'ချယ်'(အပိုင်း-၂)

6.4K 312 6
                                    

ဒီနေ့ကဗျာစပ်ပွဲပြိုင်ဖို့စုတို့ကျောင်းကနေပြိုင်ရမဲ့ကျောင်းကိုသွားကြရတယ်ကျောင်းကစုတို့အတန်းပိုင်နဲ့အတူပေါ့

ပြိုင်ရမဲ့ကျောင်းရောက်တော့စင်နောက်မှာကိုယ့်ကျောင်းနဲ့ကိုယ်အစုလိုက်အတူရပ်နေရင်းဟောတွေ့လိုက်ရပါပြီ

စုရဲ့နှလုံးသားတစ်ခုလုံးပြောင်းဆန်အောင်လှုပ်ခပ်လိုက်တဲ့ချယ်

စုကသာချယ့်ကိုမျက်စိတဆုံးလိုက်ကြည့်နေတာချယ်ကတော့သူ့ကျောင်းသားတွေနဲ့အလုပ်ရှုပ်နေလေရဲ့

သက်ထားအလုပ်ရှုပ်နေပေမဲ့တစ်​ယောက်ယောက်ကသူ့ကိုစိုက်ကြည့်နေတာကိုစိတ်ကအလိုလိုသိနေမိတယ်

စိုက်ကြည့်နေတဲ့သူ့ကိုလိုက်ရှာမိတော့ဟောတွေ့လိုက်ပါပြီအသားလေးကဖြူဖြူအရပ်ကလေးကအရမ်းမပုပေမဲ့လဲသက်ထားလောက်တော့မရှည်ဘူး(ရင်ခွင်မှီအရပ်ပေါ့😁)ဂုတ်ဝဲလောက်ဆံပင်လေးနဲ့ပြိုင်ပွဲဝင်ဖို့ပဲစိတ်လှုပ်ရှားနေလို့လားတော့မသိနှုတ်ခမ်းနီမလိုပဲရဲ​နေတဲ့နှုတ်ခမ်းလေးကိုကိုက်နေတဲ့ကလေးလေး

သက်ထားကြည့်နေမိတာဘယ်လောက်ကြာသွားမှန်းမသိဘူးမမယုကသက်ထားရေသက်ထားလို့ခေါ်ခါမှအသိပြန်ဝင်လာတယ်

မမယုကတော့ပြိုင်ပွဲစတော့မယ်သက်ထားရေလို့ပြောပြီးတို့ကျောင်းကကလေးတွေပဲနိုင်မှာလို့မမယုကပြောတော့ကျမအင်းလို့သာတစ်လုံးထဲပြန်ပြောခဲ့တယ်

ကျမစိတ်ထဲမှာတော့ကလေးကိုပဲအနိုင်ရစေချင်တယ်

အရှေ့မှာအသီးသီးပြိုင်လို့ပြီးတော့နောက်ဆုံးမှဟောတက်လာပါပြီကျမရဲ့ပေါက်စလေးချစ်ဖို့ကောင်းလိုက်တဲ့ကလေးလေး

သူ့နာမည်လေးကိုမိတ်ဆက်ပါပြီမင်္ဂလာပါရှင်သမီးကအ.ထ.က.၁က 'မစုသက်ထက်'ပါရှင့်လို့အသံအေးအေးလေးနဲ့မိတ်ဆက်သွားတယ်

'စုသက်ထက်' 'စုသက်ထက်'ဆိုတဲ့နာမည်လေးကိုကျမနှုတ်ကနေအကြိမ်ကြိမ်ရွတ်လိုက်မိသလိုကလေးရဲ့အသံအေးအေးလေးကလဲကျမနှလုံးသားကိုနွေးထွေးသွားစေခဲ့တာအမှန်ပါ

ဒီလူသားပေါက်စလေးကိုကျမချစ်မိနေတာသေချာပါပြီ

မြင်မြင်ချင်းချစ်မိတာကိုအယုံအကြည်မရှိတဲ့ကျမသူလေးကိုတွေ့မှပဲကျမအမြင်တွေပြောင်းလဲခဲ့ရပြီ

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now