Part - {16}

179 47 4
                                    

ကျွန်တော် ထိုင်နေတဲ့အတောအတွင်း ဆောင်းဝန်းရဲ့ အမွေဆက်ခံသူ၊ ဂီယွန်းဂျယ်ဆီမှာ အကောင်းမြင်ခံရဖို့ သူစိမ်းတွေက လာနှုတ်ဆက်ကြတယ်။ အစကတော့ ကျွန်တော်ကပဲ ကိုယ်စား သူတို့ကို နှုတ်ဆက်ကြည့်ရှုပေးရတာ သင့်တော်ပေမဲ့ ဆောင်းဝန်းဆိုတဲ့ နာမည်က အင်အားကြီးလွန်းတယ်။

"အိုး Mr. ယွန်းဂျယ်၊ မတွေ့ရတာ ကြာပြီနော်"

"ဟယ်လို"

"ကျွန်တော်အခုမှ သတိရ‌တယ်။ သားက မကြာခင် အထက်တန်းကျောင်းသား ဖြစ်တော့မှာမလား? သား ဆောင်းဝန်းက တည်ထောင်ထားတဲ့ အထက်တန်းကျောင်းကို သွားမှာလား?"

ထိုလူက အဲ့ဒီ့အထက်တန်းကျောင်းမှာပဲ သူ့သမီးက တက်ရောက်နေကြောင်း၊ ပြီးတော့ သူမနဲ့ အဆင်ပြေအောင် နေရင် ကျွန်တော့်အတွက် ကောင်းကြောင်း ဆက်ပြောတယ်။ ဂီယွန်းဂျယ်က ကြည့်ကောင်းတဲ့ လူဖြစ်ပေမဲ့ တွဲနေသူလည်း မရှိသလို စေ့စပ်ထားတဲ့သူလည်း မရှိဘူး။ ဘလိုင်းဒိတ်လုပ်ကြတာက ပိုကောင်းပြီး ကျွန်တော်နဲ့ စေ့စပ်လိုက်ကြရရင် အကျိုးများမှာဆိုတော့ လူတိုင်းက သူတို့ရဲ့ သမီးတွေကို မိတ်ဆက်ပေးကြတယ်။

"ကျွန်တော်တို့ အခွင့်အရေးကြုံလို့ တွေ့ကြရရင် ခေါ်ပါ့မယ်"

အခုထိကို သူတို့ရဲ့ သမီးတွေအ‌ကြောင်း လာပြောတဲ့ လူတွေကို မယုတ်မလွန် ပြန်ဖြေပေးလိုက်ပြီး သူတို့က သူတို့စားပွဲတွေဆီ စိတ်ကျေနပ်စွာ ပြန်ထိုင်ကြတယ်။

ဟူး။

အဲ့ဒီလူသာ ဆက်တွန်းအားပေးနေရင် ပေါက်ကရတွေ လျှောက်လုပ်ပေးရမလား စဉ်းစားလိုက်ပေမဲ့ ကံကောင်းလို့ သူက လွယ်လွယ်နောက်ဆုတ်သွားတာ။ တော်သေးတယ်...

"မင်း ဒီတစ်ခါကော ဘာဖြစ်ပြန်ပြီလဲ?"

"ဘာလဲ?"

ဂျောင်ရီဂျွန်းက မျက်မှောင်ကုတ်ရင်း ကျွန်တော့်ကို တိတ်တိတ်လေး စိုက်ကြည့်ပြီး မေးလာတယ်။

သူပြောတာကို နားမလည်သလို ဟန်ဆောင်ဖို့ ပြင်လိုက်ပေမဲ့ သူ့မျက်လုံးတွေက ပြန်စိုက်ကြည့်လာတယ်။

"ဒါဆို... မင်း သူမနဲ့ သွားတွေ့မှာလား?"

"ဘာရယ်?"

လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Zawgyi)Where stories live. Discover now