'ချယ်'(အပိုင်း-၂၅)

2K 112 2
                                    

ချယ်-မနေ့ညက ကျမပင်ပန်းလို့စောစောအိပ်ပျော်သွားခဲ့တယ်လေ မနက်နိုးလို့ ကျမဖုန်းကိုကြည့်မိတော့ ကျမအသက်ကလေးက ဖုန်းတွေကိုမရေတွက်နိုင်စွာခေါ်ထားတာ တွေ့ရတယ်လေ ကျမလဲပန်မခေါ်တော့ပဲ ကျောင်းရောက်မှပြောတော့မယ်လို့ ဆုံးဖြတ်ကာ ကျောင်းသွားဖို့ပြင်ဆင်ခဲ့တယ်လေ..........

ကျမပြင်ဆင်ပြီး အောက်ထပ်ဆင်းလာတော့မေမေနဲ့ဖေဖေကမနက်စာစားနေပြီအရင်ကဆိုမိသားစုအတူတူမနက်စာစားလေ့ရှိပေမဲ့ အခုတော့ ကျမအသက်ကလေးအတူတူ မနက်စာစားဖို့ယူသွားတော့မယ်ဆိုပြီးပြောပြီးသာ အိမ်ကနေထွက်လာခဲ့တယ်လေ.......

ကျမလဲ ကျောင်းကိုရောက်တော့ ကျောင်းနားက
မုန့်ဆိုင်ကနေ ကလေးအကြိုက်ပဲနို့ကိုဝယ်ပြီး ကလေးအလာကိုစောင့်နေမိတယ် မကြာပါဘူး လွှာ့ကားကိုတွေလိုက်ရပြီ ကျမလဲခပ်တည်တည်နေပြီး
ကလေးကိုသာစောင့်နေလိုက်တယ် လွှာကအရင်ဆင်းလာတယ်လေ ပြီးမှ ကျမကလေးကဆင်းလာတယ်.......

ကျမအသက်ကလေးက ကျမကိုတွေ့တော့ ပြုံးပြီးအနားကိုရောက်လာတယ် ပြီးမှ နှုတ်ခမ်းလေးကို ဆူထားပြီး ချယ့်ကိုစိတ်ကောက်တယ်မခေါ်ဘူးတဲ့လေ ကျမလဲပထမသဘောမပေါက်ဘူး နောက်မှသာ ကလေးဘာလို့ဒီလိုပြောလဲ ကျမသဘောပေါက်တယ်လေ.......

ဒီတော့ ကျမလဲ အသက်ကလေးရယ်စိတ်မကောက်ပါနဲ့နော် ချယ်ကလေမနေ့ကအရမ်းပင်ပန်းလို့ အိပ်ပျော်သွားတာ နောက်ဆိုအဲလိုမဖြစ်စေရဘူးနော် ချယ့်အသက်ကလေး ဖုန်းခေါ်ရင် ချယ်က ချက်ချင်းကိုင်မယ်နောက်ဆိုဟုတ်ပြီလား အခုလဲ ချယ်အသက်ကလေး စားဖို့ ချယ်ကမနက်စာထည့်လာတယ် ဆိုတော့မှ ကလေးကဟာ ချယ်ကလဲ စောစောကမပြောဘူး အသက်က ညကချယ့်ကိုစိတ်ကောက်ပြီး မနက်စာမစားလာဘူးဆိုတော့......

ချယ်က အယ်ကလေးရယ် နောက်ဆိုမနက်စာကိုအလွတ်မခံရဘူးနော် မနက်စာဆိုတာ လူတစ်ယောက်ဖို့အရေးကြီးဆုံးပဲကွဲ့ လို့ဆိုလိုက်တော့ ကလေးကရီပြီးတော့ ဟုတ်ချယ်နောက်မဖြစ်စေရပါဘူး တဲ့လေ ပြီတော့ အသက်ချယ်လွှာကျွေးတဲ့ မနက်စာကိုငြင်းလိုက်မိတာမှန်သွားတယ်ဒါဆို ချယ်ကမနက်စာယူလာပေးတာဆိုတော့ ကျမလဲဟုတ်ပါပြီ
ကလေးကို ဆုချရမှာပေါ့ဒါဆို.......

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now