ပီးခါနီးမှကြန့်ကြာသွားတဲ့အတွက်တောင်းပန်ပါတယ်..🙇♀️
ကြားထဲမှာအဆင်မပြေတဲ့ကိစ္စလေးတွေရှိသွားလို့ပါ..ထားပါဘာပဲဖြစ်ဖြစ်ဒီချီးထုပ်အမှားပဲမို့တကယ်ကိုတောင်းပန်ပါတယ်..
ပီးတော့ကျေးဇူးအများကြီးတင်ပါတယ်..
ခများလေးတို့အားလုံးကိုချစ်တယ်❤️
တကယ်ကိုအများကြီးကျေးဇူးတင်ပီးအများကြီးတောင်းပန်ပါတယ်❤️
Have a nice day guys❤️
ကြီးမားတဲ့အနက်ရောင်တံခါးရှေ့မှာအတန်ကြာသည်အထိရပ်နေပီးအထဲကိုဘယ်လိုမျက်နှာမျိုးနဲ့၀င်သွားရမလဲလို့ခေါင်းတစ်ခုလုံးပေါက်ထွက်မတတ်စဥ်းစားနေရသည်..
အခါတိုင်းလိုပဲပုံမှန်မျက်နှာထားနဲ့.."အဟား..Daddyဒါကျွန်တော့်ကောင်လေးလေ..ဒီနေ့ကစပီးသူဒီမှာနေမှာ.."
LOL!သောက်ကျိုးနည်းမျက်ခွက်ပြောင်လွန်းရာကျသွားပီ..
ဒါမှမဟုတ်.."ကျွန်တော်တောင်းပန်ပါတယ်daddy..ကျွန်တော်တို့ချစ်ခြင်းကိုမခွဲပါနဲ့.."
Fk!ပိုတောင်ဆိုးသွားပီ..
ခေါင်းကိုစိတ်ရှုပ်စွာထိုးဖွလိုက်ရင်းတစ်ခုခုကစိုက်ကြည့်နေသလိုခံစားမိလို့ကြည့်လိုက်တော့နံရံကိုကျောမှီပီးရပ်နေကာသူ့ကိုပြုံးပီးကြည့်နေတဲ့Arbish...
ထိုလူ့ရဲ့တလက်လက်တောက်နေတဲ့ဇာမဏီမျက်၀န်းအိမ်ထဲမှာတော့ကောင်ငယ်လေးတစ်ယောက်သာရှိနေသည်...
"Arbish.."
"အဟား..ကလေးငယ်ရာ"
ထိုလူကဖရိုဖရဲဖြစ်နေတဲ့သူ့ရဲ့ဆံစတွေကိုနူးညံ့စွာသပ်တင်ပေးပီးမှနဖူးထက်အနမ်းတစ်ပွင့်ခြွေလိုက်ကာ...
"၀င်ရအောင်လေကလေးငယ်.."
သူ့ရဲ့လက်ကArbishရဲ့ကြီးမားပီးနွေးထွေးတဲ့လက်ဖ၀ါးကြီးထဲမှာအံ၀င်ခွင်ကျ..
Arbishကသူ့လက်ကိုဖွဖွဖိညှစ်လိုက်ပီးမှ..
"မကြောက်နဲ့ကလေးငယ်..
ကိုယ်တော်ယောက္ခမတော်ကိုရအောင်ပြောမယ်ကလေးငယ်ကိုဘယ်သူ့ဆီမှမပေးနိုင်တဲ့အကြောင်း..ကမ္ဘာပေါ်မှာရှိရှိသမျှအရာတွေထက်ကလေးငယ်ကိုမြတ်နိုးကြောင်း..ကလေးငယ်ကသာကိုယ်တော့်ရဲ့အသက်သွေးကြောဖြစ်ကြောင်းကိုပေါ့.."
"Arbish..ခများဟာလေ...ကောင်းပီ၀င်ကြတာပေါ့.."
ထိုလူ့ရဲ့လက်ကိုမြဲမြံစွာပြန်လည်ဆုပ်ကိုင်လိုက်ရင်း..
"ဒေါက်ဒေါက်!!Daddyကျွန်တော်ပါ.."
"၀င်ခဲ့..."
"ထိုင်..."
daddyကစာကြည့်စားပွဲမှာထိုင်နေပီးသူတို့နှစ်ယောက်ကိုတော့ဆိုဖာပေါ်မှာထိုင်စေသည်..
မျက်မှန်ကိုချွတ်လိုက်ရင်းသူတို့နှစ်ယောက်ကိုစိုက်ကြည့်နေတဲ့Daddyကစကားတစ်ခွန်းတောင်ဆိုမလာသေး...
မနေ့ကမှသူလုပ်ငန်းခရီးစဥ်ကနေပြန်ရောက်သည်..တစ်ပတ်လုံးအလုပ်တွေရှုပ်နေခဲ့တာမို့လူလည်းအိမ်မှာနေရတယ်ကိုမရှိဘူး..
ဒီမနက်breakfastစားဖို့ဆင်းလာတော့လည်းတစ်ဦးတည်းသောသားလေးကရှိမနေခဲ့ဘူး..
ကဲအဲ့ဒါနဲ့ပဲမမြင်ရတာကြာပီဖြစ်တဲ့သားတော်မောင်ရဲ့မျက်နှာကြောင့်ဒီတစ်ခါတော့သူကပဲအလျှော့ပေးပီးBreakfastစားဖို့တက်ခေါ်လိုက်မယ်ဆိုပီးတက်လာမှသူ့မျက်လုံးတွေတောင်ယောင်ယမ်းမှိတ်မိသည်အထိသားတော်မောင်ကယောက်ျားသားတစ်ယောက်နဲ့အိမ်မှာတောင်မှမဖွယ်မရာတွေလုပ်နေသည်တဲ့လေ...
ဘယ်လိုတောင်အရှက်တရားကင်းမဲ့ရတာလဲ!!!
Darliရေ...ကိုယ်ဘာတွေများမှားယွင်းခဲ့လို့လဲကွာ..
သူ့ရှေ့မှာထိုင်နေတဲ့သားတော်မောင်နဲ့ထိုလူထွားကောင်လေးကိုသူအကဲခတ်လိုက်သည်..
ကျစ်လျစ်သန်မာတဲ့ကြွက်သားအဖုအထစ်တွေကအင်္ကျီအောက်ကနေတောင်ဖောက်မြင်နေရသည်..
အနက်ရောင်၀တ်ရုံရှည်ကြီးကို၀တ်ထားပီး..ငွေရောင်ဆံပင်ကလည်းကျောလည်ထိကျနေသေးသည်..
သူတို့လိုပုံမှန်၀တ်စုံမျိုးမဟုတ်ပဲ..တခမ်းတနားပုံစံနဲ့ခါးပတ်တွေရောဘာတွေရောရှုပ်ယှက်ခတ်အောင်၀တ်ထားတာအရ..ကြည့်ရတာတော့ဒီလူငယ်ကcosplayကိုတော်တော်လေးစွဲလန်းနေပုံရသည်..
မှန်ပြတင်းပေါက်ကနေဖြာကျနေတဲ့နေရောင်ခြည်ကထိုလူငယ်ထံခစားနေသလိုမျိုး..
မမြင်ရတဲ့အရှိန်အ၀ါတစ်မျိုးကထိုလူငယ်ထံကိန်းအောင်းနေသလိုမျိုး..
အင်း..တော်တော်တော့ကြည့်ကောင်းတဲ့လူငယ်ပဲ..
"Daddy..ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ.."
"အဟမ်း.."
ထိုကောင်လေးထံကအကြည့်ကိုရုတ်သိမ်းလိုက်ပီးသားဖြစ်သူထံအကြည့်ပို့လိုက်ကာ..
"ကောင်းကွာ..သိပ်ကောင်း..ဘာပြောစရာရှိလို့လဲဟုတ်လား.မင်းလုပ်ပုံဟုတ်သေးရဲ့လားကွ..အခါတိုင်းမင်းဘယ်လောက်ဆိုးဆိုးငါမမြင်ချင်ယောင်ဆောင်ပေးထားခဲ့တယ်..အခုတော့မရတော့ဘူးကွ!"
"အင်း..အဲ့တာကြောင့်လည်းကျွန်တော်လာခဲ့တာလေ.."
"ဘာကွ!.."
"daddyပြောစရာရှိတာသာပြောပါ.."
"မင်း!.....karenမင်းကိုမင်းသိပ်တော်တယ်များထင်နေလား..ဖအေတစ်ယောက်လုံးရှေ့မှာယောက်ျားတစ်ယောက်နဲ့စက်ဆုပ်စရာတွေလုပ်ထားတာတောင်ဂုဏ်ယူနေသေးတာလား!.."
"ကျွန်တော်အဲ့လိုမဆိုလိုဘူး..ဒါပေမယ့်daddyပြောသလိုစက်ဆုပ်စရာကိစ္စလည်းမဟုတ်ဖူး.."
"ဘာကွ!..မင်း.."
"daddyပြောစရာမရှိတော့ရင်ကျွန်တော်သွားတော့မယ်.."
"karen!!အခုချက်ချင်းပြန်ထိုင်နေ...ပြောလို့မပီးသေးဘူး.."
"အော.."
ဦးနှောက်ထဲထိတရိပ်ရိပ်ထိုးထ်ိုးတက်လာတဲ့သွေးတွေကြောင့်ထိုကလန်ကဆန်လုပ်လွန်းတဲ့ကောင်ကိုလစ်လျူရှူလိုက်ပီး..
"ဆို..မင်းကရောဘာပြောချင်သေးလဲ.."
"ကိုယ်တော်ဘာမှ..ကလေးငယ်ကိုယ်တော့်ခါးကိုဘာလို့ထိုးတာလဲ.."
ကောင်ငယ်လေးကသူ့နားတိုးကပ်လာပီးလေသံတိုးတိုးနဲ့..
"ခများ ကိုယ်တော်လို့ပြောလို့မရဘူးလေဗျာ.."
"ဘာလို့လဲ..ကိုယ်တော်က.."
"အဟမ်း!မင်းတို့ကငါတစ်ယောက်လုံးကိုရှေ့မှာထားပီးမခန့်လေးစားတွေလုပ်နေကြတာလား.."
"မဟုတ်ပါဘူးdaddy.."
"ထားတော့..ဟိုကောင်လေးမေးနေတာဖြေလေ.."
"ကိုယ်..ကျွန်တော်ဘာမှပြောစရာမရှိဘူး..မောင်မင်း..မဟုတ်ဖူး..ယောက္ခမကြီးkarenကိုထပ်မဆူပါနဲ့တော့.."
"ဘာကွ!!!မင်း..ဘာကိုယောက္ခမကြီးလဲ!!.."
"ဘာများမှားလို့လဲ..ကိုယ်တော်က..ကျွန်တော်ကkarenကိုထိမ်းမြားမှာလေ..အဲ့တော့karenရဲ့ခမည်းတော်ကကျွန်တော့်ရဲ့ယောက္ခမကြီးပဲပေါ့.."
"မင်း!!!"
"တလက်စတည်းဆက်ပြောပါဦးမယ်..နောက်ဆိုကောင်ငယ်လေးက်ိုအော်ကြီးဟစ်ကျယ်တွေမဆူပါနဲ့...ကောင်ငယ်လေးကကိုယ်တော့်အတွက်တော့ကမ္ဘာပေါ်ကတစ်ခုတည်းသောအဖိုးတန်လေးမို့လက်လွတ်စပယ်မဆက်ဆံပါနဲ့..."
"မင်း!.."
ကိုယ်တော်ချောကတော့ပြောချင်ရာတွေပြောပီးသူ့ကိုတောင်ပြုံးပီးကြည့်လိုက်သေး..
တကယ်ပါ..Arbishဒီလူဟာလေ..ဘာလို့များအဲ့လောက်ထိချစ်စရာကောင်းနေရတာလဲ..
"အဟမ်း..daddyလည်းကြားချင်တာတွေကြားရပီးပီဆိုတော့ကျွန်တော်တို့သွားလို့ရပီလား.."
"မင်းတို့..မင်းတို့!ခဏနေဦး..တကယ်ပဲတကယ်ပဲဒီအတိုင်းနေတော့မှာလား...ပြန်မစဥ်းစားတော့ဘူးလား.."
သူArbishရဲ့လက်ကိုဆုပ်ကိုင်လိုက်ရင်း..
"အင်း..ကျွန်တော်သူ့ကိုချစ်တယ်..ပြန်စဥ်းစားစရာမလိုဘူးသူတစ်ယောက်တည်းပဲ..."
"karenသား..daddyအတည်ပြောတာ..ယောက်ျားလေး၂ယောက်ကဘ၀တစ်ခုကိုထူထောင်ဖို့လွယ်ကူမှာမဟုတ်ဖူး..သားကြိုက်တဲ့နေရာမှာကြိုက်သလောက်ဆိုးစမ်းပါကွာdaddyဘာမှမပြောတော့ပါဘူး..ဒါပေမယ့်.."
"ဟင့်အင်းdaddy..ဒါပေမယ့်ဆိုတာမရှိပါဘူး..ပီးတော့ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်အရင်ကdaddyအပေါ်ဆိုးခဲ့မိတယ်..နောက်ကိုdaddyပြောသမျှလက်ခံမှာမို့ကျေးဇူးပြု၍..ကျေးဇူးပြု၍ကျွန်တော်တို့က်ိုသဘောတူပေးပါ..."
"Karen..သား...တကယ်ပဲလား.."
"ဟုတ်ကဲ့daddy.."
"မင်း!ထားပါတော့လေ..မင်းစိတ်ကြိုက်သာလုပ်တော့ဒီလူအိုကြီးလည်းအသက်ကြီးပီ..မင်းတို့အဆင်ပြေပြေရှိရင်ပီးတာပါပဲ..ပီးတော့မင်း.."
ပြောမယ့်စကားတောင်အစရှာမရသလိုဖြစ်သွားသည်..ထိုလူငယ်ကသူ့သားကိုချစ်ရိပ်လွှမ်းတဲ့အကြည့်တွေနဲ့နူးနူးညံ့ညံ့လေးကိုကြည့်နေသည်တဲ့လေ..
တကယ်ပါပဲလေ...သူသိတာပေါ့ဒီအကြည့်တွေရဲ့အဓိပ္ပာယ်ကို..သူကိုယ်တိုင်လည်းdarliကိုအဲ့လိုအမြဲတမ်းကြည့်တာပဲလေ...
လွမ်းတယ်Darliရယ် Darli..ကိုယ်မင်းကိုသိပ်လွမ်းတယ်ကွာ..
"တော်တော့ဟိုကောင်လေးထပ်ကြည့်နေရင်ငါ့သားတစ်ကိုယ်လုံးလည်းပေါက်ထွက်သွားမယ်..မင်းမိဘတွေကဘယ်သူလဲ..ဘာအလုပ်လုပ်လဲ ဘယ်မှာနေတာလဲ မောင်နှမဘယ်နှစ်ယောက်ရှိလဲ.."
"Daddy.."
"မင်းငြိမ်ငြိမ်နေ..သားမက်ဖြစ်သူကိုဒီလောက်တောင်မေးခွင့်မရှိဘူးလား.."
"ဗျာ..Daddy.."
"ကျစ်!တိတ်တိတ်နေစမ်း!ဟိုကောင်လေးဘာငြိမ်နေတာလဲ ဖြေလေ.."
"ကိုယ်တော်..မဟုတ်ဖူး..ကျွန်တော့်မှာမိဘတွေမရှိတော့ဘူး..မောင်နှမတွေလည်းမရှိတော့ဘူး..အလုပ်လည်းလောလောဆယ်မရှိဘူး..ပီးတော့နေတာက.."
ထိုကောင်စုတ်လေးကဆက်မပြောသေးပဲသူ့ရဲ့သားဘက်ကိုတစ်ချက်ကြည့်ပီးမှ..
"နေစရာလည်းမရှိဘူး.."
"ဘာ!!ဘာကွ..မင်းကမင်းကဘာဆိုဘာမှမရှိပဲငါ့သားကိုယူချင်သေးတာလား..သဘောမတူဘူး..လုံး၀သဘောမတူနိုင်ဘူး.."
"Daddyရာ.."
"မင်းအသာနေလို့ပြောနေတယ်!ဟိုကောင်လေး..မင်းကဘာဆိုဘာမှမရှိပဲနဲ့ငါ့သားကိုယူချင်တာလားကွ..ဟမ်!.."
"ရှိတယ်.."
"ရှိတယ်?.."
"အင်း..ကိုယ်တော့်မှာကောင်ငယ်လေးအတွက်အချစ်တွေအများကြီးရှိတယ်..ဒီတစ်သက်မဟုတ်ဖူး..နောက်ဘ၀တွေအထိတောင်ကုန်ခမ်းမှာမဟုတ်ဖူး.."
"ခွီး!!.."
"ဟိုကောင်တိတ်တိတ်နေလို့ပြောနေတာကိုဘာလို့ရီနေတာလဲ!.."
"ပီးတော့မင်းငါအတည်မေးနေတာသေချာဖြေစမ်း"
"ကိုယ်တော်အတည်ဖြေတာပဲ.."
"ငါ!!..ဒီခွေးသားလေးတွေ..ငါ့ကိုလာနောက်နေကြတာလား.."
ထိုအခါမှသားတော်မောင်ကအရယ်ရပ်ပီးသူ့အနားပြေးလာကာ
"စိတ်မဆိုးပါနဲ့Daddyရာ..ဘာပဲဖြစ်ဖြစ်ကျွန်တော်ကယောက်ျားလေးပဲမလိုပါဘူးဗျ..သူရှိရင်ရပီ.."
"မင်းတို့!"
"အရမ်းကြီးလည်းစိတ်မပူပါနဲ့daddyရာ
ကိုယ့်ကျန်းမာရေးကိုယ်သာဂရုစိုက်ပါဗျာ.အခုတလောကျွန်တော်သတိထားမိတယ်daddyအလုပ်တွေအရမ်းရှုပ်နေလားလို့.."
"အခုမှသတိထားမိတာလားမင်းဖအေငါအလုပ်ရှုပ်တာကို..."
"အာ..ကျွန်တော်တောင်းပန်ပါတယ်...နောက်ဆိုကျွန်တော်ကူလုပ်ပေးမယ်လေ.."
"ဟွန်း..အခုမှလာသိတတ်ပြမနေနဲ့.."
"မဟုတ်ပါဘူးdaddyရာ.."
"ကျွန်တော်လည်းယောက္ခမကြီးကိုကူလုပ်ပေးမယ်.."
"မင်း..အဲ့ဒီယောက္ခမကြီးဆိုတာကြီးကိုမခေါ်စမ်းနဲ့..ပီးတော့မင်းလိုကောင်လေးကဘယ်လိုလုပ်ငါတို့အလုပ်ကိစ္စတွေကိုနားလည်မှာလဲကွ.."
"ဟုတ်သားပဲ..Daddy..Arbishကိုကူလုပ်ခိုင်းပါလား..သူကတကယ်တော်တာဗျ.."
ဟုတ်တယ်လေ..မထက်မြက်ပဲမတော်ပဲနဲ့တော့ဘယ်သူမှလွယ်လွယ်ဘုရင်ဖြစ်လာမှာမှမဟုတ်တာ..
Daddyကသူတို့ကိုမယုံသင်္ကာစိုက်ကြည့်လာပီးမှ..
"karenပြောတာဟုတ်လား.."
"အခုအချိန်ထိတော့ကိုယ်တော်မဖြေရှင်းနိုင်တဲ့ကိစ္စ မလုပ်နိုင်တဲ့ကိစ္စဆိုတာမရှိသေးဘူး.."
"အဟက်!အပြောကတော့.."
"အပြောတင်မဟုတ်ဖူး...တကယ်တော်တာdaddyရ..."
"ဟွန်း..ကောင်းပီ..မင်းငါ့ကုမ္ပဏီမှာအလုပ်လာလုပ်..၂နှစ်တိတိလုပ်ပီးလို့မှဘာအရည်အချင်းမှမတွေ့လို့ကတော့အလုပ်ကနေတစ်ခါတည်းထုတ်ပစ်မယ်ငါ့သားနဲ့လည်းနောက်ထပ်တွေ့ခွင့်မရတော့ဘူး.."
"ဗျာ..daddyကလည်းဗျာ.."
"ဘာလဲ..မင်းလူကိုမင်းမယုံဘူးလား.."
"မဟုတ်ဖူးလေဗျာ.."
"ကိုယ်တော် အဆင်ပြေတယ်..စိတ်မပူနဲ့ကလေးငယ်.."
"Arbish..."
"အင်းကလေးငယ်.."
"ကဲကဲတော်တော့..တော်တော့..ပြန်ကြတော့ ကြာရင်ဒီအဖိုးကြီးသွေးတက်လိမ့်မယ်.."
"အော..ဒါဆိုကျွန်တော်တို့သွားတော့မယ်daddy..."
ထို့နောက်ဟိုကောင်လေးကိုလက်ကဆွဲပီး..
"လာArbishသွားကြစို့.."
"နှုတ်ဆက်ခဲ့ပါတယ်ယောက္ခမကြီး.."
"တိတ်စမ်း!ဒါနဲ့မင်းကနေစရာမရှိဘူးဆိုတော့အခုကဘယ်ကိုပြန်မှာလဲ..hotelမှာနေတာလား.."
ထိုကောင်လေးကသူ့ကိုခေါင်းယမ်းပြပီးမှအပေါ်ထပ်က်ိုလက်ညှိုးထိုးပြလာသည်..
"ဘာကို.."
"အဟား..ဟိုလေdaddy..Arbishကဘယ်မှာမှမနေဘူးဗျ..ကျွန်တော့်ဘေးကအခန်းမှာနေတာ..ဒါဆိုသွားလိုက်ဦးမယ်နော်.."
"ဘာကွ!မင်းတို့..ခွေးသားလေးတွေ!!.."
YOU ARE READING
Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤
РазноеFic nameလေးအတိုင်းပါပဲ ဖတ်ပီးရင် nameလေးကူပီးစဥ်းစားပေးကြပါဦး... အဟား..စတာပါ.. လိုက်ပါစီးမျောပေးကြပါဦး.❤️ ဖတ်ရှုပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်.. [တကယ်လို့Fic nameလေးစဥ်းစားမိရင်လည်းပြောလို့ရတယ်နော်٩(๑'3`๑)۶❤️] Fic nameေလးအတိုင္းပါပဲ ဖတ္ပ...
