'ချယ်'(အပိုင်း-၂၉)

1.7K 107 1
                                    

ချယ်သက်-ကျမနဲ့ကလေးလဲ အရင်လိုပဲ အတူသွားအတူစား စာသင်နဲ့အချိန်ကုန်ခဲ့တယ် ဒီနေ့လွှာ့ကိုမတွေ့ရလို့နဲ့တူတယ် အရက်ကထပ်ပိုပေါ့ပါးနေတာအမှန်ပဲ သို့သော်မထင်မှတ်ထားတဲ့ကိစ္စတစ်ခု ကလေးမေမေကနေ့လည်က ကျမဆီဖုန်းဆက်လာတယ်လေ ညနေကြရင်အိမ်ကိုခနလောက်လာပါအုံးတဲ့ စုသက်ထက်အကြောင်းလေးဆွေးနွေးချင်လို့တဲ့လေ..........

ကျမလဲကလေးမေမေကဒီလိုပြောလာတော့ ကျမတို့အကြောင်းများသိသွားတာလားပေါ့ဆိုပြီး စိတ်ထံလေးနေမိတာအမှန်ပါ ဘာလို့ဆိုမနက်ကလွှာကျောင်းကနေကားပြန်လှည့်သွားတာကြောင့်ပါ သို့သော်မဖြစ်နိုင်လောက်ပါဘူးလေ ကလေးအကြောင်းဆိုတိုင်း ဒီကိစ္စမှမဟုတ်တာ အခြားအကြောင်းတွေလဲရှိတာပဲဆိုပြီး ကျမလဲပေါ့ပေါ့သာတွေးခဲ့တယ် ကျောင်းဆင်းချိန်ရောက်တော့ ဒီနေ့မမယုအချိန်ပါတာကြောင့်မလို့ ကလေးရယ် မမယုရယ်နဲ့အတူ ကျမပါကလေးအိမ်ကိုကားမောင်းလိုက်ပို့ခဲ့တယ်လေ........

ကလေးအိမ်ကိုရောက်တော့ ကလေးမေမေက အိမ်ရှေ့ဧည့်ခန်းမှာထိုင်စောင့်နေတယ်လေ ကလေးနဲ့မမယုကတော့စာသင်ဖို့အပေါ်တက်သွားကြတယ် ကျမကတော့ဧည့်ခန်းကခုံမှာဝင်ထိုင်ပြီး အမ ညမကိုဖုန်းဆက်ခေါ်ပြီးဆွေးနွေးမဲ့အကြောင်းလေးပြောပါအုံးဆိုတော့  ကလေးမေမေက ဒေါသသံမပါပေမဲ့ ဒေါသအလွန်ဖြစ်နေတဲ့မျက်နှာထားမျိုးနဲ့
ကျမကိုကြည့်ကာ ဒီမှာပြောလို့မသင့်လို့ ကျမအခန်းထဲမှာပြောကြတာပေါ့ဆိုပြီး အခန်းထဲထသွားတယ် ကျမလဲနောက်ကနေလိုက်သွားခဲ့တယ်လေ........

အခန်းထဲရောက်တော့ ကျမကြားလိုက်ရတဲ့စကား ကျမနားကိုတောင်ကျမမယုံနိုင်တဲ့အထိပါ ကလေးမေမေပြောလိုက်တာက အသက်မပြည့်သေးတဲ့ကလေးတစ်ယောက်ကိုမာယာတွေနဲ့မြှူဆွယ်ရတာ သိပ်ပျော်သလား ပြီးတော့ကျောင်းသားလဲမဟုတ်ကျောင်းသူကိုမှ အရှက်ရှိသင့်တယ်ထင်ပါတယ် ဆရာမတစ်ယောက်ဖြစ်ပြီးတော့တဲ့လေ အိုပြောလိုက်တဲ့ဒီစကား ကျမရဲ့သိက္ခာကို အတော်စော်ကားလိုက်တာပဲလေ.........

ဒီတော့ကျမလဲကျလုဆဲဆဲ မျက်ရည်တို့ကိုထိန်းကာ ဒီမှာ အမကျမကလေးတစ်ယောက်ကို ဘယ်တုန်းကမှ မမြှူဆွယ်ခဲ့ဘူး ပြီးတော့ ကျမကအမသမီးကိုအတည်ချစ်တာပါ ကလေးစိတ်ကိုလဲ ကစားနေတာမဟုတ်ပါဘူး ကလေးကလဲကျမကိုချစ်တယ် ဒါကြောင့် ကျမတောင်းပန်ပါတယ်လို့ဆိုလိုက်တော့ ကလေးမေမေက အော်ကျမသိပြီဒီကညမကကျမသမီးရဲ့ပိုင်ဆိုင်မှုတွေကိုမြင်တော့ ဒီကလေးကိုတော့ငါလက်လွှတ်ရမှာနှမြောတယ်ဆိုပြီး အပိုင်ကြံနေတာမလား မင်းမလို့ကလေးတစ်ယောက်ရဲ့တက်လမ်းကိုဒီလိုအချစ်ဆိုတဲ့အရာနဲ့ ရိုက်ချိုးပစ်တယ်ပေါ့လေ.......

'ချယ်'(Les To Les) (Zawgyi and Unicode)(Completed)Where stories live. Discover now