ပီးထိုအခန်းကိုသွားပို့ခိုင်းထားလိုက်သည်..
အမှန်အတိုင်းပြောရရင်..သူထိုလူ့ကိုမျက်နှာချင်းမဆိုင်ရဲ..
အေးစက်စက်မျက်၀န်းတွေနဲ့အပြုံးတွေ..
ထိုလူ့ထံမှာမမြင်ရတဲ့အရှိန်အ၀ါတွေဖုံးလွှမ်းနေသည်...
သူဆိုတဲ့Karenကဘယ်သူ့ကိုမှမကြောက်တတ်သလို..အမြဲတမ်းလေလွင့်ရန်ဖြစ်နေတတ်တဲ့သူတစ်ယောက်..ဒါပေမယ့် ဘာလို့လည်းမသိထိုလူ့ကိုတော့သူနည်းနည်းကြောက်မိသည်..
ဒီနေ့တော့စိတ်ပြေလက်ပျောက်Erenကသူနဲ့အတူတူအပြင်သွားဖို့သူ့ကိုခေါ်ထားတာမို့ အ၀တ်အစားလဲပီးသွားဖို့ပြင်လိုက်သည်..
"ဒေါက်!ဒေါက်!"
သူမျက်မှောင်ကြုံ့လိုက်ပီး
"ဘယ်သူလဲ.."
"ဒေါက်!ဒေါက်!!"
ပြန်လည်ဖြေကြားလာခြင်းမရှိဘဲတံခါးကိုပဲဆက်တိုက်ခေါက်နေတာကြောင့်..
သူအင်္ကျီကြယ်သီးတပ်နေရင်းနဲ့တံခါးကိုသွားဖွင့်လိုက်သည်..
"ကျစ်!ဘယ်သူ.."
သူ့ရဲ့နှုတ်ခမ်းထက်ဖြတ်ခနဲကျရောက်လာတဲ့အနမ်းတစ်ခု..
"ခများ!!"
ထိုလူကသူ့ကိုသိုင်းဖက်လာပီး..
"Karen..ကိုယ်တော့်ကိုဘာလို့ပစ်ထားခဲ့တာလဲ.."
"ကိုယ်တော်Karenကိုလွမ်းတယ်.."
"ခများ!!"
ထိုလူကအခန်းထဲကို၀င်သွားပီးသူ့ရဲ့အိပ်ယာထက်မှာလဲလျောင်းလိုက်ရင်း..
"Karen..ကိုယ်တော့်ကိုဘာလို့လာမတွေ့တာလဲ.."
"ဒီမှာ..ခများ..ကျွန်တော့်အိပ်ယာပေါ်ဘာလို့လှဲနေတာလဲ.."
"ဘာလို့လဲ..ကိုယ်တော်နေလို့မရဘူးလား.."
"ကောင်းပီလေ.."
ထိုလူကလှဲနေရာကထလိုက်ပီးသူ့ကိုစိုက်ကြည့်လာကာ..
"Karen...ကိုယ်တော်မောင်မင်းကိုတကယ်လွမ်းနေတာ.."
"ကျစ်!ခများ ဘာဖြစ်ချင်နေတာလဲ.."
ထိုလူကမျက်ခုံးတစ်ဖက်ကိုအပေါ်ပင့်လိုက်ရင်း..
"ကိုယ်တော်ဘာမှမဖြစ်ချင်ဘူး..ပီးတော့..ကိုယ်တော်ကQuinxionတိုင်းပြည်ရဲ့ဧကရာဇ်Arbish မောင်မင်းကိုယ်တော့်ကိုအရှင်လို့မခေါ်ချင်ရင်..Arbishလို့ခေါ်လို့ရတယ်.."
ထိုလူကနှုတ်ခမ်းထောင့်စွန်းလေးတွေကိုအထက်ကိုကော့ညွတ်သွားတဲ့အထိပြုံးလိုက်ပီး..
"ကိုယ်တော်ကမောင်မင်းတစ်ယောက်ထဲကိုပဲခေါ်ခွင့်ပြုထားတာနော်.."
"ခများ!!.."
"ကိုယ်တော့်ကိုArbishလို့ခေါ်.."
"ကျစ်!ဒီမှာ Arbish..ကျွန်တော့်ကိုနည်းနည်းလောက်ဖြေရှင်းချက်ပေးဖို့မစဥ်းစားထားဘူးလား.."
"ဖြေရှင်းချက်?ကိုယ်တော်ကဘာကိုဖြေရှင်းရမှာလဲ..မောင်မင်းပဲကိုယ်တော့်ကိုဒီကိုခေါ်လာတာမဟုတ်ဖူးလား.."
"အဲ့တော့ အားလုံးကကျွန်တော့်အမှားပေါ့ဟုတ်လား.."
"ကိုယ်တော်မပြောဘူး.."
"ဟက်!ထားပါတော့ ဒါဆိုတခြားအကြောင်းမေးမယ်ခများဘာလို့အခုလိုပြောင်းသွားရတာလဲ Arbish.."
"ကိုယ်တော်..ကျိန်စာတိုက်ခံလိုက်ရတာ.."
"ကျိန်စာ??အခုခေတ်ကြီးမှာအဲ့လိုမျိုးထူးထူးဆန်းဆန်းတွေရှိသေးတာလား.."
"လွန်ခဲ့တဲ့နှစ်၅၀၀တုန်းက.."
"နှစ်၅၀၀?ဟက်!!အဲ့တာဆိုခများကတော်တော်အသက်ကြီးနေပီပဲArbish.."
"ကိုယ်တော်ကသက်တော်၂၄နှစ်ပဲရှိသေးတာ..နှစ်၅၀၀ကြာသွားပီဆိုပေမယ့် ကိုယ်တော့်အသက်ကကျိန်စာတိုက်ခံရတဲ့အချိန်မှာပဲရပ်တန့်နေခဲ့တာ.."
"ထားပါ..အဲ့တော့ခများကအခုလိုဖြစ်နေတာနှစ်၅၀၀တောင်ရှိသွားပီပေါ့..သနားစရာကောင်းလိုက်တာ.."
သနားစရာကောင်းတယ်လို့သာပြောနေတာထိုကောင်လေးရဲ့မျက်၀န်းထဲမှာတော့သနားနေတဲ့အရိပ်အယောင်တစ်စတောင်မရှိပေ..
သူပြုံးလိုက်ပီးထိုကောင်လေးနားထသွားလိုက်ကာ..
"ကိုယ်တော်သိတယ်..အဲ့တာကြောင့်သနားစရာကောင်းတဲ့ကိုယ်တော့်ကိုKarenကထားမသွားနဲ့နော်..."
သူ့ခါးကိုလာပီးရစ်ပတ်လာတဲ့ထိုလူ့ရဲ့လက်ကိုဖယ်ချလိုက်ပီး..
"အဲ့တော့ခများရဲ့ကျိန်စာကဘယ်လိုလုပ်မှပြယ်မှာလဲ.."
Arbishရဲ့မျက်နှာကတည်သွားပီးအလေးအနက်ပုံစံပြောင်းသွားကာ...
"နွေးထွေးကြင်နာတတ်တဲ့မိန်းမပျိုလေးဆီကအချစ်စစ်ရဲ့အနမ်း.."
"အဟားးတကယ်ကြီးလား.."
"အင်း.."
"ကျွန်တော့်အထင်အဲ့တာကသိပ်မခက်ပါဘူး.ဒါနဲ့များခများကနှစ်၅၀၀ကြာသွားတာတောင်ကျိန်စာမပြယ်သေးဘူးဆိုတော့..."
"ကိုယ်တော်သိတယ်..ကိုယ်တော်နည်းမျိုးစုံသုံးပီးပီ..ဒါပေမယ့်ဘယ်လိုမှထူးမလာဘူး..နည်းလမ်းတစ်ခုပဲရှိတော့တယ်.."
"ဘာနည်းလမ်းလဲ.."
"ကိုယ်တော့်ကိုကျိန်စာတိုက်သွားတဲ့စုန်းအိုကြီးကိုရှာရမယ်..သူ့ဆီမှာကိုယ်တော့်ကျိန်စာပြယ်ဖို့နည်းသေချာပေါက်ရှိတယ်.."
YOU ARE READING
Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤
РазноеFic nameလေးအတိုင်းပါပဲ ဖတ်ပီးရင် nameလေးကူပီးစဥ်းစားပေးကြပါဦး... အဟား..စတာပါ.. လိုက်ပါစီးမျောပေးကြပါဦး.❤️ ဖတ်ရှုပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်.. [တကယ်လို့Fic nameလေးစဥ်းစားမိရင်လည်းပြောလို့ရတယ်နော်٩(๑'3`๑)۶❤️] Fic nameေလးအတိုင္းပါပဲ ဖတ္ပ...
