ph screenကိုသာမမှိတ်မသုန်စိုက်ကြည့်နေတဲ့ကောင်လေး...
နေရောင်ခြည်နွေးနွေးအောက်မှာ ရွှေအိုရောင်ဆံနွယ်တွေဟာလွင့်လူးနေသည်..
အခုအချိန်မှာတော့ပါးပြင်ထက်ကပါးချိုင့်လေးကပျောက်ဆုံးနေပီးထိုအစားစိတ်ပျက်အားလျော့နေတဲ့မျက်၀န်းတစ်စုံကိုသာလျှင်မြင်နေရသည်..
တစ်ပတ်...တစ်ပတ်တိတိသူထိုကောင်လေးအိမ်မှာလိုက်နေခဲ့ပီး..ဒီနေ့ကသူဒီအိမ်ကထွက်သွားရမယ့်နေ့..
Ph screenထက်ကအကြည့်မလွှဲသေးတဲ့ကောင်လေးကိုကြည့်လိုက်ပီး..
"ကောင်လေး...ကိုယ်သွားတော့မယ်.."
"ဟမ်?...အာ sry ကျွန်တော်ခများကိုမေ့သွားတယ်.."
ကောင်လေးကသူ့ကိုပြုံးပြလာတော့နှလုံးသားထဲကိုငှက်မွှေးလေးနဲ့တို့လိုက်သလိုမျိုးယားယံလာသည်..
ကျစ်!သူကအသက်600တောင်ကျော်နေတဲ့စုန်းတစ်ယောက်ပါ..သူ့ရဲ့အစွမ်းတွေကိုဟိုးအရင်ကရောအခုထိပါဘယ်သူမှယှဥ်နိုင်စွမ်းမရှိခဲ့ဘူး..
ဒီကောင်လေးကဘယ်လိုကျိန်စာမန္တန်တွေကိုသုံးထားလို့များဒီကောင်လေးကိုကြည့်လိုက်တိုင်းသူ့နှလုံးသားလေးကတဒုတ်ဒုတ်ခုန်လာရတာလဲ...
ကောင်လေးကPhလေးကိုလှုပ်ပြလာရင်း..
"Karenလေ..ကျွန်တော်သူ့phကိုစောင့်နေတာ..ခများသင်ပေးထားတဲ့မျက်လှည့်တွေကိုကျွန်တော်သူ့ကိုပြမလို့..သူပျော်သွားမှာသေချာတယ်..အဟား..ဒါပေမယ့် သူမေ့နေတယ်ထင်တယ်..2နာရီတောင်ရှိသွားပီ သူရောက်မလာသေးဘူး.."
ဟုတ်တယ်..ဒီရက်ပိုင်းအတွင်းမှာသူသိလာရတာတစ်ခုရှိတယ်..ပီးတော့ထပ်တလဲလဲကြားနေရတဲ့အမည်နာမတစ်ခုလည်းရှိတယ်..
Karenတဲ့...
Karenဆိုတဲ့ကောင်လေးအပေါ်ထားတဲ့ထိုကောင်လေးရဲ့မေတ္တာတွေကိုသူအတိုင်းသားမြင်နေရတယ်..
မနက်စာစားပီဆိုရင်လည်းထိုကောင်လေးပြောတဲ့စကားကKarenကဘာကြိုက်တတ်တယ်ဆိုတာမျိုး...
တစ်ခါကသူစင်ပေါ်မှာအစီအရီတင်ထားတဲ့ဆုတံဆိပ်လေးတွေကိုကြည့်နေတုန်းကောင်လေးကသူ့ဘေးနားရောက်လာပီး..သူ့ရှေ့တည့်တည့်ကဒိုင်းဆုလေးကိုယူလိုက်ပီး..
"ကျွန်တော့်ဘ၀မှာအပျော်ဆုံးအချိန်ကဒီဆုလေးကိုရတဲ့အချိန်ပဲ.."
သူမျက်ခုံးပင့်လိုက်ရင်း.ထိုကောင်လေးလက်ထဲကဒိုင်းဆုသေးသေးလေးကိုကြည့်လိုက်သည်..
ဒီဆုလေးရတာဘယ်လောက်များပျော်စရာကောင်းနေလို့လဲ..
သူ့ရဲ့အတွေးတွေကိုဖတ်မိတဲ့အတိုင်းကောင်လေးကပြုံးလာပီး..
"ဒီဆုလေးကိုယူတုန်းကကျွန်တော်Karenရဲ့ဘေးနားမှာပထမဆုံးအကြိမ်အဖြစ်ရပ်နေခွင့်ရခဲ့တယ်..."
အပြုံးတွေကသိပ်ကိုချိုလွန်းလို့ပုရွက်ဆိတ်တက်မှာတောင်စိုးရတယ်...
သူနဲ့လေ့ကျင့်နေတဲ့အခါမျိုးမှာဆိုရင်လည်းဘယ်လောက်ပင်ပန်းပန်း..အမြဲတမ်းပြုံးနေပီးသူပြောတဲ့စကားက..Karenပျော်ရင်ရပီတဲ့..
အဟား!ဘယ်လောက်တောင်သိသာထင်ရှားလွန်းနေတဲ့ချိုမြိန်တဲ့မေတ္တာတွေလဲ.
"ကိုယ်သွားပီ.."
"အင်း..ကျွန်တော်လိုက်ပို့မယ်လေ.."
တီ📲
မြည်လာတဲ့phကိုကြည့်လိုက်ရင်းထိုကောင်လေးရဲ့မျက်နှာထက်မှာအပြုံးလေးပေါ်လာသည်..
"ခဏ.."
"Hello Karen..."
သူphပြောနေတဲ့ကောင်လေးကိုကျောခိုင်းလိုက်ပီးထွက်လာခဲ့လိုက်သည်...
နာလိုက်တာ.....သူ့ရဲ့နှလုံးသားကဘာလို့အဲ့လောက်ထိနာနေရတာလဲ..
အစွမ်းတွေလျော့လာလို့ထင်ပါရဲ့...
Huuriတောင်ထိပ်ကိုပြန်တော့မယ်...နောက်တစ်ခါသူHuuriတောင်ထိပ်ကထွက်လာတဲ့အခါကျရင်10နှစ်..ဒါမှမဟုတ်အနှစ်20လည်းကြာချင်ကြာသွားနိုင်တယ်..ဒါမှမဟုတ်သူ့တစ်ဘ၀လုံးဒီနေရာကိုပြန်မလာတော့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်...
"အင်း...ဘာမှမဖြစ်ပါဘူး..နောက်တစ်ခေါက်ပေါ့....အဟား..ငါအဆင်ပြေပါတယ်..ငါလည်းတကယ်တော့ဒီနေ့လုပ်စရာတွေရှိနေတာနဲ့အပြင်သွားလည်နိုင်မှာမဟုတ်တော့ဘူးဆိုပီးမင်းကိုပြောမလို့ပဲ.အင်း..ဒါပဲနော်Karen.."
ph screenလေးအမှောင်ကျသွားတဲ့အထိသူ့ကြည့်နေမိသည်..
နောက်တစ်ခေါက်ပေါ့...ဘာပဲဖြစ်ဖြစ်သူလက်လျှော့မှာမှမဟုတ်တာ..
"ဟုတ်သားပဲ..Giya..no"
သူလှည့်ကြည့်လိုက်တော့ထိုလူကမရှိတော့ဘူး..
"အာ...မရှိတော့ဘူးပဲ.."
သူလိုက်ပို့မလို့ဟာကို ဒီလူကတော့မပြောမဆိုနဲ့ထွက်သွားပီ..
************************************
Summer Holidays~
နောက်ဆုံးတော့ကျောင်းသားတိုင်းမျှော်လင့်နေတဲ့နွေရာသီကျောင်းပိတ်ရက်ရောက်လာပီ..
"Karen..မင်းပိတ်ရက်တွေမှာဘယ်သွားဖို့အစီအစဥ်ရှိလဲ.."
သူလွယ်အိတ်ပေါ်မှောက်အိပ်နေရင်းမှဘေးနားရောက်လာတဲ့Erenကြောင့်ပျင်းတိပျင်းရွဲတစ်ချက်သန်းလိုက်ပီးထလိုက်ကာ
"အစီအစဥ်?.."
"အင်း..Karen..တကယ်လို့မင်းမှာဘာအစီအစဥ်မှမရှိသေးရင်ငါနဲ့အတူတူခရီးထွက်.."
"ရှိတယ်.."
"ရှိပီးသားလား..ဒါဆိုမင်းဘယ်ကို.."
သူErenရဲ့ပခုံးကိုပုတ်လိုက်ပီး လွယ်အိတ်ကောက်လွယ်လိုက်ကာ.
"Eren ငါသွားတော့မယ်..ကျောင်းပိတ်ရက်မှာပျော်ရွှင်ပါစေ.."
"Karen..ဆရာတွေကပြောစရာရှိသေးလို့ကျောင်းသားတွေကိုမပြန်ခိုင်းသေးဘူးလေ..."
ကောင်လေးကတော့သူ့ကိုလှည့်မကြည့်ပဲနောက်ပြန်လက်ပြကာထွက်သွားလေပီ..
****************************
သူအိမ်မပြန်ခင်marketတစ်ချက်၀င်ပီးခရီးထွက်ရင်လိုအပ်မယ့်ပစ္စည်းတွေ၀ယ်လိုက်သည်..
[လွန်ခဲ့တဲ့နှစ်ပတ်ကErenနဲ့အပြင်ထွက်ပီးလျှောက်လည်မယ့်နေ့]
"Huuriတောင်ထိပ်?.."
"အင်း.."
ထိုသူကအိပ်ယာပေါ်မှာထိုင်နေရင်းသူ့ကိုပြန်ဖြေလာသည်..
အိပ်ယာပေါ်မှာခြေထောက်ချိတ်ပီးထိုင်နေတဲ့ထိုလူကဒီတိုင်းပဲနေတာတောင်မမြင်ရတဲ့အရှိန်အ၀ါတွေဖုံးလွှမ်းနေသည်..
ငွေမှင်ရောင်ဆံနွယ်ရှည်တွေကဖြာကျနေပီးအပြုံးသဲ့သဲ့ကနှုတ်ခမ်းဖျားမှာချိတ်ဆွဲထားသည်..
သူ၀န်မခံချင်ပေမယ့် ထိုလူကတကယ်ကြီးကြည့်ကောင်းလွန်းပီး..ချောမောလွန်းသည်.
"အဲ့တော့ ခများပြောတာကခများကိုကျိန်စာတိုက်သွားတဲ့စုန်းအိုကြီးကHuuriတောင်ထိပ်မှာနေတာလို့လား.."
"ဒါဆိုခများသူ့ကိုအဲ့နေရာမှာဘာလို့သွားမရှာတာလဲ.."
"ကိုယ်တော်ရှာပီးပီ..ဒီစုန်းအိုကြီးကကိုယ်ယောင်ဖျောက်တာတော်လွန်းတယ်..ကိုယ်တော်Huuriတောင်ထိပ်ကိုရောက်တော့ဘယ်သူမှမရှိတဲ့တောင်အလွတ်ကြီးကိုပဲတွေ့ခဲ့ရတယ်.."
"ဒါဆိုခများကအခုမှဘာလို့အဲ့နေရာကိုပြန်သွားရှာချင်ရတာလဲ.."
"ကိုယ်တော်ဟိုနေ့ကစုန်းအိုကြီးကိုတွေ့လိုက်တယ်..."
"အင်းကျွန်တော်သိပီ..ခများပျောက်သွားတဲ့နေ့ကမလား.."
"ကိုယ်တော့်ရဲ့Karenလေးကတော်လိုက်တာ.."
သူထိုရိသဲ့သဲ့လုပ်လွန်းတဲ့ဘုရင်ကိုလစ်လျူရှုလိုက်ပီး..
"ခများပြောပုံအရဆိုရင်.."
"Arbish...ကိုယ်တော့်ကိုArbishလို့ခေါ်ဖို့ပြောထားတယ်လေ.."
"ထားပါ..အဲ့တော့Arbish ခများပြောပုံအရဆိုရင် စုန်းအိုကြီးကဘာပဲဖြစ်ဖြစ်ဒီမှာပဲမဟုတ်ဖူးလား..ဘာကိစ္စHuuriတောင်ထိပ်ကိုသွားချင်ရတာလဲ.."
Arbishကပြုံးလိုက်ပီး..
"ကိုယ်တော်အဲ့နေ့တုန်းကတွေ့တော့စုန်းအိုကြီးရဲ့ပုံကအားနည်းနေတဲ့ပုံပဲ..ဘယ်လိုပဲဖြစ်နေနေသူHuuriတောင်ထိပ်ကိုပြန်သွားမှရမယ်..Huuriတောင်ထိပ်မှာပေါက်တဲ့ဆေးပင်တွေကသူတို့စုန်းမျိုးနွယ်တွေအတွက်အာဟာရပဲ.ဘာပဲဖြစ်ဖြစ်စုန်းအိုကြီးကလတ်တလောအတွင်းမှာသေချာပေါက်Huuriတောင်ထိပ်ကိုပြန်ရမှာပဲ...သူမရောက်ခင်ကိုယ်တော်တို့ကHuuriတောင်ထိပ်ကိုအရင်ရောက်နှင့်နေရမယ်..."
"ကျွန်တော်နားလည်ပီ..ဒါပေမယ့်ဘယ်လိုပဲဖြစ်ဖြစ်စုန်းအိုကြီးကHuuriတောင်ထိပ်ကိုပြန်လာမှာပဲဆိုတာသိနေရင်ခများဘာလို့အဲ့မှာပဲထိုင်စောင့်မနေရတာလဲ.."
သူအမေးအမြန်းထူလွန်းတဲ့ကောင်လေးကိုကြည့်ပီးပြုံးလိုက်ကာ..
"ကိုယ်တော်စောင့်တယ်..10နှစ်လောက်အထိကိုယ်တော်တောင်ထိပ်မှာစောင့်နေခဲ့တယ်....ဒါပေမယ့်စုန်းအိုကြီးကတော့ပေါ်မလာခဲ့ဘူးလေနောက်တော့ကိုယ်တော်လည်းမစောင့်တော့ပဲတောင်ပေါ်ကပြန်ဆင်းပီးသူအရင်ကပြောတဲ့နည်းအတိုင်းကျိန်စာဖြေဖို့သွားလုပ်တယ်.."
"ခများမိန်းမပျိုလေးတွေကိုသွားရှာတာလား.."
"ကိုယ်တော့်ရဲ့Karenလေးကသ၀န်တိုနေတာလား.."
"မေးတာပဲဖြေပါ.."
"အဟား.. ဟုတ်ပါပီ..ဒါပေမယ့် အခုKarenမြင်တဲ့အတိုင်းပဲလေ ကိုယ်တော့်ရဲ့ကျိန်စာကမှမပြယ်သေးတာ.."
"ကိုယ်တော်လည်းတောင်ပေါ်ကိုထပ်သွားပီးသွားရှာတယ်..ဒါပေမယ့်ကိုယ်တော်အဲ့ဒီကိုပြန်ရောက်တဲ့အချိန်မှာစုန်းအိုကြီးကရောက်ပီးသွားလို့ပြန်တောင်ထွက်သွားပီ.."
"ကိုယ်တော်ကလူမဟုတ်တော့အဲ့တောင်ထိပ်ကိုတစ်ခါသွားဖို့အရေးခွန်အားတွေအများကြီးသုံးရတယ်.."
"အဲ့တော့ခများကလက်လျှော့လိုက်ပီး ကျိန်စာဖြေရမယ့်အစားဒီမှာလာပီးအလေလိုက်နေတာပေါ့.."
"Karenလေးကိုယ်တော့်ကိုဘာလို့အဲ့လိုပြောရတာလဲ.."
သူArbishကိုတစ်ချက်စိုက်ကြည့်ပေးလိုက်ပီး
"လာမယ့်mondayစာမေးပွဲဖြေပီးရင်Huuriတောင်ထိပ်ကိုသွားကြမယ်..."
သူArbishကိုမြန်မြန်ကျိန်စာပြယ်အောင်ကူညီပီးအိမ်ကထွက်သွားအောင်လုပ်ရမယ်..
Flash back end#
***************************
နေရောင်ခြည်ဖြဖြကမှန်ပြတင်းကနေတဆင့်၀င်ရောက်လာသည်..
မျက်လုံးကိုဖြည်းညှင်းစွာဖွင့်လိုက်တော့သူ့မျက်စိရှေ့မှာပေါ်လာတဲ့ကြီးမားကျယ်ပြန့်တဲ့ရင်ခွင်ကြီး..
"What the!!.."
သူထမလို့လုပ်လိုက်တော့ဘယ်ကတည်းကသူ့ခါးပေါ်မှာဖက်ထားလဲမသိတဲ့Arbishရဲ့လက်ကြီးကပြန်ပီးဆွဲချလိုက်တော့အိပ်ယာထခါစမို့အနည်းငယ်မှုန်တိမှုန်၀ါးဖြစ်နေဆဲလူကArbishရဲ့ရင်ဘက်ထက်မျက်နှာအပ်လျက်သား..
အနီးကပ်မြင်နေရတဲ့မေးရိုးထင်းထင်း..
ကျောက်စိမ်းလိုကြည်လင်နေတဲ့အသားအရည်ပေါ်မှာယှက်သန်းနေတဲ့သွေးကြောစိမ်းတွေ..
ချွန်မြမြနှာတံစင်းစင်း..အိပ်နေတဲ့အချိန်မှာတောင်ချောမောမှုတွေကလျော့ပါးသွားခြင်းမရှိတဲ့
ထိုလူကအမတနတ်ဘုရားတစ်ပါးအလား...
တမေ့တမောငေးမောကြည့်နေဆဲမှာပင်..
ဇာမဏီမျက်၀န်းတွေကပွင့်လာပီး..
နီစွေးစွေးနှုတ်ခမ်းပါးကအထက်ကိုကော့ညွတ်သွားကာ..
"ဧကရာဇ်တစ်ပါးကိုဒီလိုကြည့်နေရဲတာ မောင်မင်းကိုအပြစ်ပေးမှဖြစ်တော့မယ်.."
ထိုလူကရုတ်တရက်ထလိုက်ပီးသူ့(K)ကိုသူ့(A)ရင်ခွင်အောက်ဆွဲသွင်းလိုက်သည်..
ထိုလူ့ရဲ့၀င်သွက်ထွက်သက်နွေးနွေးကသူ့မျက်နှာထက်ရိုက်ခတ်နေသည်..
"ခများ!!.."
"Arbish...ကိုယ်တော့်ကိုArbishလို့ခေါ်.."
ပြုံးစစပြောလာတဲ့ထိုလူ..ငွေမှင်ရောင်ဆံနွယ်တွေကနေရောင်အောက်မှာဖြာကျနေပီး.
ဇာမဏီမျက်၀န်းတွေကနူးညံ့နွေးထွေးနေသည်..
"ကျစ်!Arbish ဘေးဖယ်တော့.."
"ကိုယ်တော်မောင်မင်းကိုအပြစ်ပေးမယ်လို့ပြောထားတယ်လေ..နောက်နေတယ်လို့များမောင်မင်းကထင်နေလေရော့လား..."
"ကျစ်!Arbish ကျွန်တော်ပြော.."
သူ့ရဲ့နှုတ်ခမ်းထက်ထိကပ်နမ်းရှိုက်လာတဲ့အနမ်းတွေ..
တတိတိရစ်ပတ်ငုံထွေးနေပီး..ထိုလူ့ရဲ့လျှာဖျားကကျူးကျော်၀င်ရောက်လာဖို့ကြံစည်နေတော့သူဖွင့်မပေးပဲနှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်သည်..
"အဟက်!မောင်မင်းကတကယ်ဆိုးတာပဲ.."
သူထိုကောင်လေးရဲ့နှုတ်ခမ်းလေးကိုဆတ်ခနဲသွားလေးနဲ့ကိုက်လိုက်တော့ နာကျင်သွားဟန်တစ်ချက်ရှုံ့သွားပီးပါးစပ်လေးကအနည်းငယ်ပွင့်ဟလာသည်..
ထိုအခိုက်အတန့်လေးအတွင်းမှာသူ့ရဲ့လျှာဖျားလေးကိုထိုကောင်လေးအာခံတွင်းထဲ၀င်ရောက်စေလိုက်သည်..
ရှောင်ရှားချင်နေတဲ့လျှာဖျားလေးကိုအတင်းအကြပ်ရစ်နွှယ်လိုက်ပီး အနမ်းတွေကိုပိုမိုနက်ရှိုင်းစေလိုက်သည်...
ထိုကောင်လေးအသက်ရှူကြပ်လာတော့မှသူလွှတ်ပေးလိုက်ပီးသူကိုက်လိုက်တာကြောင့်ပေါက်သွားတဲ့နီစွေးစွေးနှုတ်ခမ်းလေးကိုလျှာလေးနဲ့ဖွဖွလျက်လိုက်ပီး..
"Karenထတော့ ကိုယ်တော်တို့ဒီနေ့Huuriတောင်ထိပ်ကိုသွားရမှာ.."
"Fu*k!..."
လူကိုလုပ်ချင်ရာလုပ်ပီးရေချိုးခန်းထဲ၀င်သွားတဲ့Arbish..
သူခေါင်းအုံးနဲ့လှမ်းပေါက်လိုက်ပီး..
"ခများ နောက်ဆိုမပြောမဆိုနဲ့ကျွန်တော့်အခန်းထဲ၀င်မလာနဲ့!!!.."
နောက်မျက်စိပါသလားလို့ထင်ရလောက်အောင်ထိုလူကကိုယ်ကိုအနည်းငယ်တိမ်းစောင်းလိုက်ပီးခေါင်းအုံးကိုရှောင်လိုက်ကာ..သူ့ဘက်လှည့်ကြည့်လာပီး..
"ဧကရာဇ်ကိုနောက်ကနေလုပ်ကြံတာဘယ်လောက်တောင်အပြစ်ကြီးလည်းဆိုတာမောင်မင်းမသိဘူးလား...တန်တော့..မောင်မင်းကိုယ်တော့်ဆီကအပြစ်ပေးခံရတာကိုသဘောကျနေတာများလား.."
"Fu*k ပဲ သောက်ဘိုးတော်ကြီး ရေချိုးခန်းထဲမြန်မြန်၀င်တော့.."
Arbishကရေချိုးခန်းထဲမ၀င်တော့ဘဲမျက်မှောင်ကြုံ့သွားပီးသူ့ဘက်လှမ်းလာမလိုပြင်နေတော့..
စောင်အောက်အမြန်၀င်ပုန်းလိုက်ရသည်..
သူရဲဘောကြောင်တယ်ပြောပြော..မတတ်နိုင်..သူဆိုတဲ့Karen..လူဆိုးလူမိုက်တွေနဲ့ရင်ဆိုင်ရတာတောင်သွေးမကြောင်ခဲ့တာ
Arbishကိုတော့တော်တော်လေးကြောက်မိသည်..
မတော်လို့ဧကရာဇ်ကိုထိခိုက်စေမှုဆိုပီးသူ့နှုတ်ခမ်းလေးကိုလာရန်ရှာမှဖြင့်..
နှုတ်ခမ်းထက်လက်နဲ့အသာပိတ်လိုက်တော့ ကိုက်ခံထားရတဲ့အနာလေးကနည်းနည်းစပ်သွားသည်..
သူအသံတိတ်ကျိန်ဆဲလိုက်သည်..
"သောက်အဖိုးကြီး!!.."
သူစောင်အောက်မှာပုန်းပီးလှုပ်စိလှုပ်စိလုပ်နေတဲ့ကောင်လေးကိုကြည့်ပီးပြုံးလိုက်ကာ..ရေချိုးခန်းထဲ၀င်ခဲ့လိုက်သည်...
********************************
"သခင်လေး..ပစ္စည်းတွေအားလုံးစုံပါပီ.."
"အင်း.."
သူကားပေါ်မှာတင်ထားတဲ့ပစ္စည်းတွေကိုစစ်နေတုန်းခြံတံခါးရှေ့မှာရပ်လာတဲ့အပြာရောင်ကားလေး..
"Eren.."
အဖြူရောင်ရှပ်အင်္ကျီအပေါ်မှာGalaxyပုံပါတဲ့အနက်ရောင်ရှပ်လက်တိုတစ်ထည်က်ိုဂျင်းဘောင်းဘီအနက်ရောင်ထဲထည့်၀တ်ထားသည်..
ရွှေအိုရောင်ဆံနွယ်ကလေထဲမှာလူးလွင့်နေပီး တက်ကြွလန်းဆန်းမှုတွေကိုအပြည့်အ၀ဖော်ဆောင်နေသည်..
"Karen.."
Erenကပြုံးပြလာပီးသူ့နားလျှောက်လာသည်..
"Eren..မင်းဘယ်လိုလုပ်ရောက်လာတာလဲ.."
"ငါလား.ဒီတိုင်းပဲစိတ်ထဲမှာမင်းခရီးသွားမယ်လို့ခံစားမိလို့ ရောက်လာတာ.."
"ငါအတည်မေးနေတာ..."
"အဟား..နောက်တာပါကွာ..ညကအန်ကယ်ကငါ့ကိုphလှမ်းဆက်တယ်..မင်းခရီးသွားမှာမလို့တဲ့တစ်ယောက်တည်းစိတ်မချလို့ငါ့ကိုပါလိုက်သွားပေးပါတဲ့..."
"daddyကလား.."
"အင်း...မင်းပစ္စည်းတွေကဒါပဲလား..မနက်စာရောစားပီးပီးလား.."
Erenကသူ့ကားထဲကပစ္စည်းတွေကိုကြည့်ပီးအတည်ပေါက်ကြီးပြောနေပုံကြောင့်..
"Eren..မင်းငါနဲ့တကယ်လိုက်မလို့လား.."
"အင်းလေ.."
"ငါ့အတွက်ကိစ္စမရှိပါဘူး..တစ်ယောက်တည်းလည်းအရင်ကသွားနေကြကို..Daddyပြောတာကိုစိတ်ထဲထားမနေနဲ့..မင်းမှာလည်းလုပ်စရာကိစ္စတွေရှိနေမှာပဲလေ..ငါမင်းကိုဒုက္ခမပေးချင်ပါဘူး..."
သူထိုကောင်လေးရဲ့လက်ကိုကိုင်လိုက်ရင်း..
"Karen..ငါ့မှာဘာမှလုပ်စရာမရှိပါဘူး..ပီးတော့မင်းdaddyကြောင့်ပဲမဟုတ်ဖူး ငါကိုယ်တိုင်ကလည်းမင်းနဲ့အတူတူခရီးသွားချင်တာကြောင့်သဘောတူလိုက်တာပါ.."
Erenလက်ထဲကသူ့လက်ကိုရုန်းလိုက်ပီး..
"အင်း မင်းသဘောပဲ.."
"မြှောင်.."
Erenနဲ့သူနဲ့စကားပြောနေတုန်းအိမ်ထဲကနေထွက်လာတဲ့Arbish...
ErenကArbishကိုကောက်ပွေ့လိုက်ပီး..
"ဟေး ကောင်လေး..မင်းသခင်ကခရီးထွက်မလို့တဲ့ မင်းတော့တစ်ယောက်တည်းနေခဲ့ရတော့မှာပေါ့.."
သူErenလက်ထဲကArbishကိုခေါ်လိုက်ပီးကားနောက်ခန်းထဲထည့်လိုက်ကာ..
"သူရောလိုက်မှာ.."
"အာ..၀တုတ်လေးကိုပါခေါ်ခဲ့မလို့လား.."
"အင်း.."
"Karen ငါသိပါတယ်မင်း၀တုတ်လေးကိုမခွဲနိုင်မှန်း ဒါပေမယ့်တိရစ္ဆာန်လေးတွေကနုနုနယ်နယ်လေးတွေဆိုတော့ခရီးကသူကိုပင်ပန်းစေလိမ့်မယ်.."
"အော.."
သူနောက်ခန်းမှာမိန့်မိန့်ကြီးထိုင်နေတဲ့Arbishကိုကြည့်လိုက်ပီး..
"ဟက်!နု နု နယ် နယ် လေးပေါ့.."
"အင်းလေ..ဘာဖြစ်လို့လဲ.."
Erenကသူ့ကိုနားမလည်သလိုကြည့်လာတော့သူခေါင်းယမ်းပြလိုက်ရင်း..
"ဘာမှမဖြစ်ပါဘူး..ဒီကောင်ကအကြမ်းခံနိုင်တယ်.."
"ဒါနဲ့ မင်းကငါနဲ့လိုက်မှာဆိုတော့မင်းကားကိုငါ့အိမ်မှာပဲထားခဲ့လိုက်တော့.."
"ok Karen.."
သူဘေးနားမှာရပ်နေတဲ့aunty marrieကိုကြည့်လိုက်ပီး..
"ခဏနေ..Erenကားကိုအိမ်ထဲသွင်းထားလိုက်.."
"ဟုတ်ကဲ့သခင်လေး.."
"အင်း.."
"ဟို..သခင်လေး.."
သူကားထဲ၀င်မလို့ရှိသေး တစ်ခုခုပြောမလိုလုပ်နေတဲ့ Aunty marrieကြောင့်..
"အင်း.."
"ဟိုလေ..သခင်လေးကျွန်မကိုကားပေါ်တင်ခိုင်းထားတဲ့ပစ္စည်းတွေထဲမှာ၀တုတ်လေးအတွက် နွားနို့နဲ့၀က်ပေါင်ခြောက်တွေမပါသေးဘူး..အဲ့တာသခင်လေးများမေ့နေတာလားလို့.."
"မလိုဘူး.."
ကားတံခါးကိုဆွဲဖွင့်လိုက်ရင်းကားထဲ၀င်ထိုင်လိုက်ကာ..နောက်ကြည့်မှန်ကနေArbishကိုတစ်ချက်ကြည့်ပီးစတီယာတိုင်ကိုကိုင်ကာခြံထဲကနေမောင်းထွက်လိုက်သည်..
"ဟက်!နုနုနယ်နယ်လေးတဲ့လား.."
YOU ARE READING
Reader samaတို့ကျေးဇူးပြု၍nameလေးစဥ်းစားပေးကြပါ❤
RandomFic nameလေးအတိုင်းပါပဲ ဖတ်ပီးရင် nameလေးကူပီးစဥ်းစားပေးကြပါဦး... အဟား..စတာပါ.. လိုက်ပါစီးမျောပေးကြပါဦး.❤️ ဖတ်ရှုပေးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်.. [တကယ်လို့Fic nameလေးစဥ်းစားမိရင်လည်းပြောလို့ရတယ်နော်٩(๑'3`๑)۶❤️] Fic nameေလးအတိုင္းပါပဲ ဖတ္ပ...