"မင်းဘာလုပ်နေတာလဲ?"
"ဘာမှ မလုပ်ပါဘူး?"
ကျွန်တော်နားနေတုန်း ဂျောင်ရီဂျွန်းက ရောက်လာပြီး ကျွန်တော့်ကို နေရောင်ခြည်ဆီကနေ ကာလိုက်တယ်။ ကျွန်တော့်ရှေ့ကနေ မကာဖို့ သူ့ကို ပြောပြီး မောင်းထုတ်လိုက်ပေမဲ့ ဂျောင်ရီဂျွန်းက မကောင်းဆိုးဝါးလို ပြုံးပြီး နေရောင်ကို ပိုတောင် ကာလိုက်သေးတယ်။
"အာ၊ ဘာလုပ်နေတာလဲလို့? ဖယ်စမ်းပါ!"
"ဟိုးး ကြည့်ပါအုန်း။ အခုတော့ မင်းက ငါနဲ့ ဘာမှ လုပ်ချင်တာ မရှိတော့ဘူးပေါ့?"
"မင်း ဘာတွေ ပြောနေတာလဲ တကယ်ပါပဲ?"
"မင်းပဲ ငါ့ကို အဲဒီ့လို အသားယူသွားပြီး... အခုတော့ ငါက မင်းအတွက် အသုံးမဝင်တော့ဘူးပေါ့!"
ဂျောင်ရီဂျွန်းက စကားစပြောနေတုန်းကတော့ ပြုံးနေပေမဲ့ နောက်တော့ မျက်မှောင်ကြုံ့လာပြီး ဟာသပြောရင်းကနေ အတည်ပေါက်ကြီး ပြောနေတဲ့အတိုင်းပဲ။ ပြီးတဲ့နောက် အဲဒီ့ကောင်က ကပ်ပါးကောင် လုပ်တော့တာပဲ။
"မင်း ငါနဲ့ ရှင်းစရာ ကိစ္စတွေ ရှိသေးတယ် မလား? ဟမ်? မင်း ငါမသိဘဲနဲ့ အခြားကောင်နဲ့ နမ်းသေးလား?"
"အာ့ရှ်၊ တိတ်တိတ်နေစမ်းပါဟ! ရှက်စရာကြီးကို။ ဘာကိစ္စလဲ?"
ဂျောင်ရီဂျွန်းက ကျွန်တော့်ကို အခြားလူနဲ့ နမ်းသေးလားဆိုပြီး အငိုက်ဖမ်းပြီး မေးတော့ နည်းနည်း သတိလွတ်သွားသေးတယ်။ ကံကောင်းလို့ ကျွန်တော် ချောချောမွေ့မွေ့နဲ့ ဖြတ်ကျော်လိုက်နိုင်တယ်။
ပြီးတော့ ဘာလို့ ဒီလူ့ဂွစာကောင်ရဲ့ လိင်က ယောက်ျားဖြစ်နေပြီး မိန်းမ မဟုတ်ရတာလဲ? ဒါပေါ့၊ ယောက်ျားဦးရေက မိန်းမဦးရေထက် ပိုများတာလို့ ကျွန်တော် ယူဆမိပါတယ်...။ ကျွန်တော် မသိတာက ဒီနေရာက အစကတည်းက မောင်းမဆောင်စိတ်ကူးယဉ်ဝတ္ထု ဖြစ်နေရင် ဘာလို့ ဒီလိုတွေ ဆက်ဖြစ်နေရတာလဲ? ကျွန်တော့်ပုံစံကြောင့် ဂျောင်ရီဂျွန်းက သူ့သံသယတွေကို မဖယ်ရှားခင် အကဲခတ်လိုက်သေးတယ်။
"ဟမ်... ငါသိပြီ။ မင်းတစ်ခုခု လုပ်ခဲ့ပုံ မရပါဘူးလေ။ ဒီလိုပဲ ဆက်နေ! မင်း အခြားတစ်ယောက်ယောက်နဲ့ နမ်းရဲနမ်းကြည့်၊ မင်းသေမယ်နော်! နားလည်လား?"
(T/N : မနေနိုင်တော့လို့ ပြောမိပြီ။ အမလေးဟဲ့ -_-)
YOU ARE READING
လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြိုးစားမှုများ : Myanmar Translation (Zawgyi)
Action#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status in COO -85 Chapters (Ongoing) I got permission from English translator - IceCherry to translate this novel.