'ချယ်'(အပိုင်း-၃၉)

2.4K 126 1
                                    

အသက်-အသက်တို့ ကားမောင်းကာထွက်လာပြီး မကြာပါဘူး အသက်တို့ရဲ့တစ်ချိန်က ကျောင်းတော်ကြီးအရှေ့ကို ရောက်ခဲ့ပြီ အသက်ကအရင်ဆင်းကာ ချယ့်ကိုတံခါးဖွင့်ပေးတယ် ပြီးတော့ ချယ်ကဆင်းလာကာ အချစ်ထားနဲ့ကျောင်းထဲလိုက်ခဲ့နော် ထားကလေကိုယ့်ရဲ့ချစ်သူလေးကိုကျောင်းထဲအထိလိုက်ပို့စေချင်တာဆိုပြီး ခေါ်တော့ အသက်မလိုက်ချင်ဘူး ဘာလို့ဆို​ကျောင်းထဲမှာချယ်လွှာရှိနေတာကို အသက်သိတယ် ပြန်ရောက်ထဲကချယ်လွှာကလာတွေ့ပေမဲ့လဲ အသက်မတွေ့ချင်လို့ရှောင်နေခဲ့တာအခုထိပါပဲ သို့ပေသော် အသက်ရဲ့ချစ်ရသူလေးရဲ့စကားကို အသက်ဘယ်လိုအင်အားနဲ့မှ မငြင်းဆန်နိုင်ဘူး ဒီတော့ အင်းပါထားရဲ့ အချစ်ကလိုက်ပို့မှာပေါ့ အချစ်ရဲ့ထားလေးကို ဆိုပြီးတစ်ဖက်ကထားလက်လေးကိုဆွဲပီး တစ်ဖက်ကခြင်းတောင်းလေးကိုင်ကာ အသက်ခြေမချချင်တဲ့ ကျောင်းတော်ကြီးထဲကိုဝင်လာခဲ့တယ်........

ချယ်-အိမ်ကနေကားမောင်းပြီး ခနအကြာကျမတို့ကျောင်းကို ရောက်ပြီလေ ကျမရဲ့ကလေးက ကားပေါ်ကနေအရင်ဆင်းပြီး ကျမကိုတံခါးဖွင့်ပေးတယ် ကျမလဲဆင်းပြီး ပထမကကျောင်းထဲဝင်သွားမလို့ပါ ဒါပေမဲ့ ကျမအတွေးထဲကိုမဖိတ်ခေါ်ပဲ ရောက်လာသူက ဝတ်လွှာပင် ပပပြောပြလို့ ကျမသိရတယ် ကျမကလေးကို ဝတ်လွှာကတွေ့ဖို့ကြိုးစားနေပေမဲ့ ကလေးကမတွေ့ဘူးဆိုတာကိုပဲ ဒီနေ့တော့ ကျမနဲ့ကလေးရဲ့ အခြေအနေကို ကျမဝတ်လွှာကိုမြင်အောင်ပြဖို့အတွက် ကျမကလေးကိုကျမဒီလိုပြောခဲ့တယ် အချစ်ထားနဲ့​ကျောင်းထဲလိုက်ခဲ့နော် ထားကလေကိုယ့်ချစ်သူလေးကို​ကျောင်းထဲထိလိုက်ပို့စေချင်တာ ဆိုပြီးကျမ​ခေါ်လိုက်တော့ ကျမကလေးလေးကမျက်နှာပျက်သွားတယ် ကျမသိတာပေါ့ ဝတ်လွှာကိုကလေးကမတွေ့ချင်ဘူးဆိုတာ သို့ပေသော် ကျမကလေးကမငြင်းပဲ အင်းပါထားရဲ့အချစ်ကလိုက်ပို့မှာပေါ့ အချစ်ရဲ့ထားလေးကိုဆိုပြီး တစ်ဖက်ကကျမလက်လေးကိုဆွဲပီး တစ်ဖက်ကခြင်းတောင်းလေးကိုင်ကာ ကျောင်းထဲကိုဝင်ခဲ့ကြတယ်.......

ကျမရဲ့ပြုံးနေတဲ့မျက်နှာကို ချက်ချင်းတည်မိသွားပါတယ် အကြောင်းမှာ ကျမကလေးကို ကျောင်းထဲကကျောင်းသူလေးအချို့က ဒီမကြီးကချောလိုက်တာဆိုပြီးပြောနေတာကို ကျမကလေးကအပြုံးလေးနဲ့ပြန်တုံ့ပြန်နေလို့ပါ ဒီတော့ ကိုင်ထားတဲ့လက်ကို လွှတ်ချကာ ကျမအရှေ့ကနေမြန်မြန်လျှောက်သွားခဲ့တယ် ကျမကလေးကလဲ အနောက်ကနေထားရေစောင့်ပါအုံး ဘာလို့မြန်မြန်သွားရတာတုန်းဆိုတော့ ကျမမျက်စောင်းထိုးကာ ဘာလို့အဲလောက်ပြုံးနေရတာလဲ မကြိုက်ပါဘူးနော် ထားအရှေ့မှာမဟုတ်ပဲ အချစ်တစ်ခြားသူရှေ့ပြုံးတာ ထားလုံးဝမကြိုက်ပါဘူးလို့ဆိုလိုက်တော့ ကျမကဒီလိုပြန်ပြောလာတယ် ကျမတွေးထားတာနဲ့လုံးဝကိုတစ်ခြားဆီပါပဲ အော်ဒါများထားရယ်စိတ်ဆိုးပြီးထွက်သွားရသလား အချစ်ကိုမပြုံးနဲ့လို့ပြောလိုက်ရင်ပြီးရော အခုတော့ မြန်မြန်သွားရလို့ အချစ်ရဲ့ထားခြေဖဝါးနုနုလေးတွေနာကုန်ပြီထင်တယ်တဲ့ ဒီတော့ကျမလဲကလေးကိုပြုံးပြုံးလေးကြည့်ကာ ချစ်တယ်ထားရဲ့အသက်ကလေးရယ်လို့ပြောလိုက်မိတယ် ကျမစိတ်ထဲလဲကလေးက ကျမကိုဒီလောက်တောင်ချစ်သည်တဲ့လား.......

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now